Property Expo
×

ဂႏၱဝင္ေဂါက္သီးသမားႀကီး တစ္ဦးျဖစ္သူ အာႏုိးပါလ္မာဟာ အသက္(၈၇) ႏွစ္အရြယ္တြင္ စက္တင္ဘာလ ၂၅ ရက္၊ တနဂၤေႏြေန႔က ကြယ္လြန္သြားေၾကာင္း သိရပါတယ္။

အားကစားေလာကမွာ အလႊမ္းမုိးႏုိင္ဆုံးႏွင့္ အထင္ရွားဆုံးသူေတြထဲက တစ္ဦးျဖစ္သူ အာႏုိးပါလ္မာဟာ ႏွလုံးစမ္းသမ္မႈခံယူေနခဲ့တဲ့ ပင္ဆီေဗးနီးယားျပည္နယ္ UPMC ေဆးရုံမွာပင္ ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။

ရွည္လ်ားလွတဲ့ ကစားသမားဘဝသက္တမ္းအတြင္း အဓိက ေအာင္ျမင္မႈ (၇)ႀကိမ္အပါအဝင္ ကမၻာတစ္ဝွမ္း ၿပိဳင္ပြဲေပါင္း (၉၀) ေက်ာ္ အႏုိင္ရရွိခဲ့သူျဖစ္ပါတယ္။

အေမရိကန္ေဂါက္သီးအဖြဲ႔ခ်ဳပ္က အာႏုိးပါလ္မာရဲ႕ ကြယ္လြန္မႈအား "ေဂါက္သီးေလာကရဲ႕ အႀကီးျမတ္ဆုံး သံတမန္" တစ္ဦးေသဆုံးမႈလုိ႔ တြစ္တာမွာ ေရးသားခဲ့ပါတယ္။

အေမရိကန္သမၼတ အုိးဘားမားကလည္း အိမ္ျဖဴေတာ္ကုိ အာႏုိးပါလ္မာ လာေရာက္လည္ပတ္ခဲ့စဥ္က ၎ႏွင့္အတူ တြဲရုိက္ထားတဲ့ ဓာတ္ပုံႏွင့္အတူ တြစ္တာမွာ "ဘုရင္တစ္ပါး"လုိ႔ ဂုဏ္ျပဳခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

#Unicode Version

ဂန္တဝင်ဂေါက်သီးသမားကြီး တစ်ဦးဖြစ်သူ အာနိုးပါလ်မာဟာ အသက်(၈၇) နှစ်အရွယ်တွင် စက်တင်ဘာလ ၂၅ ရက်၊ တနင်္ဂနွေနေ့က ကွယ်လွန်သွားကြောင်း သိရပါတယ်။

အားကစားလောကမှာ အလွှမ်းမိုးနိုင်ဆုံးနှင့် အထင်ရှားဆုံးသူတွေထဲက တစ်ဦးဖြစ်သူ အာနိုးပါလ်မာဟာ နှလုံးစမ်းသမ်မှုခံယူနေခဲ့တဲ့ ပင်ဆီဗေးနီးယားပြည်နယ် UPMC ဆေးရုံမှာပင် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ရှည်လျားလှတဲ့ ကစားသမားဘဝသက်တမ်းအတွင်း အဓိက အောင်မြင်မှု (၇)ကြိမ်အပါအဝင် ကမ္ဘာတစ်ဝှမ်း ပြိုင်ပွဲပေါင်း (၉၀) ကျော် အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။

အမေရိကန်ဂေါက်သီးအဖွဲ့ချုပ်က အာနိုးပါလ်မာရဲ့ ကွယ်လွန်မှုအား "ဂေါက်သီးလောကရဲ့ အကြီးမြတ်ဆုံး သံတမန်" တစ်ဦးသေဆုံးမှုလို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

အမေရိကန်သမ္မတ အိုးဘားမားကလည်း အိမ်ဖြူတော်ကို အာနိုးပါလ်မာ လာရောက်လည်ပတ်ခဲ့စဉ်က ၎င်းနှင့်အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံနှင့်အတူ တွစ်တာမှာ "ဘုရင်တစ်ပါး"လို့ ဂုဏ်ပြုခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top