Property Expo
×

အေမရိကန္ႏုိင္ငံသို႔ ေရာက္ရွိေနေသာ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ အေမရိကန္သမၼတ အုိဘားမားတို႔ ဘဲဥပံု႐ံုးခန္း၌ ေတြ႕ဆံုေနၾကစဥ္ (ဓာတ္ပံု − ေအပီ)

ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ အေမရိကန္သမၼတ အုိဘားမားတို႔ သည္ အိမ္ျဖဴေတာ္ရွိ ဘဲဥပံု႐ံုးခန္းတြင္ စက္တင္ဘာ ၁၄ ရက္ နံနက္ပိုင္းက တစ္နာရီခန္႔ၾကာ ေတြ႕ဆံုေဆြးေႏြးခဲ့သည္။ ထို႔ေနာက္ ႏွစ္ႏုိင္ငံေခါင္းေဆာင္မ်ားက မီဒီယာမ်ားသို႔ ေျပာၾကားမႈမ်ားကုိ ေကာက္ႏုတ္ ေဖာ္ျပေပးလိုက္ပါသည္။

ဘားရက္အိုဘားမား

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ျမန္မာကိုယ္စားလွယ္အဖြဲ႕ကို အိမ္ျဖဴေတာ္မွာ လက္ခံႀကိဳဆိုခြင့္ ရရွိျခင္းဟာ ထူးထူးကဲကဲ ေက်နပ္ ပီတိျဖစ္စရာပါပဲ။ ေဒၚေအာင္ ဆန္းစုၾကည္အတြက္ေတာ့ အိမ္ ျဖဴေတာ္က ဘဲဥပံု႐ံုးခန္းထဲ အ လည္အပတ္ ေရာက္လာတာ ဒါပထမဆံုးအႀကိမ္ မဟုတ္ဘူးေပါ့ေလ။ ဒါေပမဲ့ အစိုးရသစ္ရဲ႕ ေခါင္းေဆာင္အေနနဲ႔ေတာ့ အခုတစ္ႀကိမ္က ပထမဆံုးပါ။ ဒီအခ်က္ကပဲ ျမန္မာႏုိင္ငံမွာ အံ့မခန္း ေျပာင္းလဲမႈေတြ ျဖစ္ေပၚေန ေၾကာင္း ထင္ဟပ္ေစပါတယ္။


 ကြၽန္ေတာ္ သမၼတအျဖစ္ ေရြးေကာက္ခံရၿပီးခ်ိန္မွာ ေဒၚ ေအာင္ဆန္းစုၾကည္ဟာ ေနအိမ္ အက်ယ္ခ်ဳပ္ က်ခံေနရဆဲ ျဖစ္ပါ တယ္။ အေမရိကန္ျပည္ေထာင္စုရယ္၊ ႏုိင္ငံတကာအသိုက္အဝန္းရယ္က ကူညီေထာက္ပံ့မႈေတြဟာ တစ္စိတ္တစ္ပိုင္းေလာက္ ေတာ့ ပါဝင္ခဲ့ပါလိမ့္မယ္။ ဒါေပ မဲ့ အဓိကအားျဖင့္ေတာ့ ျမန္မာ ျပည္သူေတြရဲ႕ ရဲရင့္မႈနဲ႔ ခိုင္မာတဲ့ ရပ္တည္မႈေတြေၾကာင့္ ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္းမွာ ေရြးေကာက္ပြဲေတြ၊ ျပည္သူလူထုက ေရြးေကာက္ထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို အသြင္ကူးေျပာင္းမႈ ပံုရိပ္ေတြအေနနဲ႔ ကြၽန္ေတာ္တုိ႔ ျမင္ခြင့္ရခဲ့ၿပီ။

လႊတ္ေတာ္ႏုိင္ငံေရးမွာ အ ရင္ တပ္မေတာ္အစိုးရရဲ႕ ပါဝင္ ပတ္သက္မႈေတြက ထင္ထင္ရွား ရွား ရွိေနဆဲျဖစ္ေပမယ့္ အေျပာင္း အလဲေတြက ျမန္မာ့မ်ိဳးဆက္သစ္ ျပည္သူလူထုအတြက္ အိပ္မက္ ေတြ၊ ေမွ်ာ္လင့္ခ်က္ေတြ ႐ုပ္လံုး ေပၚလာေစပါတယ္။ အက်ိဳးဆက္ အေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ဟာ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံ ပုဂၢိဳလ္၊ ႏုိင္ငံျခားေရးဝန္ႀကီး ျဖစ္ လာတယ္။

ၿပီးခဲ့တဲ့ လပိုင္းေတြအတြင္း ေျပာင္းလဲတိုးတက္ ျဖစ္ထြန္းလာ မႈေတြကို အေျခခံၿပီး ေဒၚေအာင္ ဆန္းစုၾကည္နဲ႔ ကြၽန္ေတာ္ ေဆြး ေႏြးညႇိႏိႈင္းမႈေတြ လုပ္ေဆာင္ခဲ့ ပါတယ္။ အဲဒါကေတာ့ အေမရိ ကန္ျပည္ေထာင္စုဟာ ျမန္မာႏုိင္ငံအေပၚ ကာလအေတာ္ၾကာ သတ္မွတ္ထားခဲ့တဲ့ အေရးယူပိတ္ ဆို႔မႈေတြကို ဖယ္ရွားေပးဖို႔ ျပင္ ဆင္ေနၿပီဆိုတာနဲ႔ ပတ္သက္ၿပီး ေတာ့ပါ။

အစိုးရသစ္တက္လာၿပီး စီးပြားေရးလမ္းေၾကာင္းသစ္တစ္ခု ေပၚထြန္းလာခ်ိန္မွာ ျမန္မာျပည္သူေတြအတြက္ ထုိက္တန္တဲ့ အက်ိဳးျဖစ္ထြန္းမႈေတြ အခုိင္အမာ ရရွိလာရပါမယ္။

တစ္ခ်ိန္တည္းမွာပဲ ကြၽန္ ေတာ္တုိ႔ဟာ GSP ကုန္သြယ္ေရး ဆိုင္ရာ အထူးအခြင့္အေရးေတြကို ျမန္မာႏုိင္ငံအတြက္ ျပန္လည္ေပး အပ္သြားဖို႔ လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ ဒါဟာ ဆင္းရဲႏြမ္း ပါးတဲ့ ႏုိင္ငံေတြကို ကမၻာ့စီးပြား ေရး နယ္ပယ္မွာ ေျခလွမ္းစတင္ ဝင္ေရာက္ႏုိင္ဖုိ႔ အေရးႀကီးတဲ့ စီး ပြားေရးနဲ႔ ကုန္သြယ္ေရးဆိုင္ရာ အက်ိဳးတရားေတြကို ေထာက္ပံ့ ေပးဖုိ႔ ျဖစ္ပါတယ္။ ဒီလုပ္ေဆာင္မႈ  ႏွစ္ခုရဲ႕ စုေပါင္းရလဒ္က အေမရိကန္ျပည္ေထာင္စု၊ ကြၽန္ေတာ္တုိ႔ရဲ႕ စီးပြားေရးလုပ္ငန္းေတြ၊ ကြၽန္ေတာ္တုိ႔ရဲ႕ အက်ိဳးအျမတ္ အဓိကမထားတဲ့ အဖြဲ႕အစည္းေတြကို ျမန္မာႏုိင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ ပါဝင္ေဆာင္ရြက္မႈေတြ တိုးျမႇင့္ဖို႔ ဆြဲေဆာင္လာႏုိင္မွာ ျဖစ္တဲ့အျပင္ ကြၽန္ေတာ္တုိ႔ဟာ ေဒသတြင္း ဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ စည္ပင္ဝေျပာေရးအတြက္ ထိုက္တန္တဲ့ လက္တြဲေဖာ္ ႏုိင္ငံအေနနဲ႔ ရပ္ တည္ႏုိင္လာမွာ ျဖစ္ပါတယ္။

