Property Expo
×

တနသာၤရီတိုင္းေဒသႀကီး ထား၀ယ္ၿမိဳ႕ရွိ ကေျမာကင္း တံတားေပၚတြင္ စက္တင္ဘာ ၁၇ ရက္ ညက လူမႈကြန္ရက္ တစ္ခုျဖစ္သည့္ Bee Talk ေပၚမွတစ္ဆင့္ ေတြ႕ဆံုခ်စ္ႀကိဳက္ခ့ဲသည့္ လူငယ္စံုတြဲခ်ိန္းေတြ႕စဥ္ ရည္းစားျဖစ္သူက ၎၏ခ်စ္သူ မိန္းကေလးအား ဓားေထာက္ၿခိမ္းေျခာက္ကာ ေရႊထည္ပစၥည္းမ်ား လုယူခ့ဲသည့္အျပင္ မိန္းကေလးအား လက္ျပန္ႀကိဳးတုပ္၍ ထား၀ယ္ျမစ္ထဲသို ့ပစ္ခ်ခ့ဲမႈ ျဖစ္ပြားခ့ဲေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ စက္တင္ဘာ ၁၇ ရက္ ည ၆ နာရီ မိနစ္ ၄၀ ခန္႔တြင္ ထား၀ယ္တကၠသိုလ္ရွိ ပထ၀ီေမဂ်ာ၌ ပထမႏွစ္ တက္ေရာက္ေနသည့္ တရားလိုျဖစ္သူ မေကေကခိုင္ (၁၉) ႏွစ္ (ေမာင္မယ္ေရွာင္ရြာေနသူ) မွာ ၎ေနထိုင္ရာ ေလာင္းလံုးၿမိဳ႕နယ္ ကေျမာကင္းရြာရွိ သီရိေဇယ်ာ၀င္း အမ်ိဳးသမီး ေဘာ္ဒါေဆာင္၌ ရွိေနစဥ္ လူမႈကြန္ရက္ Bee Talk ေပၚ၌ ေတြ႕ဆံုခ်စ္ႀကိဳက္ခ့ဲၿပီး အျပင္၌ ေတြ႕ဆံုဖူးျခင္း မရွိေသးသည့္ ေလာင္းလံုၿမိဳ႕နယ္ သဗ်ာရြာေန ျမတ္သူေအာင္ (၁၉ ႏွစ္) က လြန္ခ့ဲသည့္ ႏွစ္ရက္ခန္႔က ဖုန္းျဖင့္ ကေျမာကင္းတံတားထိပ္ရွိ ဘုရားသို႔ လာေရာက္ရန္ ခ်ိန္းဆိုထားသျဖင့္ မေကေကခိုင္က ကႏုတ္အမ်ိဳးအစား ဆိုင္ကယ္ျဖင့္ သြားေရာက္ခ့ဲေၾကာင္း၊ ဘုရားသို႔ ေရာက္ရွိခ်ိန္တြင္ ျမတ္သူေအာင္အား ေတြ႕ရၿပီး ၎၏ ဆိုင္ကယ္ကို ကေျမာကင္း တံတားထိပ္ရွိ ဘုရားေျခရင္းတြင္ ထားရွိကာ ျမတ္သူေအာင္၏ ဆိုင္ကယ္ျဖင့္ စိုက္ပ်ဳိးေရး ပန္းျခံဘက္သို႔ သြားေရာက္ စကားေျပာခ့ဲၿပီးေနာက္ ကေျမာကင္း တံတားေပၚသုိ႔သြားရန္ ေခၚသျဖင့္ လိုက္ပါသြားခ့ဲေၾကာင္း၊ တံတားအနီးမွ ထား၀ယ္ၿမိဳ႕အ၀င္ ဆိုင္းဘုတ္အနီး အေရာက္၌ ျမတ္သူေအာင္မွ မေကေကခိုင္ ၀တ္ဆင္ထားေသာ နားကပ္အား ၀တ္ၾကည့္လို၍ ခဏငွားရန္ေျပာၿပီး ၎၏ဆိုင္ကယ္ ထိုင္ခံုေအာက္ခံခြက္ အတြင္းမွ ဓားေျမႇာင္ကိုယူကာ မေပးလွ်င္ နားကိုလွီးျဖတ္မည္ဟု ေျပာသျဖင့္ မေကေကခိုင္မွ လွီးလိုလွ်င္ လွီးဟု ေျပာလိုက္စဥ္ ျမတ္သူေအာင္မွာ ဓားေျမႇာင္အား ဆိုင္ကယ္ထိုင္ခံု ေအာက္ခံခြက္အတြင္း ျပန္ထည့္လိုက္ေၾကာင္း သိရသည္။

