Property Expo
×

‘တီတီႏွင့္ ဒိုးနပ္’ဇာတ္ကားသည္ ၎၏ ပထမဆံုး႐ုပ္ရွင္ဇာတ္ကားျဖစ္၍ စိုးရိမ္စိတ္ျဖစ္မိ သည္ဟု သ႐ုပ္ေဆာင္ေရႊသမီးက ေျပာၾကားသည္။

‘‘တီတီႏွင့္ ဒိုးနပ္က ညီမအ တြက္ ပထမဆံုး႐ိုက္ကူးရတဲ့႐ုပ္ ရွင္ကားျဖစ္တဲ့အတြက္ သ႐ုပ္ ေဆာင္ပိုင္းမွာ အားနည္းမွာကို စိုးရိမ္စိတ္ရွိခဲ့တယ္။ အစက ဘာ သာစကားကလည္း အဂၤလိပ္လို ေျပာရမယ္ေပါ့။ ေနာက္မွ ျမန္မာ လိုေျပာခဲ့ရတယ္။ ဒီဇာတ္ကားမွာ ကိုေျပတီဦးကလည္း အမ်ားႀကီး သင္ေပးခဲ့တယ္’’ဟု ေရႊသမီးက ေျပာသည္။

ျမန္မာႏွင့္ ထိုင္းႏုိင္ငံတို႔ ပူး ေပါင္း႐ိုက္ကူးသည့္ ‘တီတီႏွင့္ ဒိုးနပ္’ဇာတ္ကားတြင္ သ႐ုပ္ ေဆာင္ေျပတီဦး၊ ထိုင္း Miss Thailand World 2014 2th Runner up ဆုရွင္ Chattrika Sittiprom တို႔ႏွင့္အတူ ေရႊသမီး က ပါဝင္သ႐ုပ္ေဆာင္ထားသည္။

‘‘ျမန္မာျပည္က ပရိသတ္ ေတြက အက္တင္အိုဗာလုပ္တာ ကို အရမ္းႀကိဳက္ၾကတယ္။ ထိုင္း ကက်ေတာ့ ကိုယ့္အျမင္နဲ႔ဆုိရင္ အက္တင္ေတြ လိုေနတာရွိတယ္။ ကိုယ္လိုေပါက္စနေလးက ၾကည့္ တာေတာင္ အက္တင္လိုတာေတြ ရွိတယ္ေပါ့။ ဒီေတာ့ အက္တင္ပိုင္း က သူတုိ႔နဲ႔ယွဥ္ႏုိင္တယ္။ စက္ ပိုင္းဆုိင္ရာေတြ ကြာသြားတာ ေတာ့ရွိတယ္။ ပညာပိုင္းဆုိင္ရာ မွာေတာ့ အတူတူပါပဲ။ တခ်ိဳ႕အခန္းမွာဆုိရင္ ျမန္မာဘက္က အက္တင္ပိုင္း ပိုသာေနတာေတြရွိ တယ္’’ဟု ေရႊသမီးက ေျပာသည္။

အဆုိပါ ဇာတ္ကားကို ရန္ကုန္ၿမိဳ႕ႏွင့္ ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕တုိ႔တြင္ ႐ိုက္ကူးထားၿပီး ေရႊသမီးက ေျပတီဦး၏ ညီမေနရာ၌ ပါဝင္သ႐ုပ္ေဆာင္ထား သည္။

ေရႊသမီးသည္ ဒါ႐ိုက္တာ ျပည္ဟိန္းသီဟ႐ိုက္ကူးသည့္ ‘လူ႐ိုင္းကြၽန္း’႐ုပ္ရွင္၌ ျမင့္ျမတ္၊ ရာဇာေနဝင္း၊ ယုသႏၲာတင္တုိ႔ႏွင့္အတူ ပါဝင္လ်က္ရွိသည္။

‘တီတီႏွင့္ ဒိုးနပ္’ဇာတ္ကားကို ေရႊမင္းသမီး႐ုပ္ရွင္ထုတ္လုပ္ ေရးက စီစဥ္ထားျခင္းျဖစ္ၿပီး ယခုႏွစ္ကုန္တြင္ ရန္ကုန္ႏွင့္ ဘန္ေကာက္ၿမိဳ႕တို႔၌ တစ္ၿပိဳင္နက္ ႐ံုတင္ျပသမည္ျဖစ္ကာ လႈပ္ရွားမႈအသားေပး ဇာတ္ကားတစ္ကား ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

