Property Expo
×

ဒီခ်ဳပ္ထိပ္ပိုင္းေခါင္းေဆာင္ ဦး၀င္းထိန္ ေတာင္ႀကီးၿမိဳ႕တြင္ အစည္းအေ၀းလုပ္ေနစဥ္ (ဓာတ္ပံု - ေတာင္ႀကီးခ႐ိုင္အင္န္အယ္လ္ဒီ)

ျမန္မာ့ဒီမုိကေရစီအေရးအတြက္ ႏွစ္ေပါင္း သံုးဆယ္ခန္႔ တုိက္ ပြဲ၀င္လာေသာ အမ်ိဳးသားဒီမုိက ေရစီအဖြဲ႕ခ်ဳပ္ (ဒီခ်ဳပ္)သည္ ပါတီတြင္း ဒီမုိကေရစီက်င့္သံုးမႈအား နည္းလာေနသည္ဟု ေ၀ဖန္ခံရ သံမ်ား က်ယ္ေလာင္ လာခဲ့သည္။ အဆိုပါအသံမ်ားသည္ ဒီခ်ဳပ္ထိပ္ပိုင္းေခါင္းေဆာင္တစ္ဦးျဖစ္ သူ ဗဟုိအလုပ္အမႈေဆာင္ ဦး၀င္းထိန္၏ ရွမ္းျပည္နယ္ ခရီးစဥ္အၿပီးတြင္ ပိုမုိက်ယ္ေလာင္လာ ခဲ့သည္။


ေရြးေကာက္ပြဲအၿပီး လစ္ လပ္ေနေသာ ပါတီတြင္းေနရာ မ်ားကို အင္အားျဖည့္ဆည္းရန္ ဦး၀င္းထိန္သည္ ယခုလဆန္း ပုိင္းက ရွမ္းျပည္နယ္သို႔ ခရီးထြက္ ခဲ့သည္။ ခရီးစဥ္အတြင္း ေတာင္ ႀကီးခ႐ုိင္ ဒီခ်ဳပ္ဥကၠ႒ ဦးတင္ ေမာင္တုိး၏ ေဖ့စ္ဘြတ္ခ္တြင္ ပါတီႏွင့္ပတ္သက္သည့္ မေက် နပ္ခ်က္ကုိ ေရးသားသည္ဟုဆုိ ကာ ဦးတင္ေမာင္တုိးကုိ ႏႈတ္မိန္႔ ျဖင့္ ထုတ္ပယ္လုိက္သည္။

ထု႔ိအျပင္ ရွမ္းျပည္နယ္ ဒီခ်ဳပ္ဥကၠ႒ ေဒၚခင္မုိးမိုးသည္လည္း ေရြးေကာက္ပြဲကာလတြင္ စည္း႐ံုးေရးလုပ္ငန္းမ်ား ထိေရာက္စြာ မလုပ္ေဆာင္သည့္အျပင္ အဖြဲ႕အစည္းတစ္ခုတြင္ ပါ၀င္ ေဆာင္ရြက္၍ ျပည္နယ္အစည္း အေ၀းေခၚကာ ခရီးစဥ္အတြင္း ပင္ ၎ကုိရာထူးမွ ထုတ္ပယ္ခဲ့ သည္။

ဦး၀င္းထိန္၏ အဆိုပါလုပ္ ရပ္မ်ားေၾကာင့္ အေရးယူခံရသူ မ်ားက အာဏာရွင္ဆန္ေန ေၾကာင္း ျပင္းျပင္းထန္ထန္ေ၀ဖန္ေျပာဆိုၾကသည္။

ဒီခ်ဳပ္ပါတီသည္ ၂၀၁၀ အ ေထြေထြေရြးေကာက္ပြဲအၿပီး ေဒၚ ေအာင္ဆန္းစုၾကည္ေနအိမ္အ က်ယ္ခ်ဳပ္မွ လြတ္ေျမာက္လာၿပီး ေနာက္ပုိင္း ပါတီျပန္လည္ တည္ေဆာက္ေရး လံုးပန္းခဲ့ၿပီး ၂၀၁၃အတြင္း ႏုိင္ငံလံုးဆုိင္ရာညီလာခံကုိ က်င္းပႏုိင္ခဲ့သည္။ အဆုိပါညီလာခံသည္ ပါတီစတင္တည္ေထာင္ခဲ့သည့္ အခ်ိန္မွ ႏွစ္ေပါင္း ႏွစ္ဆယ္ေက်ာ္ကာလအတြင္း ပထမဆံုးအႀကိမ္ က်င္းပျခင္းလည္းျဖစ္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို ပါတီဥကၠ႒အျဖစ္ ေရြးခ်ယ္ခဲ့ၾကသည္။ ထို႔ေနာက္ ေဒၚေအာင္ဆန္းစုၾကည္ကပင္ ပါတီ၏ ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႕ကို မဲေပးေရြးခ်ယ္ျခင္း မျပဳလုပ္ေတာ့ဘဲ စိတ္ခ်ယံုၾကည္ရမည့္သူမ်ားျဖင့္ ဖဲြ႕စည္းလုိက္သည္။ အသစ္ျပန္လည္ဖြဲ႕စည္းခဲ့သည့္ ဗဟုိအလုပ္အမႈေဆာင္ အဖြဲ႕တြင္ ပါတီဥကၠ႒ႏွင့္  ဗဟုိအလုပ္အမႈေဆာင္အဖြဲ႕၀င္မ်ားသာ ပါ၀င္ကာ အတြင္းေရးမွဴးေနရာ ပါ၀င္မလာေတာ့ေပ။

