Property Expo
×

ရန္ကုန္စေတာ့အိတ္ ခ်ိန္းတြင္ ျမန္မာႏိုင္ငံသားမ်ား ဘဏ္၏ ရွယ္ယာတန္ဖိုးမ်ား သီ တင္းႏွစ္ပတ္အတြင္း ၃၀ ရာခုိင္ႏႈန္းေက်ာ္က်ဆင္းၿပီး အျခားကုမၸဏီမ်ား၏ ရွယ္ယာမ်ားလည္း က်ဆင္းလာေၾကာင္း သတင္းရရွိ သည္။

စက္တင္ဘာ ၁ ရက္တြင္ ျမန္မာႏုိင္ငံသားမ်ားဘဏ္၏ ရွယ္ယာတစ္စုလွ်င္ က်ပ္ ၁၂,၀၀၀ ေစ်းေပါက္ခဲ့ၿပီးေနာက္ ျပန္လည္က် ဆင္းလာကာ စက္တင္ဘာ ၁၅ ရက္တြင္ ရွယ္ယာ တစ္စုလွ်င္ ၈,၃၀၀ က်ပ္သာ ေပါက္ေစ်းရွိ သည္။

ျမန္မာႏိုင္ငံသားမ်ား ဘဏ္နည္းတူ FMI ကုမၸဏီ၏ ရွယ္ယာေစ်းမွာလည္း အနိမ့္ဆံုးသို႔ ဆက္တိုက္က်ဆင္းခဲ့ၿပီး စက္တင္ဘာ ၁၄ ရက္တြင္ ရွယ္ယာတစ္စုလွ်င္ က်ပ္ ၁၈,၅၀၀ ေပါက္ေစ်း ရွိခဲ့သည္။ သီလ၀ါ အထူးစီးပြားေရးဇုန္အမ်ားပိုင္ကုမၸဏီသည္ ရွယ္ယာတစ္စုလွ်င္ က်ပ္ ၄၂,၀၀၀ ျဖင့္ ယခုရက္ပိုင္းအတြင္း ေစ်းႏႈန္းတည္ၿငိမ္ေနသည္။

ရွယ္ယာေစ်းႏႈန္း က်ဆင္း လာသကဲ့သို႔ ရွယ္ယာအေရာင္းအ၀ယ္လည္း ေလ်ာ့နည္းခဲ့ၿပီး ကုမၸဏီအစုရွယ္ယာ ၁,၀၀၀ မွ ၂,၀၀၀ ၾကားသာ အေရာင္းအ၀ယ္ရွိခဲ့သည္။

ျမန္မာႏုိင္ငံသားမ်ားဘဏ္ သည္ ရန္ကုန္စေတာ့အိတ္ခ်ိန္းကို အနိမ့္ဆံုးအဖြင့္ေစ်းျဖင့္ ၀င္ေရာက္ခဲ့ၿပီး စက္တင္ဘာ ၁ ရက္က ရွယ္ ယာအေျခခံေစ်းႏႈန္း၏ ႏွစ္ဆခန္႔ ျဖစ္သည့္ ရွယ္ယာ တစ္စုလွ်င္ က်ပ္  ၁၃,၅၀၀  သို႔ ျမင့္တက္ခဲ့ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ရန်ကုန်စတော့အိတ် ချိန်းတွင် မြန်မာနိုင်ငံသားများ ဘဏ်၏ ရှယ်ယာတန်ဖိုးများ သီ တင်းနှစ်ပတ်အတွင်း ၃၀ ရာခိုင်နှုန်းကျော်ကျဆင်းပြီး အခြားကုမ္ပဏီများ၏ ရှယ်ယာများလည်း ကျဆင်းလာကြောင်း သတင်းရရှိ သည်။

စက်တင်ဘာ ၁ ရက်တွင် မြန်မာနိုင်ငံသားများဘဏ်၏ ရှယ်ယာတစ်စုလျှင် ကျပ် ၁၂,၀၀၀ ဈေးပေါက်ခဲ့ပြီးနောက် ပြန်လည်ကျ ဆင်းလာကာ စက်တင်ဘာ ၁၅ ရက်တွင် ရှယ်ယာ တစ်စုလျှင် ၈,၃၀၀ ကျပ်သာ ပေါက်ဈေးရှိ သည်။

မြန်မာနိုင်ငံသားများ ဘဏ်နည်းတူ FMI ကုမ္ပဏီ၏ ရှယ်ယာဈေးမှာလည်း အနိမ့်ဆုံးသို့ ဆက်တိုက်ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၄ ရက်တွင် ရှယ်ယာတစ်စုလျှင် ကျပ် ၁၈,၅၀၀ ပေါက်ဈေး ရှိခဲ့သည်။ သီလဝါ အထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီသည် ရှယ်ယာတစ်စုလျှင် ကျပ် ၄၂,၀၀၀ ဖြင့် ယခုရက်ပိုင်းအတွင်း ဈေးနှုန်းတည်ငြိမ်နေသည်။

ရှယ်ယာဈေးနှုန်း ကျဆင်း လာသကဲ့သို့ ရှယ်ယာအရောင်းအဝယ်လည်း လျော့နည်းခဲ့ပြီး ကုမ္ပဏီအစုရှယ်ယာ ၁,၀၀၀ မှ ၂,၀၀၀ ကြားသာ အရောင်းအဝယ်ရှိခဲ့သည်။

မြန်မာနိုင်ငံသားများဘဏ် သည် ရန်ကုန်စတော့အိတ်ချိန်းကို အနိမ့်ဆုံးအဖွင့်ဈေးဖြင့် ဝင်ရောက်ခဲ့ပြီး စက်တင်ဘာ ၁ ရက်က ရှယ် ယာအခြေခံဈေးနှုန်း၏ နှစ်ဆခန့် ဖြစ်သည့် ရှယ်ယာ တစ်စုလျှင် ကျပ်  ၁၃,၅၀၀  သို့ မြင့်တက်ခဲ့ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top