  ေဒၚေအာင္ဆန္းစုၾကည္ဟာ ၿငိမ္းခ်မ္းေရးညီလာခံတစ္ရပ္ ျဖစ္ ေျမာက္ေအာင္ ဦးေဆာင္စည္း႐ံုး ခဲ့ၿပီး ႏွစ္ရွည္လမ်ား ျဖစ္ပြားေနတဲ့ တိုင္းရင္းသားမ်ိဳးႏြယ္စုလက္နက္ ကိုင္ အဖြဲ႕အစည္းေတြနဲ႔ ပဋိပကၡ ေတြကို ေျဖရွင္းႏုိင္ဖုိ႔ အစျပဳ လုပ္ ေဆာင္ေနပါၿပီ။ သမုိင္းေၾကာင္း အရ ခြဲျခားဆက္ဆံမႈေတြ ခံစားရ တယ္လုိ႔ ယူဆႏုိင္တဲ့ ရခိုင္အပါအဝင္ တိုင္းရင္းသားမ်ိဳးႏြယ္ေပါင္း စံုရဲ႕ ျပႆနာေတြကို ေျဖရွင္းေပး မယ့္ အခုလုပ္ငန္းစဥ္ဟာ စစ္အာ ဏာရွင္ အုပ္ခ်ဳပ္မႈေအာက္မွာ ဆယ္စုႏွစ္ေပါင္းမ်ားစြာ က်ေရာက္ ခဲ့ၿပီး ျပင္ပကမၻာနဲ႔ အဆက္အ သြယ္ ျပတ္ေတာက္ေနခဲ့တဲ့ ႏုိင္ငံ မွာ အသြင္ကူးေျပာင္းေရး၊ အမ်ိဳး သား ရင္ၾကားေစ့ေရးအတြက္ ေမွ်ာ္လင့္ခ်က္ေတြ ေပၚထြန္းလာ ေစမွာ ျဖစ္ပါတယ္။

ၿပီးေတာ့ ကြၽန္ေတာ္ ေျပာခ်င္ တာတစ္ခုက ျမန္မာႏုိင္ငံေရာက္ ပထမဆံုး အေမရိကန္သမၼတအေနနဲ႔ အဲဒီကို ကြၽန္ေတာ္ ေရာက္ သြားခ်ိန္မွာ အလားအလာေကာင္း ေတြ အမ်ားႀကီးကို သတိထားမိခဲ့ တယ္။ ဒီအလားအလာေကာင္း ေတြကို လက္ေတြ႕က်က် အခြင့္ အေရးအျဖစ္ အသံုးခ်ဖုိ႔ ဦးေဆာင္ ဖို႔ဆိုတာ ေဒၚေအာင္ဆန္းစုၾကည္ ကလြဲရင္ တျခားဘယ္သူမွ ပို ေကာင္းေအာင္ လုပ္ႏုိင္မွာ မဟုတ္ ပါဘူး။ ဒီေတာ့ အနာဂတ္ကို ကြၽန္ေတာ္တို႔ အမ်ားႀကီး ေမွ်ာ္လင့္ထားပါတယ္။

အေမရိကန္ ႏုိင္ငံသားေတြ အေနနဲ႔ အခြင့္အေရးရရင္ ျမန္မာ ႏုိင္ငံကို သြားလည္ၾကဖို႔ ကြၽန္ေတာ္ တိုက္တြန္းခ်င္ပါတယ္။ ျမန္မာ ႏုိင္ငံဟာ သိပ္လွပၿပီး ယဥ္ေက်းမႈ ႂကြယ္ဝတဲ့ ႏုိင္ငံတစ္ခုပါ။ အံ့ဩ ႏွစ္လိုစရာ ႏုိင္ငံသားေတြလည္း ရွိပါတယ္။ ကြၽန္ေတာ္ အမွတ္မမွားဘူးဆိုရင္ ျမန္မာႏုိင္ငံမွာ ကမၻာလွည့္ ခရီးသြားလုပ္ငန္းကလည္း သိသိသာသာ တိုးတက္အားေကာင္းလာေနပါၿပီ။ ဒီေတာ့ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ခင္ဗ်ား ... ကြၽန္ေတာ္တုိ႔ဟာ ခင္ ဗ်ားတို႔နဲ႔ က႑အသီးသီးမွာ ပူး ေပါင္းေဆာင္ရြက္သြားဖို႔ ေရွး႐ႈ ေမွ်ာ္လင့္ထားပါတယ္။ ၿပီးေတာ့ ျမန္မာႏုိင္ငံမွာ ျဖစ္ေပၚေနတဲ့ တိုး တက္ ျဖစ္ထြန္းမႈေတြအတြက္ ဂုဏ္ျပဳစကား ေျပာပါရေစ။

 လက္ရွိ အေနအထားမွာ ေတာ့ ဒီျဖစ္စဥ္ေတြဟာ ၿပီးျပည့္ စံုမႈ မရွိေသးပါဘူး။ လုပ္စရာေတြ အမ်ားႀကီးက်န္ေသးတယ္ဆိုတာ ကို ေဒၚေအာင္ဆန္းစုၾကည္က လည္း ေျပာထားၿပီးသားပါ။ ဒါေပမဲ့ လက္ရွိအေျခအေနက လမ္းေၾကာင္းမွန္ေပၚ ေရာက္ေနပါၿပီ။ လြန္ခဲ့တဲ့ ငါးႏွစ္ေလာက္က ေဒၚေအာင္ဆန္းစုၾကည္ဟာ ျမန္မာႏုိင္ငံရဲ႕ ေရြးေကာက္ခံအစိုးရ ေခါင္းေဆာင္ တစ္ေယာက္အေနနဲ႔ ဒီေနရာမွာ ထုိင္ေနဖို႔ဆိုတဲ့ ကိစၥမ်ိဳးကို ဘယ္သူမွေတြးမိခဲ့မွာ မဟုတ္ပါဘူး။ ဒီလုိျဖစ္လာမယ္လုိ႔ ႀကိဳေျပာရင္ လူတိုင္းလိုလိုက သံသယဝင္မိမွာပါပဲ။ ႏိုင္ငံတခ်ိဳ႕ ေနာက္ေၾကာင္း ျပန္လွည့္ေနတာကို မ်က္ဝါးထင္ထင္ ေတြ႕ျမင္ေနရတဲ့ ဒီလိုေခတ္အေျခအေနမ်ိဳးမွာ ျမန္မာႏုိင္ငံရဲ႕ အေျပာင္းအလဲကေတာ့ သတင္းေကာင္း တစ္ခုပါပဲ။ ေက်းဇူးတင္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္

ဒီကို ေရာက္လာခြင့္ရတဲ့အ တြက္ အတိုင္းမသိဝမ္းသာမိတယ္ ဆိုတာကို ကြၽန္မအေနနဲ႔ ေျပာျပ ေနဖို႔ မလုိေလာက္ပါဘူး။ ဘာ ျဖစ္လို႔လဲဆိုေတာ့ ကြၽန္မတို႔ရဲ႕ ဒီမိုကေရစီေရး ႐ုန္းကန္မႈ တစ္ ေလွ်ာက္လံုး အတူရပ္တည္ကူညီ ေပးခဲ့တဲ့ အေမရိကန္ျပည္သူေတြ ကို အားလံုးကို ေက်းဇူးတင္စကား ေျပာဖုိ႔ အခြင့္အေရးတစ္ရပ္ ရရွိ

လာတာေၾကာင့္ပါပဲ။ ဒီ႐ုန္းကန္မႈဟာ ဆံုးခန္းမတိုင္ေသးပါဘူး။ ကြၽန္မတို႔ဟာ အတုိင္းအတာ တစ္ခုထိေတာ့ ေရာက္ေအာင္ လုပ္ႏိုင္ခဲ့ၿပီ။ သမၼတအိုဘားမား ေျပာခဲ့သလိုပါပဲ။ လြန္ခဲ့တဲ့ငါးႏွစ္ကို ျပန္ၾကည့္ရင္ ဒီအခ်ိန္၊ ဒီအေျခအေနမ်ိဳး ေရာက္လာမယ္လုိ႔ ဘယ္သူမွ ေတြးခဲ့မယ္မထင္ပါဘူး။ ဒါေပမဲ့ အဲဒီကတည္းက ကြၽန္မတို႔က ယံုၾကည္မႈရွိၿပီးသားပါ။

