Property Expo
×

 ဆင္းမ္ကတ္အသံုးျပဳသူ ကိုယ္တုိင္ အြန္လိုင္းတြင္လြယ္ကူစြာ မွတ္ပံုတင္ႏုိင္မည့္ နည္းလမ္းမ်ားကို လာမည့္တစ္ပတ္ အတြင္း မိတ္ဆက္ႏုိင္မည္ဟု တယ္လီေနာ ျမန္မာကုမၸဏီမွ သတင္းရရွိသည္။

တယ္လီေနာျမန္မာအသံုး ျပဳသူမ်ားသည္ စက္တင္ဘာ ၁၁ ရက္ကစတင္ကာ ဖုန္းနံပါတ္၅၀၀ သုိ႔ REG ဟု မက္ေဆ့ခ်္ပို႔ေပးကာ မွတ္ပံုတင္ထားျခင္း ရွိ၊ မရွိ စစ္ ေဆးႏုိင္မည္ျဖစ္ေၾကာင္းႏွင့္ အ သံုးျပဳသူကုိယ္တုိင္ အြန္လိုင္းမွ လြယ္ကူစြာမွတ္ပံုတင္ႏုိင္မည့္ နည္းလမ္းမ်ားကို ဆက္လက္လုပ္ ေဆာင္မည္ဟု ယင္းကုမၸဏီ၏ အမႈေဆာင္အရာရွိိခ်ဳပ္ မစၥတာ Lars Erik Tellmann က ေျပာ ၾကားသည္။

‘‘သံုးစဲြသူေတြအေနနဲ႔ အ ခက္အခဲမရွိ မွတ္ပံုတင္ႏုိင္ေအာင္ ဆင္းမ္ကတ္မွတ္ပံုတင္မႈလုပ္ငန္း စဥ္ေတြကို ႐ိုးရွင္းသမွ် အ႐ိုးရွင္း ဆံုးနည္းလမ္းေတြနဲ႔ ေဆာင္ရြက္ ႏုိင္ဖို႔ တယ္လီေနာက ေဆာင္ရြက္ ေနၿပီး အြန္လုိင္းနဲ႔ ကိုယ္တုိင္အ လြယ္တကူ မွတ္ပံုတင္ႏုိင္မယ့္ နည္းလမ္းေတြကို မၾကာခင္ဆက္ လက္အသိေပးမွာျဖစ္ပါတယ္’’ ဟု ၎က ဆုိသည္။

တစ္ခ်ိန္တည္းတြင္ တယ္လီ ေနာျမန္မာသည္ ၎တုိ႔၏ အ မွတ္တံဆိပ္အေရာင္းဆုိင္ ၉၀ ခန္႔ ၏ လိပ္စာတည္ေနရာကုိ http://www.telenor.com.mm/pagedetail/store-location/ 99 ၀က္ဘ္ဆိုက္စာမ်က္ႏွာ၌ ေၾကညာထားၿပီး ယင္းဆုိင္မ်ား တြင္ မွတ္ပံုတင္မႈရွိ၊ မရွိ စစ္ေဆး ျခင္း (သို႔မဟုတ္) ၎တို႔၏ Call Center သို႔ ဖုန္းေခၚဆုိ၍ စစ္ေဆး ျခင္းမ်ားျပဳလုပ္ႏုိင္ေၾကာင္း ထုတ္ ျပန္ေၾကညာသည္။

 အူရီးဒူး ျမန္မာကုမၸဏီက လည္း ၎တို႔၏ ဆင္းမ္ကတ္အ သံုးျပဳသူမ်ားအတြက္ မွတ္ပံုတင္ ထားျခင္းရွိ၊ မရွိ *666# သုိ႔ ဖုန္းေခၚဆို၍ အခမဲ့စစ္ေဆးႏုိင္သည့္ စနစ္တစ္ခုကို ၿပီးခဲ့သည့္ ၾသဂုတ္ ၃၀ ရက္က မိတ္ဆက္ခဲ့သည္။

