Property Expo
×

လူတစ္ေယာက္နဲ႔ တစ္ေယာက္ ရင္းႏွီးမႈနည္းနည္းမွ မရွိပဲ ျမင္ျမင္းခ်င္း တန္းခ်စ္သြားဖုိ႔ဆုိတာ မျဖစ္ႏိုင္ဘူးလို႔ ထင္ေနတတ္ၾကပါတယ္။ ဒါဟာ ကေလးဘ၀က ၾကားခဲ့ရတဲ့ ပံုျပင္ေတြထဲမွာသာ မွန္ခ်င္မွန္ေနတယ္လုိ႔ေပါ့။ ဒါေပမယ့္ ျမင္ျမင္ခ်င္းအခ်စ္ကို ယံုၾကည္တဲ့သူေတြ ရွိေနတယ္ဆုိတာကိုလည္း ဘယ္လိုမွ ျငင္းလို႔မရပါဘူး။

ဘာျဖစ္လုိ႔လဲဆုိေတာ့ ၂၀၁၅ခုႏွစ္တုန္းက အေမရိကန္ႏိုင္ငံမွာ စစ္တမ္းေကာက္ခ်က္အရ အမ်ိဳးသမီး ၄၉ရာခိုင္ႏႈန္းနဲ႔ အမ်ိဳးသား ၅၉ ရာခိုင္ႏႈန္းဟာ ျမင္ျမင္ခ်င္းအခ်စ္ကို ယံုၾကည္တယ္ဆိုတဲ့အေၾကာင္း ဖြင့္ဟထားၾကလို႔ပါပဲ။ ဒါ့အျပင္ အမ်ိဳးသား ၄၁ရာခုိင္ႏႈန္းနဲ႔ အမ်ိဳးသမီး ၂၉ရာခုိင္ႏႈန္းဟာ ဆုိရင္ျဖင့္ သူတုိ႔ကိုယ္တုိင္ ဒီလိုအျဖစ္အပ်က္မ်ိဳး ႀကံဳခဲ့ဖူးတယ္လို႔ ဆိုထားပါတယ္။

The Wall Street Journal ကို Dr. Helen Fisher ေျပာထားတာက "အမ်ိဳးသားေတြဟာ အျမင္ပိုင္းကို အားကိုးတတ္ၾကတယ္။ သူတုိ႔ျမင္လိုက္တဲ့ အမ်ိဳးသမီးက ရုပ္ရည္သြင္ျပင္အရ သူတုိ႔ကို ဆြဲေဆာင္ႏိုင္တယ္ထားပါေတာ့။ အဲ့ဒီအခ်ိန္ သူတုိ႔စိတ္ထဲ ခ်စ္မိသြားတတ္ၾကတယ္။ ရွင္တုိ႔ထင္သလို ျမန္ျမန္ဆန္ဆန္ပါပဲ"တဲ့။

ဒါဟာ အခ်စ္ေရာ ဟုတ္ရဲ႕လားလို႔ ေမးခြန္းထုတ္စရာ ျဖစ္လာပါတယ္။ ဒါဟာ အမွန္ပါလို႔ Dr. Fisher က ထပ္ရွင္းထားပါေသးတယ္။ "ခ်စ္တာေရာ၊ သေဘာက်တာ၊ ႀကိဳက္တာပါ တစ္ျပိဳက္နက္ ျဖစ္ေပၚႏိုင္ပါတယ္။ စိတ္ကူးယဥ္ဆန္တဲ့အခ်စ္ ဆိုတာလည္း ခပ္ျမန္ျမန္ေလး ေပါက္ဖြားလာတတ္တာပါပဲ"လို႔ သူမက ေျပာသြားပါတယ္။

တစ္ေယာက္ရဲ႕ ခ်စ္ဇာတ္လမ္းက တစ္ျခားတစ္ေယာက္နဲ႔ မတူႏိုင္ေပမယ့္ ထူးျခားတဲ့ အေၾကာင္းအရာ၊ ဇာတ္လမ္းေလးေတြလညး္ ရွိေနတယ္ဆုိတာ မယံုလို႔ မရပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

လူတစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးမှုနည်းနည်းမှ မရှိပဲ မြင်မြင်းချင်း တန်းချစ်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်နေတတ်ကြပါတယ်။ ဒါဟာ ကလေးဘဝက ကြားခဲ့ရတဲ့ ပုံပြင်တွေထဲမှာသာ မှန်ချင်မှန်နေတယ်လို့ပေါ့။ ဒါပေမယ့် မြင်မြင်ချင်းအချစ်ကို ယုံကြည်တဲ့သူတွေ ရှိနေတယ်ဆိုတာကိုလည်း ဘယ်လိုမှ ငြင်းလို့မရပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၅ခုနှစ်တုန်းက အမေရိကန်နိုင်ငံမှာ စစ်တမ်းကောက်ချက်အရ အမျိုးသမီး ၄၉ရာခိုင်နှုန်းနဲ့ အမျိုးသား ၅၉ ရာခိုင်နှုန်းဟာ မြင်မြင်ချင်းအချစ်ကို ယုံကြည်တယ်ဆိုတဲ့အကြောင်း ဖွင့်ဟထားကြလို့ပါပဲ။ ဒါ့အပြင် အမျိုးသား ၄၁ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၂၉ရာခိုင်နှုန်းဟာ ဆိုရင်ဖြင့် သူတို့ကိုယ်တိုင် ဒီလိုအဖြစ်အပျက်မျိုး ကြုံခဲ့ဖူးတယ်လို့ ဆိုထားပါတယ်။

The Wall Street Journal ကို Dr. Helen Fisher ပြောထားတာက "အမျိုးသားတွေဟာ အမြင်ပိုင်းကို အားကိုးတတ်ကြတယ်။ သူတို့မြင်လိုက်တဲ့ အမျိုးသမီးက ရုပ်ရည်သွင်ပြင်အရ သူတို့ကို ဆွဲဆောင်နိုင်တယ်ထားပါတော့။ အဲ့ဒီအချိန် သူတို့စိတ်ထဲ ချစ်မိသွားတတ်ကြတယ်။ ရှင်တို့ထင်သလို မြန်မြန်ဆန်ဆန်ပါပဲ"တဲ့။

ဒါဟာ အချစ်ရော ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဒါဟာ အမှန်ပါလို့ Dr. Fisher က ထပ်ရှင်းထားပါသေးတယ်။ "ချစ်တာရော၊ သဘောကျတာ၊ ကြိုက်တာပါ တစ်ပြိုက်နက် ဖြစ်ပေါ်နိုင်ပါတယ်။ စိတ်ကူးယဉ်ဆန်တဲ့အချစ် ဆိုတာလည်း ခပ်မြန်မြန်လေး ပေါက်ဖွားလာတတ်တာပါပဲ"လို့ သူမက ပြောသွားပါတယ်။

တစ်ယောက်ရဲ့ ချစ်ဇာတ်လမ်းက တစ်ခြားတစ်ယောက်နဲ့ မတူနိုင်ပေမယ့် ထူးခြားတဲ့ အကြောင်းအရာ၊ ဇာတ်လမ်းလေးတွေလည်း ရှိနေတယ်ဆိုတာ မယုံလို့ မရပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top