Kantharyar Centre
×

ခ်စ္သူရယ္ လို ့ျဖစ္လာရင္ တစ္ေယာက္နဲ ့ တစ္ေယာက္ အေလွ်ာ့ေပး ရတာေတြ၊ နားလည္ေပး ရတာေတြ၊ ကိုယ့္ဘက္ က ျပဳျပင္ေပးရတာေတြ ရွိလာပါတယ္။ ဒီလို လုပ္နိုင္မွလည္း အဲဒီခ်စ္ျခင္းက ခိုင္ျမဲပါတယ္။

အိမ္ေထာင္ျပဳလိုက္ျပီ ဆိုရင္တာ့ တစ္ေယာက္နဲ ့ တစ္ေယာက္ ခ်စ္သူလိုေရာ၊ လူသားလိုပါ ဆက္ဆံ တတ္ဖို ့ လိုအပ္လာပါျပီ။ ခ်စ္သူဘ၀တုန္းက တာ၀န္ ဆိုတာကို ခြဲေ၀ယူရတာမ်ိဳး မရွိခဲ့ပါဘူး။ တာ၀န္အ စား တစ္ေယာက္ကို တစ္ေယာက္ ဂရုစိုက္တယ္၊ အခ်ိန္ေပးတယ္လို ့ပဲ မွတ္ယူ ခဲ့ၾကပါတယ္။ အိမ္ေထာင္ျပဳျပီးျပီ ဆိုရင္ေတာ့ ဘ၀ႏွစ္ခုကေန တစ္ခု ျဖစ္သြားျပီမို ့ ေရွ ့ဆက္ေလွ်ာက္လွမ္းရာ မွာ လည္း ေမာင္တစ္ထမ္း၊ မယ္တစ္ရြက္ သြားရမယ္ဆိုတာ စာသိ သိၾက ပါတယ္။ လက္ေတြ ့မွာက်ေတာ့ ကြဲလြဲမႈေလးေတြ ရွိလာနိုင္ ပါတယ္။

ဒီေနရာမွာ အမ်ိဳးသမီးထုရဲ ့ခံယူခ်က္ ၂မ်ိဳးကြဲျပားပံုကို တင္ျပပါမယ္။ အိမ္ေထာင္ျပဳလိုက္တဲ့ အမ်ိဳးသမီးေတြ ဟာ ၂မ်ိဳး ပဲရွိပါတယ္။ ပထမတစ္မ်ိဳးက Family Oriented လို ့ေခၚတဲ့ အိမ္ေထာင္ျပဳျပီးရင္ မိမိလင္ေယာက္်ား နဲ ့ သားသမီးမ်ားရဲ ့ ဘ၀ေရွ ့ေရးအတြက္ မိမိကိုယ္ကိုယ္ ရင္းနွီးျမဳပ္နွံလိုက္မယ္ ဆိုတဲ့ အမ်ိဳးသမီးမ်ားျဖစ္ျပီး ဒုတိယ တစ္မ်ိဳးကေတာ့ Job Oriented လို ့ေခၚတဲ့ အိမ္ေထာင္ျပဳျပီးရင္လည္း ကိုယ့္အလုပ္ ကိုယ္လုပ္မယ္၊ ကိုယ့္၀င္ေငြ ကိုယ္ရွာမယ္၊ အိပ္ခန္း မီးဖို ေရခ်ိဳးခန္း ေတြထဲမွာေတာ့ ဘ၀ကိုအဆံုးမခံဘူးလို ့ဆိုတဲ့ အမ်ိဳး သမီးေတြပဲ ျဖစ္ပါ တယ္။

သင္ဟာ Family Oriented ပဲ ျဖစ္ျဖစ္၊ Job Oriented ပဲ ျဖစ္ျဖစ္ အိမ္ေထာင္ေရး သုခကိုေတာ့ ခံစားခ်င္ မွာပါပဲ။ ဒါေပမယ့္ မိသားစုအေရးေရွ ့တန္းတင္သူေတြကလည္း တစ္ေန ့တစ္ေန ့ ဇယ္ဆက္သလို လုပ္ တာေတာင္ မျပီးနိုင္ တဲ့ အိမ္အလုပ္၊ မိသားစု အလုပ္ေတြေၾကာင့္ ႏြမ္းလ်ပင္ပန္းၾကသလို ကိုယ့္အလုပ္ ကို ေရွ ့တန္းတင္သူေတြကလည္း အလုပ္ရဲ ့ဖိစီးမႈ အိမ္အထိပါလာျပီး အလုပ္နဲ ့မိသားစုအၾကား သဟဇာ တျဖစ္ေအာင္ ေနဖို ့ခက္ခဲလာတာကို ေတြ ့ ၾက ရပါတယ္။