အသစ္ျပန္လည္ဖြဲ႕စည္းခဲ့ သည့္ ဗဟုိအလုပ္အမႈေဆာင္အ ဖြဲ႕တြင္ ပါတီဥကၠ႒ႏွင့္ ဗဟုိအ လုပ္အမႈေဆာင္အဖြဲ႕၀င္မ်ားသာ ပါ၀င္ကာ အတြင္းေရးမွဴးေနရာ မပါလာေတာ့ေပ။

ထို႔စဥ္ကပင္ ဗဟုိအလုပ္အ မႈေဆာင္အဖြဲ႕ ဖြဲ႕စည္းသည့္ပံုစံ ကုိ ေ၀ဖန္မႈအခ်ိဳ႕ရိွခဲ့ၿပီး အဖြဲ႕၀င္ မ်ားအား မဲေပးေရြးခ်ယ္ျခင္းမျပဳ ခဲ့ျခင္းကုိ အားနည္းခ်က္အျဖစ္ ေထာက္ျပခဲ့ၾကသည္။

‘‘ညီလာခံကို ေတာ္၀င္ႏွင္း ဆီမွာ လုပ္ၿပီးေတာ့ ကဖ်က္ယ ဖ်က္နဲ႔ ကမန္းကတန္းလုပ္ၿပီး ေတာ့ ၿပီးသြားတာ စနစ္မက်ဘူး။ အဲဒါကေတာ့ တစ္ပုိင္းေပါ့။ နီးစပ္ရာသူကုိ ေရွာင္တခင္တာ၀န္ေပး တာမ်ိဳးေတာ့ အဖြဲ႕အစည္းမွာ မရိွသင့္ဘူး။ ၿပီးေတာ့ လုပ္ပုိင္ခြင့္ကဘယ္ေလာက္အတုိင္းအတာရိွ မွန္းလဲမသိဘူး။ နီးစပ္ရာလူကပဲ လုပ္ေနရင္လည္း သဘာ၀မက် ဘူး။  အဲဒါေၾကာင့္မို႔ ႏုိင္ငံေရးအဖြဲ႕အစည္းဆုိတာ အဖဲြ႕အစည္းထဲမွာ အႀကီးဆံုးပဲ။ တစ္ျပည္လံုးရိွတာ ကို တိက်တဲ့ စည္းမ်ဥ္းစည္းကမ္း ေတြ အျမန္ဆံုးလိုေနတယ္။ ဒါမွ မဟုတ္ ဒီလုိပဲအလြယ္တကူ ေလွ်ာက္လုပ္ေနရင္ ဒီအဖြဲ႕အ စည္းပ်က္မွာပဲ’’ဟု ၂၀၁၃ အထိ ပါတီတြင္ ပါ၀င္ခဲ့သူ ရန္ကုန္တုိင္း တာ၀န္ခံေဟာင္း ဦးေစာႏုိင္းႏုိင္း က ေျပာသည္။

ပါတီ၀င္တစ္ဦးကုိ အေရးယူမည္ဆုိပါက ဗဟုိအလုပ္အမႈေဆာင္အဖြဲ႕၏ ဆံုးျဖတ္ခ်က္လုိေသာ္လည္း ယခုလုပ္ရပ္မ်ား သည္ ဦး၀င္းထိန္၏ ဆံုးျဖတ္  ခ်က္သာျဖစ္သည္ဟု အေရးယူခံ ရသူမ်ားက ေထာက္ျပၾကသည္။

ဦး၀င္းထိန္၏ ႏႈတ္မိန္႔ျဖင့္ အေရးယူခဲ့မႈကုိ ရွမ္းျပည္နယ္ တာ၀န္ခံဗဟုိအလုပ္အမႈေဆာင္ ဦး ထြန္းထြန္းဟိန္ထံသုိ႔ 7Day NewsJournal က ဆက္သြယ္ေမးျမန္း ရာ ၎သည္ ေနျပည္ေတာ္တြင္ ရိွေနသျဖင့္ အဆုိပါကိစၥကုိ မသိဟု ျပန္လည္ေျဖၾကားခဲ့သည္။ ယင္းနည္းတူ ရန္ကုန္ၿမိဳ႕ရိွ ဒီခ်ဳပ္႐ံုး မွ ဗဟုိအလုပ္အမႈေဆာင္ ဦး ဉာဏ္၀င္းကလည္း မသိေၾကာင္း ဆုိသည္။

သုိ႔ေသာ္ရွမ္းျပည္နယ္ ခရီး စဥ္မသြားမီကပင္ ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ထံမွ ‘‘လုပ္စရာရိွတာ ျပတ္ျပတ္သား သားလုပ္ခဲ့ပါ’’ဆုိသည့္ အႀကံျပဳ ခ်က္ကုိ ရရိွၿပီးျဖစ္ေၾကာင္း ၎ ၏ လုပ္ေဆာင္ခ်က္မ်ားႏွင့္ ပတ္ သက္၍ ဦး၀င္းထိန္က ထုတ္ေဖာ္ ေျပာဆိုသည္။

‘‘ဒီလိုစည္းကမ္းကိစၥမွာ အာ ဏာရွင္မဆန္လို႔မရဘူး။ ကြၽန္ ေတာ္တာ၀န္ယူၿပီး လုပ္ရတာ အာဏာရွင္ ဆန္တယ္ဆိုရင္ လည္း ဆန္တယ္ေပါ့’’ဟု ၎က ေ၀ဖန္ေနမႈမ်ားကို ျပန္လည္တံု႔ ျပန္ေျပာဆုိခဲ့သည္။

