Property Expo
×

ခ်စ္သူရလုိက္တုိင္း သင့္မွာ ျပႆနာတစ္ခုမဟုတ္တစ္ခု ၾကံဳေနၿပီး ကံမေကာင္းဘူးလို႔ ခံစားေနရတယ္ဆုိရင္ ကံကိုခ်ည္း ပံုမခ်ဘဲ သင္ကိုယ္တုိင္ ျပဳျပင္ဖို႔ လုိအပ္ေနတာေလးေတြ ရွိေနပါၿပီ။ အဲဒီေနာက္ ေနာက္ထပ္ အခ်စ္ေရးမွာ စိတ္မညစ္ရေလရေအာင္ ဒီအခ်က္ေလးေတြကို သတိထားဆင္ျခင္သင့္ပါတယ္။

၁။ ကိုယ့္ကိုကိုယ္ ဒုကၡေရာက္ေနသူလို မယူဆပါနဲ႔

ဘယ္ေတာ့မွ ခ်စ္သူေကာင္းရမွာမဟုတ္ဘူး၊ သင့္ကို လက္ထပ္ခ်င္သူရွိမွာ မဟုတ္္ဘူးလို႔ မေတြးပါနဲ႔။ အဲဒါ မမွန္ပါဘူး။ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈအျပည့္ထားၿပီး ကိုယ္လိုခ်င္တဲ့ အခ်စ္ေရးကို တည္ေဆာက္ယူႏုိင္ပါတယ္။

၂။ ဘယ္ေတာ့မွ ေနာက္မတြန္႔ပါနဲ႔

သင့္ရည္းစားက အႀကိမ္ႀကိမ္ မွားယြင္းေနတာကို ခြင့္လႊတ္စရာ မလိုပါဘူး။ သင္ဘယ္ေလာက္ပဲ ႀကိဳးစားႀကိဳးစား ေကာင္းမြန္မလာတဲ့ အခ်စ္ေရးက ႐ုံးမထြက္ႏိုင္ရင္ သင္လိုခ်င္တဲ့ သာယာတဲ့အခ်စ္ေရးကို ေပးႏုိင္သူနဲ႔ ဘယ္လိုမွ ဆံုေတြ႕ႏိုင္မွာ မဟုတ္ပါဘူး။

၃။ စိတ္ကူးယဥ္အိပ္မက္ေတြကို ေမ့ထားလုိက္ပါ

အခ်စ္ပံုျပင္ေတြနဲ႔ စိတ္ကူးယဥ္အိပ္မက္ထဲက ခ်စ္သူမ်ဳိးကို မေမွ်ာ္လင့္ပါနဲ႔။ အခ်စ္မွာ ႐ိုမန္တစ္ဆန္ဖို႔ လုိေပမဲ့ ဘယ္ေလာက္ခ်စ္ခ်စ္ သင့္အေၾကာင္းကို အခ်ိန္ျပည့္ေခါင္းထဲထည့္ထားၿပီး သင့္စိတ္ႀကိဳက္ ဘယ္သူမွ လိုက္မလုပ္ေပးႏုိင္ပါဘူး။

၄။ သိပ္ၿပီး အစိုးရိမ္မႀကီးပါနဲ႔

ကိုယ့္ကို တစ္ဖက္သား မႀကိဳက္မွာစိုးလို႔ ဆုိၿပီး သူမ်ားသေဘာက်ေစဖို႔ ဟန္ေဆာင္စရာမလိုသလို ကိုယ္သေဘာက် ႏွစ္သက္ေနသူရဲ႕ အျပစ္အေသးအဖြဲေလးေတြကို သိပ္ၿပီး ေခါင္းထဲ မထည့္ပါနဲ႔။ လူဆုိတာ အားလံုးျပည့္စံုတယ္ မရွိိပါဘူး။ သင့္ရဲ႕မူရင္းပံုစံအတိုင္း အစကတည္းက ေနျပထားမွ သူ သင့္ကို တကယ္သေဘာက်မက် သိႏုိင္မွာပါ။ အဲဒီလုိပဲ သူ႔ရဲ႕အမူအက်င့္ေတြကို သင္လက္ခံႏုိင္လား ျခံဳငံုသံုးသပ္ပါ။

၅။ ကံေကာင္းျခင္းရဲ႕ အဓိပၸာယ္

ေယာက္်ားေတြ အမ်ားႀကီး ေန႔စဥ္ ၾကံဳေတြ႕ခဲ့ရေပမဲ့ သင့္ရဲ႕ ဖူးစာဘက္ ရွာမေတြ႕တာဟာ ကံမေေကာင္းျခင္း မဟုတ္ပါဘူး။ သင္သေဘာက်သူဟာ တျဖည္းျဖည္း စိတ္ပ်က္စရာေကာင္းလာတာ ကံမေကာင္းျခင္း မဟုတ္ပါဘူး။ သင့္မွာ ရွိတဲ့အရာေတြကို ၾကည့္လုိက္ပါ။ သင္ စားခ်င္တာစားရတယ္၊ ေကာင္းေကာင္းမြန္မြန္ေနရတယ္၊ သင့္ကို ခ်စ္ခင္တဲ့သူငယ္ခ်င္းေတြရွိိတယ္။ ဒါဟာလည္း ကံေကာင္းျခင္းပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

