Property Expo
×

Zara ဖက္ရွင္အဝတ္အစား ကုမၸဏီကို တည္ေထာင္သူ သူေဌးႀကီး အာမင္စီယိုေအာ္ေတဂါဟာ မိုက္ခ႐ိုေဆာ့ဖ္သေဌးႀကီး ဘီလ္ဂိတ္ကို ေက်ာ္လြန္ၿပီး ကမၻာ့အခ်မ္းသာဆံုးသူေဌးတစ္ေယာက္ ျဖစ္သြားခဲ့ပါတယ္။

ေအာ္ေတဂါရဲ႕ ခ်မ္းသာၾကြယ္ဝမႈဟာ တစ္ရက္တည္းမွာတင္ ႐ုတ္ခ်ည္းထိုးတက္သြားခဲ့လို႔ ဘီလ္ဂိတ္ထက္ေတာင္ ခ်မ္းသာသြားခဲ့တာပါ။  အေၾကာင္းရင္းကေတာ့ သူပိုင္ဆုိင္တဲ့ ကုမၸဏီရဲ႕ ရွယ္ယာေစ်းႏႈန္းေတြဟာ ၂.၅ ရာခိုင္ႏႈန္းေလာက္ ခ်က္ျခင္း ခုန္တက္သြားလို႔ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း ႏွစ္ရက္အၾကာ ေသာၾကာေန႔မွာေတာ့ ရွယ္ယာေစ်းႏႈန္းေတြ ျပန္က်သြားခဲ့ၿပီး ဘီလ္ဂိတ္ကတစ္ခါျပန္ကာ ကမၻာ့အခ်မ္းသာဆံုး သူေဌး ျဖစ္လာခဲ့ပါတယ္။

Zara ပိုင္ရွင္ ေအာ္ေတဂါဟာ ဥေရာပမွာ အခ်မ္းသာဆံုး သူေဌးတစ္ဦးျဖစ္ၿပီး လက္ရွိမွာ အေမရိကန္ေဒၚလာ ၇၇.၈ ဘီလီယံေလာက္ ၾကြယ္ဝယ္သူျဖစ္ေၾကာင္း Forbes မဂၢဇင္းက ေရးသားေဖာ္ျပပါတယ္။ ေသာၾကာေန႔ တစ္ေန႔တည္းမွာပဲ Zara သူေဌးႀကီးက ရွယ္ယာေစ်းႏႈန္းေတြေၾကာင့္ ကမၻာ့အခ်မ္းသာဆံုး သူေဌးအျဖစ္ နာရီပိုင္းေလာက္ ျပန္ေရာက္ခဲ့ပါေသးတယ္။

လုပ္ငန္းရွင္ႀကီး ေအာ္တီဂန္ဟာ မီးရထား လုပ္သားတစ္ဦးရဲ႕သားအျဖစ္ ေမြးဖြားလာၿပီး အခုေတာ့ ကမၻာ့အခ်မ္းသာဆံုး သူေဌးေတြနဲ႔ အၿပိဳင္အဆုိင္ ခ်မ္းသာေနသူ တစ္ဦးျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

Zara ဖက်ရှင်အဝတ်အစား ကုမ္ပဏီကို တည်ထောင်သူ သူဌေးကြီး အာမင်စီယိုအော်တေဂါဟာ မိုက်ခရိုဆော့ဖ်သဌေးကြီး ဘီလ်ဂိတ်ကို ကျော်လွန်ပြီး ကမ္ဘာ့အချမ်းသာဆုံးသူဌေးတစ်ယောက် ဖြစ်သွားခဲ့ပါတယ်။

အော်တေဂါရဲ့ ချမ်းသာကြွယ်ဝမှုဟာ တစ်ရက်တည်းမှာတင် ရုတ်ချည်းထိုးတက်သွားခဲ့လို့ ဘီလ်ဂိတ်ထက်တောင် ချမ်းသာသွားခဲ့တာပါ။  အကြောင်းရင်းကတော့ သူပိုင်ဆိုင်တဲ့ ကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်းတွေဟာ ၂.၅ ရာခိုင်နှုန်းလောက် ချက်ခြင်း ခုန်တက်သွားလို့ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း နှစ်ရက်အကြာ သောကြာနေ့မှာတော့ ရှယ်ယာဈေးနှုန်းတွေ ပြန်ကျသွားခဲ့ပြီး ဘီလ်ဂိတ်ကတစ်ခါပြန်ကာ ကမ္ဘာ့အချမ်းသာဆုံး သူဌေး ဖြစ်လာခဲ့ပါတယ်။

Zara ပိုင်ရှင် အော်တေဂါဟာ ဥရောပမှာ အချမ်းသာဆုံး သူဌေးတစ်ဦးဖြစ်ပြီး လက်ရှိမှာ အမေရိကန်ဒေါ်လာ ၇၇.၈ ဘီလီယံလောက် ကြွယ်ဝယ်သူဖြစ်ကြောင်း Forbes မဂ္ဂဇင်းက ရေးသားဖော်ပြပါတယ်။ သောကြာနေ့ တစ်နေ့တည်းမှာပဲ Zara သူဌေးကြီးက ရှယ်ယာဈေးနှုန်းတွေကြောင့် ကမ္ဘာ့အချမ်းသာဆုံး သူဌေးအဖြစ် နာရီပိုင်းလောက် ပြန်ရောက်ခဲ့ပါသေးတယ်။

လုပ်ငန်းရှင်ကြီး အော်တီဂန်ဟာ မီးရထား လုပ်သားတစ်ဦးရဲ့သားအဖြစ် မွေးဖွားလာပြီး အခုတော့ ကမ္ဘာ့အချမ်းသာဆုံး သူဌေးတွေနဲ့ အပြိုင်အဆိုင် ချမ်းသာနေသူ တစ်ဦးဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top