‘တီတီနှင့် ဒိုးနပ်’ဇာတ်ကားသည် ၎င်း၏ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်၍ စိုးရိမ်စိတ်ဖြစ်မိ သည်ဟု သရုပ်ဆောင်ရွှေသမီးက ပြောကြားသည်။

‘‘တီတီနှင့် ဒိုးနပ်က ညီမအ တွက် ပထမဆုံးရိုက်ကူးရတဲ့ရုပ် ရှင်ကားဖြစ်တဲ့အတွက် သရုပ် ဆောင်ပိုင်းမှာ အားနည်းမှာကို စိုးရိမ်စိတ်ရှိခဲ့တယ်။ အစက ဘာ သာစကားကလည်း အင်္ဂလိပ်လို ပြောရမယ်ပေါ့။ နောက်မှ မြန်မာ လိုပြောခဲ့ရတယ်။ ဒီဇာတ်ကားမှာ ကိုပြေတီဦးကလည်း အများကြီး သင်ပေးခဲ့တယ်’’ဟု ရွှေသမီးက ပြောသည်။

မြန်မာနှင့် ထိုင်းနိုင်ငံတို့ ပူး ပေါင်းရိုက်ကူးသည့် ‘တီတီနှင့် ဒိုးနပ်’ဇာတ်ကားတွင် သရုပ် ဆောင်ပြေတီဦး၊ ထိုင်း Miss Thailand World 2014 2th Runner up ဆုရှင် Chattrika Sittiprom တို့နှင့်အတူ ရွှေသမီး က ပါဝင်သရုပ်ဆောင်ထားသည်။

‘‘မြန်မာပြည်က ပရိသတ် တွေက အက်တင်အိုဗာလုပ်တာ ကို အရမ်းကြိုက်ကြတယ်။ ထိုင်း ကကျတော့ ကိုယ့်အမြင်နဲ့ဆိုရင် အက်တင်တွေ လိုနေတာရှိတယ်။ ကိုယ်လိုပေါက်စနလေးက ကြည့် တာတောင် အက်တင်လိုတာတွေ ရှိတယ်ပေါ့။ ဒီတော့ အက်တင်ပိုင်း က သူတို့နဲ့ယှဉ်နိုင်တယ်။ စက် ပိုင်းဆိုင်ရာတွေ ကွာသွားတာ တော့ရှိတယ်။ ပညာပိုင်းဆိုင်ရာ မှာတော့ အတူတူပါပဲ။ တချို့အခန်းမှာဆိုရင် မြန်မာဘက်က အက်တင်ပိုင်း ပိုသာနေတာတွေရှိ တယ်’’ဟု ရွှေသမီးက ပြောသည်။

အဆိုပါ ဇာတ်ကားကို ရန်ကုန်မြို့နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တို့တွင် ရိုက်ကူးထားပြီး ရွှေသမီးက ပြေတီဦး၏ ညီမနေရာ၌ ပါဝင်သရုပ်ဆောင်ထား သည်။

ရွှေသမီးသည် ဒါရိုက်တာ ပြည်ဟိန်းသီဟရိုက်ကူးသည့် ‘လူရိုင်းကျွန်း’ရုပ်ရှင်၌ မြင့်မြတ်၊ ရာဇာနေဝင်း၊ ယုသန္တာတင်တို့နှင့်အတူ ပါဝင်လျက်ရှိသည်။

‘တီတီနှင့် ဒိုးနပ်’ဇာတ်ကားကို ရွှေမင်းသမီးရုပ်ရှင်ထုတ်လုပ် ရေးက စီစဉ်ထားခြင်းဖြစ်ပြီး ယခုနှစ်ကုန်တွင် ရန်ကုန်နှင့် ဘန်ကောက်မြို့တို့၌ တစ်ပြိုင်နက် ရုံတင်ပြသမည်ဖြစ်ကာ လှုပ်ရှားမှုအသားပေး ဇာတ်ကားတစ်ကား ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily



 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top