Property Expo
×

ဖိလစ္ပိုင္ႏိုင္ငံ ေတာင္ ပိုင္းတြင္ ၿပီးခဲ့သည့္ႏွစ္ စက္တင္ ဘာက အယ္လ္ကိုင္ဒါအဖဲြ႕ႏွင့္ ဆက္ႏႊယ္ေသာ အဘူေဆယက္ အဖဲြ႕၏ ဓားစာခံအျဖစ္ ဖမ္းဆီးခံ ထားရသည့္ ေနာ္ေ၀းႏိုင္ငံသား တစ္ဦး စေနေန႔က ျပန္လြတ္လာ ေၾကာင္း ဖိလစ္ပိုင္အရာရွိမ်ားက ေျပာသည္။


အျခား ကေနဒါႏိုင္ငံသားႏွစ္ဦး၊ ဖိလစ္ပိုင္အမ်ိဳးသမီးတစ္ဦးတုိ႔ႏွင့္အတူ အဘူေဆယက္အဖဲြ႕က ဖမ္းဆီးခဲ့သည္။

ဖိလစ္ပိုင္ႏုိင္ငံသူကုိ ယင္း အဖဲြ႕က ျပန္လႊတ္ေပးထားၿပီးျဖစ္ ကာ အျခားကေနဒါႏိုင္ငံသားႏွစ္ ဦးကို ေနာက္ပိုင္းတြင္ စစ္ေသြးႂကြ မ်ားက သတ္ပစ္ခဲ့သည္။

႐ိုမန္ကက္သလစ္ ဘာသာ ၀င္ အမ်ားစုေနထိုင္ေသာ ဖိလစ္ ပိုင္ႏိုင္ငံ ေတာင္ပိုင္းတြင္ အေျခ စိုက္သည့္ အဘူေဆယက္အဖဲြ႕ သည္ ျပန္ေပးဆဲြျခင္း၊ ေငြညႇစ္ ေတာင္းခံျခင္းႏွင့္ ေခါင္းျဖတ္ သတ္ျခင္းမ်ားေၾကာင့္ လူသိမ်ား ေသာအဖဲြ႕ျဖစ္သည္။

ယင္းအဖဲြ႕က ၎တို႔ ဖမ္းဆီး ထားသူ တစ္ဦးစီအတြက္ ကနဦးတြင္ ပီဆို ၁ ဘီလီယံ (ကန္ေဒၚ လာ ၂၁ သန္း) ေတာင္းဆိုခဲ့ေသာ္ လည္း ေနာက္ပိုင္း၌ တစ္ဦးစီအ တြက္ ပီဆို သန္း ၃၀၀ သို႔ ေလွ်ာ့ ၍ ေတာင္းဆိုခဲ့သည္။

ယင္းအဖဲြ႕က ေကဂ်ာတန္ ဆက္ကင္စတက္ကို ဆူလူးကြၽန္း ရွိ ပါတီကူလ္ၿမိဳ႕တြင္ လႊတ္ေပး လိုက္ၿပီး ၎ကို ေဒသဆုိင္ရာ ၿမိဳ႕ ေတာ္ ဂ်ိဳလိုရွိ မို႐ိုအမ်ိဳးသားလြတ္ ေျမာက္ေရးတပ္ဦး MNLF တည္ ေထာင္သူ ေနာ္မီဆြာရီက ေခၚယူ ေစာင့္ေရွာက္ထားေၾကာင္း ဖိလစ္ ပိုင္သမၼတ၏ ၿငိမ္းခ်မ္းေရးအႀကံ ေပးအရာရွိ ေဂ်းဆပ္ဒူရီဇာက ေျပာသည္။

ဆက္ကင္စတက္သည္ စေန ညပိုင္းက သမၼတဒူတာတီႏွင့္ ေတြ႕ဆံုရန္ စီစဥ္ထားခဲ့ေသာ္ လည္း ရာသီဥတုအေျခအေန ဆိုး ရြားေနေသာေၾကာင့္ ယင္းအစီအ စဥ္ကို ဖ်က္သိမ္းခဲ့သည္။

အဘူေဆယက္အဖဲြ႕ကို စစ္ ဘက္ဆိုင္ရာက ျပင္းထန္ေသာ စစ္ဆင္ေရးမ်ားျဖင့္ တိုက္ခိုက္ေန ျခင္းေၾကာင့္ ဆက္ကင္စတက္ လြတ္ေျမာက္လာျခင္း ျဖစ္သည္ ဟု အေနာက္မင္ဒါနာအိုေဒသ တပ္မွဴး၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးႀကီး ဖိုင္းလ္မြန္တန္က ေျပာၾကားသည္။

