Property Expo
×

  ေဒါပံုၿမိဳ႕နယ္မွ အငွား ယာဥ္တစ္စီးကို သန္လ်င္ၿမိဳ႕နယ္ သို႔ ငွားရမ္းကာ ယာဥ္စီးခမေပး သည့္အျပင္ အငွားယာဥ္ေမာင္း အား ဝုိင္းဝန္းထိုးႀကိတ္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ေဒါပံုၿမိဳ႕နယ္ ႏြယ္ေအးရပ္ ကြက္ေန အသက္(၄၆)ႏွစ္အရြယ္ အငွားယာဥ္ေမာင္းသည္ စက္တင္ ဘာ ၂၁ ရက္ နံနက္ ၈ နာရီခြဲက ခရီးသည္ေစာင့္ေနစဥ္ အမ်ိဳးသား


ေလးဦးေရာက္ရွိလာၿပီး ကုလားဝဲတံတားဘက္သို႔ က်ပ္ ၇,၀၀၀ ျဖင့္ ငွားရမ္းခဲ့ေၾကာင္း ရန္ကုန္တိုင္း ရဲတပ္ဖြဲ႕႐ံုးမွ သိရသည္။

ကုလားဝဲတံတားေက်ာ္လာ ခဲ့ေသာ္လည္း ယာဥ္ကို ဆက္ ေမာင္းခိုင္းသျဖင့္ ေမာင္းႏွင္လာခဲ့ ရာ ေျခာက္လမ္းသြားလမ္းဆံုအ နီးသို႔အေရာက္တြင္ ယာဥ္ရပ္ခုိင္း ၍ အျခားအမ်ိဳးသားတစ္ဦးက ယာဥ္စီးခ လာေပးမည္ျဖစ္ေသာ ေၾကာင့္ ေခတၱေစာင့္ဆိုင္းေပးရန္ ေျပာဆိုခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ပ႐ိုေဘာက္စ္အ မ်ိဳးအစား အငွားယာဥ္တစ္စီးျဖင့္ အမ်ိဳးသားတစ္ဦးေရာက္ရွိလာၿပီး ၎ထံတြင္ ေငြက်ပ္ ၃,၀၀၀ သာ ပါေၾကာင္း ေျပာဆိုေနသည္ကို ၾကားသျဖင့္ ထိုးႀကိတ္ခံရေသာ ယာဥ္ေမာင္းက ယာဥ္စီးခေတာင္း ခံျခင္းမျပဳေတာ့ဘဲ ျပန္ရန္ျပင္ေန စဥ္ ၎တို႔ထဲမွ အမ်ိဳးသားတစ္ဦး ‘မင္း အငယ္ေလးလား’ဟုေမးကာ အုတ္ခဲျဖင့္ စတင္ထု႐ိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ၎ကရွင္းျပသည္။

အုတ္ခဲျဖင့္ ထုခဲ့ၿပီးေနာက္ အျခားအမ်ိဳးသားေလးဦးက ဝိုင္း ဝန္းထုိးႀကိတ္ခဲ့သျဖင့္ အငွားယာဥ္ ေမာင္း၏ ဝဲဘက္မ်က္လံုးႏွင့္ ေမး ေစ့ေအာက္ ေပါက္ၿပဲဒဏ္ရာ၊ ဦးေခါင္းတြင္ ဒဏ္ရာအနည္းငယ္ ရရွိခဲ့ၿပီး ယာဥ္ကို အုတ္ခဲျဖင့္ ထုကာ တုတ္ျဖင့္႐ိုက္သျဖင့္ က်ပ္ ၅၀,၀၀၀ ဖိုးခန္႔ ပ်က္စီးသြားခဲ့ေၾကာင္း အမႈဖြင့္တိုင္ၾကားခ်က္ အရ သိရသည္။