ချစ်သူရလိုက်တိုင်း သင့်မှာ ပြဿနာတစ်ခုမဟုတ်တစ်ခု ကြုံနေပြီး ကံမကောင်းဘူးလို့ ခံစားနေရတယ်ဆိုရင် ကံကိုချည်း ပုံမချဘဲ သင်ကိုယ်တိုင် ပြုပြင်ဖို့ လိုအပ်နေတာလေးတွေ ရှိနေပါပြီ။ အဲဒီနောက် နောက်ထပ် အချစ်ရေးမှာ စိတ်မညစ်ရလေရအောင် ဒီအချက်လေးတွေကို သတိထားဆင်ခြင်သင့်ပါတယ်။

၁။ ကိုယ့်ကိုကိုယ် ဒုက္ခရောက်နေသူလို မယူဆပါနဲ့

ဘယ်တော့မှ ချစ်သူကောင်းရမှာမဟုတ်ဘူး၊ သင့်ကို လက်ထပ်ချင်သူရှိမှာ မဟုတ်ဘူးလို့ မတွေးပါနဲ့။ အဲဒါ မမှန်ပါဘူး။ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ထားပြီး ကိုယ်လိုချင်တဲ့ အချစ်ရေးကို တည်ဆောက်ယူနိုင်ပါတယ်။

၂။ ဘယ်တော့မှ နောက်မတွန့်ပါနဲ့

သင့်ရည်းစားက အကြိမ်ကြိမ် မှားယွင်းနေတာကို ခွင့်လွှတ်စရာ မလိုပါဘူး။ သင်ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကောင်းမွန်မလာတဲ့ အချစ်ရေးက ရုံးမထွက်နိုင်ရင် သင်လိုချင်တဲ့ သာယာတဲ့အချစ်ရေးကို ပေးနိုင်သူနဲ့ ဘယ်လိုမှ ဆုံတွေ့နိုင်မှာ မဟုတ်ပါဘူး။

၃။ စိတ်ကူးယဉ်အိပ်မက်တွေကို မေ့ထားလိုက်ပါ


အချစ်ပုံပြင်တွေနဲ့ စိတ်ကူးယဉ်အိပ်မက်ထဲက ချစ်သူမျိုးကို မမျှော်လင့်ပါနဲ့။ အချစ်မှာ ရိုမန်တစ်ဆန်ဖို့ လိုပေမဲ့ ဘယ်လောက်ချစ်ချစ် သင့်အကြောင်းကို အချိန်ပြည့်ခေါင်းထဲထည့်ထားပြီး သင့်စိတ်ကြိုက် ဘယ်သူမှ လိုက်မလုပ်ပေးနိုင်ပါဘူး။

၄။ သိပ်ပြီး အစိုးရိမ်မကြီးပါနဲ့

ကိုယ့်ကို တစ်ဖက်သား မကြိုက်မှာစိုးလို့ ဆိုပြီး သူများသဘောကျစေဖို့ ဟန်ဆောင်စရာမလိုသလို ကိုယ်သဘောကျ နှစ်သက်နေသူရဲ့ အပြစ်အသေးအဖွဲလေးတွေကို သိပ်ပြီး ခေါင်းထဲ မထည့်ပါနဲ့။ လူဆိုတာ အားလုံးပြည့်စုံတယ် မရှိပါဘူး။ သင့်ရဲ့မူရင်းပုံစံအတိုင်း အစကတည်းက နေပြထားမှ သူ သင့်ကို တကယ်သဘောကျမကျ သိနိုင်မှာပါ။ အဲဒီလိုပဲ သူ့ရဲ့အမူအကျင့်တွေကို သင်လက်ခံနိုင်လား ခြုံငုံသုံးသပ်ပါ။

၅။ ကံကောင်းခြင်းရဲ့ အဓိပ္ပာယ်

ယောက်ျားတွေ အများကြီး နေ့စဉ် ကြုံတွေ့ခဲ့ရပေမဲ့ သင့်ရဲ့ ဖူးစာဘက် ရှာမတွေ့တာဟာ ကံမေကောင်းခြင်း မဟုတ်ပါဘူး။ သင်သဘောကျသူဟာ တဖြည်းဖြည်း စိတ်ပျက်စရာကောင်းလာတာ ကံမကောင်းခြင်း မဟုတ်ပါဘူး။ သင့်မှာ ရှိတဲ့အရာတွေကို ကြည့်လိုက်ပါ။ သင် စားချင်တာစားရတယ်၊ ကောင်းကောင်းမွန်မွန်နေရတယ်၊ သင့်ကို ချစ်ခင်တဲ့သူငယ်ချင်းတွေရှိတယ်။ ဒါဟာလည်း ကံကောင်းခြင်းပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top