Kantharyar Centre
×

နာမည္ေက်ာ္ အဆုိေတာ္ ေကတီပယ္ရီရဲ႕ အဝတ္ဗလာနဲ႔ မဲေပးဖုိ႔ တုိက္တြန္းတဲ့ ဗီဒီယုိထြက္လာၿပီး မၾကာခင္မွာပဲ နာမည္ေက်ာ္ ေပါ့ပ္အဆုိေတာ္ႀကီး မက္ေဒါနားက သူ႔ရဲ႕ အဝတ္ဗလာနဲ႔ပုံကုိ Facebook မွာ တင္ၿပီး ဟီလာရီကလင္တန္ကုိ မဲေပးၾကဖုိ႔ တုိက္တြန္း သြားပါတယ္။
အသက္ ၅၈ ႏွစ္အရြယ္ ရွိၿပီျဖစ္တဲ့ မက္ေဒါနားဟာ သူမရဲ႕ အႏုပညာ သက္တမ္း တစ္ေလွ်ာက္ အဝတ္ဗလာနဲ႔ ဓာတ္ပုံ ရုိက္ခဲ့တယ္ဆုိတာ သိပ္ကုိ ရွားပါး လြန္းလွပါတယ္။

မက္ေဒါနားက သူမရဲ႕ facebook အေကာင့္မွာ “ဟီလာရီကလင္တန္အတြက္ ရွင္သန္ေနမယ္။ အမ်ိဳးသမီးေတြရဲ႕ တန္းတူညီမွ်မႈနဲ႔ ဉာဏ္ပညာအတြက္ မဲေပးမယ္” ဆုိတဲ့ စာသားနဲ႔ သူမရဲ႕ အေပၚပုိင္း အဝတ္ဗလာ ဓာတ္ပုံကုိ တင္သြားခဲ့တာပါ။

မက္ေဒါနားက အေမရိကန္ လူငယ္မ်ားအား မဲေပးရန္ ဝတ္လစ္စလစ္ျဖင့္ ဗီဒီယုိ႐ုိက္ကူးခဲ့တဲ့ ေကတီပယ္ရီကုိလည္း ေထာက္ခံခဲ့ၿပီး သူမအေနျဖင့္ ေကတီပယ္ရီနဲ႔ တသေဘာတည္း ရွိေနေၾကာင္းကုိလည္း ေရးသားသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Voice News

#Unicode Version
နာမည်ကျော် အဆိုတော် ကေတီပယ်ရီရဲ့ အဝတ်ဗလာနဲ့ မဲပေးဖို့ တိုက်တွန်းတဲ့ ဗီဒီယိုထွက်လာပြီး မကြာခင်မှာပဲ နာမည်ကျော် ပေါ့ပ်အဆိုတော်ကြီး မက်ဒေါနားက သူ့ရဲ့ အဝတ်ဗလာနဲ့ပုံကို Facebook မှာ တင်ပြီး ဟီလာရီကလင်တန်ကို မဲပေးကြဖို့ တိုက်တွန်း သွားပါတယ်။
အသက် ၅၈ နှစ်အရွယ် ရှိပြီဖြစ်တဲ့ မက်ဒေါနားဟာ သူမရဲ့ အနုပညာ သက်တမ်း တစ်လျှောက် အဝတ်ဗလာနဲ့ ဓာတ်ပုံ ရိုက်ခဲ့တယ်ဆိုတာ သိပ်ကို ရှားပါး လွန်းလှပါတယ်။

မက်ဒေါနားက သူမရဲ့ facebook အကောင့်မှာ “ဟီလာရီကလင်တန်အတွက် ရှင်သန်နေမယ်။ အမျိုးသမီးတွေရဲ့ တန်းတူညီမျှမှုနဲ့ ဉာဏ်ပညာအတွက် မဲပေးမယ်” ဆိုတဲ့ စာသားနဲ့ သူမရဲ့ အပေါ်ပိုင်း အဝတ်ဗလာ ဓာတ်ပုံကို တင်သွားခဲ့တာပါ။

မက်ဒေါနားက အမေရိကန် လူငယ်များအား မဲပေးရန် ဝတ်လစ်စလစ်ဖြင့် ဗီဒီယိုရိုက်ကူးခဲ့တဲ့ ကေတီပယ်ရီကိုလည်း ထောက်ခံခဲ့ပြီး သူမအနေဖြင့် ကေတီပယ်ရီနဲ့ တသဘောတည်း ရှိနေကြောင်းကိုလည်း ရေးသားသွားခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:The Voice News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top