ကြၽန္မတို႔ရဲ႕ ႏုိင္ငံမွာ လုပ္ စရာကိစၥေတြ အမ်ားႀကီး က်န္ ေနဆဲပါ။ ကြၽန္မတို႔ရဲ႕ ပါတီက အၿမဲတမ္း ေျပာခဲ့တာရွိတယ္။ အ ေရးႀကီးဆံုး လုပ္ငန္းစဥ္ဟာ အ မ်ိဳးသား ရင္ၾကားေစ့ေရးနဲ႔ ၿငိမ္း ခ်မ္းေရး ျဖစ္ရမယ္ဆိုတာကိုပါ။ ကြၽန္မတို႔ႏုိင္ငံမွာ ဆယ္စုႏွစ္ ေပါင္းမ်ားစြာ တိုက္ပြဲေတြျဖစ္ေန ခဲ့တယ္။ ေျပာရရင္ လြတ္လပ္ ေရး ရလာကတည္းကပါပဲ။ အဲဒီ ကတည္းက ျမန္မာတစ္ႏုိင္ငံလံုး ၿငိမ္းခ်မ္းေနတယ္ဆိုတဲ့ အခ်ိန္မ်ိဳး ဘယ္တုန္းကမွ မၾကားခဲ့၊ မျမင္ခဲ့ရဘူး။ တစ္ေနရာမွာ၊ တစ္ခ်ိန္မွာ ေတာ့ တိုက္ပြဲေတြ ျဖစ္ေနတာ ပါပဲ။ ျမန္မာႏုိင္ငံမွာ တရားဝင္ သတ္မွတ္ထားတဲ့ တိုင္းရင္းသား လူမ်ိဳး ၁၃၅ မ်ိဳးရွိတယ္။ ဒီတိုင္း ရင္းသားမ်ိဳးႏြယ္ အားလံုးကို စည္း စည္းလံုးလံုး ညီညီၫြတ္ၫြတ္နဲ႔ ရည္မွန္းခ်က္တစ္ခု တူတူညီညီ ထားရွိေစဖုိ႔ဆိုတာ လြယ္ကူတဲ့ အလုပ္ မဟုတ္ဘူးေလ။

ကြၽန္မတို႔ အခုအဲဒီအတြက္ ႀကိဳးစားေနတယ္။ စည္းလံုးညီ ၫြတ္ျခင္းဟာ ႀကီးပြားတိုးတက္ မႈရဲ႕ လမ္းစလည္း ျဖစ္ပါတယ္။ အခုျဖစ္ေနတာက အကန္႔အသတ္ နဲ႔ရွိေနတဲ့ သယံဇာတရင္းျမစ္ေတြ အတြက္ ၿပိဳင္ဆိုင္တိုက္ခိုက္ေန ၾကတယ္။ အတူလက္တြဲ ရပ္တည္ မႈဟာ သိပ္အေရးႀကီးတယ္ဆို တာကို ေမ့ေလ်ာ့ေနၾကပါတယ္။ ႐ုပ္ဝတၳဳသယံဇာတေတြ ပိုၿပီး ဖြံ႕ၿဖိဳးလာေအာင္ လုပ္ေဆာင္ရ မယ္။ ကြၽန္မတို႔ အေနနဲ႔ ျပည္သူ ေတြက ကြၽန္မတို႔ရဲ႕ ႏုိင္ငံေရး ရည္မွန္းခ်က္ေတြကို ပိုၿပီး ထိေတြ႕ နားလည္လာတာ ေသခ်ာဖုိ႔ ႀကိဳး စားရမယ္။ ဒီကိစၥဟာ ၿငိမ္းခ်မ္း ေရး လုပ္ငန္းစဥ္ကိုပဲ ဆိုလုိတာ မဟုတ္ပါဘူး။ ကြၽန္မတို႔ ဘယ္လုိ ႏုိင္ငံသားေတြ ျဖစ္သလဲဆိုတာနဲ႔ လည္း ဆိုင္ပါတယ္။

ရခိုင္ျပည္နယ္မွာ ျဖစ္ခဲ့တဲ့ အေရးကိစၥေတြနဲ႔ ပတ္သက္ၿပီး ေဒါက္တာကိုဖီအာနန္ ဦးေဆာင္ တဲ့ ေကာ္မရွင္တစ္ရပ္ကို ကြၽန္မတို႔ ဖြဲ႕စည္းေစခဲ့တယ္။ လူမႈအသိုက္ အဝန္းမွာ မုန္းတီးမႈေတြ၊ ပဋိပကၡေတြ ရွိေနတာမ်ိဳးကို ကြၽန္မတို႔ မ်က္ကြယ္ျပဳထားလုိ႔ မျဖစ္ႏုိင္ပါ ဘူး။ ဒါသိပ္အေရးႀကီးပါတယ္။ ေနာက္ႏွစ္မွ စလုပ္မယ္ဆိုတာမ်ိဳး အခ်ိန္ဆြဲေနလို႔ မရပါဘူး။

ဒီေတာ့ ရခုိင္ျပည္နယ္မွာ ျဖစ္ပြားေနတဲ့ လူမ်ိဳးေရး အျမင္ ကြဲျပားမႈေတြ၊ တင္းမာမႈေတြကို ေလ့လာဆန္းစစ္ဖုိ႔ ေကာ္မရွင္ တစ္ရပ္ကို ဖြဲ႕စည္းခဲ့တယ္။ ကြၽန္မ တို႔ရဲ႕ ႏုိင္ငံသားအျဖစ္ သတ္မွတ္ ခံထားရသူတိုင္းကို ႏုိင္ငံသားအ ခြင့္အေရး အျပည့္အဝရရွိတာမ်ိဳး လိုလားတယ္။ ႏိုင္ငံသားျဖစ္ခြင့္နဲ႔ မွန္ကန္ကိုက္ညီတဲ့ ဘယ္သူမဆို ႏိုင္ငံသားအျဖစ္ သတ္မွတ္ႏုိင္ေရး တတ္ႏုိင္သမွ် အျမန္ဆံုးနဲ႔ အမွ် တဆံုး ေဆာင္ရြက္ေနပါတယ္။ ရခုိင္ျပည္နယ္နဲ႔ပတ္သက္ၿပီး အခု ကြၽန္မတို႔ လုပ္ေနတာ အဲဒီကိစၥ ေတြပါ။ အရင္ ဆင္းရဲႏြမ္းပါးေပ မယ့္ အလားအလာေကာင္းေတြ ႂကြယ္ႂကြယ္ဝဝ ပိုင္ဆိုင္ထားတဲ့ ျပည္နယ္တစ္ခုမွာ ကြဲျပားတဲ့ လူမႈ အသိုက္အဝန္းေတြကို စုစည္းဖို႔ ႀကိဳးစားဖို႔ ကြၽန္မတို႔ အစြမ္းကုန္ ႀကိဳးစားေဆာင္ရြက္ေနတယ္ဆို တာကို ႏိုင္ငံတကာက သိရွိနား လည္ဖုိ႔ ေမွ်ာ္လင့္ပါတယ္။

တကယ္လုိ႔ ကြၽန္မတို႔စုေပါင္း ၿပီး ရခုိင္ျပည္နယ္ရဲ႕ အလားအ လာေကာင္းေတြကို ဖြံ႕ၿဖိဳးတိုး တက္လာေအာင္ လုပ္ေဆာင္ေပး ႏုိင္ရင္၊ စည္းလံုးညီညြတ္မႈကို ပ်က္ျပားေစတဲ့ ဆင္းရဲႏြမ္းပါးမႈကို တိုက္ဖ်က္ႏိုင္ခဲ့မယ္ဆုိရင္ ဒါဟာ ႏုိင္ငံတစ္ႏုိင္ငံတည္းကိုသာမက ဘဲ တစ္ကမၻာလံုး အတုိင္းအတာနဲ႔ ပါ အျမင္ကြဲျပားမႈေတြကို ေက်ာ္ လႊားႏုိင္ေၾကာင္း၊ မတူကြဲျပားမႈ ေတြကို ေပါင္းစည္းႏုိင္ေၾကာင္း၊ သံသယနဲ႔ နားလည္မႈ လြဲမွားျခင္း ေတြကို ဖယ္ရွားႏုိင္ၿပီး အတူလက္ တြဲ ေျဖရွင္းႏုိင္ေၾကာင္း ျပသႏုိင္ တဲ့ အက်ိဳးေက်းဇူးမ်ိဳး ျဖစ္လာေစ မွာပါ။