ဦး၀င္းထိန္၏ လုပ္ရပ္ႏွင့္ ပတ္သက္၍ မည္သုိ႔ပင္ေ၀ဖန္မႈ မ်ားရိွေနေစကာမူ ယခုလ ၁၁ ရက္တြင္ ျပဳလုပ္သည့္ ဒီခ်ဳပ္ဗဟုိအ လုပ္အမႈေဆာင္အဖြဲ႕အစည္းအ ေ၀း၌ ရွမ္းျပည္နယ္မွ ထုတ္ပယ္ ခံရသူမ်ားကိစၥကုိ သေဘာတူ အတည္ျပဳလိုက္သည္။

‘‘အင္န္အယ္လ္ဒီက ကြၽန္ ေတာ္တို႔ ေတြ႕မိသေလာက္ ေခါင္းေဆာင္ပုိင္းမွာ တာ၀န္သီးသန္႔ ပုိင္းခြဲေ၀ယူထားတာမ်ိဳး အားနည္းတယ္။ ႀကံဳသလုိ လုပ္ေနသမ်ိဳးပဲ’’ ဟု ၁၉၉၀ ေရြးေကာက္ခံ အမတ္တစ္ဦးျဖစ္သူ ေဒါက္တာ ေဇာ္ျမင့္ က ေျပာသည္။

ေ၀ဖန္မႈမ်ား ႀကံဳရသူ ဦး၀င္း ထိန္သည္ ဒီခ်ဳပ္၏ ၀ါရင့္ထိပ္ပုိင္း ေခါင္းေဆာင္ျဖစ္ၿပီး ေဒၚေအာင္ ဆန္းစုၾကည္၏ လံုၿခံဳေရးတာ၀န္ခံ အျဖစ္ တာ၀န္ယူေဆာင္ရြက္ခဲ့ သူတစ္ဦးလည္းျဖစ္္သည္။ ၎သည္ ေရြးေကာက္ပဲြအၿပီး ကာလကစ၍ သတင္းမီဒီယာအခ်ိဳ႕အား ေျဖၾကားရာတြင္ ဆက္ဆံေရး အဆင္မေျပေၾကာင္း ေ၀ဖန္ခံေန ရသူလည္းျဖစ္သည္။

ပါတီတြင္းဒီမုိကေရစီက်င့္ သံုးမႈအားနည္းၿပီး အာဏာရွင္ ဆန္ေၾကာင္း ေ၀ဖန္မႈကုိ ဒီခ်ဳပ္က ခံေနရခ်ိန္တြင္ အဓိကၿပိဳင္ဘက္ ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ ၿဖိဳးေရးပါတီ(ျပည္ခုိင္ၿဖိဳး)က ဗဟုိ ခ်ဳပ္ကုိင္မႈကုိ ေလွ်ာ့ခ်ရန္ ႀကိဳး ပမ္းလာသည့္ပံုရိပ္မ်ားကို ေတြ႕ျမင္လာရသည္။

မၾကာေသးမီက ေဖ့စ္ဘြတ္ခ္တြင္ ထြက္ေပၚလာေသာ ႐ုုပ္သံ ဖုိင္တစ္ခု၌ ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒သစ္ ဦးသန္းေဌးက ပါတီ ၀င္မ်ားအား ႏုိင္ငံအတြင္း သဘာ၀ ေဘးအႏၲရာယ္တစ္ခုခုႀကံဳလာပါ က ပါတီဌာနခ်ဳပ္၏ ၫႊန္ၾကား ခ်က္ကို မေစာင့္ဆုိင္းဘဲ အကူ အညီေပးၾကရန္ မွာၾကားခဲ့သည္။

ျပည္ခုိင္ၿဖိဳးသည္ ပါတီ ေခါင္းေဆာင္ပုိင္းကို လူသစ္မ်ား ျဖင့္ အေျပာင္းအလဲျပဳလုပ္ကာ လာမည့္ ၂၀၂၀ အေထြေထြေရြး ေကာက္ပဲြတြင္ အႏုိင္ရေရးအ တြက္ လူထုေထာက္ခံမႈရရန္ အင္ တိုက္အားတုိက္လံု႔လစုိက္ေန ျခင္းျဖစ္သည္။

‘‘ၿပိဳင္ဘက္ပါတီက အႏုိင္ ျပန္ရေရး ႀကိဳးပမ္းေနတဲ့အခ်ိန္မွာ လူထုေထာက္ခံမႈ ရထားတဲ့ပါတီ က လုပ္နည္းကုိင္နည္းအလြဲေတြ ေတြ႕လာရတယ္။ အဲဒါေတြကို အခ်ိန္မီျပင္မွ ရလိမ့္မယ္’’ဟု ႏုိင္ငံေရးေလ့လာသံုးသပ္သူ ေဒါက္ တာ ရန္မ်ိဳးသိမ္းက ဆုိသည္။

ဒီမုိကေရစီအေရးအတြက္ အနစ္နာခံေဆာင္ရြက္ခဲ့ေသာ ဒီခ်ဳပ္ပါတီသည္ ပါတီဥကၠ႒ ေဒၚ ေအာင္ဆန္းစုၾကည္အေပၚ လူထု က အလံုးအရင္းျဖင့္ ေထာက္ခံမႈ ေၾကာင့္ ေရြးေကာက္ပြဲတြင္ အ ျပတ္အသတ္အႏုိင္ရကာ အစိုးရ ဖြဲ႕ႏုိင္ခဲ့ျခင္းျဖစ္သည္။

