Property Expo
×

ရက္ပိုင္းအတြင္း ျပင္ပ ေစ်းကြက္တြင္ အေမရိကန္ေဒၚ လာေစ်းႏႈန္း အေျပာင္းအလဲျမန္ ျခင္းေၾကာင့္ ျပည္ပပို႔ကုန္လုပ္ငန္း ရွင္မ်ား အခက္အခဲျဖစ္ေနေၾကာင္း သတင္းရရွိသည္။

အေမရိကန္ေဒၚလာတန္ဖိုး သည္ စက္တင္ဘာ ၁ ရက္က စ တင္၍ ျပန္လည္ျမင့္တက္လာၿပီး စက္တင္ဘာ ၆ ရက္တြင္ တစ္ေဒၚ လာလွ်င္ ၁,၂၂၂ က်ပ္သို႔ ျမင့္ တက္လာသည္။ စက္တင္ဘာ ၁ ရက္က တစ္ေဒၚလာလွ်င္ ၁,၁၁၀ က်ပ္ခန္႔မွ ေျခာက္ရက္အတြင္း၁၂ က်ပ္ ျမင့္တက္လာျခင္းေၾကာင့္ ပို႔ကုန္လုပ္ငန္းရွင္မ်ား အခက္အခဲဲျဖစ္ခဲ့သည္။

ျပည္ပသို႔ ကုန္ပစၥည္းမ်ား ေရာင္းခ်ရာတြင္ အနည္းဆံုး ႏွစ္ ပတ္မွ ၄၅ ရက္ၾကာျမင့္ၿပီးမွ ကုန္ ပစၥည္း ေရာင္းရေငြရရွိသည္။ ထို႔ ေၾကာင့္ ျပည္တြင္းေငြလဲႏႈန္းမွာ ရက္ပိုင္းအတြင္း အေျပာင္းအလဲ မ်ားလာကာ တန္ဖိုးျမင့္တက္ျခင္း မဟုတ္ဘဲ တန္ဖိုးက်ဆင္းျခင္းျဖစ္ ပါက ဆံုး႐ႈံးမႈမ်ားရွိေၾကာင္း ျပည္ ပသို႔ ပဲမ်ိဳးစံုတင္ပို႔ေနသည့္ လုပ္ ငန္းရွင္တစ္ဦးက ေျပာသည္။

‘‘ေငြလဲႏႈန္း အတက္အက် အရမ္းမ်ားရင္ အလုပ္လုပ္လို႔မရ ဘူး’’ဟု ျပည္ပသို႔ ပဲမ်ိဳးစံုတင္ပို႔ေန သည့္ လုပ္ငန္းရွင္တစ္ဦးက ေျပာ ၾကားသည္။

ျပည္တြင္း၌ အေမရိကန္ေဒၚ လာ ေစ်းအတက္အက်ျဖစ္ရျခင္း သည္ ေစ်းကြက္အတြင္း၌ ႏုိင္ငံ ျခားေငြနည္းပါးေနျခင္းေၾကာင့္ဟု ကုန္သည္မ်ားက သံုးသပ္ေနၾက သည္။ျပည္တြင္းမွ စီးပြားေရးလုပ္ ငန္းရွင္မ်ားက ႏုိင္ငံျခားေငြလဲႏႈန္း တည္ၿငိမ္မႈကို လိုလားေသာ္လည္း လက္ရွိအခ်ိန္အထိ အစိုးရတာ၀န္ ရွိသူမ်ားက ေဆာင္ရြက္ႏုိင္ျခင္းမ ရွိေသးေပ။

ျမန္မာႏုိင္ငံ ဗဟုိဘဏ္သည္လည္း ျပင္ပေငြလဲႏႈန္းအလိုက္ ရည္ၫႊန္းေငြလဲႏႈန္းကို ေျပာင္းလဲ သတ္မွတ္ေနသည္။ ဗဟိုဘဏ္က သတ္မွတ္ေသာ တရား၀င္ရည္ၫႊန္းေငြလဲႏႈန္းမွာ စက္တင္ဘာ ၆ ရက္က တစ္ေဒၚ လာလွ်င္ ၁,၂၁၁ က်ပ္ျဖစ္သည္။