အေမရိကန္ လႊတ္ေတာ္ဟာ ကြၽန္မတို႔ရဲ႕ ဒီမိုကေရစီ ျပဳျပင္ ေျပာင္းလဲေရးလုပ္ငန္းစဥ္ေတြနဲ႔ ပတ္သက္ၿပီးသာမန္ ခင္မင္ရင္းႏွီး မႈမ်ိဳးထက္မကတဲ့ သေဘာထား မ်ိဳးကို ႏွစ္ေပါင္းမ်ားစြာ ျပသခဲ့ တယ္။ ကြၽန္မတို႔အတြက္ အမ်ား ႀကီး ကူညီလုပ္ေဆာင္မႈ ေတြရွိခဲ့ တယ္။ အေရးယူပိတ္ဆို႔မႈေတြ ဟာ ျမန္မာႏုိင္ငံရဲ႕ ဒီမိုကေရစီ ကူးေျပာင္းေရးကို တြန္းအားေပးဖို႔ သူ တို႔ရဲ႕ ေျခလွမ္းေပါင္းမ်ားစြာမွာ တစ္ခု အပါအဝင္ျဖစ္တယ္ဆိုတာ ကို ကြၽန္မတုိ႔ သိထားပါတယ္။ အခုေတာ့ ပိတ္ဆုိ႔မႈေတြ အားလံုးကို ဖယ္ရွားေပးဖို႔ အခ်ိန္အခါသင့္ လာၿပီလုိ႔ ထင္ပါတယ္။ ဘာျဖစ္လုိ႔ လဲဆိုေတာ့ ကြၽန္မတို႔ဟာ ႏုိင္ငံရဲ႕ စီးပြားေရး လုပ္ငန္းနယ္ပယ္မွာ ပါဝင္ရင္းႏွီးျမႇဳပ္ႏွံဖို႔ စိတ္ဝင္စား သူေတြကို လမ္းဖြင့္ေပးႏုိင္မယ့္ အေနအထားတစ္ရပ္ကို ေရာက္ ရွိလာၿပီ ျဖစ္တာေၾကာင့္ပါပဲ။

ဖိတ္ေခၚပါတယ္။ ကြၽန္မတို႔ ႏုိင္ငံကို လာခဲ့ၾကပါ။ ျမန္မာႏုိင္ငံ မွာ ဘာေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ပါဝင္လုပ္ေဆာင္သင့္တယ္၊ ဘယ္ အပိုင္း ဘယ္က႑မွာ ရင္းႏွီးျမႇဳပ္ ႏွံသင့္တယ္ ဆိုတာေတြကို ကိုယ္ တိုင္လာ ၾကည့္ၾကပါ။ ကြၽန္မတို႔ နည္းတူ ရွင္တုိ႔အေနနဲ႔လည္း ဘယ္လိုဘယ္ပံု အက်ိဳးစီးပြား ျဖစ္ ထြန္းမႈေတြရွိမလဲ ဆိုတာကို ဆန္း စစ္ပါ။ ကြၽန္မအၿမဲတမ္းေျပာပါ တယ္။ စီးပြားေရးမွာ ကိုယ့္အ တြက္ အက်ိဳးအျမတ္ မရွိႏုိင္ဘဲ သူ တစ္ပါး အက်ိဳးျဖစ္ထြန္းေအာင္ လုပ္ေဆာင္ဖို႔ မလြယ္ပါဘူး။ ဒီ ေတာ့ ရွင္တို႔ ကုန္သြယ္စီးပြား လုပ္ ငန္းရွင္ေတြက ကြၽန္မတို႔ ႏုိင္ငံမွာ လာေရာက္ ရင္းႏွီးျမႇဳပ္ႏွံပါ။ အ က်ိဳးအျမတ္ေတြ ေဖာ္ေဆာင္ပါ။ ဒါမွလည္း ကြၽန္မတို႔အတြက္ပါ အက်ိဳးအျမတ္ေတြ ျဖစ္ထြန္းႏုိင္ မွာ ျဖစ္ပါတယ္။ ရွင္တို႔အေနနဲ႔ ကိုယ့္စီးပြား မျဖစ္ထြန္းဘဲ သူတစ္ ပါး စီးပြားျဖစ္ထြန္းေအာင္ လုပ္ႏုိင္ မွာ မဟုတ္ဘူးေလ။ ဒီေတာ့ ေအာင္ျမင္ေနတဲ့ ကုမၸဏီေတြ၊ စီးပြားေရးလုပ္ငန္းႀကီးေတြ ျမန္ မာႏုိင္ငံထဲ ဝင္ေရာက္လာၿပီး သူ တို႔အတြက္ အခြင့္အလမ္းေတြ ျဖစ္ထြန္းႏိုင္ေျခကို ရွာေဖြဆန္းစစ္ ေလ့လာေနတာမ်ိဳးကို ကြၽန္မတို႔ အရမ္းပဲ စိတ္ဝင္စားပါတယ္။

သိပ္မၾကာခင္မွာ ျမန္မာ ႏုိင္ငံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ ဥပေဒသစ္ကို ျပ႒ာန္းႏုိင္ပါလိမ့္ မယ္။ လာမယ့္ သီတင္းပတ္နည္း နည္းေလာက္ အတြင္းမွာ ျဖစ္ ေျမာက္လာဖုိ႔ ကြၽန္မတို႔ ေမွ်ာ္လင့္ ထားတယ္။ အေမရိကန္အစိုးရ က ပိတ္ဆို႔အေရးယူမႈေတြ ဖယ္ ရွားလုိက္ျခင္းနဲ႔ အသစ္ျပ႒ာန္း မယ့္ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ ဥပေဒ ေတြက ကမၻာတစ္လႊားက စီးပြား ေရး လုပ္ငန္းရွင္ေပါင္း ေျမာက္ ျမားစြာကို ဆြဲေဆာင္လာႏုိင္ မယ္ လုိ႔ ကြၽန္မတို႔ ေမွ်ာ္လင့္ပါတယ္။ ကြၽန္မတို႔ႏုိင္ငံဟာ အျမင့္ကို တက္လွမ္းမယ့္ အေျခအေန တစ္ ရပ္မွာ ရွိေနပါၿပီ။

ဒါေပမဲ့ ကြၽန္မတို႔ အတြက္ ေတာ့ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ မႈဟာ ႏုိင္ငံအတြင္းမွာ ျဖစ္ေပၚ လာဖို႔ လိုလားတဲ့ ဒီမိုကေရစီ အ သြင္ကူးေျပာင္းေရး လုပ္ငန္းစဥ္ မွာ အစိတ္အပိုင္း တစ္ရပ္မွ်သာ ျဖစ္ပါတယ္။ ကြၽန္မတို႔အတြက္ လုပ္စရာေတြ အမ်ားႀကီး က်န္ ေသးတယ္။ ဒီမိုကေရစီစနစ္ ပီပီ ျပင္ျပင္ မျဖစ္ႏုိင္ေသးတဲ့ ဖြဲ႕စည္းပံု အေျခခံဥပေဒမ်ိဳး ရွိေနတုန္းပဲ။ ဒီဥပေဒက ႏုိင္ငံေရးမွာ တပ္မ ေတာ္ကို အထူးတန္း တစ္ေနရာစာ ဖန္တီးေပးထားတုန္းပဲ။ ကြၽန္မတို႔ အထူးသျဖင့္ ကြၽန္မေပါ့ေလ။ တပ္မေတာ္အေပၚ အေလးအ နက္ သံေယာဇဥ္ရွိပါတယ္။ ျမန္မာ့ တပ္မေတာ္ကို ကြၽန္မအေဖက ထူေထာင္ခဲ့တာေလ။ ကြၽန္မတို႔ ႏုိင္ငံရဲ႕ တပ္မေတာ္ကို ျပည္သူ လူထုက ခ်စ္ခင္တဲ့၊ ေလးစားတဲ့၊ ဂုဏ္ယူအားကိုးတာမ်ိဳး ျဖစ္ေစ ခ်င္တယ္။ ကမၻာ့အလယ္မွာ ကြၽန္မတုိ႔ ျပည္သူေတြရဲ႕ အခြင့္ အေရးေတြကို၊ ဂုဏ္သိကၡာကို ကာကြယ္ေပးေနတဲ့ တပ္မေတာ္ မ်ိဳးအျဖစ္ ျမင္ခ်င္တယ္။ ဒါေပမဲ့ ႏုိင္ငံေရး နယ္ပယ္ဟာ တပ္မ ေတာ္အတြက္ မွန္ကန္သင့္ေလ်ာ္ တဲ့ ေနရာလို႔ေတာ့ ကြၽန္မတို႔ မထင္ ပါဘူး။

