Property Expo
×

ရန္ကုန္ စက္တင္ဘာ ၃

ရန္ကုန္ၿမိဳ႕ တာေမြၿမိဳ႕နယ္ ေမတၱာၫြန္႔ ရပ္ကြက္ စက္မႈရတနာလမ္းမႀကီး စက္မႈ (၃)လမ္းႏွင့္ (၄)လမ္းၾကားရွိ ေအာင္ႏိုင္သူအမည္ရွိ ေခါက္ဆြဲစက္႐ုံ၌ စက္တင္ဘာ ၃ ရက္ နံနက္ ၃ နာရီ ၁၅ မိနစ္ခန္႔က မီးေလာင္မႈျဖစ္ပြားခဲ့သည္။

ျဖစ္စဥ္မွာ စက္မႈ(၃)လမ္းႏွင့္ (၄)လမ္းၾကား အိမ္အမွတ္(၇၇)ရွိ ဦးဇင္ကို (၂၂ ႏွစ္) ပိုင္ဆိုင္ေသာ ေအာင္ႏိုင္ သူအမည္ရွိ ေခါက္ဆြဲစက္႐ုံတြင္ လၽွပ္စစ္ဝိုင္ယာႀကိဳးမ်ား အပူ လြန္ကဲရာမွ မီးေလာင္မႈျဖစ္ပြားရာ ေအာင္ႏိုင္သူေခါက္ဆြဲစက္႐ုံႏွင့္ အမွတ္ (၇၆)ရွိ မီးေသြးဂိုေဒါင္တစ္ဝက္ခန္႔ မီးေလာင္ခဲ့ၿပီး မီးေလာင္မႈျဖစ္ပြား ရာသို႔ ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕မွ အုပ္ခ်ဳပ္မႈ ယာဥ္ ႏွစ္စီး၊ မီးသတ္ယာဥ္ ၁၀ စီးျဖင့္ လာေရာက္ မီးၿငႇိမ္းသတ္ရာ နံနက္ ၃ မိနစ္ ၄၀ တြင္ မီးၿငိမ္းသြားခဲ့ေၾကာင္းႏွင့္ ထိခိုက္ ဒဏ္ရာရရွိမႈမရွိေၾကာင္း သိရသည္။

မီးေလာင္မႈႏွင့္ ပတ္သက္ၿပီး ေခါက္ဆြဲစက္႐ုံပိုင္ရွင္ ဦးဇင္ကိုအား တာေမြၿမိဳ႕မရဲစခန္းက ဥပေဒႏွင့္အညီ အေရးယူ ေဆာင္႐ြက္ထားေၾကာင္း သိရသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:MOI Webportal Myanmar

#Unicode Version
ရန်ကုန် စက်တင်ဘာ ၃

ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့် ရပ်ကွက် စက်မှုရတနာလမ်းမကြီး စက်မှု (၃)လမ်းနှင့် (၄)လမ်းကြားရှိ အောင်နိုင်သူအမည်ရှိ ခေါက်ဆွဲစက်ရုံ၌ စက်တင်ဘာ ၃ ရက် နံနက် ၃ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ စက်မှု(၃)လမ်းနှင့် (၄)လမ်းကြား အိမ်အမှတ်(၇၇)ရှိ ဦးဇင်ကို (၂၂ နှစ်) ပိုင်ဆိုင်သော အောင်နိုင် သူအမည်ရှိ ခေါက်ဆွဲစက်ရုံတွင် လျှပ်စစ်ဝိုင်ယာကြိုးများ အပူ လွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားရာ အောင်နိုင်သူခေါက်ဆွဲစက်ရုံနှင့် အမှတ် (၇၆)ရှိ မီးသွေးဂိုဒေါင်တစ်ဝက်ခန့် မီးလောင်ခဲ့ပြီး မီးလောင်မှုဖြစ်ပွား ရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ အုပ်ချုပ်မှု ယာဉ် နှစ်စီး၊ မီးသတ်ယာဉ် ၁၀ စီးဖြင့် လာရောက် မီးငြှိမ်းသတ်ရာ နံနက် ၃ မိနစ် ၄၀ တွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

မီးလောင်မှုနှင့် ပတ်သက်ပြီး ခေါက်ဆွဲစက်ရုံပိုင်ရှင် ဦးဇင်ကိုအား တာမွေမြို့မရဲစခန်းက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:MOI Webportal Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top