Kantharyar Centre
×

လူေပါင္း သံုးသိန္းေက်ာ္ကို ေလ့လာဆန္းစစ္ရာမွာ နာတာ႐ွည္ဖ်ားနာေနသူေတြနဲ႔ ေရာဂါလကၡဏာမျပတဲ့ ဆီးခ်ိဳေဝဒနာ႐ွင္ေတြဟာ ေန႔ခင္းဘက္မွ ပင္ပန္းႏြမ္းနယ္မႈကို ပိုခံစားရတယ္လို႔ သိရပါတယ္။

ေန႔လယ္ဘက္မွာ တစ္ေရးတစ္ေမာအိပ္စက္အနားယူျခင္းဟာ ခႏၶာကိုယ္အတြက္ ေကာင္းမြန္ေစႏိုင္ေပမယ့္ အခ်ိန္အၾကာႀကီးမအိပ္ဖုိ႔ေတာ့ လိုပါလိမ့္မယ္။ ေန႔လယ္ေန႔ခင္း တစ္ေရးတစ္ေမာအိပ္စက္ခ်ိန္ဟာ တစ္နာရီထက္ေက်ာ္လြန္လာတဲ့အခါ ခႏၶာကိုယ္ထဲမွာ ဆီးခ်ိဳေရာဂါ အမ်ိဳးအစား-၂ ျဖစ္ႏိုင္ေျခ ပိုမိုမ်ားျပားလာေစႏိုင္တာကို ဂ်ပန္သုေတသီေတြ ႐ွာေတြ႔ခဲ့ၾကပါတယ္။

တိုက်ိဳတကၠသိုလ္က ပညာ႐ွင္ေတြဟာ ယင္းတုိ႔ေတြ႔႐ွိခဲ့တဲ့ သုေတသနရလဒ္ကို ျမဴးနစ္မွာျပဳလုပ္တဲဲ့ ဆီးခ်ိဳေရာဂါ ေလ့လာေရးအဖြဲ႔အစည္းရဲ႕ အစည္းအေဝးမွာ တင္ျပခဲ့တာျဖစ္ပါတယ္။ ေန႔ခင္းဘက္မွာ မိနစ္ ၆၀ (တစ္နာရီ)ထက္ ေက်ာ္လြန္ေအာင္ အိပ္စက္ေလ့႐ွိသူေတြက ဆီးခ်ိဳ အမ်ိဳးအစား-၂ ျဖစ္ႏိုင္ေျခ ၄၅ ရာခိုင္ႏႈန္း ပိုတိုးလာတာကို ေတြ႔ရွိရပါတယ္။ ဒါေပမဲ့ မိနစ္ ၄၀ မေက်ာ္ေအာင္အိပ္သူေတြမွာေတာ့ ဆီးခ်ိဳျဖစ္ႏိုင္တဲ့အႏၱရာယ္ေလ်ာ့နည္းတာကို ေတြ႔ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

လူပေါင်း သုံးသိန်းကျော်ကို လေ့လာဆန်းစစ်ရာမှာ နာတာရှည်ဖျားနာနေသူတွေနဲ့ ရောဂါလက္ခဏာမပြတဲ့ ဆီးချိုဝေဒနာရှင်တွေဟာ နေ့ခင်းဘက်မှ ပင်ပန်းနွမ်းနယ်မှုကို ပိုခံစားရတယ်လို့ သိရပါတယ်။

နေ့လယ်ဘက်မှာ တစ်ရေးတစ်မောအိပ်စက်အနားယူခြင်းဟာ ခန္ဓာကိုယ်အတွက် ကောင်းမွန်စေနိုင်ပေမယ့် အချိန်အကြာကြီးမအိပ်ဖို့တော့ လိုပါလိမ့်မယ်။ နေ့လယ်နေ့ခင်း တစ်ရေးတစ်မောအိပ်စက်ချိန်ဟာ တစ်နာရီထက်ကျော်လွန်လာတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဆီးချိုရောဂါ အမျိုးအစား-၂ ဖြစ်နိုင်ခြေ ပိုမိုများပြားလာစေနိုင်တာကို ဂျပန်သုတေသီတွေ ရှာတွေ့ခဲ့ကြပါတယ်။

တိုကျိုတက္ကသိုလ်က ပညာရှင်တွေဟာ ယင်းတို့တွေ့ရှိခဲ့တဲ့ သုတေသနရလဒ်ကို မြူးနစ်မှာပြုလုပ်တဲ့ ဆီးချိုရောဂါ လေ့လာရေးအဖွဲ့အစည်းရဲ့ အစည်းအဝေးမှာ တင်ပြခဲ့တာဖြစ်ပါတယ်။ နေ့ခင်းဘက်မှာ မိနစ် ၆၀ (တစ်နာရီ)ထက် ကျော်လွန်အောင် အိပ်စက်လေ့ရှိသူတွေက ဆီးချို အမျိုးအစား-၂ ဖြစ်နိုင်ခြေ ၄၅ ရာခိုင်နှုန်း ပိုတိုးလာတာကို တွေ့ရှိရပါတယ်။ ဒါပေမဲ့ မိနစ် ၄၀ မကျော်အောင်အိပ်သူတွေမှာတော့ ဆီးချိုဖြစ်နိုင်တဲ့အန္တရာယ်လျော့နည်းတာကို တွေ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top