ဒီေတာ့ လက္ရွိဖြဲ႕စည္းပံု ဥပေဒကို ျပင္ဆင္ႏုိင္ေရးအတြက္ ကြၽန္မတို႔ ဆက္ႀကိဳးစားမယ္။ ျမန္ မာႏိုင္ငံရဲ႕ လြတ္လပ္ေရး ဖခင္ႀကီး ေတြ ေမွ်ာ္မွန္းခဲ့တဲ့ စစ္မွန္တဲ့ ဒီမို ကေရစီ ျပည္ေထာင္စုတစ္ရပ္ ျဖစ္လာေအာင္ အားထုတ္ရမယ္။ အေမရိကန္ ျပည္ေထာင္စုနဲ႔ ကြၽန္မတို႔ရဲ႕ ေရွ႕ဆက္မယ့္ လမ္း ေၾကာင္းမွာ ႏုိင္ငံေရး၊ လူမႈေရး၊ စီးပြားေရးအရ ဆက္ၿပီး ပံ့ပိုးကူ ညီမႈေတြ ျပဳလုပ္ေပးမယ္လုိ႔ ေမွ်ာ္ လင့္တယ္။ တစ္ေန႔ေန႔မွာ ကြၽန္မ တို႔ကလည္း ဒီကမၻာေပၚမွာ ကြၽန္မ တို႔ထက္ နိမ့္ပါးေနတဲ့၊ ဖြံ႕ၿဖိဳးမႈ အားနည္းေနတဲ့ ႏုိင္ငံေတြကို ျပန္ ၿပီး အကူအညီေပးႏုိင္တဲ့ အေျခ အေနတစ္ရပ္ဆီ ေရာက္ရွိလာဖို႔ ေရွး႐ႈထားတယ္။

ကြၽန္မအေနနဲ႔ ဒီကိုေရာက္ လာတာဟာ အေမရိကန္ျပည္ ေထာင္စု၊ အေမရိကန္လႊတ္ေတာ္ တုိ႔သာမကဘဲ အစိုးရမဟုတ္တဲ့ အဖြဲ႕အစည္းေတြ၊ ကြၽန္မတို႔ကို တစ္ဦးတစ္ေယာက္ခ်င္း ကူညီ ပံ့ပိုးခဲ့သူေတြ အားလံုးကို ေက်းဇူးတင္စကား ေျပာႏိုင္မယ့္ အခြင့္ အေရးတစ္ရပ္အျဖစ္ ခံယူပါ တယ္။ ၿပီးေတာ့ အထူးသျဖင့္ သမၼတ အိုဘားမားေပါ့။ သူဟာ ကြၽန္မတို႔ ႏုိင္ငံကို ကိုယ္တုိင္ ကိုယ္က် လာေရာက္ခဲ့တယ္။ သမၼတ အိုဘားမားဟာ ျမန္မာ ျပည္သူေတြရဲ႕ စစ္မွန္တဲ့ အလား အလာ၊ အထူးသျဖင့္ လူငယ္ေတြ ရဲ႕ အလားအလာကို ခုိင္ခုိင္မာမာ သတိျပဳ ေဖာ္ထုတ္ခဲ့တဲ့ ပထမဆံုး အေမရိကန္ သမၼတ ျဖစ္ပါတယ္။ ေက်းဇူးတင္ပါတယ္။

(ဇြဲရဲဝင့္ ဘာသာျပန္ဆုိသည္။)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ ဘဲဥပုံရုံးခန်း၌ တွေ့ဆုံနေကြစဉ် (ဓာတ်ပုံ − အေပီ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ သည် အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင် စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက တစ်နာရီခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့နောက် နှစ်နိုင်ငံခေါင်းဆောင်များက မီဒီယာများသို့ ပြောကြားမှုများကို ကောက်နုတ် ဖော်ပြပေးလိုက်ပါသည်။

ဘားရက်အိုဘားမား

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို အိမ်ဖြူတော်မှာ လက်ခံကြိုဆိုခွင့် ရရှိခြင်းဟာ ထူးထူးကဲကဲ ကျေနပ် ပီတိဖြစ်စရာပါပဲ။ ဒေါ်အောင် ဆန်းစုကြည်အတွက်တော့ အိမ် ဖြူတော်က ဘဲဥပုံရုံးခန်းထဲ အ လည်အပတ် ရောက်လာတာ ဒါပထမဆုံးအကြိမ် မဟုတ်ဘူးပေါ့လေ။ ဒါပေမဲ့ အစိုးရသစ်ရဲ့ ခေါင်းဆောင်အနေနဲ့တော့ အခုတစ်ကြိမ်က ပထမဆုံးပါ။ ဒီအချက်ကပဲ မြန်မာနိုင်ငံမှာ အံ့မခန်း ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေ ကြောင်း ထင်ဟပ်စေပါတယ်။


 ကျွန်တော် သမ္မတအဖြစ် ရွေးကောက်ခံရပြီးချိန်မှာ ဒေါ် အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ် ကျခံနေရဆဲ ဖြစ်ပါ တယ်။ အမေရိကန်ပြည်ထောင်စုရယ်၊ နိုင်ငံတကာအသိုက်အဝန်းရယ်က ကူညီထောက်ပံ့မှုတွေဟာ တစ်စိတ်တစ်ပိုင်းလောက် တော့ ပါဝင်ခဲ့ပါလိမ့်မယ်။ ဒါပေ မဲ့ အဓိကအားဖြင့်တော့ မြန်မာ ပြည်သူတွေရဲ့ ရဲရင့်မှုနဲ့ ခိုင်မာတဲ့ ရပ်တည်မှုတွေကြောင့် ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ရွေးကောက်ပွဲတွေ၊ ပြည်သူလူထုက ရွေးကောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အသွင်ကူးပြောင်းမှု ပုံရိပ်တွေအနေနဲ့ ကျွန်တော်တို့ မြင်ခွင့်ရခဲ့ပြီ။

လွှတ်တော်နိုင်ငံရေးမှာ အ ရင် တပ်မတော်အစိုးရရဲ့ ပါဝင် ပတ်သက်မှုတွေက ထင်ထင်ရှား ရှား ရှိနေဆဲဖြစ်ပေမယ့် အပြောင်း အလဲတွေက မြန်မာ့မျိုးဆက်သစ် ပြည်သူလူထုအတွက် အိပ်မက် တွေ၊ မျှော်လင့်ချက်တွေ ရုပ်လုံး ပေါ်လာစေပါတယ်။ အကျိုးဆက် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဖြစ် လာတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ပြောင်းလဲတိုးတက် ဖြစ်ထွန်းလာ မှုတွေကို အခြေခံပြီး ဒေါ်အောင် ဆန်းစုကြည်နဲ့ ကျွန်တော် ဆွေး နွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ ပါတယ်။ အဲဒါကတော့ အမေရိ ကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံအပေါ် ကာလအတော်ကြာ သတ်မှတ်ထားခဲ့တဲ့ အရေးယူပိတ် ဆို့မှုတွေကို ဖယ်ရှားပေးဖို့ ပြင် ဆင်နေပြီဆိုတာနဲ့ ပတ်သက်ပြီး တော့ပါ။