တစ္ကယ္ေတာ့ အိမ္ေထာင္ျပဳလိုက္ခါမွ အိမ္ေထာင္ေရးသုခ မခံစားရေတာ့တဲ့ အမ်ိဳးသမီးေတြ ဒုနဲ ့ ေဒး ပါပဲ။ သင္ဟာ Family Oriented ပဲျဖစ္ျဖစ္ Job Oriented ပဲ ျဖစ္ျဖစ္ အလုပ္မ်ားမွာကေတာ့ ေသခ်ာပါ တယ္။ တစ္ေနကုန္ တစ္ေနခန္း ေမာပန္းႏြမ္းနယ္လာျပီး တဲ့ေနာက္ ေခါင္းအံုးေပၚေခါင္းခ် လိုက္တယ္ ဆိုရင္ ကိုပဲ ေခါခနဲ အိပ္ေပ်ာ္သြားၾက မယ့္ သူေတြ ျဖစ္ပါတယ္။ တစ္ဖက္က ခင္ပြန္းသည္ကို စိတ္ေက်နပ္မႈ မေပး နိုင္ေတာ့သလို မိမိကိုယ္၌ကလည္း အိမ္ ေထာင္ေရးသုခ မခံစားရဘဲ အိမ္ေထာင္ေရး ဖိအားကိုပဲ ခံစားရ တာလိုမ်ိဳး ျဖစ္လာနိုင္ပါတယ္။

တစ္ကယ္ေတာ့ အမ်ိဳးသမီးမ်ားအေနနဲ ့ အိမ္ေထာင္ေရးသုခကို အျပည့္အ၀ခံစားနိုင္ဖို ့ရာ အိပ္ေရး၀ေအာင္ အိပ္စက္ရပါမယ္။ ႏွစ္နွစ္ျခိဳက္ျခိဳက္ အိပ္ေပ်ာ္တဲ့ အမ်ိဳးသမီးေတြဟာ မိမိခင္ပြန္းသည္ကို ျပဳစုယုယရာ မွာလည္း စိတ္ေက်နပ္မႈေပးနိုင္စြမ္းသလို မိမိကိုယ္တိုင္လည္း အထြဋ္အထိပ္ကို ေရာက္ရွိလြယ္ၾကပါတယ္။ အိပ္ခ်ိန္ တစ္နာရီ ပိုတိုင္း အိမ္ေထာင္ေရးသုခ ျပည့္၀စြာခံစားရနိုင္ေျခ ၁၄ ရာခိုင္ႏွဴန္း တိုးလာေလ့ရွိပါတယ္။ ဒါေၾကာင့္ အားလပ္ရက္ ပိတ္ရက္ေတြမွာ အိပ္ေရး၀ေအာင္ အားပါးတရအိပ္စက္ျပီး လင္မယား ခ်စ္တင္း နွီးေႏွာ တာဟာ အလြန္ေလ်ာ္ကန္ သင့္ျမတ္တဲ့ ကိစၥပဲျဖစ္ပါတယ္။

ဒါေပမယ့္ ညအခ်ိန္ အိပ္စက္မႈျဖစ္ရပါမယ္။ ညကို ဘယ္နွစ္နာရီ အိပ္သလဲ၊ ဘယ္ေလာက္အထိ နွစ္နွစ္ျခိဳက္ျခိဳက္ အိပ္ေပ်ာ္သလဲ၊ အိပ္ေပ်ာ္ခါနီးမွာ ခံစားမႈေတြက ဘယ္လိုရွိသလဲ ဆိုတာေတြဟာ အမ်ိဳး သမီးေတြရဲ ့အိမ္ေထာင္ေရး သုခ ျပည့္၀စြာ ခံစားရနိုင္ေျခကို အမ်ားၾကီး အက်ိဳးသက္ေရာက္မႈ ရွိပါတယ္။

သင္ဟာ အိမ္ေထာင္ရွင္ အမ်ိဳးသမီးျဖစ္မယ္ဆိုရင္ ဒီေမးခြန္းေလးေတြကို ေျဖၾကည့္ပါ။ အိပ္ယာ၀င္ျပီး လြယ္ လြယ္ နဲ ့အိပ္ေပ်ာ္သလား၊ ဒါမွမဟုတ္ အိပ္မေပ်ာ္ဘူးလား။ တစ္ည၊ တစ္ညကို ဘယ္နွစ္နာရီ အိပ္ရသလဲ။ မိမိ ကိုယ္ကို အိပ္ေရး၀ေအာင္ မအိပ္စက္ရသူအျဖစ္ စိုးရိမ္သနားေနမိ တတ္ပါသလား။ သင့္အေနနဲ ့ အိမ္ေထာင္ေရး သုခကို ဘယ္ေလာက္အထိ ေက်နပ္မႈရပါသလဲ။