ထို႔ေနာက္ ျမတ္သူေအာင္မွ နားကပ္အား ခဏငွားရန္ႏွင့္ ၀တ္ၾကည့္ၿပီးလွ်င္ ျပန္ေပးမည္ဟု ေျပာသျဖင့္ မေကေကခိုင္မွ နားကပ္အား ကိုယ္တိုင္ခြၽတ္ေပးလိုက္ရာ ျမတ္သူေအာင္မွာ နားကပ္ကို ၀တ္ဆင္လိုက္ၿပီးေနာက္ မေကေကခိုင္အား လက္ေနာက္ျပန္လုပ္ခိုင္းရာ မေကေကခိုင္မွ လက္ေနာက္ျပန္ လုပ္ေပးလိုက္စဥ္ ျမတ္သူေအာင္မွ ၎တြင္ ပါလာေသာ ဖုန္းအားသြင္းႀကိဳးျဖင့္ ခ်ည္ေႏွာင္၍ ေပြ႕ခ်ီကာ ကေျမာကင္း တံတားေပၚမွ ထား၀ယ္ျမစ္ အတြင္းသို႔ ပစ္ခ်ခ့ဲေၾကာင္း၊ ေရထဲသို႔ ပစ္ခ်လိုက္ရာတြင္ လက္ေနာက္ျပန္ တုတ္ထားေသာႀကိဳးမွာ ျပဳတ္ထြက္သြားၿပီး ေရကူးေနစဥ္ သဲစုပ္ေလွ တစ္စင္းက လုပ္သားမ်ားမွ မေကေကခိုင္အား ဆယ္ယူကာ ထား၀ယ္ၿမိဳ႕ ဆင္ဆိပ္ရပ္ကြက္ရွိ က်ဳိက္ထီး႐ိုးဘုရားလမ္း သဲဆိပ္သို႔ ေခၚေဆာင္လာၿပီး မိဘမ်ားႏွင့္ ဆက္သြယ္ေပးခ့ဲေၾကာင္း ထား၀ယ္ၿမိဳ႕မ ရဲစခန္း၏ မႈခင္းမွတ္တမ္းမ်ားအရ သိရသည္။

“သူတို႔က Bee Talk မွာေတြ႕တယ္လို႔ သိရတယ္။ ေကာင္မေလးက ေအးေအးေလးပါ။ အစ္မတို႔ အေဆာင္မွာေနတယ္။ ေမာင္မယ္ေရွာင္ရြာက ပထမႏွစ္ေက်ာင္းသူပါ။ လိုင္းေပၚမွာ ခ်စ္သူျဖစ္ၿပီး ေကာင္ေလးက အျပင္မွာေတြ႕ဖို႔ ခ်ိန္းလို႔ တစ္ေယာက္တည္း သြားအေတြ႕မွာ ေကာင္ေလးက ပါလာတဲ့ ပစၥည္းေတြလုၿပီး ေကာင္မေလးကို ဖုန္းအားသြင္းႀကိဳးနဲ႔တုပ္ၿပီး ကေျမာကင္းတံတားေပၚက ပစ္ခ်ခဲ့တာပါ။ ေကာင္းမေလးက ကံေကာင္းၿပီး အသက္မေသဘဲ ျမစ္ထဲက သဲစုပ္သူေတြနဲ႔ေတြ႕လို႔ အသက္ရွင္ခဲ့ရပါတယ္။ မိန္းကေလးေတြ အေနနဲ႔ လိုင္းေပၚကေတြ႕တဲ့ သူေတြကို အယံုမလြယ္ၾကဖို႔ သင္ခန္းစာပါပဲ။ လိုင္းသံုးတာကို ဗဟုသုတရေအာင္၊ အသိဥာဏ္တိုးေအာင္ မသံုးဘဲ တလြဲမသံုးမိေစဖုိ႔ေပါ့” ဟု ထား၀ယ္ျမစ္ထဲသို႔ ပစ္ခ်ခံခ့ဲရသည့္ ေက်ာင္းသူေနထိုင္ေသာ သီရိေဇယ်ာ၀င္း အေဆာင္ပိုင္ရွင္က ေျပာၾကားသည္။

