Kantharyar Centre
×

ဒါ႐ိုက္တာ ဂိုင္းရစ္ခ်ီရဲ႕ စိန္ေခၚမႈေၾကာင့္ ေဒးဗစ္ဘက္ခမ္းတစ္ေယာက္ ေလယာဥ္ေပၚမွာ ဒိုက္ထိုးလိုက္ရပါတယ္။ ဂိုင္းရစ္ခ်ီက သူ႔ကို ၂၂ ႀကိမ္ ဒိုက္ထိုးဖုိ႔ စိန္ေခၚခဲ့တာပါ။
ဘက္ခမ္းဟာ အျမင့္ေပ ၄၄၀၀၀ မွာ ပ်ံသန္းေနတဲ့ ေလယာဥ္ေပၚမွာ ၂၂ ႀကိမ္ ဒိုက္ထိုးခဲ့ပံုကို ဗီဒီယို႐ိုက္ထားၿပီး အင္စတာဂရမ္ေပၚမွာ ျပန္တင္ထားပါတယ္။

" ကၽြန္ေတာ္က ခင္ဗ်ားေျပာလို႔ ဒီစိန္ေခၚမႈကိုလက္ခံခဲ့တာမဟုတ္ဘူး။ အသက္ကိုရင္းၿပီး ေန႔တိုင္း PTSD လုပ္ေနတဲ့ စစ္သည္ ၂၂ ေယာက္အတြက္ လုပ္တာေနာ္" လို႔ ဘက္ခမ္းက ေျပာထားပါတယ္။ အာဖဂန္ကိုေရာက္ေနတဲ့စစ္သည္ေတြရဲ႕ ရဲရင့္မႈကိုလည္း ျမင္ခဲ့ရတာေၾကာင့္ သူတုိ႔အတြက္ လုပ္ႏိုင္သမွ် လုပ္ေပးခ်င္တယ္လို႔လည္း ဆိုပါတယ္။

ကမၻာေက်ာ္ ေဘာလံုးသမားႀကီးအတြက္ေတာ့ ၂၂ ႀကိမ္ ဒိုက္ထိုးတာဟာ ေခၽြးေတာင္မစို႔ခဲ့ရပါဘူး။ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲဲ႔အတူ ကမၻာ့အေက်ာ္ၾကားဆံုး ေဘာလံုးသမားျဖစ္ခဲ့တဲ့ ဘက္ခမ္းဟာ ၂၀၁၃ ခုႏွစ္ကမွ ကစားသမားဘဝကေန အနားယူခဲ့တာျဖစ္ပါတယ္။
Source : David Beckham Instagram

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version
ဒါရိုက်တာ ဂိုင်းရစ်ချီရဲ့ စိန်ခေါ်မှုကြောင့် ဒေးဗစ်ဘက်ခမ်းတစ်ယောက် လေယာဉ်ပေါ်မှာ ဒိုက်ထိုးလိုက်ရပါတယ်။ ဂိုင်းရစ်ချီက သူ့ကို ၂၂ ကြိမ် ဒိုက်ထိုးဖို့ စိန်ခေါ်ခဲ့တာပါ။

ဘက်ခမ်းဟာ အမြင့်ပေ ၄၄၀၀၀ မှာ ပျံသန်းနေတဲ့ လေယာဉ်ပေါ်မှာ ၂၂ ကြိမ် ဒိုက်ထိုးခဲ့ပုံကို ဗီဒီယိုရိုက်ထားပြီး အင်စတာဂရမ်ပေါ်မှာ ပြန်တင်ထားပါတယ်။



" ကျွန်တော်က ခင်ဗျားပြောလို့ ဒီစိန်ခေါ်မှုကိုလက်ခံခဲ့တာမဟုတ်ဘူး။ အသက်ကိုရင်းပြီး နေ့တိုင်း PTSD လုပ်နေတဲ့ စစ်သည် ၂၂ ယောက်အတွက် လုပ်တာနော်" လို့ ဘက်ခမ်းက ပြောထားပါတယ်။ အာဖဂန်ကိုရောက်နေတဲ့စစ်သည်တွေရဲ့ ရဲရင့်မှုကိုလည်း မြင်ခဲ့ရတာကြောင့် သူတို့အတွက် လုပ်နိုင်သမျှ လုပ်ပေးချင်တယ်လို့လည်း ဆိုပါတယ်။



ကမ္ဘာကျော် ဘောလုံးသမားကြီးအတွက်တော့ ၂၂ ကြိမ် ဒိုက်ထိုးတာဟာ ချွေးတောင်မစို့ခဲ့ရပါဘူး။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ကမ္ဘာ့အကျော်ကြားဆုံး ဘောလုံးသမားဖြစ်ခဲ့တဲ့ ဘက်ခမ်းဟာ ၂၀၁၃ ခုနှစ်ကမှ ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပါတယ်။

Source : David Beckham Instagram



 ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top