တစ္ညကို ၇နာရီေက်ာ္ အိပ္စက္ခြင့္ရတဲ့ အမ်ိဳးသမီးေတြဟာ စိတ္ၾကည္လင္ လန္းဆန္းျပီး အမ်ိဳးသမီး ဆႏၵေတြလည္း တက္ၾကြလွဳပ္ရွားေနေလ့ ရွိတာမို ့ မိမိခင္ပြန္း ကိုေကာင္းစြာျပဳစုနိုင္ၾကပါတယ္။ ဒါေပမယ့္ တစ္ေနကုန္ မြန္းၾကပ္ေန ေအာင္ အလုပ္လုပ္ျပီး အိမ္ကိုျပန္ေရာက္ေတာ့လည္း အိမ္မႈကိစၥ ဗာဟီရ က ရွိေနမယ္၊ ဒါ့အျပင္ ကေလးညအိပ္ ေပ်ာ္ေနျပီး ရွဴးေပါက္တာေတြကို ဆိုရင္လည္း ကိုယ္ကခ်ဥ္း ေျဖရွင္းေန ရမယ္ဆိုရင္ ေဘးကေန တေခါေခါနဲ ့ အိပ္ေမာက်ေနတဲ့ ခင္ပြန္းသည္ကို အလုိလို မုန္းလာနိုင္ပါတယ္။

ဒီေတာ့ အိမ္ေထာင္ျပဳျပီဆိုရင္ကိုပဲ ကိုယ့္ရဲ ့ဘ၀ဟာ ေျပာင္းလဲေတာ့မယ္ ဆိုတာကို လက္ခံဖို ့လိုပါတယ္။ အမ်ိဳး သမီးမ်ားအေနနဲ ့ ခင္ပြန္းသည္ရဲ ့မိဘ၊ေဆြမ်ိဳးမ်ားကို ကိုယ့္မိဘေဆြမ်ိဳးေတြထက္ အခ်ိန္ပိုေပးရတယ္ ဆိုတာကို သေဘာေပါက္ သိျမင္လာၾက ပါလိမ့္မယ္။ ဒီၾကားတဲ အိမ္မႈကိစၥေတြ အလုပ္ကိစၥေတြ ရွိေနဦး မယ္ဆိုရင္ အိမ္ေထာင္ ေရးသုခကို အျပည့္အ၀ခံစားရဖို ့ လိုက္ေလေ၀းေလပဲမို ့ ဘယ္ေလာက္ဘဲ အလုပ္ မ်ားမ်ား ညညကိုေတာ့ အိပ္ေရး ၀ေအာင္ အိပ္စက္သင့္တယ္လို ့ ေလ့လာေရးသား တင္ျပလိုက္ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Lashio News Diary

#Unicode Version

ချစ်သူရယ် လို့ဖြစ်လာရင် တစ်ယောက်နဲ့ တစ်ယောက် အလျှော့ပေး ရတာတွေ၊ နားလည်ပေး ရတာတွေ၊ ကိုယ့်ဘက် က ပြုပြင်ပေးရတာတွေ ရှိလာပါတယ်။ ဒီလို လုပ်နိုင်မှလည်း အဲဒီချစ်ခြင်းက ခိုင်မြဲပါတယ်။

အိမ်ထောင်ပြုလိုက်ပြီ ဆိုရင်တာ့ တစ်ယောက်နဲ့ တစ်ယောက် ချစ်သူလိုရော၊ လူသားလိုပါ ဆက်ဆံ တတ်ဖို့ လိုအပ်လာပါပြီ။ ချစ်သူဘဝတုန်းက တာဝန် ဆိုတာကို ခွဲဝေယူရတာမျိုး မရှိခဲ့ပါဘူး။ တာဝန်အ စား တစ်ယောက်ကို တစ်ယောက် ဂရုစိုက်တယ်၊ အချိန်ပေးတယ်လို့ပဲ မှတ်ယူ ခဲ့ကြပါတယ်။ အိမ်ထောင်ပြုပြီးပြီ ဆိုရင်တော့ ဘဝနှစ်ခုကနေ တစ်ခု ဖြစ်သွားပြီမို့ ရှေ့ဆက်လျှောက်လှမ်းရာ မှာ လည်း မောင်တစ်ထမ်း၊ မယ်တစ်ရွက် သွားရမယ်ဆိုတာ စာသိ သိကြ ပါတယ်။ လက်တွေ့မှာကျတော့ ကွဲလွဲမှုလေးတွေ ရှိလာနိုင် ပါတယ်။