ထား၀ယ္ျမစ္ အတြင္းသို႔ ပစ္ခ်ခံၿပီး ေနာက္တစ္ေန႔ မနက္ျဖစ္သည့္ စက္တင္ဘာ ၁၈ ရက္တြင္ တံတားေပၚမွ ပစ္ခ်ခံရသည့္ မေကေကခိုင္က တရားလိုျပဳလုပ္၍ ျမတ္သူေအာင္အား အေရးယူေပးပါရန္ ထား၀ယ္ၿမိဳ႕မ ရဲစခန္းသို႔ တိုင္ၾကားလာခ့ဲၿပီး ရဲတပ္ဖြဲ႕၀င္မ်ားမွ စုံစမ္းရွာေဖြရာတြင္ ျမတ္သူေအာင္အား ေလာင္းလုံၿမိဳ႕နယ္ ေ၀ဒီရြာ အ၀င္တြင္ ေတြ႕ရွိခ့ဲေၾကာင္း၊ ၎အား စစ္ေဆးခ်က္အရ မေကေကခိုင္၏ ဆိုင္ကယ္အား ေလာင္းလုံၿမိဳ႕တြင္ က်ပ္ငါးသိန္းျဖင့္ ေရာင္းခ်ခ့ဲၿပီး မေကေကခိုင္၏ ဖုန္းအား ေလာင္းလုံၿမိဳ႕နယ္ ညင္းေမာ္သုသာန္တြင္ ၀ွက္ထားခ့ဲသည္ဟု ေျပာဆိုခ့ဲေၾကာင္း၊ ရဲတပ္ဖြဲ႕၀င္မ်ားက ဆက္လက္ စစ္ေမးရာ ဆိုင္ကယ္ေရာင္း၍ ရရွိေသာ ေငြမ်ားျဖင့္ ထား၀ယ္ၿမိဳ႕၌ ေရႊထည္ပစၥည္းမ်ား ၀ယ္ယူထားေၾကာင္း စစ္ေဆးေပၚေပါက္ ခ့ဲသည္ဟု သိရသည္။

လက္ရွိတြင္ မေကေကခိုင္၏ နားကပ္အား ယူေဆာင္၍ လက္ကို ေနာက္ျပန္ႀကိဳးတုပ္ကာ ေရထဲသို႔ ပစ္ခ်ခဲ့ေသာ ျမတ္သူေအာင္ (ခ) ေနထက္လင္းအား ထား၀ယ္ၿမိဳ႕မ ရဲစခန္းမွ (ပ)၁၀၈၁/၂၀၁၆ ရာဇသတ္ႀကီး ပုဒ္မ ၃၈၄/၃၀၇ အရ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Eleven news