၎လြတ္ေျမာက္ေရး၌ အစိုးရကို ကူညီေပးခဲ့သည့္ MNLF အဖဲြ႕ကိုလည္း ဗိုလ္မွဴးႀကီးတန္ က ခ်ီးက်ဴးခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ဖိလစ်ပိုင်နိုင်ငံ တောင် ပိုင်းတွင် ပြီးခဲ့သည့်နှစ် စက်တင် ဘာက အယ်လ်ကိုင်ဒါအဖွဲ့နှင့် ဆက်နွှယ်သော အဘူဆေယက် အဖွဲ့၏ ဓားစာခံအဖြစ် ဖမ်းဆီးခံ ထားရသည့် နော်ဝေးနိုင်ငံသား တစ်ဦး စနေနေ့က ပြန်လွတ်လာ ကြောင်း ဖိလစ်ပိုင်အရာရှိများက ပြောသည်။


အခြား ကနေဒါနိုင်ငံသားနှစ်ဦး၊ ဖိလစ်ပိုင်အမျိုးသမီးတစ်ဦးတို့နှင့်အတူ အဘူဆေယက်အဖွဲ့က ဖမ်းဆီးခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသူကို ယင်း အဖွဲ့က ပြန်လွှတ်ပေးထားပြီးဖြစ် ကာ အခြားကနေဒါနိုင်ငံသားနှစ် ဦးကို နောက်ပိုင်းတွင် စစ်သွေးကြွ များက သတ်ပစ်ခဲ့သည်။

ရိုမန်ကက်သလစ် ဘာသာ ဝင် အများစုနေထိုင်သော ဖိလစ် ပိုင်နိုင်ငံ တောင်ပိုင်းတွင် အခြေ စိုက်သည့် အဘူဆေယက်အဖွဲ့ သည် ပြန်ပေးဆွဲခြင်း၊ ငွေညှစ် တောင်းခံခြင်းနှင့် ခေါင်းဖြတ် သတ်ခြင်းများကြောင့် လူသိများ သောအဖွဲ့ဖြစ်သည်။

ယင်းအဖွဲ့က ၎င်းတို့ ဖမ်းဆီး ထားသူ တစ်ဦးစီအတွက် ကနဦးတွင် ပီဆို ၁ ဘီလီယံ (ကန်ဒေါ် လာ ၂၁ သန်း) တောင်းဆိုခဲ့သော် လည်း နောက်ပိုင်း၌ တစ်ဦးစီအ တွက် ပီဆို သန်း ၃၀၀ သို့ လျှော့ ၍ တောင်းဆိုခဲ့သည်။

ယင်းအဖွဲ့က ကေဂျာတန် ဆက်ကင်စတက်ကို ဆူလူးကျွန်း ရှိ ပါတီကူလ်မြို့တွင် လွှတ်ပေး လိုက်ပြီး ၎င်းကို ဒေသဆိုင်ရာ မြို့ တော် ဂျိုလိုရှိ မိုရိုအမျိုးသားလွတ် မြောက်ရေးတပ်ဦး MNLF တည် ထောင်သူ နော်မီဆွာရီက ခေါ်ယူ စောင့်ရှောက်ထားကြောင်း ဖိလစ် ပိုင်သမ္မတ၏ ငြိမ်းချမ်းရေးအကြံ ပေးအရာရှိ ဂျေးဆပ်ဒူရီဇာက ပြောသည်။

ဆက်ကင်စတက်သည် စနေ ညပိုင်းက သမ္မတဒူတာတီနှင့် တွေ့ဆုံရန် စီစဉ်ထားခဲ့သော် လည်း ရာသီဥတုအခြေအနေ ဆိုး ရွားနေသောကြောင့် ယင်းအစီအ စဉ်ကို ဖျက်သိမ်းခဲ့သည်။

အဘူဆေယက်အဖွဲ့ကို စစ် ဘက်ဆိုင်ရာက ပြင်းထန်သော စစ်ဆင်ရေးများဖြင့် တိုက်ခိုက်နေ ခြင်းကြောင့် ဆက်ကင်စတက် လွတ်မြောက်လာခြင်း ဖြစ်သည် ဟု အနောက်မင်ဒါနာအိုဒေသ တပ်မှူး၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဖိုင်းလ်မွန်တန်က ပြောကြားသည်။

၎င်းလွတ်မြောက်ရေး၌ အစိုးရကို ကူညီပေးခဲ့သည့် MNLF အဖွဲ့ကိုလည်း ဗိုလ်မှူးကြီးတန် က ချီးကျူးခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top