Property Expo
×
ဗီဒီယိုဂိမ်း သို့မဟုတ် တင်းနစ် ကစားခြင်းတို့လို လှုပ်ရှားမှုတွေက ဦးနှောက်မှတ်ဥာဏ် ပိုကောင်းစေနိုင်ကြောင်း လေ့လာမှုတစ်ခုက တွေ့ရှိခဲ့ပါတယ်။ အာရုံစူးစိုက်မှု အသုံးပြုရတဲ့ လုပ်ဆောင်ချက်တွေက ဦးနှောက်ထဲ မှတ်ဥာဏ်ပိုကောင်းစေတဲ့ ဓာတုပစ္စည်းတွေ ထုတ်လွှတ်ပေးပြီး လှုပ်ရှားမှုမတိုင်ခင် သို့မဟုတ် ပြီးနောက် မကြာခင် ဖြစ်ပေါ်တဲ့ အဖြစ်အပျက်တွေ သိမ်းဆည်းပေးပါတယ်။
Credit : Trend Myanmar
#Unicode Version
ဗီဒီယိုဂိမ်း သို့မဟုတ် တင်းနစ် ကစားခြင်းတို့လို လှုပ်ရှားမှုတွေက ဦးနှောက်မှတ်ဉာဏ် ပိုကောင်းစေနိုင်ကြောင်း လေ့လာမှုတစ်ခုုက တွေ့ရှိခဲ့ပါတယ်။ အာရုံစူးစိုက်မှု အသုံးပြုရတဲ့ လုပ်ဆောင်ချက်တွေက ဦးနှောက်ထဲ မှတ်ဉာဏ်ပိုကောင်းစေတဲ့ ဓာတုပစ္စည်းတွေ ထုတ်လွှတ်ပေးပြီး လှုပ်ရှားမှုမတိုင်ခင် သို့မဟုတ် ပြီးနောက် မကြာခင် ဖြစ်ပေါ်တဲ့ အဖြစ်အပျက်တွေ သိမ်းဆည်းပေးပါတယ်။
ပင်မဦးနှောက် အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ locus coeruleus သက်ဝင်လှုပ်ရှားခြင်းက အတိတ်က အဖြစ်အပျက်တွေ အမှတ်ရမှု တိုးမြင့်စေပြီး နောက်ပိုင်းချိန်တွေမှာ အမှတ်ရစရာတွေလည်း ပြန်လည်မှတ်မိ သတိရစေနိုင်တယ်လို့ အမေရိကနိုင်ငံ Texas ပြည်နယ် Dallas မြို့က UT Southwestern Medical Center's Texas Institute for Brain Injury and Repair ရှိ Peter O'Donnell Jr. Brain Institute က ပါမောက္ခ Robert Greene က ပြောဆိုခဲ့ပါတယ်။
လူတွေဟာ သူတို့ဘဝက အထူးရှင်းလင်းပြတ်သားတဲ့ အချို့အဖြစ်အပျက်တွေ ဘာကြောင့် သတိရမှတ်မိနေလေ့ရှိလဲဆိုတာ Nature ဂျာနယ်မှာ ဖော်ပြတဲ့ ယင်းလ့လာမှုက ရှင်းပြထားပါတယ်။  ဦးနှောက်စေ့ဆော်မှုနဲ့ဆက်စပ်တဲ့ ဟော်မုန်း dopamine ကို ပြုမူလုပ်ဆောင်ချက်တွေကနေတဆင့် အလိုအလျောက် သက်ဝင်စေနိုင်ပြီး ဒီအပြုအမူလုပ်ဆောင်ချက်တွေက ဦးနှောက်မှတ်ဉာဏ် ပိုကောင်းစေကြောင်း နောက်ဆုံးလေ့လာမှုက သက်သေပြခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top