အတိုက္အခံကာလက ပါတီကုိ ေဒၚေအာင္ဆန္းစုၾကည္က ဦး ေဆာင္လမ္းၫႊန္မႈမ်ား ျပဳလုပ္ခဲ့ ေသာ္လည္း အစိုးရအဖြဲ႕တြင္ ၎ပါ၀င္သြားၿပီးေနာက္ အေျခခံဥပေဒ၏ တားျမစ္ခ်က္အရ ပါတီလုပ္ငန္းမ်ားထဲထဲ၀င္၀င္လုပ္ပုိင္ခြင့္ မရေတာ့ေပ။

ထို႔ေၾကာင့္ ေဒၚေအာင္ဆန္း စုၾကည္ကုိယ္စား ပါတီကုိ ဦး ေဆာင္ႏုိင္ရန္ ဒီခ်ဳပ္ ဗဟုိအလုပ္အမႈေဆာင္မ်ားထဲမွ ငါးဦးကုိ ေရြးခ်ယ္ကာ ဗဟုိအလုပ္အမႈေဆာင္အဖြဲ႕၏ အတြင္းေရးမွဴး အဖြဲ႕အျဖစ္ ဖြဲ႕စည္းခဲ့သည္။

အဆိုပါအဖြဲ႕တြင္ ဦး၀င္း ထိန္၊ ဦး၀င္းျမင့္ (ျပည္သူ႕လႊတ္ ေတာ္ဥကၠ႒)၊ ေဒါက္တာ ေဇာ္ျမင့္ ေမာင္ (မႏၲေလးတိုင္းေဒသ၀န္ ႀကီးခ်ဳပ္)၊ ဦးဉာဏ္၀င္းႏွင့္ ဦးဟံ သာျမင့္တို႔ ပါ၀င္ၾကသည္။

‘‘တကယ္တမ္းက်ေတာ့ ပါတီကို အတြင္းေရးမွဴးအဖြဲ႕နဲ႔ ဦး ေဆာင္ခုိင္းတယ္ဆုိတာ ဘယ္လို

လဲဆိုတာ ေဆးၿမီးတုိနဲ႔ ကုသလုိပဲ ။တကယ္တမ္းက်ေတာ့ အမ်ိဳး သားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ပါတီရဲ႕ စည္းမ်ဥ္းအတုိင္း ဒီမိုကေရစီ နည္းက်ျပန္ၿပီး ဖဲြ႕စည္းႏုိင္ဖုိ႔လို တယ္။ ပါတီ၀င္ထုအမ်ားစုရဲ႕ ေထာက္ခံမႈကုိ ရတဲ့ သူေတြက ပါတီကိုဦးေဆာင္ဖို႔ လိုအပ္တယ္။ ဆုိလိုခ်င္တဲ့ သေဘာက လက္ရိွ အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ဗဟုိအလုပ္အမႈေဆာင္အဖြဲ႕၀င္ အားလံုးဟာ ေရြးေကာက္ခံေတြ မဟုတ္ဘူး။ ေဒၚေအာင္ဆန္းစု ၾကည္က ခန္႔အပ္ထားတဲ့သူေတြ ျဖစ္တယ္။ အဲဒီအေျခအေနႀကီး ကို ေျပာင္းလဲႏုိင္ဖို႔ လိုအပ္တယ္’’ ဟု ႏုိင္ငံေရးေလ့လာသံုးသပ္သူ ေဒါက္တာ ရန္မ်ိဳးသိမ္းက ေျပာ သည္။

ေဒၚေအာင္ဆန္းစုၾကည္က သူကိုယ္စားပါတီကို ဦးေဆာင္မႈ ေပးႏိုင္မည့္ အတြင္းေရးမွဴးအဖြဲ႕ ဖြဲ႕စည္းေပးရာတြင္ ႏိုင္ငံေရးအရ ၀ါရင့္သူမ်ား ပါ၀င္ေသာ္လည္း ရွမ္းျပည္နယ္အေရးကို ၾကည့္ျခင္းအားျဖင့္ အဖြဲ႕၀င္မ်ားၾကား ခ်ိတ္ဆက္လုပ္ေဆာင္မႈ အားနည္းေနျခင္းကို ေတြ႕ရသည္ဟု ရွမ္းတိုင္းရင္းသားမ်ားဒီမုိကရက္တစ္ပါတီမွ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးရဲထြန္းက သံုးသပ္သည္။

‘‘အခု ဦး၀င္းထိန္လုပ္သြား တဲ့ပံုစံက သူတို႔ရဲ႕ တျခားဗဟိုအ လုပ္အမႈေဆာင္ေတြမသိဘူး။ သူ က ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမိန္႔ေတာင္းခဲ့ၿပီး လုပ္သလိုမ်ဳိး ေျပာသြားတာ။ ဒါက ပါတီရဲ႕ ေရ ရွည္အနာဂတ္အတြက္ အႏၲရာယ္ ရွိတယ္’’ဟု ဦးရဲထြန္းက ဆိုသည္။

ႏိုင္ငံေရးေလ့လာသံုးသပ္သူ ေဒါက္တာရန္မ်ဳိးသိမ္းကလည္း ပါတီေခါင္းေဆာင္မ်ားအေနျဖင့္ ပါတီေရးရာမ်ားကို ႏိုင္ငံေရးအ ျမင္၊ စည္း႐ုံးေရးအျမင္၊ ဒီမိုကေရ စီနည္းက်ေသာ လုပ္နည္းလုပ္ဟန္မ်ားျပဳလုပ္ရမည္ျဖစ္ကာ ယင္း အေျခအေနမ်ားကင္းမဲ့လာပါက ေအာက္ေျခပါတီ၀င္မ်ား စိတ္ ပ်က္လာေစမည္ဟုသံုးသပ္သည္။