ဒီနေရာမှာ အမျိုးသမီးထုရဲ့ခံယူချက် ၂မျိုးကွဲပြားပုံကို တင်ပြပါမယ်။ အိမ်ထောင်ပြုလိုက်တဲ့ အမျိုးသမီးတွေ ဟာ ၂မျိုး ပဲရှိပါတယ်။ ပထမတစ်မျိုးက Family Oriented လို့ခေါ်တဲ့ အိမ်ထောင်ပြုပြီးရင် မိမိလင်ယောက်ျား နဲ့ သားသမီးများရဲ့ ဘဝရှေ့ရေးအတွက် မိမိကိုယ်ကိုယ် ရင်းနှီးမြုပ်နှံလိုက်မယ် ဆိုတဲ့ အမျိုးသမီးများဖြစ်ပြီး ဒုတိယ တစ်မျိုးကတော့ Job Oriented လို့ခေါ်တဲ့ အိမ်ထောင်ပြုပြီးရင်လည်း ကိုယ့်အလုပ် ကိုယ်လုပ်မယ်၊ ကိုယ့်ဝင်ငွေ ကိုယ်ရှာမယ်၊ အိပ်ခန်း မီးဖို ရေချိုးခန်း တွေထဲမှာတော့ ဘဝကိုအဆုံးမခံဘူးလို့ဆိုတဲ့ အမျိုး သမီးတွေပဲ ဖြစ်ပါ တယ်။

သင်ဟာ Family Oriented ပဲ ဖြစ်ဖြစ်၊ Job Oriented ပဲ ဖြစ်ဖြစ် အိမ်ထောင်ရေး သုခကိုတော့ ခံစားချင် မှာပါပဲ။ ဒါပေမယ့် မိသားစုအရေးရှေ့တန်းတင်သူတွေကလည်း တစ်နေ့တစ်နေ့ ဇယ်ဆက်သလို လုပ် တာတောင် မပြီးနိုင် တဲ့ အိမ်အလုပ်၊ မိသားစု အလုပ်တွေကြောင့် နွမ်းလျပင်ပန်းကြသလို ကိုယ့်အလုပ် ကို ရှေ့တန်းတင်သူတွေကလည်း အလုပ်ရဲ့ဖိစီးမှု အိမ်အထိပါလာပြီး အလုပ်နဲ့မိသားစုအကြား သဟဇာ တဖြစ်အောင် နေဖို့ခက်ခဲလာတာကို တွေ့ ကြ ရပါတယ်။

တစ်ကယ်တော့ အိမ်ထောင်ပြုလိုက်ခါမှ အိမ်ထောင်ရေးသုခ မခံစားရတော့တဲ့ အမျိုးသမီးတွေ ဒုနဲ့ ဒေး ပါပဲ။ သင်ဟာ Family Oriented ပဲဖြစ်ဖြစ် Job Oriented ပဲ ဖြစ်ဖြစ် အလုပ်များမှာကတော့ သေချာပါ တယ်။ တစ်နေကုန် တစ်နေခန်း မောပန်းနွမ်းနယ်လာပြီး တဲ့နောက် ခေါင်းအုံးပေါ်ခေါင်းချ လိုက်တယ် ဆိုရင် ကိုပဲ ခေါခနဲ အိပ်ပျော်သွားကြ မယ့် သူတွေ ဖြစ်ပါတယ်။ တစ်ဖက်က ခင်ပွန်းသည်ကို စိတ်ကျေနပ်မှု မပေး နိုင်တော့သလို မိမိကိုယ်၌ကလည်း အိမ် ထောင်ရေးသုခ မခံစားရဘဲ အိမ်ထောင်ရေး ဖိအားကိုပဲ ခံစားရ တာလိုမျိုး ဖြစ်လာနိုင်ပါတယ်။

တစ်ကယ်တော့ အမျိုးသမီးများအနေနဲ့ အိမ်ထောင်ရေးသုခကို အပြည့်အဝခံစားနိုင်ဖို့ရာ အိပ်ရေးဝအောင် အိပ်စက်ရပါမယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ အမျိုးသမီးတွေဟာ မိမိခင်ပွန်းသည်ကို ပြုစုယုယရာ မှာလည်း စိတ်ကျေနပ်မှုပေးနိုင်စွမ်းသလို မိမိကိုယ်တိုင်လည်း အထွဋ်အထိပ်ကို ရောက်ရှိလွယ်ကြပါတယ်။ အိပ်ချိန် တစ်နာရီ ပိုတိုင်း အိမ်ထောင်ရေးသုခ ပြည့်ဝစွာခံစားရနိုင်ခြေ ၁၄ ရာခိုင်နှူန်း တိုးလာလေ့ရှိပါတယ်။ ဒါကြောင့် အားလပ်ရက် ပိတ်ရက်တွေမှာ အိပ်ရေးဝအောင် အားပါးတရအိပ်စက်ပြီး လင်မယား ချစ်တင်း နှီးနှော တာဟာ အလွန်လျော်ကန် သင့်မြတ်တဲ့ ကိစ္စပဲဖြစ်ပါတယ်။