ျပင္ပေစ်းကြက္တြင္ အေမ ရိကန္ေဒၚလာေစ်းတက္လာျခင္း ေၾကာင့္ ျပည္တြင္းေရႊေစ်းလုပ္ ငန္းမွာ စက္တင္ဘာ ၁ ရက္၌တစ္က်ပ္သားလွ်င္ က်ပ္ ၈၅၀,၀၀၀ ေက်ာ္မွ က်ပ္ ၈၆၀,၀၀၀ ခန္႔အထိ ျမင့္တက္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ရက်ပိုင်းအတွင်း ပြင်ပ ဈေးကွက်တွင် အမေရိကန်ဒေါ် လာဈေးနှုန်း အပြောင်းအလဲမြန် ခြင်းကြောင့် ပြည်ပပို့ကုန်လုပ်ငန်း ရှင်များ အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။

အမေရိကန်ဒေါ်လာတန်ဖိုး သည် စက်တင်ဘာ ၁ ရက်က စ တင်၍ ပြန်လည်မြင့်တက်လာပြီး စက်တင်ဘာ ၆ ရက်တွင် တစ်ဒေါ် လာလျှင် ၁,၂၂၂ ကျပ်သို့ မြင့် တက်လာသည်။ စက်တင်ဘာ ၁ ရက်က တစ်ဒေါ်လာလျှင် ၁,၁၁၀ ကျပ်ခန့်မှ ခြောက်ရက်အတွင်း၁၂ ကျပ် မြင့်တက်လာခြင်းကြောင့် ပို့ကုန်လုပ်ငန်းရှင်များ အခက်အခဲဖြစ်ခဲ့သည်။

ပြည်ပသို့ ကုန်ပစ္စည်းများ ရောင်းချရာတွင် အနည်းဆုံး နှစ် ပတ်မှ ၄၅ ရက်ကြာမြင့်ပြီးမှ ကုန် ပစ္စည်း ရောင်းရငွေရရှိသည်။ ထို့ ကြောင့် ပြည်တွင်းငွေလဲနှုန်းမှာ ရက်ပိုင်းအတွင်း အပြောင်းအလဲ များလာကာ တန်ဖိုးမြင့်တက်ခြင်း မဟုတ်ဘဲ တန်ဖိုးကျဆင်းခြင်းဖြစ် ပါက ဆုံးရှုံးမှုများရှိကြောင်း ပြည် ပသို့ ပဲမျိုးစုံတင်ပို့နေသည့် လုပ် ငန်းရှင်တစ်ဦးက ပြောသည်။

‘‘ငွေလဲနှုန်း အတက်အကျ အရမ်းများရင် အလုပ်လုပ်လို့မရ ဘူး’’ဟု ပြည်ပသို့ ပဲမျိုးစုံတင်ပို့နေ သည့် လုပ်ငန်းရှင်တစ်ဦးက ပြော ကြားသည်။

ပြည်တွင်း၌ အမေရိကန်ဒေါ် လာ ဈေးအတက်အကျဖြစ်ရခြင်း သည် ဈေးကွက်အတွင်း၌ နိုင်ငံ ခြားငွေနည်းပါးနေခြင်းကြောင့်ဟု ကုန်သည်များက သုံးသပ်နေကြ သည်။ပြည်တွင်းမှ စီးပွားရေးလုပ် ငန်းရှင်များက နိုင်ငံခြားငွေလဲနှုန်း တည်ငြိမ်မှုကို လိုလားသော်လည်း လက်ရှိအချိန်အထိ အစိုးရတာဝန် ရှိသူများက ဆောင်ရွက်နိုင်ခြင်းမ ရှိသေးပေ။

မြန်မာနိုင်ငံ ဗဟိုဘဏ်သည်လည်း ပြင်ပငွေလဲနှုန်းအလိုက် ရည်ညွှန်းငွေလဲနှုန်းကို ပြောင်းလဲ သတ်မှတ်နေသည်။ ဗဟိုဘဏ်က သတ်မှတ်သော တရားဝင်ရည်ညွှန်းငွေလဲနှုန်းမှာ စက်တင်ဘာ ၆ ရက်က တစ်ဒေါ် လာလျှင် ၁,၂၁၁ ကျပ်ဖြစ်သည်။

ပြင်ပဈေးကွက်တွင် အမေ ရိကန်ဒေါ်လာဈေးတက်လာခြင်း ကြောင့် ပြည်တွင်းရွှေဈေးလုပ် ငန်းမှာ စက်တင်ဘာ ၁ ရက်၌တစ်ကျပ်သားလျှင် ကျပ် ၈၅၀,၀၀၀ ကျော်မှ ကျပ် ၈၆၀,၀၀၀ ခန့်အထိ မြင့်တက်ခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top