အာဏာရွင္ဖိႏွိပ္မႈေအာက္ တြင္ လက္တြဲမျဖဳတ္ဘဲ ပါတီကို ၀န္းရံခဲ့သူမ်ားၾကား ပါတီတြင္း ျပႆနာမ်ားကို ဒီမိုကေရစီနည္း က်မေျဖရွင္းပါက လူၾကား၍ မ ေကာင္းေၾကာင္း ပါတီ၀င္သက္ ၁၆ ႏွစ္ခန္႔ရွိသူ တိုက္ႀကီးၿမိဳ႕နယ္အလုပ္အမႈေဆာင္ေဟာင္း ဦးစိုင္းမင္းသိန္းက ၎၏ ခံစားခ်က္ကို ေျပာသည္။

ရွမ္းျပည္နယ္တြင္ အေရးယူ ခံခဲ့ရသည့္ ပါတီ၀င္မ်ားသည္ ဒီမို ကေရစီခရီးၾကမ္းကို ဒီခ်ဳပ္ႏွင့္အ တူ ႀကံ႕ႀကံ႕ခံေလွ်ာက္လွမ္းခဲ့ၾကသူမ်ားျဖစ္ၿပီး ၎တို႔အေပၚလြယ္ လင့္တကူ ဆံုးျဖတ္အေရးယူျခင္း သည္ ေခါင္းေဆာင္ပိုင္း၏ အား နည္းခ်က္ျဖစ္ကာ ပါတီအတြင္းမ ေက်လည္မႈမ်ားရွိသူကလည္း လူ အမ်ားစုသံုးသည့္ လူမႈကြန္ရက္ မ်ားတြင္ ရင္ဖြင့္ေရးသားျခင္း ထက္ ပါတီေခါင္းေဆာင္မ်ားထံ ပြင့္ပြင့္လင္းလင္းတင္ျပေဆြးေႏြး ျခင္းကို လုပ္ေဆာင္သင့္သည္ဟု ႏိုင္ငံေရးေလ့လာသူမ်ားက ဆိုၾက သည္။

‘‘အာဏာရွင္စနစ္ကို မႀကိဳက္လို႔ ျပည္သူေတြက မဲေပးခဲ့တာပါ။ လူထုက ေရြးခ်ယ္ထား တဲ့အတြက္ ပါတီက ဘာပဲလုပ္လုပ္ လူထုကို မ်က္ႏွာမူရမယ္။ လူထုအျမင္မွားခံလို႔မရဘူး။ အခ်ိန္မီျပင္ၾကဖို႔ လိုပါၿပီ’’ဟု ေဒါက္တာ ရန္မ်ဳိးသိမ္းက ေျပာသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဒီချုပ်ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန် တောင်ကြီးမြို့တွင် အစည်းအဝေးလုပ်နေစဉ် (ဓာတ်ပုံ - တောင်ကြီးခရိုင်အင်န်အယ်လ်ဒီ)

မြန်မာ့ဒီမိုကရေစီအရေးအတွက် နှစ်ပေါင်း သုံးဆယ်ခန့် တိုက် ပွဲဝင်လာသော အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် (ဒီချုပ်)သည် ပါတီတွင်း ဒီမိုကရေစီကျင့်သုံးမှုအား နည်းလာနေသည်ဟု ဝေဖန်ခံရ သံများ ကျယ်လောင် လာခဲ့သည်။ အဆိုပါအသံများသည် ဒီချုပ်ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ် သူ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်၏ ရှမ်းပြည်နယ် ခရီးစဉ်အပြီးတွင် ပိုမိုကျယ်လောင်လာ ခဲ့သည်။


ရွေးကောက်ပွဲအပြီး လစ် လပ်နေသော ပါတီတွင်းနေရာ များကို အင်အားဖြည့်ဆည်းရန် ဦးဝင်းထိန်သည် ယခုလဆန်း ပိုင်းက ရှမ်းပြည်နယ်သို့ ခရီးထွက် ခဲ့သည်။ ခရီးစဉ်အတွင်း တောင် ကြီးခရိုင် ဒီချုပ်ဥက္ကဋ္ဌ ဦးတင် မောင်တိုး၏ ဖေ့စ်ဘွတ်ခ်တွင် ပါတီနှင့်ပတ်သက်သည့် မကျေ နပ်ချက်ကို ရေးသားသည်ဟုဆို ကာ ဦးတင်မောင်တိုးကို နှုတ်မိန့် ဖြင့် ထုတ်ပယ်လိုက်သည်။

ထု့ိအပြင် ရှမ်းပြည်နယ် ဒီချုပ်ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးသည်လည်း ရွေးကောက်ပွဲကာလတွင် စည်းရုံးရေးလုပ်ငန်းများ ထိရောက်စွာ မလုပ်ဆောင်သည့်အပြင် အဖွဲ့အစည်းတစ်ခုတွင် ပါဝင် ဆောင်ရွက်၍ ပြည်နယ်အစည်း အဝေးခေါ်ကာ ခရီးစဉ်အတွင်း ပင် ၎င်းကိုရာထူးမှ ထုတ်ပယ်ခဲ့ သည်။

ဦးဝင်းထိန်၏ အဆိုပါလုပ် ရပ်များကြောင့် အရေးယူခံရသူ များက အာဏာရှင်ဆန်နေ ကြောင်း ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုကြသည်။