ဒါပေမယ့် ညအချိန် အိပ်စက်မှုဖြစ်ရပါမယ်။ ညကို ဘယ်နှစ်နာရီ အိပ်သလဲ၊ ဘယ်လောက်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သလဲ၊ အိပ်ပျော်ခါနီးမှာ ခံစားမှုတွေက ဘယ်လိုရှိသလဲ ဆိုတာတွေဟာ အမျိုး သမီးတွေရဲ့အိမ်ထောင်ရေး သုခ ပြည့်ဝစွာ ခံစားရနိုင်ခြေကို အများကြီး အကျိုးသက်ရောက်မှု ရှိပါတယ်။

သင်ဟာ အိမ်ထောင်ရှင် အမျိုးသမီးဖြစ်မယ်ဆိုရင် ဒီမေးခွန်းလေးတွေကို ဖြေကြည့်ပါ။ အိပ်ယာဝင်ပြီး လွယ် လွယ် နဲ့အိပ်ပျော်သလား၊ ဒါမှမဟုတ် အိပ်မပျော်ဘူးလား။ တစ်ည၊ တစ်ညကို ဘယ်နှစ်နာရီ အိပ်ရသလဲ။ မိမိ ကိုယ်ကို အိပ်ရေးဝအောင် မအိပ်စက်ရသူအဖြစ် စိုးရိမ်သနားနေမိ တတ်ပါသလား။ သင့်အနေနဲ့ အိမ်ထောင်ရေး သုခကို ဘယ်လောက်အထိ ကျေနပ်မှုရပါသလဲ။

တစ်ညကို ၇နာရီကျော် အိပ်စက်ခွင့်ရတဲ့ အမျိုးသမီးတွေဟာ စိတ်ကြည်လင် လန်းဆန်းပြီး အမျိုးသမီး ဆန္ဒတွေလည်း တက်ကြွလှုပ်ရှားနေလေ့ ရှိတာမို့ မိမိခင်ပွန်း ကိုကောင်းစွာပြုစုနိုင်ကြပါတယ်။ ဒါပေမယ့် တစ်နေကုန် မွန်းကြပ်နေ အောင် အလုပ်လုပ်ပြီး အိမ်ကိုပြန်ရောက်တော့လည်း အိမ်မှုကိစ္စ ဗာဟီရ က ရှိနေမယ်၊ ဒါ့အပြင် ကလေးညအိပ် ပျော်နေပြီး ရှူးပေါက်တာတွေကို ဆိုရင်လည်း ကိုယ်ကချဉ်း ဖြေရှင်းနေ ရမယ်ဆိုရင် ဘေးကနေ တခေါခေါနဲ့ အိပ်မောကျနေတဲ့ ခင်ပွန်းသည်ကို အလိုလို မုန်းလာနိုင်ပါတယ်။

ဒီတော့ အိမ်ထောင်ပြုပြီဆိုရင်ကိုပဲ ကိုယ့်ရဲ့ဘဝဟာ ပြောင်းလဲတော့မယ် ဆိုတာကို လက်ခံဖို့လိုပါတယ်။ အမျိုး သမီးများအနေနဲ့ ခင်ပွန်းသည်ရဲ့မိဘ၊ဆွေမျိုးများကို ကိုယ့်မိဘဆွေမျိုးတွေထက် အချိန်ပိုပေးရတယ် ဆိုတာကို သဘောပေါက် သိမြင်လာကြ ပါလိမ့်မယ်။ ဒီကြားတဲ အိမ်မှုကိစ္စတွေ အလုပ်ကိစ္စတွေ ရှိနေဦး မယ်ဆိုရင် အိမ်ထောင် ရေးသုခကို အပြည့်အဝခံစားရဖို့ လိုက်လေဝေးလေပဲမို့ ဘယ်လောက်ဘဲ အလုပ် များများ ညညကိုတော့ အိပ်ရေး ဝအောင် အိပ်စက်သင့်တယ်လို့ လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Lashio News Diary
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top