အစိုးရသစ်တက်လာပြီး စီးပွားရေးလမ်းကြောင်းသစ်တစ်ခု ပေါ်ထွန်းလာချိန်မှာ မြန်မာပြည်သူတွေအတွက် ထိုက်တန်တဲ့ အကျိုးဖြစ်ထွန်းမှုတွေ အခိုင်အမာ ရရှိလာရပါမယ်။

တစ်ချိန်တည်းမှာပဲ ကျွန် တော်တို့ဟာ GSP ကုန်သွယ်ရေး ဆိုင်ရာ အထူးအခွင့်အရေးတွေကို မြန်မာနိုင်ငံအတွက် ပြန်လည်ပေး အပ်သွားဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ ဆင်းရဲနွမ်း ပါးတဲ့ နိုင်ငံတွေကို ကမ္ဘာ့စီးပွား ရေး နယ်ပယ်မှာ ခြေလှမ်းစတင် ဝင်ရောက်နိုင်ဖို့ အရေးကြီးတဲ့ စီး ပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ အကျိုးတရားတွေကို ထောက်ပံ့ ပေးဖို့ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်မှု  နှစ်ခုရဲ့ စုပေါင်းရလဒ်က အမေရိကန်ပြည်ထောင်စု၊ ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ကျွန်တော်တို့ရဲ့ အကျိုးအမြတ် အဓိကမထားတဲ့ အဖွဲ့အစည်းတွေကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု၊ ပါဝင်ဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ဆွဲဆောင်လာနိုင်မှာ ဖြစ်တဲ့အပြင် ကျွန်တော်တို့ဟာ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စည်ပင်ဝပြောရေးအတွက် ထိုက်တန်တဲ့ လက်တွဲဖော် နိုင်ငံအနေနဲ့ ရပ် တည်နိုင်လာမှာ ဖြစ်ပါတယ်။

  ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေးညီလာခံတစ်ရပ် ဖြစ် မြောက်အောင် ဦးဆောင်စည်းရုံး ခဲ့ပြီး နှစ်ရှည်လများ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားမျိုးနွယ်စုလက်နက် ကိုင် အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခ တွေကို ဖြေရှင်းနိုင်ဖို့ အစပြု လုပ် ဆောင်နေပါပြီ။ သမိုင်းကြောင်း အရ ခွဲခြားဆက်ဆံမှုတွေ ခံစားရ တယ်လို့ ယူဆနိုင်တဲ့ ရခိုင်အပါအဝင် တိုင်းရင်းသားမျိုးနွယ်ပေါင်း စုံရဲ့ ပြဿနာတွေကို ဖြေရှင်းပေး မယ့် အခုလုပ်ငန်းစဉ်ဟာ စစ်အာ ဏာရှင် အုပ်ချုပ်မှုအောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကျရောက် ခဲ့ပြီး ပြင်ပကမ္ဘာနဲ့ အဆက်အ သွယ် ပြတ်တောက်နေခဲ့တဲ့ နိုင်ငံ မှာ အသွင်ကူးပြောင်းရေး၊ အမျိုး သား ရင်ကြားစေ့ရေးအတွက် မျှော်လင့်ချက်တွေ ပေါ်ထွန်းလာ စေမှာ ဖြစ်ပါတယ်။

ပြီးတော့ ကျွန်တော် ပြောချင် တာတစ်ခုက မြန်မာနိုင်ငံရောက် ပထမဆုံး အမေရိကန်သမ္မတအနေနဲ့ အဲဒီကို ကျွန်တော် ရောက် သွားချိန်မှာ အလားအလာကောင်း တွေ အများကြီးကို သတိထားမိခဲ့ တယ်။ ဒီအလားအလာကောင်း တွေကို လက်တွေ့ကျကျ အခွင့် အရေးအဖြစ် အသုံးချဖို့ ဦးဆောင် ဖို့ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ကလွဲရင် တခြားဘယ်သူမှ ပို ကောင်းအောင် လုပ်နိုင်မှာ မဟုတ် ပါဘူး။ ဒီတော့ အနာဂတ်ကို ကျွန်တော်တို့ အများကြီး မျှော်လင့်ထားပါတယ်။

အမေရိကန် နိုင်ငံသားတွေ အနေနဲ့ အခွင့်အရေးရရင် မြန်မာ နိုင်ငံကို သွားလည်ကြဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။ မြန်မာ နိုင်ငံဟာ သိပ်လှပပြီး ယဉ်ကျေးမှု ကြွယ်ဝတဲ့ နိုင်ငံတစ်ခုပါ။ အံ့ဩ နှစ်လိုစရာ နိုင်ငံသားတွေလည်း ရှိပါတယ်။ ကျွန်တော် အမှတ်မမှားဘူးဆိုရင် မြန်မာနိုင်ငံမှာ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကလည်း သိသိသာသာ တိုးတက်အားကောင်းလာနေပါပြီ။ ဒီတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ခင်ဗျား ... ကျွန်တော်တို့ဟာ ခင် ဗျားတို့နဲ့ ကဏ္ဍအသီးသီးမှာ ပူး ပေါင်းဆောင်ရွက်သွားဖို့ ရှေးရှု မျှော်လင့်ထားပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ တိုး တက် ဖြစ်ထွန်းမှုတွေအတွက် ဂုဏ်ပြုစကား ပြောပါရစေ။

 လက်ရှိ အနေအထားမှာ တော့ ဒီဖြစ်စဉ်တွေဟာ ပြီးပြည့် စုံမှု မရှိသေးပါဘူး။ လုပ်စရာတွေ အများကြီးကျန်သေးတယ်ဆိုတာ ကို ဒေါ်အောင်ဆန်းစုကြည်က လည်း ပြောထားပြီးသားပါ။ ဒါပေမဲ့ လက်ရှိအခြေအနေက လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ခံအစိုးရ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ဒီနေရာမှာ ထိုင်နေဖို့ဆိုတဲ့ ကိစ္စမျိုးကို ဘယ်သူမှတွေးမိခဲ့မှာ မဟုတ်ပါဘူး။ ဒီလိုဖြစ်လာမယ်လို့ ကြိုပြောရင် လူတိုင်းလိုလိုက သံသယဝင်မိမှာပါပဲ။ နိုင်ငံတချို့ နောက်ကြောင်း ပြန်လှည့်နေတာကို မျက်ဝါးထင်ထင် တွေ့မြင်နေရတဲ့ ဒီလိုခေတ်အခြေအနေမျိုးမှာ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကတော့ သတင်းကောင်း တစ်ခုပါပဲ။ ကျေးဇူးတင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်

ဒီကို ရောက်လာခွင့်ရတဲ့အ တွက် အတိုင်းမသိဝမ်းသာမိတယ် ဆိုတာကို ကျွန်မအနေနဲ့ ပြောပြ နေဖို့ မလိုလောက်ပါဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ ကျွန်မတို့ရဲ့ ဒီမိုကရေစီရေး ရုန်းကန်မှု တစ် လျှောက်လုံး အတူရပ်တည်ကူညီ ပေးခဲ့တဲ့ အမေရိကန်ပြည်သူတွေ ကို အားလုံးကို ကျေးဇူးတင်စကား ပြောဖို့ အခွင့်အရေးတစ်ရပ် ရရှိ

လာတာကြောင့်ပါပဲ။ ဒီရုန်းကန်မှုဟာ ဆုံးခန်းမတိုင်သေးပါဘူး။ ကျွန်မတို့ဟာ အတိုင်းအတာ တစ်ခုထိတော့ ရောက်အောင် လုပ်နိုင်ခဲ့ပြီ။ သမ္မတအိုဘားမား ပြောခဲ့သလိုပါပဲ။ လွန်ခဲ့တဲ့ငါးနှစ်ကို ပြန်ကြည့်ရင် ဒီအချိန်၊ ဒီအခြေအနေမျိုး ရောက်လာမယ်လို့ ဘယ်သူမှ တွေးခဲ့မယ်မထင်ပါဘူး။ ဒါပေမဲ့ အဲဒီကတည်းက ကျွန်မတို့က ယုံကြည်မှုရှိပြီးသားပါ။