ဒီချုပ်ပါတီသည် ၂၀၁၀ အ ထွေထွေရွေးကောက်ပွဲအပြီး ဒေါ် အောင်ဆန်းစုကြည်နေအိမ်အ ကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်ပိုင်း ပါတီပြန်လည် တည်ဆောက်ရေး လုံးပန်းခဲ့ပြီး ၂၀၁၃အတွင်း နိုင်ငံလုံးဆိုင်ရာညီလာခံကို ကျင်းပနိုင်ခဲ့သည်။ အဆိုပါညီလာခံသည် ပါတီစတင်တည်ထောင်ခဲ့သည့် အချိန်မှ နှစ်ပေါင်း နှစ်ဆယ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ် ကျင်းပခြင်းလည်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ကြသည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ကပင် ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို မဲပေးရွေးချယ်ခြင်း မပြုလုပ်တော့ဘဲ စိတ်ချယုံကြည်ရမည့်သူများဖြင့် ဖွဲ့စည်းလိုက်သည်။ အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွင် ပါတီဥက္ကဋ္ဌနှင့်  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသာ ပါဝင်ကာ အတွင်းရေးမှူးနေရာ ပါဝင်မလာတော့ပေ။

အသစ်ပြန်လည်ဖွဲ့စည်းခဲ့ သည့် ဗဟိုအလုပ်အမှုဆောင်အ ဖွဲ့တွင် ပါတီဥက္ကဋ္ဌနှင့် ဗဟိုအ လုပ်အမှုဆောင်အဖွဲ့ဝင်များသာ ပါဝင်ကာ အတွင်းရေးမှူးနေရာ မပါလာတော့ပေ။

ထို့စဉ်ကပင် ဗဟိုအလုပ်အ မှုဆောင်အဖွဲ့ ဖွဲ့စည်းသည့်ပုံစံ ကို ဝေဖန်မှုအချို့ရှိခဲ့ပြီး အဖွဲ့ဝင် များအား မဲပေးရွေးချယ်ခြင်းမပြု ခဲ့ခြင်းကို အားနည်းချက်အဖြစ် ထောက်ပြခဲ့ကြသည်။

‘‘ညီလာခံကို တော်ဝင်နှင်း ဆီမှာ လုပ်ပြီးတော့ ကဖျက်ယ ဖျက်နဲ့ ကမန်းကတန်းလုပ်ပြီး တော့ ပြီးသွားတာ စနစ်မကျဘူး။ အဲဒါကတော့ တစ်ပိုင်းပေါ့။ နီးစပ်ရာသူကို ရှောင်တခင်တာဝန်ပေး တာမျိုးတော့ အဖွဲ့အစည်းမှာ မရှိသင့်ဘူး။ ပြီးတော့ လုပ်ပိုင်ခွင့်ကဘယ်လောက်အတိုင်းအတာရှိ မှန်းလဲမသိဘူး။ နီးစပ်ရာလူကပဲ လုပ်နေရင်လည်း သဘာဝမကျ ဘူး။  အဲဒါကြောင့်မို့ နိုင်ငံရေးအဖွဲ့အစည်းဆိုတာ အဖွဲ့အစည်းထဲမှာ အကြီးဆုံးပဲ။ တစ်ပြည်လုံးရှိတာ ကို တိကျတဲ့ စည်းမျဉ်းစည်းကမ်း တွေ အမြန်ဆုံးလိုနေတယ်။ ဒါမှ မဟုတ် ဒီလိုပဲအလွယ်တကူ လျှောက်လုပ်နေရင် ဒီအဖွဲ့အ စည်းပျက်မှာပဲ’’ဟု ၂၀၁၃ အထိ ပါတီတွင် ပါဝင်ခဲ့သူ ရန်ကုန်တိုင်း တာဝန်ခံဟောင်း ဦးစောနိုင်းနိုင်း က ပြောသည်။

ပါတီဝင်တစ်ဦးကို အရေးယူမည်ဆိုပါက ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်လိုသော်လည်း ယခုလုပ်ရပ်များ သည် ဦးဝင်းထိန်၏ ဆုံးဖြတ်  ချက်သာဖြစ်သည်ဟု အရေးယူခံ ရသူများက ထောက်ပြကြသည်။

ဦးဝင်းထိန်၏ နှုတ်မိန့်ဖြင့် အရေးယူခဲ့မှုကို ရှမ်းပြည်နယ် တာဝန်ခံဗဟိုအလုပ်အမှုဆောင် ဦး ထွန်းထွန်းဟိန်ထံသို့ 7Day NewsJournal က ဆက်သွယ်မေးမြန်း ရာ ၎င်းသည် နေပြည်တော်တွင် ရှိနေသဖြင့် အဆိုပါကိစ္စကို မသိဟု ပြန်လည်ဖြေကြားခဲ့သည်။ ယင်းနည်းတူ ရန်ကုန်မြို့ရှိ ဒီချုပ်ရုံး မှ ဗဟိုအလုပ်အမှုဆောင် ဦး ဉာဏ်ဝင်းကလည်း မသိကြောင်း ဆိုသည်။

သို့သော်ရှမ်းပြည်နယ် ခရီး စဉ်မသွားမီကပင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံမှ ‘‘လုပ်စရာရှိတာ ပြတ်ပြတ်သား သားလုပ်ခဲ့ပါ’’ဆိုသည့် အကြံပြု ချက်ကို ရရှိပြီးဖြစ်ကြောင်း ၎င်း ၏ လုပ်ဆောင်ချက်များနှင့် ပတ် သက်၍ ဦးဝင်းထိန်က ထုတ်ဖော် ပြောဆိုသည်။

‘‘ဒီလိုစည်းကမ်းကိစ္စမှာ အာ ဏာရှင်မဆန်လို့မရဘူး။ ကျွန် တော်တာဝန်ယူပြီး လုပ်ရတာ အာဏာရှင် ဆန်တယ်ဆိုရင် လည်း ဆန်တယ်ပေါ့’’ဟု ၎င်းက ဝေဖန်နေမှုများကို ပြန်လည်တုံ့ ပြန်ပြောဆိုခဲ့သည်။

