Property Expo
×

တ႐ုတ္ႏုိင္ငံရွိ ေကာလိပ္တစ္ခုတြင္ ေက်ာင္းသားမ်ားက သန္႔စင္ခန္းသံုးရင္း အလြန္အကၽြံ ေရဆဲြခ်မႈမ်ားကို ျပဳလုပ္ေနေသာေၾကာင့္ ယင္းလုပ္ေဆာင္မႈကို ကန္႔သတ္ရန္ ေက်ာင္းသားမ်ားအား သန္႔စင္ခန္းသံုးမႈဆိုင္ရာ အီလက္ထရြန္းနစ္ကတ္မ်ား ထုတ္ေပးထားလိုက္ၿပီ ျဖစ္ေၾကာင္း သိရသည္။

ယန္နန္ခ႐ိုင္ရွိ ကူမင္းက်န္းမာေရး အသက္ေမြးမႈ ပညာေကာလိပ္ရွိ ေက်ာင္းသားတစ္ဦးခ်င္းစီသည္ တစ္လလွ်င္ ေရ ၃၀၀၀ လီတာ( ဂါလန္ ၆၅၀ ) ကိုသာ ဆဲြခ်ခြင့္ရွိေနသည္။ ေက်ာင္းသားမ်ားသည္ အီလက္ထရြန္းနစ္ ကတ္ျဖင့္သာ သန္႔စင္ခန္းကို ၀င္ေရာက္ခြင့္ ရရွိမည္ျဖစ္သည္။

ယင္းကတ္တြင္ အသံုးျပဳခြင့္ရွိေသာ ေရပမာဏႏွင့္ ပတ္သက္ေသာ အခ်က္အလက္မ်ားကို ထည့္သြင္းေပးသည္။ ေက်ာင္းသားမ်ားသည္ သတ္မွတ္ထားသည့္ ပမာဏ ထက္ေက်ာ္လြန္ၿပီး ေရဆဲြခ်ပါက ဒဏ္ေငြေပးေဆာင္ရမည္ ျဖစ္သည္။

ယန္နန္တြင္ မၾကာေသးမီႏွစ္မ်ား အတြင္း မိုးေခါင္ေရရွားမႈမ်ား ရွိခဲ့သည္။ မိုးရြာသြန္းမႈ ပံုစံေျပာင္းလဲမႈေၾကာင့္ မိုးေခါင္ေရရွားေနျခင္း ျဖစ္ၿပီး လာမည့္ ႏွစ္ (၂၀) ေက်ာ္တြင္ အေျခအေန ပိုမိုဆိုးရြားလိမ့္မည္ ျဖစ္ေၾကာင္း ရာသီဥတုဆုိင္ရာ ကၽြမ္းက်င္ပညာရွင္မ်ားက ေျပာဆုိခဲ့သည္။

ယခုသတ္မွတ္ေပးထားေသာ ေရခဲြတမ္းသည္ တစ္ရက္ အသံုးျပဳမႈ ပမာဏအတြက္ လံုေလာက္႐ုံ သာမက ပိုပင္ပိုလွ်ံေနေသးေၾကာင္း ေကာလိပ္ရွိ ဆရာတစ္ဦးက ေျပာဆုိခဲ့သည္။

တ႐ုတ္ႏုိင္ငံရွိ လူမႈမီဒီယာ အသံုးျပဳသူမ်ားၾကားတြင္လည္း အျမင္မ်ား ကဲြျပားေနသည္။ တခ်ဳိ႕ကလည္း ေကာလိပ္၏ လုပ္ေဆာင္မႈကို ခ်ီးက်ဴးခဲ့သည္။ သို႔ေသာ္တခ်ဳိ႕ကမူ ေက်ာင္းသားတခ်ဳိ႕သည္ သန္႔စင္ခန္း အသံုးျပဳၿပီးေနာက္ ေရဆဲြမခ်ဘဲ ေနႏိုင္ေျခရွိေနေၾကာင္း သတိေပးေျပာဆုိခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: the messenger

#Unicode Version

တရုတ်နိုင်ငံရှိ ကောလိပ်တစ်ခုတွင် ကျောင်းသားများက သန့်စင်ခန်းသုံးရင်း အလွန်အကျွံ ရေဆွဲချမှုများကို ပြုလုပ်နေသောကြောင့် ယင်းလုပ်ဆောင်မှုကို ကန့်သတ်ရန် ကျောင်းသားများအား သန့်စင်ခန်းသုံးမှုဆိုင်ရာ အီလက်ထရွန်းနစ်ကတ်များ ထုတ်ပေးထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယန်နန်ခရိုင်ရှိ ကူမင်းကျန်းမာရေး အသက်မွေးမှု ပညာကောလိပ်ရှိ ကျောင်းသားတစ်ဦးချင်းစီသည် တစ်လလျှင် ရေ ၃၀၀၀ လီတာ( ဂါလန် ၆၅၀ ) ကိုသာ ဆွဲချခွင့်ရှိနေသည်။ ကျောင်းသားများသည် အီလက်ထရွန်းနစ် ကတ်ဖြင့်သာ သန့်စင်ခန်းကို ဝင်ရောက်ခွင့် ရရှိမည်ဖြစ်သည်။

ယင်းကတ်တွင် အသုံးပြုခွင့်ရှိသော ရေပမာဏနှင့် ပတ်သက်သော အချက်အလက်များကို ထည့်သွင်းပေးသည်။ ကျောင်းသားများသည် သတ်မှတ်ထားသည့် ပမာဏ ထက်ကျော်လွန်ပြီး ရေဆွဲချပါက ဒဏ်ငွေပေးဆောင်ရမည် ဖြစ်သည်။

ယန်နန်တွင် မကြာသေးမီနှစ်များ အတွင်း မိုးခေါင်ရေရှားမှုများ ရှိခဲ့သည်။ မိုးရွာသွန်းမှု ပုံစံပြောင်းလဲမှုကြောင့် မိုးခေါင်ရေရှားနေခြင်း ဖြစ်ပြီး လာမည့် နှစ် (၂၀) ကျော်တွင် အခြေအနေ ပိုမိုဆိုးရွားလိမ့်မည် ဖြစ်ကြောင်း ရာသီဥတုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ပြောဆိုခဲ့သည်။

ယခုသတ်မှတ်ပေးထားသော ရေခွဲတမ်းသည် တစ်ရက် အသုံးပြုမှု ပမာဏအတွက် လုံလောက်ရုံ သာမက ပိုပင်ပိုလျှံနေသေးကြောင်း ကောလိပ်ရှိ ဆရာတစ်ဦးက ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံရှိ လူမှုမီဒီယာ အသုံးပြုသူများကြားတွင်လည်း အမြင်များ ကွဲပြားနေသည်။ တချို့ကလည်း ကောလိပ်၏ လုပ်ဆောင်မှုကို ချီးကျူးခဲ့သည်။ သို့သော်တချို့ကမူ ကျောင်းသားတချို့သည် သန့်စင်ခန်း အသုံးပြုပြီးနောက် ရေဆွဲမချဘဲ နေနိုင်ခြေရှိနေကြောင်း သတိပေးပြောဆိုခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: the messenger
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top