ကျွန်မတို့ရဲ့ နိုင်ငံမှာ လုပ် စရာကိစ္စတွေ အများကြီး ကျန် နေဆဲပါ။ ကျွန်မတို့ရဲ့ ပါတီက အမြဲတမ်း ပြောခဲ့တာရှိတယ်။ အ ရေးကြီးဆုံး လုပ်ငန်းစဉ်ဟာ အ မျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်း ချမ်းရေး ဖြစ်ရမယ်ဆိုတာကိုပါ။ ကျွန်မတို့နိုင်ငံမှာ ဆယ်စုနှစ် ပေါင်းများစွာ တိုက်ပွဲတွေဖြစ်နေ ခဲ့တယ်။ ပြောရရင် လွတ်လပ် ရေး ရလာကတည်းကပါပဲ။ အဲဒီ ကတည်းက မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းနေတယ်ဆိုတဲ့ အချိန်မျိုး ဘယ်တုန်းကမှ မကြားခဲ့၊ မမြင်ခဲ့ရဘူး။ တစ်နေရာမှာ၊ တစ်ချိန်မှာ တော့ တိုက်ပွဲတွေ ဖြစ်နေတာ ပါပဲ။ မြန်မာနိုင်ငံမှာ တရားဝင် သတ်မှတ်ထားတဲ့ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးရှိတယ်။ ဒီတိုင်း ရင်းသားမျိုးနွယ် အားလုံးကို စည်း စည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ရည်မှန်းချက်တစ်ခု တူတူညီညီ ထားရှိစေဖို့ဆိုတာ လွယ်ကူတဲ့ အလုပ် မဟုတ်ဘူးလေ။

ကျွန်မတို့ အခုအဲဒီအတွက် ကြိုးစားနေတယ်။ စည်းလုံးညီ ညွတ်ခြင်းဟာ ကြီးပွားတိုးတက် မှုရဲ့ လမ်းစလည်း ဖြစ်ပါတယ်။ အခုဖြစ်နေတာက အကန့်အသတ် နဲ့ရှိနေတဲ့ သယံဇာတရင်းမြစ်တွေ အတွက် ပြိုင်ဆိုင်တိုက်ခိုက်နေ ကြတယ်။ အတူလက်တွဲ ရပ်တည် မှုဟာ သိပ်အရေးကြီးတယ်ဆို တာကို မေ့လျော့နေကြပါတယ်။ ရုပ်ဝတ္ထုသယံဇာတတွေ ပိုပြီး ဖွံ့ဖြိုးလာအောင် လုပ်ဆောင်ရ မယ်။ ကျွန်မတို့ အနေနဲ့ ပြည်သူ တွေက ကျွန်မတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို ပိုပြီး ထိတွေ့ နားလည်လာတာ သေချာဖို့ ကြိုး စားရမယ်။ ဒီကိစ္စဟာ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်ကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်မတို့ ဘယ်လို နိုင်ငံသားတွေ ဖြစ်သလဲဆိုတာနဲ့ လည်း ဆိုင်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဒေါက်တာကိုဖီအာနန် ဦးဆောင် တဲ့ ကော်မရှင်တစ်ရပ်ကို ကျွန်မတို့ ဖွဲ့စည်းစေခဲ့တယ်။ လူမှုအသိုက် အဝန်းမှာ မုန်းတီးမှုတွေ၊ ပဋိပက္ခတွေ ရှိနေတာမျိုးကို ကျွန်မတို့ မျက်ကွယ်ပြုထားလို့ မဖြစ်နိုင်ပါ ဘူး။ ဒါသိပ်အရေးကြီးပါတယ်။ နောက်နှစ်မှ စလုပ်မယ်ဆိုတာမျိုး အချိန်ဆွဲနေလို့ မရပါဘူး။

ဒီတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လူမျိုးရေး အမြင် ကွဲပြားမှုတွေ၊ တင်းမာမှုတွေကို လေ့လာဆန်းစစ်ဖို့ ကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းခဲ့တယ်။ ကျွန်မ တို့ရဲ့ နိုင်ငံသားအဖြစ် သတ်မှတ် ခံထားရသူတိုင်းကို နိုင်ငံသားအ ခွင့်အရေး အပြည့်အဝရရှိတာမျိုး လိုလားတယ်။ နိုင်ငံသားဖြစ်ခွင့်နဲ့ မှန်ကန်ကိုက်ညီတဲ့ ဘယ်သူမဆို နိုင်ငံသားအဖြစ် သတ်မှတ်နိုင်ရေး တတ်နိုင်သမျှ အမြန်ဆုံးနဲ့ အမျှ တဆုံး ဆောင်ရွက်နေပါတယ်။ ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး အခု ကျွန်မတို့ လုပ်နေတာ အဲဒီကိစ္စ တွေပါ။ အရင် ဆင်းရဲနွမ်းပါးပေ မယ့် အလားအလာကောင်းတွေ ကြွယ်ကြွယ်ဝဝ ပိုင်ဆိုင်ထားတဲ့ ပြည်နယ်တစ်ခုမှာ ကွဲပြားတဲ့ လူမှု အသိုက်အဝန်းတွေကို စုစည်းဖို့ ကြိုးစားဖို့ ကျွန်မတို့ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေတယ်ဆို တာကို နိုင်ငံတကာက သိရှိနား လည်ဖို့ မျှော်လင့်ပါတယ်။

တကယ်လို့ ကျွန်မတို့စုပေါင်း ပြီး ရခိုင်ပြည်နယ်ရဲ့ အလားအ လာကောင်းတွေကို ဖွံ့ဖြိုးတိုး တက်လာအောင် လုပ်ဆောင်ပေး နိုင်ရင်၊ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေတဲ့ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်နိုင်ခဲ့မယ်ဆိုရင် ဒါဟာ နိုင်ငံတစ်နိုင်ငံတည်းကိုသာမက ဘဲ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပါ အမြင်ကွဲပြားမှုတွေကို ကျော် လွှားနိုင်ကြောင်း၊ မတူကွဲပြားမှု တွေကို ပေါင်းစည်းနိုင်ကြောင်း၊ သံသယနဲ့ နားလည်မှု လွဲမှားခြင်း တွေကို ဖယ်ရှားနိုင်ပြီး အတူလက် တွဲ ဖြေရှင်းနိုင်ကြောင်း ပြသနိုင် တဲ့ အကျိုးကျေးဇူးမျိုး ဖြစ်လာစေ မှာပါ။

အမေရိကန် လွှတ်တော်ဟာ ကျွန်မတို့ရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးသာမန် ခင်မင်ရင်းနှီး မှုမျိုးထက်မကတဲ့ သဘောထား မျိုးကို နှစ်ပေါင်းများစွာ ပြသခဲ့ တယ်။ ကျွန်မတို့အတွက် အများ ကြီး ကူညီလုပ်ဆောင်မှု တွေရှိခဲ့ တယ်။ အရေးယူပိတ်ဆို့မှုတွေ ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ကူးပြောင်းရေးကို တွန်းအားပေးဖို့ သူ တို့ရဲ့ ခြေလှမ်းပေါင်းများစွာမှာ တစ်ခု အပါအဝင်ဖြစ်တယ်ဆိုတာ ကို ကျွန်မတို့ သိထားပါတယ်။ အခုတော့ ပိတ်ဆို့မှုတွေ အားလုံးကို ဖယ်ရှားပေးဖို့ အချိန်အခါသင့် လာပြီလို့ ထင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်မတို့ဟာ နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းနယ်ပယ်မှာ ပါဝင်ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စား သူတွေကို လမ်းဖွင့်ပေးနိုင်မယ့် အနေအထားတစ်ရပ်ကို ရောက် ရှိလာပြီ ဖြစ်တာကြောင့်ပါပဲ။