ဦးဝင်းထိန်၏ လုပ်ရပ်နှင့် ပတ်သက်၍ မည်သို့ပင်ဝေဖန်မှု များရှိနေစေကာမူ ယခုလ ၁၁ ရက်တွင် ပြုလုပ်သည့် ဒီချုပ်ဗဟိုအ လုပ်အမှုဆောင်အဖွဲ့အစည်းအ ဝေး၌ ရှမ်းပြည်နယ်မှ ထုတ်ပယ် ခံရသူများကိစ္စကို သဘောတူ အတည်ပြုလိုက်သည်။

‘‘အင်န်အယ်လ်ဒီက ကျွန် တော်တို့ တွေ့မိသလောက် ခေါင်းဆောင်ပိုင်းမှာ တာဝန်သီးသန့် ပိုင်းခွဲဝေယူထားတာမျိုး အားနည်းတယ်။ ကြုံသလို လုပ်နေသမျိုးပဲ’’ ဟု ၁၉၉၀ ရွေးကောက်ခံ အမတ်တစ်ဦးဖြစ်သူ ဒေါက်တာ ဇော်မြင့် က ပြောသည်။

ဝေဖန်မှုများ ကြုံရသူ ဦးဝင်း ထိန်သည် ဒီချုပ်၏ ဝါရင့်ထိပ်ပိုင်း ခေါင်းဆောင်ဖြစ်ပြီး ဒေါ်အောင် ဆန်းစုကြည်၏ လုံခြုံရေးတာဝန်ခံ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ သူတစ်ဦးလည်းဖြစ်သည်။ ၎င်းသည် ရွေးကောက်ပွဲအပြီး ကာလကစ၍ သတင်းမီဒီယာအချို့အား ဖြေကြားရာတွင် ဆက်ဆံရေး အဆင်မပြေကြောင်း ဝေဖန်ခံနေ ရသူလည်းဖြစ်သည်။

ပါတီတွင်းဒီမိုကရေစီကျင့် သုံးမှုအားနည်းပြီး အာဏာရှင် ဆန်ကြောင်း ဝေဖန်မှုကို ဒီချုပ်က ခံနေရချိန်တွင် အဓိကပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုး)က ဗဟို ချုပ်ကိုင်မှုကို လျှော့ချရန် ကြိုး ပမ်းလာသည့်ပုံရိပ်များကို တွေ့မြင်လာရသည်။

မကြာသေးမီက ဖေ့စ်ဘွတ်ခ်တွင် ထွက်ပေါ်လာသော ရုုပ်သံ ဖိုင်တစ်ခု၌ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌသစ် ဦးသန်းဌေးက ပါတီ ဝင်များအား နိုင်ငံအတွင်း သဘာ၀ ဘေးအန္တရာယ်တစ်ခုခုကြုံလာပါ က ပါတီဌာနချုပ်၏ ညွှန်ကြား ချက်ကို မစောင့်ဆိုင်းဘဲ အကူ အညီပေးကြရန် မှာကြားခဲ့သည်။

ပြည်ခိုင်ဖြိုးသည် ပါတီ ခေါင်းဆောင်ပိုင်းကို လူသစ်များ ဖြင့် အပြောင်းအလဲပြုလုပ်ကာ လာမည့် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲတွင် အနိုင်ရရေးအ တွက် လူထုထောက်ခံမှုရရန် အင် တိုက်အားတိုက်လုံ့လစိုက်နေ ခြင်းဖြစ်သည်။

‘‘ပြိုင်ဘက်ပါတီက အနိုင် ပြန်ရရေး ကြိုးပမ်းနေတဲ့အချိန်မှာ လူထုထောက်ခံမှု ရထားတဲ့ပါတီ က လုပ်နည်းကိုင်နည်းအလွဲတွေ တွေ့လာရတယ်။ အဲဒါတွေကို အချိန်မီပြင်မှ ရလိမ့်မယ်’’ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက် တာ ရန်မျိုးသိမ်းက ဆိုသည်။

ဒီမိုကရေစီအရေးအတွက် အနစ်နာခံဆောင်ရွက်ခဲ့သော ဒီချုပ်ပါတီသည် ပါတီဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်အပေါ် လူထု က အလုံးအရင်းဖြင့် ထောက်ခံမှု ကြောင့် ရွေးကောက်ပွဲတွင် အ ပြတ်အသတ်အနိုင်ရကာ အစိုးရ ဖွဲ့နိုင်ခဲ့ခြင်းဖြစ်သည်။

အတိုက်အခံကာလက ပါတီကို ဒေါ်အောင်ဆန်းစုကြည်က ဦး ဆောင်လမ်းညွှန်မှုများ ပြုလုပ်ခဲ့ သော်လည်း အစိုးရအဖွဲ့တွင် ၎င်းပါဝင်သွားပြီးနောက် အခြေခံဥပဒေ၏ တားမြစ်ချက်အရ ပါတီလုပ်ငန်းများထဲထဲဝင်ဝင်လုပ်ပိုင်ခွင့် မရတော့ပေ။

ထို့ကြောင့် ဒေါ်အောင်ဆန်း စုကြည်ကိုယ်စား ပါတီကို ဦး ဆောင်နိုင်ရန် ဒီချုပ် ဗဟိုအလုပ်အမှုဆောင်များထဲမှ ငါးဦးကို ရွေးချယ်ကာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အတွင်းရေးမှူး အဖွဲ့အဖြစ် ဖွဲ့စည်းခဲ့သည်။

