Property Expo
×

အခ်စ္သီခ်င္းသစ္တစ္ ပုဒ္ကို စက္တင္ဘာ ၂၃ ရက္တြင္ ေဖ်ာ္္ေျဖတင္ဆက္ရန္ရွိသည္ဟု ေတးသံရွင္ နင္ဇီေမက ေျပာၾကားသည္။

‘‘လာမယ့္ ၂၃ ရက္မွာ ျပဳ လုပ္မယ့္ A Night of Pop ေဖ်ာ္ ေျဖပြဲမွာ ပရိသတ္ေတြအတြက္ သီခ်င္းသစ္တစ္ပုဒ္ ေဖ်ာ္ေျဖသြား ဖို႔ရွိပါတယ္။ အေၾကာင္းအရာက အခ်စ္သီခ်င္းေလးပါပဲ။ သီခ်င္း နာမည္ေလးကိုေတာ့ ပြဲေရာက္ ရင္ ေျပာျပပါမယ္’’ဟု နင္ဇီေမက ေျပာသည္။

အဆုိပါ သီခ်င္းကို ေတးေရး ရဲဝင့္ထူးက ေရးသားၿပီး စက္တင္ဘာ ၂၃ ရက္တြင္ ျပဳလုပ္မည့္ A Night of Pop 2016 ေဖ်ာ္ေျဖပြဲ၌ သီခ်င္းေဟာင္းမ်ားႏွင့္အတူ သီဆိုမည္ျဖစ္သည္။ ယင္းေဖ်ာ္ေျဖပြဲတြင္ နာမည္ႀကီးအဆိုေတာ္ မ်ားႏွင့္ Myanmar Idol မွ Winner ဆုရွင္ ေစာလားေထာ္ဝါး၊ Mေဇာ္ ရိန္၊ ဆုိဖီယာႏွင့္ ခုိင္သဇင္သင္း တုိ႔ပါ ေဖ်ာ္ေျဖတင္ဆက္ၾကမည္ ျဖစ္သည္။

နင္ဇီေမသည္ တစ္ကိုယ္ ေတာ္အေခြကို အရည္အေသြးျမင့္ သီခ်င္းေကာင္းမ်ားျဖင့္ စီစဥ္ထား ၿပီး ပရိသတ္မ်ား Myanmar Idolသီခ်င္းဆုိၿပိဳင္ပြဲတြင္ ၎ကို ေတြ႕ျမင္ခဲ့ရသည့္ ပံုစံမဟုတ္ေသာ ကိုယ္ပုိင္ဟန္ သီဆိုမႈမ်ားျဖင့္ နား ဆင္ႏုိင္ရန္ စီစဥ္ထားသည္ဟု ဆုိသည္။

‘‘တစ္ကိုယ္ေတာ္ အယ္လ္ ဘမ္အတြက္လည္း အဓိကအား စိုက္ထုတ္လုပ္ေနပါတယ္။ သီခ်င္းေတြ စစုေနၿပီး Demo (အ ၾကမ္း)ေတြ သြင္းျဖစ္ေနတယ္။ သီခ်င္းေတြအားလံုးက ကိုယ္ပိုင္ သံစဥ္ေတြခ်ည္းပါပဲ။ အဓိကက ေတာ့ ညီမနဲ႔ လိုက္ဖက္မယ့္ ပံုစံ ရယ္၊ ပရိသတ္ေတြ ညီမကို ၿပိဳင္ပြဲ မွာ ေတြ႕ခဲ့တဲ့ပံုစံမဟုတ္ဘဲ ညီမရဲ႕ ကိုယ္ပိုင္စတုိင္ေလးတစ္ခုလို ေတြ႕ျမင္ရမွာပါ’’ဟု နင္ဇီေမက ေျပာသည္။

လက္ရွိတြင္   Myanmar Idol ႏွင့္ အဖြဲ႕လိုက္သီခ်င္းမ်ား စီစဥ္ေနၿပီး နယ္ေဖ်ာ္ေျဖပြဲမ်ားသို႔ သြားေရာက္လ်က္ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
အချစ်သီချင်းသစ်တစ် ပုဒ်ကို စက်တင်ဘာ ၂၃ ရက်တွင် ဖျော်ဖြေတင်ဆက်ရန်ရှိသည်ဟု တေးသံရှင် နင်ဇီမေက ပြောကြားသည်။

‘‘လာမယ့် ၂၃ ရက်မှာ ပြု လုပ်မယ့် A Night of Pop ဖျော် ဖြေပွဲမှာ ပရိသတ်တွေအတွက် သီချင်းသစ်တစ်ပုဒ် ဖျော်ဖြေသွား ဖို့ရှိပါတယ်။ အကြောင်းအရာက အချစ်သီချင်းလေးပါပဲ။ သီချင်း နာမည်လေးကိုတော့ ပွဲရောက် ရင် ပြောပြပါမယ်’’ဟု နင်ဇီမေက ပြောသည်။

အဆိုပါ သီချင်းကို တေးရေး ရဲဝင့်ထူးက ရေးသားပြီး စက်တင်ဘာ ၂၃ ရက်တွင် ပြုလုပ်မည့် A Night of Pop 2016 ဖျော်ဖြေပွဲ၌ သီချင်းဟောင်းများနှင့်အတူ သီဆိုမည်ဖြစ်သည်။ ယင်းဖျော်ဖြေပွဲတွင် နာမည်ကြီးအဆိုတော် များနှင့် Myanmar Idol မှ Winner ဆုရှင် စောလားထော်ဝါး၊ Mဇော် ရိန်၊ ဆိုဖီယာနှင့် ခိုင်သဇင်သင်း တို့ပါ ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။

နင်ဇီမေသည် တစ်ကိုယ် တော်အခွေကို အရည်အသွေးမြင့် သီချင်းကောင်းများဖြင့် စီစဉ်ထား ပြီး ပရိသတ်များ Myanmar Idolသီချင်းဆိုပြိုင်ပွဲတွင် ၎င်းကို တွေ့မြင်ခဲ့ရသည့် ပုံစံမဟုတ်သော ကိုယ်ပိုင်ဟန် သီဆိုမှုများဖြင့် နား ဆင်နိုင်ရန် စီစဉ်ထားသည်ဟု ဆိုသည်။

‘‘တစ်ကိုယ်တော် အယ်လ် ဘမ်အတွက်လည်း အဓိကအား စိုက်ထုတ်လုပ်နေပါတယ်။ သီချင်းတွေ စစုနေပြီး Demo (အ ကြမ်း)တွေ သွင်းဖြစ်နေတယ်။ သီချင်းတွေအားလုံးက ကိုယ်ပိုင် သံစဉ်တွေချည်းပါပဲ။ အဓိကက တော့ ညီမနဲ့ လိုက်ဖက်မယ့် ပုံစံ ရယ်၊ ပရိသတ်တွေ ညီမကို ပြိုင်ပွဲ မှာ တွေ့ခဲ့တဲ့ပုံစံမဟုတ်ဘဲ ညီမရဲ့ ကိုယ်ပိုင်စတိုင်လေးတစ်ခုလို တွေ့မြင်ရမှာပါ’’ဟု နင်ဇီမေက ပြောသည်။

လက်ရှိတွင်   Myanmar Idol နှင့် အဖွဲ့လိုက်သီချင်းများ စီစဉ်နေပြီး နယ်ဖျော်ဖြေပွဲများသို့ သွားရောက်လျက်ရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top