ဖိတ်ခေါ်ပါတယ်။ ကျွန်မတို့ နိုင်ငံကို လာခဲ့ကြပါ။ မြန်မာနိုင်ငံ မှာ ဘာကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်လုပ်ဆောင်သင့်တယ်၊ ဘယ် အပိုင်း ဘယ်ကဏ္ဍမှာ ရင်းနှီးမြှုပ် နှံသင့်တယ် ဆိုတာတွေကို ကိုယ် တိုင်လာ ကြည့်ကြပါ။ ကျွန်မတို့ နည်းတူ ရှင်တို့အနေနဲ့လည်း ဘယ်လိုဘယ်ပုံ အကျိုးစီးပွား ဖြစ် ထွန်းမှုတွေရှိမလဲ ဆိုတာကို ဆန်း စစ်ပါ။ ကျွန်မအမြဲတမ်းပြောပါ တယ်။ စီးပွားရေးမှာ ကိုယ့်အ တွက် အကျိုးအမြတ် မရှိနိုင်ဘဲ သူ တစ်ပါး အကျိုးဖြစ်ထွန်းအောင် လုပ်ဆောင်ဖို့ မလွယ်ပါဘူး။ ဒီ တော့ ရှင်တို့ ကုန်သွယ်စီးပွား လုပ် ငန်းရှင်တွေက ကျွန်မတို့ နိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံပါ။ အ ကျိုးအမြတ်တွေ ဖော်ဆောင်ပါ။ ဒါမှလည်း ကျွန်မတို့အတွက်ပါ အကျိုးအမြတ်တွေ ဖြစ်ထွန်းနိုင် မှာ ဖြစ်ပါတယ်။ ရှင်တို့အနေနဲ့ ကိုယ့်စီးပွား မဖြစ်ထွန်းဘဲ သူတစ် ပါး စီးပွားဖြစ်ထွန်းအောင် လုပ်နိုင် မှာ မဟုတ်ဘူးလေ။ ဒီတော့ အောင်မြင်နေတဲ့ ကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းကြီးတွေ မြန် မာနိုင်ငံထဲ ဝင်ရောက်လာပြီး သူ တို့အတွက် အခွင့်အလမ်းတွေ ဖြစ်ထွန်းနိုင်ခြေကို ရှာဖွေဆန်းစစ် လေ့လာနေတာမျိုးကို ကျွန်မတို့ အရမ်းပဲ စိတ်ဝင်စားပါတယ်။

သိပ်မကြာခင်မှာ မြန်မာ နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်ကို ပြဋ္ဌာန်းနိုင်ပါလိမ့် မယ်။ လာမယ့် သီတင်းပတ်နည်း နည်းလောက် အတွင်းမှာ ဖြစ် မြောက်လာဖို့ ကျွန်မတို့ မျှော်လင့် ထားတယ်။ အမေရိကန်အစိုးရ က ပိတ်ဆို့အရေးယူမှုတွေ ဖယ် ရှားလိုက်ခြင်းနဲ့ အသစ်ပြဋ္ဌာန်း မယ့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ တွေက ကမ္ဘာတစ်လွှားက စီးပွား ရေး လုပ်ငန်းရှင်ပေါင်း မြောက် မြားစွာကို ဆွဲဆောင်လာနိုင် မယ် လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ အမြင့်ကို တက်လှမ်းမယ့် အခြေအနေ တစ် ရပ်မှာ ရှိနေပါပြီ။

ဒါပေမဲ့ ကျွန်မတို့ အတွက် တော့ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုဟာ နိုင်ငံအတွင်းမှာ ဖြစ်ပေါ် လာဖို့ လိုလားတဲ့ ဒီမိုကရေစီ အ သွင်ကူးပြောင်းရေး လုပ်ငန်းစဉ် မှာ အစိတ်အပိုင်း တစ်ရပ်မျှသာ ဖြစ်ပါတယ်။ ကျွန်မတို့အတွက် လုပ်စရာတွေ အများကြီး ကျန် သေးတယ်။ ဒီမိုကရေစီစနစ် ပီပီ ပြင်ပြင် မဖြစ်နိုင်သေးတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမျိုး ရှိနေတုန်းပဲ။ ဒီဥပဒေက နိုင်ငံရေးမှာ တပ်မ တော်ကို အထူးတန်း တစ်နေရာစာ ဖန်တီးပေးထားတုန်းပဲ။ ကျွန်မတို့ အထူးသဖြင့် ကျွန်မပေါ့လေ။ တပ်မတော်အပေါ် အလေးအ နက် သံယောဇဉ်ရှိပါတယ်။ မြန်မာ့ တပ်မတော်ကို ကျွန်မအဖေက ထူထောင်ခဲ့တာလေ။ ကျွန်မတို့ နိုင်ငံရဲ့ တပ်မတော်ကို ပြည်သူ လူထုက ချစ်ခင်တဲ့၊ လေးစားတဲ့၊ ဂုဏ်ယူအားကိုးတာမျိုး ဖြစ်စေ ချင်တယ်။ ကမ္ဘာ့အလယ်မှာ ကျွန်မတို့ ပြည်သူတွေရဲ့ အခွင့် အရေးတွေကို၊ ဂုဏ်သိက္ခာကို ကာကွယ်ပေးနေတဲ့ တပ်မတော် မျိုးအဖြစ် မြင်ချင်တယ်။ ဒါပေမဲ့ နိုင်ငံရေး နယ်ပယ်ဟာ တပ်မ တော်အတွက် မှန်ကန်သင့်လျော် တဲ့ နေရာလို့တော့ ကျွန်မတို့ မထင် ပါဘူး။

ဒီတော့ လက်ရှိဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် ကျွန်မတို့ ဆက်ကြိုးစားမယ်။ မြန် မာနိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်ကြီး တွေ မျှော်မှန်းခဲ့တဲ့ စစ်မှန်တဲ့ ဒီမို ကရေစီ ပြည်ထောင်စုတစ်ရပ် ဖြစ်လာအောင် အားထုတ်ရမယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ကျွန်မတို့ရဲ့ ရှေ့ဆက်မယ့် လမ်း ကြောင်းမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအရ ဆက်ပြီး ပံ့ပိုးကူ ညီမှုတွေ ပြုလုပ်ပေးမယ်လို့ မျှော် လင့်တယ်။ တစ်နေ့နေ့မှာ ကျွန်မ တို့ကလည်း ဒီကမ္ဘာပေါ်မှာ ကျွန်မ တို့ထက် နိမ့်ပါးနေတဲ့၊ ဖွံ့ဖြိုးမှု အားနည်းနေတဲ့ နိုင်ငံတွေကို ပြန် ပြီး အကူအညီပေးနိုင်တဲ့ အခြေ အနေတစ်ရပ်ဆီ ရောက်ရှိလာဖို့ ရှေးရှုထားတယ်။

ကျွန်မအနေနဲ့ ဒီကိုရောက် လာတာဟာ အမေရိကန်ပြည် ထောင်စု၊ အမေရိကန်လွှတ်တော် တို့သာမကဘဲ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ကျွန်မတို့ကို တစ်ဦးတစ်ယောက်ချင်း ကူညီ ပံ့ပိုးခဲ့သူတွေ အားလုံးကို ကျေးဇူးတင်စကား ပြောနိုင်မယ့် အခွင့် အရေးတစ်ရပ်အဖြစ် ခံယူပါ တယ်။ ပြီးတော့ အထူးသဖြင့် သမ္မတ အိုဘားမားပေါ့။ သူဟာ ကျွန်မတို့ နိုင်ငံကို ကိုယ်တိုင် ကိုယ်ကျ လာရောက်ခဲ့တယ်။ သမ္မတ အိုဘားမားဟာ မြန်မာ ပြည်သူတွေရဲ့ စစ်မှန်တဲ့ အလား အလာ၊ အထူးသဖြင့် လူငယ်တွေ ရဲ့ အလားအလာကို ခိုင်ခိုင်မာမာ သတိပြု ဖော်ထုတ်ခဲ့တဲ့ ပထမဆုံး အမေရိကန် သမ္မတ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

(ဇွဲရဲဝင့် ဘာသာပြန်ဆိုသည်။)


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top