ျပည္တြင္းရွိ မုိဘုိင္းဖုန္းအ သံုးျပဳသူမ်ားအားလံုးသည္ ဆင္းမ္ ကတ္စတင္၀ယ္ယူစဥ္ကမွတ္ပံုတင္ျပဳလုပ္ထားျခင္း မရွိပါက၂၀၁၇ မတ္လကုန္ေနာက္ဆံုးထား၍ မွတ္ပံုတင္ရန္လိုအပ္ေၾကာင္း ႏွင့္ မွတ္ပံုတင္ျခင္းမျပဳလုပ္ပါက ဆက္သြယ္ေရး၀န္ေဆာင္မႈ ယာ ယီ ျဖတ္ေတာက္မည္ျဖစ္ေၾကာင္း ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီး ဌာနက ၾသဂုတ္ ၁ ရက္က ေၾက ညာ ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
  ဆင်းမ်ကတ်အသုံးပြုသူ ကိုယ်တိုင် အွန်လိုင်းတွင်လွယ်ကူစွာ မှတ်ပုံတင်နိုင်မည့် နည်းလမ်းများကို လာမည့်တစ်ပတ် အတွင်း မိတ်ဆက်နိုင်မည်ဟု တယ်လီနော မြန်မာကုမ္ပဏီမှ သတင်းရရှိသည်။

တယ်လီနောမြန်မာအသုံး ပြုသူများသည် စက်တင်ဘာ ၁၁ ရက်ကစတင်ကာ ဖုန်းနံပါတ်၅၀၀ သို့ REG ဟု မက်ဆေ့ချ်ပို့ပေးကာ မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိ စစ် ဆေးနိုင်မည်ဖြစ်ကြောင်းနှင့် အ သုံးပြုသူကိုယ်တိုင် အွန်လိုင်းမှ လွယ်ကူစွာမှတ်ပုံတင်နိုင်မည့် နည်းလမ်းများကို ဆက်လက်လုပ် ဆောင်မည်ဟု ယင်းကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ Lars Erik Tellmann က ပြော ကြားသည်။

‘‘သုံးစွဲသူတွေအနေနဲ့ အ ခက်အခဲမရှိ မှတ်ပုံတင်နိုင်အောင် ဆင်းမ်ကတ်မှတ်ပုံတင်မှုလုပ်ငန်း စဉ်တွေကို ရိုးရှင်းသမျှ အရိုးရှင်း ဆုံးနည်းလမ်းတွေနဲ့ ဆောင်ရွက် နိုင်ဖို့ တယ်လီနောက ဆောင်ရွက် နေပြီး အွန်လိုင်းနဲ့ ကိုယ်တိုင်အ လွယ်တကူ မှတ်ပုံတင်နိုင်မယ့် နည်းလမ်းတွေကို မကြာခင်ဆက် လက်အသိပေးမှာဖြစ်ပါတယ်’’ ဟု ၎င်းက ဆိုသည်။

တစ်ချိန်တည်းတွင် တယ်လီ နောမြန်မာသည် ၎င်းတို့၏ အ မှတ်တံဆိပ်အရောင်းဆိုင် ၉၀ ခန့် ၏ လိပ်စာတည်နေရာကို http://www.telenor.com.mm/pagedetail/store-location/ 99 ဝက်ဘ်ဆိုက်စာမျက်နှာ၌ ကြေညာထားပြီး ယင်းဆိုင်များ တွင် မှတ်ပုံတင်မှုရှိ၊ မရှိ စစ်ဆေး ခြင်း (သို့မဟုတ်) ၎င်းတို့၏ Call Center သို့ ဖုန်းခေါ်ဆို၍ စစ်ဆေး ခြင်းများပြုလုပ်နိုင်ကြောင်း ထုတ် ပြန်ကြေညာသည်။

 အူရီးဒူး မြန်မာကုမ္ပဏီက လည်း ၎င်းတို့၏ ဆင်းမ်ကတ်အ သုံးပြုသူများအတွက် မှတ်ပုံတင် ထားခြင်းရှိ၊ မရှိ *666# သို့ ဖုန်းခေါ်ဆို၍ အခမဲ့စစ်ဆေးနိုင်သည့် စနစ်တစ်ခုကို ပြီးခဲ့သည့် သြဂုတ် ၃၀ ရက်က မိတ်ဆက်ခဲ့သည်။

ပြည်တွင်းရှိ မိုဘိုင်းဖုန်းအ သုံးပြုသူများအားလုံးသည် ဆင်းမ် ကတ်စတင်ဝယ်ယူစဉ်ကမှတ်ပုံတင်ပြုလုပ်ထားခြင်း မရှိပါက၂၀၁၇ မတ်လကုန်နောက်ဆုံးထား၍ မှတ်ပုံတင်ရန်လိုအပ်ကြောင်း နှင့် မှတ်ပုံတင်ခြင်းမပြုလုပ်ပါက ဆက်သွယ်ရေးဝန်ဆောင်မှု ယာ ယီ ဖြတ်တောက်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာနက သြဂုတ် ၁ ရက်က ကြေ ညာ ထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top