အဆိုပါအဖွဲ့တွင် ဦးဝင်း ထိန်၊ ဦးဝင်းမြင့် (ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ)၊ ဒေါက်တာ ဇော်မြင့် မောင် (မန္တလေးတိုင်းဒေသဝန် ကြီးချုပ်)၊ ဦးဉာဏ်ဝင်းနှင့် ဦးဟံ သာမြင့်တို့ ပါဝင်ကြသည်။

‘‘တကယ်တမ်းကျတော့ ပါတီကို အတွင်းရေးမှူးအဖွဲ့နဲ့ ဦး ဆောင်ခိုင်းတယ်ဆိုတာ ဘယ်လို

လဲဆိုတာ ဆေးမြီးတိုနဲ့ ကုသလိုပဲ ။တကယ်တမ်းကျတော့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ စည်းမျဉ်းအတိုင်း ဒီမိုကရေစီ နည်းကျပြန်ပြီး ဖွဲ့စည်းနိုင်ဖို့လို တယ်။ ပါတီဝင်ထုအများစုရဲ့ ထောက်ခံမှုကို ရတဲ့ သူတွေက ပါတီကိုဦးဆောင်ဖို့ လိုအပ်တယ်။ ဆိုလိုချင်တဲ့ သဘောက လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အားလုံးဟာ ရွေးကောက်ခံတွေ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစု ကြည်က ခန့်အပ်ထားတဲ့သူတွေ ဖြစ်တယ်။ အဲဒီအခြေအနေကြီး ကို ပြောင်းလဲနိုင်ဖို့ လိုအပ်တယ်’’ ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြော သည်။

ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်စားပါတီကို ဦးဆောင်မှု ပေးနိုင်မည့် အတွင်းရေးမှူးအဖွဲ့ ဖွဲ့စည်းပေးရာတွင် နိုင်ငံရေးအရ ဝါရင့်သူများ ပါဝင်သော်လည်း ရှမ်းပြည်နယ်အရေးကို ကြည့်ခြင်းအားဖြင့် အဖွဲ့ဝင်များကြား ချိတ်ဆက်လုပ်ဆောင်မှု အားနည်းနေခြင်းကို တွေ့ရသည်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက သုံးသပ်သည်။

‘‘အခု ဦးဝင်းထိန်လုပ်သွား တဲ့ပုံစံက သူတို့ရဲ့ တခြားဗဟိုအ လုပ်အမှုဆောင်တွေမသိဘူး။ သူ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမိန့်တောင်းခဲ့ပြီး လုပ်သလိုမျိုး ပြောသွားတာ။ ဒါက ပါတီရဲ့ ရေ ရှည်အနာဂတ်အတွက် အန္တရာယ် ရှိတယ်’’ဟု ဦးရဲထွန်းက ဆိုသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကလည်း ပါတီခေါင်းဆောင်များအနေဖြင့် ပါတီရေးရာများကို နိုင်ငံရေးအ မြင်၊ စည်းရုံးရေးအမြင်၊ ဒီမိုကရေ စီနည်းကျသော လုပ်နည်းလုပ်ဟန်များပြုလုပ်ရမည်ဖြစ်ကာ ယင်း အခြေအနေများကင်းမဲ့လာပါက အောက်ခြေပါတီဝင်များ စိတ် ပျက်လာစေမည်ဟုသုံးသပ်သည်။

အာဏာရှင်ဖိနှိပ်မှုအောက် တွင် လက်တွဲမဖြုတ်ဘဲ ပါတီကို ဝန်းရံခဲ့သူများကြား ပါတီတွင်း ပြဿနာများကို ဒီမိုကရေစီနည်း ကျမဖြေရှင်းပါက လူကြား၍ မ ကောင်းကြောင်း ပါတီဝင်သက် ၁၆ နှစ်ခန့်ရှိသူ တိုက်ကြီးမြို့နယ်အလုပ်အမှုဆောင်ဟောင်း ဦးစိုင်းမင်းသိန်းက ၎င်း၏ ခံစားချက်ကို ပြောသည်။

ရှမ်းပြည်နယ်တွင် အရေးယူ ခံခဲ့ရသည့် ပါတီဝင်များသည် ဒီမို ကရေစီခရီးကြမ်းကို ဒီချုပ်နှင့်အ တူ ကြံ့ကြံ့ခံလျှောက်လှမ်းခဲ့ကြသူများဖြစ်ပြီး ၎င်းတို့အပေါ်လွယ် လင့်တကူ ဆုံးဖြတ်အရေးယူခြင်း သည် ခေါင်းဆောင်ပိုင်း၏ အား နည်းချက်ဖြစ်ကာ ပါတီအတွင်းမ ကျေလည်မှုများရှိသူကလည်း လူ အများစုသုံးသည့် လူမှုကွန်ရက် များတွင် ရင်ဖွင့်ရေးသားခြင်း ထက် ပါတီခေါင်းဆောင်များထံ ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေး ခြင်းကို လုပ်ဆောင်သင့်သည်ဟု နိုင်ငံရေးလေ့လာသူများက ဆိုကြ သည်။

‘‘အာဏာရှင်စနစ်ကို မကြိုက်လို့ ပြည်သူတွေက မဲပေးခဲ့တာပါ။ လူထုက ရွေးချယ်ထား တဲ့အတွက် ပါတီက ဘာပဲလုပ်လုပ် လူထုကို မျက်နှာမူရမယ်။ လူထုအမြင်မှားခံလို့မရဘူး။ အချိန်မီပြင်ကြဖို့ လိုပါပြီ’’ဟု ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top