Property Expo
×

ခရီးသည္တင္ယာဥ္က အိမ္မ်ားႏွင့္ ဆုိင္ကယ္ကို ဝင္တိုက္ၿပီးေနာက္ ေတြ႕ရစဥ္ (ေရႊသန္လ်င္နာေရးကူညီမႈအသင္း(ဒဂုံ))

 ေတာင္ဒဂံုၿမိဳ႕နယ္ အ မွတ္ (၂၂) ရပ္ကြက္ ဘုရားေလး ေကြ႕အနီးတြင္ ခရီးသည္တင္ ယာဥ္တစ္စီး အရွိန္လြန္ကာ ေန အိမ္အခ်ိဳ႕ကို ၀င္တိုက္ၿပီးေနာက္ ဆုိင္ကယ္ကုိတုိက္မိ၍ အမ်ိဳးသားႏွစ္ဦး ေသဆံုးခဲ့ေၾကာင္း သတင္းရရွိသည္။


အရွိန္လြန္ ေမာင္းႏွင္လာ သည့္ ခရီးသည္တင္ယာဥ္သည္ စက္တင္ဘာ ၁၀ ရက္ နံနက္ ၃ နာရီေက်ာ္တြင္ ဘုရားေလးေကြ႕ အနီးရွိ ေနအိမ္သံုးလံုးခန္႔ကို ၀င္ ေရာက္တိုက္မိၿပီးေနာက္ ဆိုင္ ကယ္ ကယ္ရီေမာင္းသူႏွင့္ ခရီး သည္တစ္ဦးတို႔ကို ထပ္မံတိုက္မိ ခဲ့ေၾကာင္း မ်က္ျမင္ေတြ႕သူတစ္ ဦးကေျပာသည္။

‘‘အိမ္ထဲက လူေတြကေတာ့ ဘာမွမျဖစ္ဘူး။ ဆိုင္ကယ္ ကယ္ ရီေမာင္းတဲ့သူနဲ႔ ခရီးသည္တစ္ ေယာက္ကေတာ့ ေနရာမွာတင္ ေသသြားတယ္။ ႏွစ္ေယာက္စလံုး ျမင္ေတာင္မေကာင္းဘူး။ ကား မွာညပ္ေနလို႔ ဆြဲထုတ္ရတယ္။ ကားေမာင္းတဲ့သူကေတာ့ ထြက္ ေျပးသြားတယ္’’ဟု မ်က္ျမင္ေတြ႕ သူ အမ်ိဳးသားကေျပာၾကားသည္။

 ေသဆံုးသြားေသာ အမ်ိဳး သားႏွစ္ဦးသည္ အသက္(၅၁)ႏွစ္အရြယ္ ဦးသိန္းလႈိင္ (KAT ကုမၸဏီ၀န္ထမ္း)ႏွင့္ အသက္(၂၅)ႏွစ္အရြယ္ အမည္မသိ အမ်ိဳးသားတစ္ဦးျဖစ္ေၾကာင္း ဒဂံုေတာင္ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦး ကေျပာသည္။

‘‘ယာဥ္ေမာင္းကေတာ့ ကား ကိုထားၿပီးထြက္ေျပးသြားတယ္။ ကားတိုက္ခံရတဲ့သူ ႏွစ္ေယာက္ ထဲကတစ္ေယာက္ကေတာ့ ဘယ္ ကလည္း မသိေသးဘူး။ ကုမၸဏီ ၀န္ထမ္း ဦးေလးေမာင္းတဲ့ ဆုိင္ ကယ္ကို သူကေနာက္ကလိုက္စီး တာေလာက္ပဲ သိရေသးတယ္’’ဟု ယင္းရဲအရာရွိကေျပာသည္။

ယာဥ္တိုက္မႈႏွင့္ ပတ္သက္ ၍ ခရီးသည္တင္ယာဥ္ G-2000 ယာဥ္ေမာင္းကို ရာဇသတ္ႀကီး ျပစ္မႈပုဒ္မ ၃၀၄ (က)/၂၇၉ ျဖင့္ အမႈဖြင့္အေရးယူထားကာ လိုက္ လံဖမ္းဆီးေနေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ခရီးသည်တင်ယာဉ်က အိမ်များနှင့် ဆိုင်ကယ်ကို ဝင်တိုက်ပြီးနောက် တွေ့ရစဉ် (ရွှေသန်လျင်နာရေးကူညီမှုအသင်း(ဒဂုံ))

 တောင်ဒဂုံမြို့နယ် အ မှတ် (၂၂) ရပ်ကွက် ဘုရားလေး ကွေ့အနီးတွင် ခရီးသည်တင် ယာဉ်တစ်စီး အရှိန်လွန်ကာ နေ အိမ်အချို့ကို ဝင်တိုက်ပြီးနောက် ဆိုင်ကယ်ကိုတိုက်မိ၍ အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။


အရှိန်လွန် မောင်းနှင်လာ သည့် ခရီးသည်တင်ယာဉ်သည် စက်တင်ဘာ ၁၀ ရက် နံနက် ၃ နာရီကျော်တွင် ဘုရားလေးကွေ့ အနီးရှိ နေအိမ်သုံးလုံးခန့်ကို ဝင် ရောက်တိုက်မိပြီးနောက် ဆိုင် ကယ် ကယ်ရီမောင်းသူနှင့် ခရီး သည်တစ်ဦးတို့ကို ထပ်မံတိုက်မိ ခဲ့ကြောင်း မျက်မြင်တွေ့သူတစ် ဦးကပြောသည်။

‘‘အိမ်ထဲက လူတွေကတော့ ဘာမှမဖြစ်ဘူး။ ဆိုင်ကယ် ကယ် ရီမောင်းတဲ့သူနဲ့ ခရီးသည်တစ် ယောက်ကတော့ နေရာမှာတင် သေသွားတယ်။ နှစ်ယောက်စလုံး မြင်တောင်မကောင်းဘူး။ ကား မှာညပ်နေလို့ ဆွဲထုတ်ရတယ်။ ကားမောင်းတဲ့သူကတော့ ထွက် ပြေးသွားတယ်’’ဟု မျက်မြင်တွေ့ သူ အမျိုးသားကပြောကြားသည်။

 သေဆုံးသွားသော အမျိုး သားနှစ်ဦးသည် အသက်(၅၁)နှစ်အရွယ် ဦးသိန်းလှိုင် (KAT ကုမ္ပဏီဝန်ထမ်း)နှင့် အသက်(၂၅)နှစ်အရွယ် အမည်မသိ အမျိုးသားတစ်ဦးဖြစ်ကြောင်း ဒဂုံတောင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦး ကပြောသည်။

‘‘ယာဉ်မောင်းကတော့ ကား ကိုထားပြီးထွက်ပြေးသွားတယ်။ ကားတိုက်ခံရတဲ့သူ နှစ်ယောက် ထဲကတစ်ယောက်ကတော့ ဘယ် ကလည်း မသိသေးဘူး။ ကုမ္ပဏီ ဝန်ထမ်း ဦးလေးမောင်းတဲ့ ဆိုင် ကယ်ကို သူကနောက်ကလိုက်စီး တာလောက်ပဲ သိရသေးတယ်’’ဟု ယင်းရဲအရာရှိကပြောသည်။

ယာဉ်တိုက်မှုနှင့် ပတ်သက် ၍ ခရီးသည်တင်ယာဉ် G-2000 ယာဉ်မောင်းကို ရာဇသတ်ကြီး ပြစ်မှုပုဒ်မ ၃၀၄ (က)/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကာ လိုက် လံဖမ်းဆီးနေကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top