Kantharyar Centre
×

 ဟုိတယ္ႏွင့္ ခရီးသြား လုပ္ငန္းသင္တန္းဌာန (ရန္ကုန္)တြင္ ဟိုတယ္ဧည့္၀န္ေဆာင္မႈသင္တန္း ၁၀ ခုကို စက္တင္ဘာ ၁၉ ရက္၌ ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ဟုိတယ္ႏွင့္ခရီးသြားၫႊန္ၾကားမႈဦးစီးဌာနမွ သတင္းရရွိသည္။

ဟိုတယ္ဧည့္၀န္ေဆာင္မႈ သင္တန္းမ်ားကုိ အနိမ့္ဆံုး တကၠ သုိလ္၀င္တန္း၊ တကၠသိုလ္ဒုတိယ ႏွစ္ႏွင့္ ဘဲြ႕ရမ်ားတက္ေရာက္သင္ ၾကားႏုိင္ေၾကာင္း အဆုိပါဦးစီး ဌာနက ေၾကညာထားသည္။

သင္တန္းမ်ားကို မဂၤလာ ေတာင္ၫြန္႔ၿမိဳ႕နယ္ ကန္ရိပ္သာ လမ္းရွိ ဟုိတယ္ႏွင့္ ခရီးသြားလုပ္ ငန္းသင္တန္းဌာနတြင္ စက္တင္ ဘာ ၁၉ ရက္မွ ေအာက္တိုဘာ ၁၁ ရက္အထိ ဖြင့္လွစ္မည္ျဖစ္ သည္။

ဖြင့္လွစ္မည့္ သင္တန္းမ်ား မွာ ခရီးသြားလုပ္ငန္းကၽြမ္းက်င္မႈ ဆုိင္ရာ Travel Consultant ႏွင့္ Tour Operator သင္တန္း၊ ခရီး သြားလုပ္ငန္း ကၽြမ္းက်င္မႈဆုိင္ရာ Travel Agencies and Tour Operation သင္တန္း၊ ဧည့္ႀကိဳ လုပ္ငန္းသင္တန္း၊ အိပ္ခန္း ေဆာင္ ထိန္းသိမ္းေရးသင္တန္း၊ အစားအစာႏွင့္ အေဖ်ာ္ယမကာ ဧည့္ခံေကၽြးေမြးေရးသင္တန္း၊ အ စားအစာႏွင့္ အေဖ်ာ္ယမကာ ထုတ္လုပ္ေရးသင္တန္း၊ အေရွ႕ တုိင္းအစားအစာ ထုတ္လုပ္ေရး သင္တန္း၊ ဟိုတယ္ဆုိင္ရာ ႀကီး ၾကပ္ေရးသင္တန္း စာရင္းကိုင္ (စီမံ/ဘ႑ာ)၊ ဟိုတယ္ဆုိင္ရာ ႀကီးၾကပ္ေရးသင္တန္း အိပ္ခန္း ထိန္းမွဴး (အခန္းဌာနႀကီး)ႏွင့္ ဟို တယ္ဆုိင္ရာ ႀကီးၾကပ္ေရး သင္ တန္း၊ စားေသာက္ခန္းမွဴး (အစား အစာဌာနႀကီး)တို႔ကို ပို႔ခ်မည္ျဖစ္ သည္။ သင္တန္းတက္ေရာက္လို သူမ်ားသည္ မဂၤလာေတာင္ၫြန္႔ ၿမိဳ႕နယ္ ကန္ရိပ္သာလမ္းရွိ ဟို တယ္ႏွင့္ ခရီးသြားလုပ္ငန္းသင္ တန္းဌာနတြင္ ေလွ်ာက္လႊာ၀ယ္ ယူႏုိင္ၿပီး ဓာတ္ပံု တစ္ပံု၊ ပညာအ ရည္အခ်င္းမိတၱဴ၊ က်န္းမာေရး ေထာက္ခံစာႏွင့္ ရပ္ကြက္အုပ္ ခ်ဳပ္ေရးမွဴး႐ံုး ေထာက္ခံစာတို႔ကို ပူးတဲြတင္ျပရမည္ျဖစ္သည္။

