Property Expo
×

သမီးႏွစ္ေယာက္ အေမရိကန္စစ္တပ္ထဲဝင္ပါက ဂုဏ္ယူေနမွာျဖစ္ေပမဲ့ သူတုိ႕အတြက္လည္း စုိးရိမ္ေနမွာျဖစ္ေၾကာင္း သမၼတအုိဘားမားက ေျပာပါတယ္။

CNN သတင္းဌာနရဲ႕ အစီအစဥ္မွာ အေမရိကန္စစ္တပ္မွ အၿငိမ္းစားဗုိလ္မွဴးႀကီးတစ္ဦးရဲ႕ ေမးျမန္းမႈကုိ ျပန္လည္ ေျဖၾကားရာမွာ သမီးႏွစ္ေယာက္ျဖစ္တဲ့ အသက္ ၁၈ အ႐ြယ္ မာလီယာနဲ႕ အသက္ ၁၅ ႏွစ္အ႐ြယ္ ဆာ႐ွာတုိ႕ စစ္မႈထမ္းမယ္ဆုိလွ်င္ ဘာေျပာမလဲဆိုတဲ့ ေမးခြန္းကုိ သမၼတအုိဘားမားက ျပန္လည္ ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။

သမီးေတြ စစ္ထဲဝင္ခ်င္တယ္လုိ႕ ေျပာလာခဲ့ရင္ ခြင့္ျပဳမွာပါလုိ႕ အုိဘားမားက ဆုိပါတယ္။ စစ္သည္ေတြရဲ႕ စည္းကမ္းလုိက္နာမႈနဲ႕ တုိင္းျပည္ကို ခ်စ္ျမတ္ႏုိး စြန္႕လႊတ္လုိစိတ္ေတြက ၎အတြက္ အတုယူဖြယ္ရာ ျဖစ္တယ္လုိ႕လည္း သမၼတအုိဘားမားက ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

သမီးနှစ်ယောက် အမေရိကန်စစ်တပ်ထဲဝင်ပါက ဂုဏ်ယူနေမှာဖြစ်ပေမဲ့ သူတို့အတွက်လည်း စိုးရိမ်နေမှာဖြစ်ကြောင်း သမ္မတအိုဘားမားက ပြောပါတယ်။

CNN သတင်းဌာနရဲ့ အစီအစဉ်မှာ အမေရိကန်စစ်တပ်မှ အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦးရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားရာမှာ သမီးနှစ်ယောက်ဖြစ်တဲ့ အသက် ၁၈ အရွယ် မာလီယာနဲ့ အသက် ၁၅ နှစ်အရွယ် ဆာရှာတို့ စစ်မှုထမ်းမယ်ဆိုလျှင် ဘာပြောမလဲဆိုတဲ့ မေးခွန်းကို သမ္မတအိုဘားမားက ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

သမီးတွေ စစ်ထဲဝင်ချင်တယ်လို့ ပြောလာခဲ့ရင် ခွင့်ပြုမှာပါလို့ အိုဘားမားက ဆိုပါတယ်။ စစ်သည်တွေရဲ့ စည်းကမ်းလိုက်နာမှုနဲ့ တိုင်းပြည်ကို ချစ်မြတ်နိုး စွန့်လွှတ်လိုစိတ်တွေက ၎င်းအတွက် အတုယူဖွယ်ရာ ဖြစ်တယ်လို့လည်း သမ္မတအိုဘားမားက ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top