#Unicode Version
တနသာၤရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ ကမြောကင်း တံတားပေါ်တွင် စက်တင်ဘာ ၁၇ ရက် ညက လူမှုကွန်ရက် တစ်ခုဖြစ်သည့် Bee Talk ပေါ်မှတစ်ဆင့် တွေ့ဆုံချစ်ကြိုက်ခဲ့သည့် လူငယ်စုံတွဲချိန်းတွေ့စဉ် ရည်းစားဖြစ်သူက ၎င်း၏ချစ်သူ မိန်းကလေးအား ဓားထောက်ခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းများ လုယူခဲ့သည့်အပြင် မိန်းကလေးအား လက်ပြန်ကြိုးတုပ်၍ ထားဝယ်မြစ်ထဲသို့ပစ်ချခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၇ ရက် ည ၆ နာရီ မိနစ် ၄၀ ခန့်တွင် ထားဝယ်တက္ကသိုလ်ရှိ ပထဝီမေဂျာ၌ ပထမနှစ် တက်ရောက်နေသည့် တရားလိုဖြစ်သူ မကေကေခိုင် (၁၉) နှစ် (မောင်မယ်ရှောင်ရွာနေသူ) မှာ ၎င်းနေထိုင်ရာ လောင်းလုံးမြို့နယ် ကမြောကင်းရွာရှိ သီရိဇေယျာဝင်း အမျိုးသမီး ဘော်ဒါဆောင်၌ ရှိနေစဉ် လူမှုကွန်ရက် Bee Talk ပေါ်၌ တွေ့ဆုံချစ်ကြိုက်ခဲ့ပြီး အပြင်၌ တွေ့ဆုံဖူးခြင်း မရှိသေးသည့် လောင်းလုံမြို့နယ် သဗျာရွာနေ မြတ်သူအောင် (၁၉ နှစ်) က လွန်ခဲ့သည့် နှစ်ရက်ခန့်က ဖုန်းဖြင့် ကမြောကင်းတံတားထိပ်ရှိ ဘုရားသို့ လာရောက်ရန် ချိန်းဆိုထားသဖြင့် မကေကေခိုင်က ကနုတ်အမျိုးအစား ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့ကြောင်း၊ ဘုရားသို့ ရောက်ရှိချိန်တွင် မြတ်သူအောင်အား တွေ့ရပြီး ၎င်း၏ ဆိုင်ကယ်ကို ကမြောကင်း တံတားထိပ်ရှိ ဘုရားခြေရင်းတွင် ထားရှိကာ မြတ်သူအောင်၏ ဆိုင်ကယ်ဖြင့် စိုက်ပျိုးရေး ပန်းခြံဘက်သို့ သွားရောက် စကားပြောခဲ့ပြီးနောက် ကမြောကင်း တံတားပေါ်သို့သွားရန် ခေါ်သဖြင့် လိုက်ပါသွားခဲ့ကြောင်း၊ တံတားအနီးမှ ထားဝယ်မြို့အဝင် ဆိုင်းဘုတ်အနီး အရောက်၌ မြတ်သူအောင်မှ မကေကေခိုင် ဝတ်ဆင်ထားသော နားကပ်အား ဝတ်ကြည့်လို၍ ခဏငှားရန်ပြောပြီး ၎င်း၏ဆိုင်ကယ် ထိုင်ခုံအောက်ခံခွက် အတွင်းမှ ဓားမြှောင်ကိုယူကာ မပေးလျှင် နားကိုလှီးဖြတ်မည်ဟု ပြောသဖြင့် မကေကေခိုင်မှ လှီးလိုလျှင် လှီးဟု ပြောလိုက်စဉ် မြတ်သူအောင်မှာ ဓားမြှောင်အား ဆိုင်ကယ်ထိုင်ခုံ အောက်ခံခွက်အတွင်း ပြန်ထည့်လိုက်ကြောင်း သိရသည်။

ထို့နောက် မြတ်သူအောင်မှ နားကပ်အား ခဏငှားရန်နှင့် ဝတ်ကြည့်ပြီးလျှင် ပြန်ပေးမည်ဟု ပြောသဖြင့် မကေကေခိုင်မှ နားကပ်အား ကိုယ်တိုင်ချွတ်ပေးလိုက်ရာ မြတ်သူအောင်မှာ နားကပ်ကို ဝတ်ဆင်လိုက်ပြီးနောက် မကေကေခိုင်အား လက်နောက်ပြန်လုပ်ခိုင်းရာ မကေကေခိုင်မှ လက်နောက်ပြန် လုပ်ပေးလိုက်စဉ် မြတ်သူအောင်မှ ၎င်းတွင် ပါလာသော ဖုန်းအားသွင်းကြိုးဖြင့် ချည်နှောင်၍ ပွေ့ချီကာ ကမြောကင်း တံတားပေါ်မှ ထားဝယ်မြစ် အတွင်းသို့ ပစ်ချခဲ့ကြောင်း၊ ရေထဲသို့ ပစ်ချလိုက်ရာတွင် လက်နောက်ပြန် တုတ်ထားသောကြိုးမှာ ပြုတ်ထွက်သွားပြီး ရေကူးနေစဉ် သဲစုပ်လှေ တစ်စင်းက လုပ်သားများမှ မကေကေခိုင်အား ဆယ်ယူကာ ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်ရှိ ကျိုက်ထီးရိုးဘုရားလမ်း သဲဆိပ်သို့ ခေါ်ဆောင်လာပြီး မိဘများနှင့် ဆက်သွယ်ပေးခဲ့ကြောင်း ထားဝယ်မြို့မ ရဲစခန်း၏ မှုခင်းမှတ်တမ်းများအရ သိရသည်။