 အဆိုပါ သင္တန္းမ်ားႏွင့္ ပတ္သက္၍ အေသးစိတ္အခ်က္ အလက္မ်ားကို ဟုိတယ္ႏွင့္ ခရီး သြားလုပ္ငန္းသင္တန္းဌာန (ဖုန္း ၀၁-၃၉၄၈၃၆) သို႔ ဆက္သြယ္ေမး ျမန္းႏုိင္ေၾကာင္း ဟိုတယ္ႏွင့္ ခရီး သြားၫႊန္ၾကားမႈဦးစီးဌာနက ေၾက ညာထားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းသင်တန်းဌာန (ရန်ကုန်)တွင် ဟိုတယ်ဧည့်ဝန်ဆောင်မှုသင်တန်း ၁၀ ခုကို စက်တင်ဘာ ၁၉ ရက်၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

ဟိုတယ်ဧည့်ဝန်ဆောင်မှု သင်တန်းများကို အနိမ့်ဆုံး တက္က သိုလ်ဝင်တန်း၊ တက္ကသိုလ်ဒုတိယ နှစ်နှင့် ဘွဲ့ရများတက်ရောက်သင် ကြားနိုင်ကြောင်း အဆိုပါဦးစီး ဌာနက ကြေညာထားသည်။

သင်တန်းများကို မင်္ဂလာ တောင်ညွန့်မြို့နယ် ကန်ရိပ်သာ လမ်းရှိ ဟိုတယ်နှင့် ခရီးသွားလုပ် ငန်းသင်တန်းဌာနတွင် စက်တင် ဘာ ၁၉ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ ဖွင့်လှစ်မည်ဖြစ် သည်။

ဖွင့်လှစ်မည့် သင်တန်းများ မှာ ခရီးသွားလုပ်ငန်းကျွမ်းကျင်မှု ဆိုင်ရာ Travel Consultant နှင့် Tour Operator သင်တန်း၊ ခရီး သွားလုပ်ငန်း ကျွမ်းကျင်မှုဆိုင်ရာ Travel Agencies and Tour Operation သင်တန်း၊ ဧည့်ကြို လုပ်ငန်းသင်တန်း၊ အိပ်ခန်း ဆောင် ထိန်းသိမ်းရေးသင်တန်း၊ အစားအစာနှင့် အဖျော်ယမကာ ဧည့်ခံကျွေးမွေးရေးသင်တန်း၊ အ စားအစာနှင့် အဖျော်ယမကာ ထုတ်လုပ်ရေးသင်တန်း၊ အရှေ့ တိုင်းအစားအစာ ထုတ်လုပ်ရေး သင်တန်း၊ ဟိုတယ်ဆိုင်ရာ ကြီး ကြပ်ရေးသင်တန်း စာရင်းကိုင် (စီမံ/ဘဏ္ဍာ)၊ ဟိုတယ်ဆိုင်ရာ ကြီးကြပ်ရေးသင်တန်း အိပ်ခန်း ထိန်းမှူး (အခန်းဌာနကြီး)နှင့် ဟို တယ်ဆိုင်ရာ ကြီးကြပ်ရေး သင် တန်း၊ စားသောက်ခန်းမှူး (အစား အစာဌာနကြီး)တို့ကို ပို့ချမည်ဖြစ် သည်။ သင်တန်းတက်ရောက်လို သူများသည် မင်္ဂလာတောင်ညွန့် မြို့နယ် ကန်ရိပ်သာလမ်းရှိ ဟို တယ်နှင့် ခရီးသွားလုပ်ငန်းသင် တန်းဌာနတွင် လျှောက်လွှာဝယ် ယူနိုင်ပြီး ဓာတ်ပုံ တစ်ပုံ၊ ပညာအ ရည်အချင်းမိတ္တူ၊ ကျန်းမာရေး ထောက်ခံစာနှင့် ရပ်ကွက်အုပ် ချုပ်ရေးမှူးရုံး ထောက်ခံစာတို့ကို ပူးတွဲတင်ပြရမည်ဖြစ်သည်။

 အဆိုပါ သင်တန်းများနှင့် ပတ်သက်၍ အသေးစိတ်အချက် အလက်များကို ဟိုတယ်နှင့် ခရီး သွားလုပ်ငန်းသင်တန်းဌာန (ဖုန်း ၀၁-၃၉၄၈၃၆) သို့ ဆက်သွယ်မေး မြန်းနိုင်ကြောင်း ဟိုတယ်နှင့် ခရီး သွားညွှန်ကြားမှုဦးစီးဌာနက ကြေ ညာထားသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top