 အငွားယာဥ္ စီးနင္းကာ ယာဥ္စီးခမေပးသည့္အျပင္ ယာဥ္ ေမာင္းအား ဝုိင္းဝန္းထိုးႀကိတ္ခဲ့ သည့္ အမ်ိဳးသားငါးဦးကို သန္လ်င္ ၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီး ပုဒ္မ ၃၂၅/၄၄၀/၁၁၄ ျဖင့္ အမႈဖြင့္ စံုစမ္းေနေၾကာင္း သန္လ်င္ ၿမိဳ႕မရဲစခန္းမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
  ဒေါပုံမြို့နယ်မှ အငှား ယာဉ်တစ်စီးကို သန်လျင်မြို့နယ် သို့ ငှားရမ်းကာ ယာဉ်စီးခမပေး သည့်အပြင် အငှားယာဉ်မောင်း အား ဝိုင်းဝန်းထိုးကြိတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဒေါပုံမြို့နယ် နွယ်အေးရပ် ကွက်နေ အသက်(၄၆)နှစ်အရွယ် အငှားယာဉ်မောင်းသည် စက်တင် ဘာ ၂၁ ရက် နံနက် ၈ နာရီခွဲက ခရီးသည်စောင့်နေစဉ် အမျိုးသား


လေးဦးရောက်ရှိလာပြီး ကုလားဝဲတံတားဘက်သို့ ကျပ် ၇,၀၀၀ ဖြင့် ငှားရမ်းခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

ကုလားဝဲတံတားကျော်လာ ခဲ့သော်လည်း ယာဉ်ကို ဆက် မောင်းခိုင်းသဖြင့် မောင်းနှင်လာခဲ့ ရာ ခြောက်လမ်းသွားလမ်းဆုံအ နီးသို့အရောက်တွင် ယာဉ်ရပ်ခိုင်း ၍ အခြားအမျိုးသားတစ်ဦးက ယာဉ်စီးခ လာပေးမည်ဖြစ်သော ကြောင့် ခေတ္တစောင့်ဆိုင်းပေးရန် ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် ပရိုဘောက်စ်အ မျိုးအစား အငှားယာဉ်တစ်စီးဖြင့် အမျိုးသားတစ်ဦးရောက်ရှိလာပြီး ၎င်းထံတွင် ငွေကျပ် ၃,၀၀၀ သာ ပါကြောင်း ပြောဆိုနေသည်ကို ကြားသဖြင့် ထိုးကြိတ်ခံရသော ယာဉ်မောင်းက ယာဉ်စီးခတောင်း ခံခြင်းမပြုတော့ဘဲ ပြန်ရန်ပြင်နေ စဉ် ၎င်းတို့ထဲမှ အမျိုးသားတစ်ဦး ‘မင်း အငယ်လေးလား’ဟုမေးကာ အုတ်ခဲဖြင့် စတင်ထုရိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

အုတ်ခဲဖြင့် ထုခဲ့ပြီးနောက် အခြားအမျိုးသားလေးဦးက ဝိုင်း ဝန်းထိုးကြိတ်ခဲ့သဖြင့် အငှားယာဉ် မောင်း၏ ဝဲဘက်မျက်လုံးနှင့် မေး စေ့အောက် ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းတွင် ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီး ယာဉ်ကို အုတ်ခဲဖြင့် ထုကာ တုတ်ဖြင့်ရိုက်သဖြင့် ကျပ် ၅၀,၀၀၀ ဖိုးခန့် ပျက်စီးသွားခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက် အရ သိရသည်။

 အငှားယာဉ် စီးနင်းကာ ယာဉ်စီးခမပေးသည့်အပြင် ယာဉ် မောင်းအား ဝိုင်းဝန်းထိုးကြိတ်ခဲ့ သည့် အမျိုးသားငါးဦးကို သန်လျင် မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၂၅/၄၄၀/၁၁၄ ဖြင့် အမှုဖွင့် စုံစမ်းနေကြောင်း သန်လျင် မြို့မရဲစခန်းမှ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top