“သူတို့က Bee Talk မှာတွေ့တယ်လို့ သိရတယ်။ ကောင်မလေးက အေးအေးလေးပါ။ အစ်မတို့ အဆောင်မှာနေတယ်။ မောင်မယ်ရှောင်ရွာက ပထမနှစ်ကျောင်းသူပါ။ လိုင်းပေါ်မှာ ချစ်သူဖြစ်ပြီး ကောင်လေးက အပြင်မှာတွေ့ဖို့ ချိန်းလို့ တစ်ယောက်တည်း သွားအတွေ့မှာ ကောင်လေးက ပါလာတဲ့ ပစ္စည်းတွေလုပြီး ကောင်မလေးကို ဖုန်းအားသွင်းကြိုးနဲ့တုပ်ပြီး ကမြောကင်းတံတားပေါ်က ပစ်ချခဲ့တာပါ။ ကောင်းမလေးက ကံကောင်းပြီး အသက်မသေဘဲ မြစ်ထဲက သဲစုပ်သူတွေနဲ့တွေ့လို့ အသက်ရှင်ခဲ့ရပါတယ်။ မိန်းကလေးတွေ အနေနဲ့ လိုင်းပေါ်ကတွေ့တဲ့ သူတွေကို အယုံမလွယ်ကြဖို့ သင်ခန်းစာပါပဲ။ လိုင်းသုံးတာကို ဗဟုသုတရအောင်၊ အသိဉာဏ်တိုးအောင် မသုံးဘဲ တလွဲမသုံးမိစေဖို့ပေါ့” ဟု ထားဝယ်မြစ်ထဲသို့ ပစ်ချခံခဲ့ရသည့် ကျောင်းသူနေထိုင်သော သီရိဇေယျာဝင်း အဆောင်ပိုင်ရှင်က ပြောကြားသည်။

ထားဝယ်မြစ် အတွင်းသို့ ပစ်ချခံပြီး နောက်တစ်နေ့ မနက်ဖြစ်သည့် စက်တင်ဘာ ၁၈ ရက်တွင် တံတားပေါ်မှ ပစ်ချခံရသည့် မကေကေခိုင်က တရားလိုပြုလုပ်၍ မြတ်သူအောင်အား အရေးယူပေးပါရန် ထားဝယ်မြို့မ ရဲစခန်းသို့ တိုင်ကြားလာခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းရှာဖွေရာတွင် မြတ်သူအောင်အား လောင်းလုံမြို့နယ် ဝေဒီရွာ အဝင်တွင် တွေ့ရှိခဲ့ကြောင်း၊ ၎င်းအား စစ်ဆေးချက်အရ မကေကေခိုင်၏ ဆိုင်ကယ်အား လောင်းလုံမြို့တွင် ကျပ်ငါးသိန်းဖြင့် ရောင်းချခဲ့ပြီး မကေကေခိုင်၏ ဖုန်းအား လောင်းလုံမြို့နယ် ညင်းမော်သုသာန်တွင် ဝှက်ထားခဲ့သည်ဟု ပြောဆိုခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ဆက်လက် စစ်မေးရာ ဆိုင်ကယ်ရောင်း၍ ရရှိသော ငွေများဖြင့် ထားဝယ်မြို့၌ ရွှေထည်ပစ္စည်းများ ဝယ်ယူထားကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည်ဟု သိရသည်။

လက်ရှိတွင် မကေကေခိုင်၏ နားကပ်အား ယူဆောင်၍ လက်ကို နောက်ပြန်ကြိုးတုပ်ကာ ရေထဲသို့ ပစ်ချခဲ့သော မြတ်သူအောင် (ခ) နေထက်လင်းအား ထားဝယ်မြို့မ ရဲစခန်းမှ (ပ)၁၀၈၁/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၈၄/၃၀၇ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Eleven news
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top