Property Expo
×
စိတ်သောက
၁။ ကြွက်သားနာကျင်မှု
၂။ ခေါင်းကိုက်ခြင်း
၅။ သကြားဓာတ်
Credit : Lwinpyin
#Unicode Version
စိတ်သောက
၁။ ကြွက်သားနာကျင်မှု
စိတ်ပူပင်သောကရောက်နေတာ များလာတဲ့အခါ ကြွက်သားတွေတောင့်တင်းပြီး နာကျင်မှု၊ ခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲတာတွေ ခံစားရတတ်ပါတယ်။
၂။ ခေါင်းကိုက်ခြင်း
အတွေးထဲမှာ စိုးရိမ်ပူပန်မှုတွေ များနေတဲ့အခါ ခေါင်းတွေကိုက်လာပါတယ်။ ဦးခေါင်းအရှေ့ဘက်၊ ဘေးဘက်တွေနဲ့ အနောက်ဘက်တွေမှာပါ ကိုက်ခဲမှုကို ခံစားရတာပါ။ ဒီလိုအချိန်မှာ ကဖင်းဓာတ်ပါတာ သောက်မိရင် ပိုဆိုးသွားနိုင်ပါတယ်။
၃။ မောပန်းနွမ်းနယ်ခြင်း
စိတ်ပင်ပန်းမှုကို ခံစားလာရတာနဲ့အမျှ ခန္ဓာကိုယ်က အမြဲတမ်းလိုလို မောပန်းနွမ်းနယ်လာပါတယ်။
၄။ အစာခြေစနစ်ပုံမှန်မဟုတ်
ဗိုက်အောင့်တာ၊ အစာမကြေတာ၊ လေပွတာနဲ့ မအီမသာဖြစ်တာမျိုးတွေ ကြုံရလေ့ရှိပါတယ်။
၅။ သကြားဓာတ်
တစ်စုံတစ်ယောက်ဟာ စိတ်ဖိစီးမှုတွေနဲ့ ကြုံလာရချိန်မှာ သကြားဓာတ် (အချို)ကို အလိုလိုတောင့်တလာပါတယ်။
၇။ အိပ်စက်မှုပုံမှန်မဟုတ်
အိပ်မပျော်တာတွေ ညညတစ်ရေးနိုးတာတွေဟာ စိတ်ပူပန်သောကများတွေရဲ့ အဓိကလက္ခဏာတစ်ခုပါပဲ။ ဒီလိုအချိန်တွေမှာ ကျန်းမာရေးနဲ့ညီညွတ်ပြီး အိပ်စက်မှုကိုပံ့ပိုးပေးမယ့် အစားအစာတွေကို စားရမှာဖြစ်သလို အသက်ရှုလေ့ကျင့်ခန်းတွေ လုပ်ပေးသင့်ပါတယ်။
၈။ စိတ်အပြောင်းအလဲမြန်တာ
ခန္ဓာကိုယ်တွင်းက ဟော်မုန်းဓာတ်တွေ မျှခြေမမှန်တော့တာကြောင့် စိတ်ခံစားမှုကလည်း မကြာခဏဆိုသလို အပြောင်းအလဲမြန်နေပါတယ်။
၉။ အာရုံစူးစိုက်မှုအားနည်း
အလုပ်လုပ်ရာမှာ အာရုံစိုက်လို့မရတော့ပါဘူး။ ဘာကိုပဲလုပ်လုပ် အာရုံစူးစိုက်မှု မရဘဲ စိတ်တွေ ထွေပြားလာတာက သင့်မှာသောကများနေပြီဆိုတဲ့ လက္ခဏာတစ်ရပ်ပါပဲ။
ဖိုးသူတော် (www.phothutaw.com)
Credit : Lwinpyin
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top