တစ္ခ်ိန္မွာ ဘာစီလိုနာအသင္းက ထြက္ခြာၿပီး ငယ္ဘဝတုန္းက ကစားခဲ့တဲ့ အသင္းကို ေျပာင္းေ႐ႊ႕ခ်င္တယ္လို႔ မက္ဆီက ဝန္ခံေျပာၾကားလုိက္ပါတယ္။ မက္ဆီရဲ႕ ငယ္ဘဝအသင္းဟာ အာဂ်င္တီးနားက နယူးဝဲလ္အိုးဘြိဳင္းအသင္းျဖစ္ပါတယ္။
ငယ္စဥ္အခါမွာ နယူးဝဲလ္အသင္းနဲ႔ ကစားခဲ့ၿပီးေနာက္ နာမည္ေက်ာ္လာခဲ့တဲ့ မက္ဆီကို ၂၀၀၀ ခုႏွစ္မွာ ဘာစီလိုနာအသင္းက ေခၚယူခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္မွာ အသက္ ၁၃ ႏွစ္ရွိေနၿပီျဖစ္ပါတယ္။ ဘာစီလိုနာအသင္းက မက္ဆီကုိ ပေရာက္ဖက္ရွင္နယ္ကစားသမားဘဝ တစ္သက္တာ စာခ်ဳပ္ခ်ဳပ္ဆိုခ်င္ေပမယ့္ အနားယူခါနီးအခ်ိန္မွာ မက္ဆီက အသင္းေဟာင္းထံျပန္ၿပီး ကစားဖြယ္ ရွိေနပါတယ္။
" ကၽြန္ေတာ္ႀကီးျပင္းလာခဲ့တဲ့ အသင္းကို ျပန္ခ်င္တာေပါ့ဗ်ာ။ ကၽြန္ေတာ့္ အာ႐ံုထဲမွာ အၿမဲရွိေနတဲ့ အသင္းေပါ့။ နယူးဝဲလ္အသင္းမွာေနၿပီး အာဂ်င္တီးနား ေဘာလံုးေလာကထဲမွာ ကစားရတာကို ကၽြန္ေတာ္သေဘာက်ပါတယ္" လို႔ မက္ဆီက ေျပာပါတယ္။ နယူးဝဲလ္ေဘာလံုးအသင္း ဥကၠဌကလည္း မက္ဆီကိုျပန္ၿပီး ေခၚလို႔ရရင္ ေခၚခ်င္တယ္လို႔ ေျပာထားဖူးပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun
#Unicode Version
တစ်ချိန်မှာ ဘာစီလိုနာအသင်းက ထွက်ခွာပြီး ငယ်ဘဝတုန်းက ကစားခဲ့တဲ့ အသင်းကို ပြောင်းရွှေ့ချင်တယ်လို့ မက်ဆီက ဝန်ခံပြောကြားလိုက်ပါတယ်။ မက်ဆီရဲ့ ငယ်ဘဝအသင်းဟာ အာဂျင်တီးနားက နယူးဝဲလ်အိုးဘွိုင်းအသင်းဖြစ်ပါတယ်။
ငယ်စဉ်အခါမှာ နယူးဝဲလ်အသင်းနဲ့ ကစားခဲ့ပြီးနောက် နာမည်ကျော်လာခဲ့တဲ့ မက်ဆီကို ၂၀၀၀ ခုနှစ်မှာ ဘာစီလိုနာအသင်းက ခေါ်ယူခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ အသက် ၁၃ နှစ်ရှိနေပြီဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက မက်ဆီကို ပရောက်ဖက်ရှင်နယ်ကစားသမားဘဝ တစ်သက်တာ စာချုပ်ချုပ်ဆိုချင်ပေမယ့် အနားယူခါနီးအချိန်မှာ မက်ဆီက အသင်းဟောင်းထံပြန်ပြီး ကစားဖွယ် ရှိနေပါတယ်။
" ကျွန်တော်ကြီးပြင်းလာခဲ့တဲ့ အသင်းကို ပြန်ချင်တာပေါ့ဗျာ။ ကျွန်တော့် အာရုံထဲမှာ အမြဲရှိနေတဲ့ အသင်းပေါ့။ နယူးဝဲလ်အသင်းမှာနေပြီး အာဂျင်တီးနား ဘောလုံးလောကထဲမှာ ကစားရတာကို ကျွန်တော်သဘောကျပါတယ်" လို့ မက်ဆီက ပြောပါတယ်။ နယူးဝဲလ်ဘောလုံးအသင်း ဥက္ကဌကလည်း မက်ဆီကိုပြန်ပြီး ခေါ်လို့ရရင် ခေါ်ချင်တယ်လို့ ပြောထားဖူးပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
Home
»
လူမႈ႔ဘဝ
»
သတင္း
»
အားကစား
»
ႏိုင္ငံတကာ
» ငယ္ဘဝကစားခဲ့သည့္ အသင္းကို ျပန္လည္ေျပာင္းေ႐ႊ႕ခ်င္ဟု မက္ဆီဝန္ခံ
ငယ္ဘဝကစားခဲ့သည့္ အသင္းကို ျပန္လည္ေျပာင္းေ႐ႊ႕ခ်င္ဟု မက္ဆီဝန္ခံ
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။