Kantharyar Centre
×

ရန္ကုန္တုိင္းအတြင္း အိမ္ၿခံေျမ အေရာင္းအ၀ယ္ ျပဳ လုပ္သည့္အခါ အခြန္ေကာက္ခံ သည့္ တစ္ေပပတ္လည္ အိမ္ၿခံ ေျမစံႏႈန္းမ်ားကို ယခင္ႏႈန္းထားအတိုင္းသာ ေကာက္ခံမည္ဟုျပည္တြင္းအခြန္မ်ား ဦးစီးဌာနမွ သတင္းရရွိသည္။

‘‘အိမ္ၿခံေျမ အခြန္ႏႈန္းထား က အရင္ႏႈန္းထား အတုိင္းပဲ ေကာက္ပါမယ္။ ဒီႏွစ္မွာ ေျပာင္း လဲဖို႔မရွိပါဘူး’’ဟု ျပည္တြင္းအ ခြန္မ်ားဦးစီးဌာန၏ လက္ေထာက္ ၫႊန္ၾကားေရးမွဴးတစ္ဦးက ေျပာ သည္။အိမ္ၿခံေျမ အခြန္ႏႈန္းထား သတ္မွတ္ခ်က္မ်ားကို တစ္ႏွစ္ တစ္ႀကိမ္ ျပင္ဆင္ေျပာင္းလဲေရး ဆဲြေလ့ရွိၿပီး ၂၀၁၆ တြင္ ေကာက္ ခံမည့္ အခြန္ႏႈန္းထားမ်ားကို ေျမ ျပင္တြင္ အမွန္တကယ္ အေရာင္း အ၀ယ္ျဖစ္ေနသည့္ ႏႈန္းထားမ်ား အတိုင္း ေရးဆဲြသတ္မွတ္ထား ေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီး ဌာနမွ သိရသည္။

ထိုသုိ႔ ျပည္တြင္းအခြန္မ်ား ဦးစီးဌာနက ေရးဆဲြထားသည့္ အ ခြန္ႏႈန္းထားမ်ားကို ရန္ကုန္တုိင္း ေဒသႀကီးအတြင္းရွိ အိမ္ၿခံေျမ၀န္ ေဆာင္မႈအဖဲြ႕ႏွင့္ ျပန္လည္ညိႇႏိႈင္း ၿပီးမွ ၿပီးခဲ့သည့္သံုးလက ရန္ကုန္ တိုင္းေဒသႀကီး အစိုးရအဖဲြ႕ထံ တင္ျပထားခဲ့သည္။

လက္ရွိတြင္ ယခင္ႏႈန္းထား အတုိင္းသာ ေကာက္ခံမည္ျဖစ္ၿပီး ထိုသို႔ အခြန္ႏႈန္းထားမ်ား သတ္ မွတ္ထားေသာ္လည္္း အခြန္ေရွာင္ တိမ္းလိုသူမ်ားသည္ သက္ဆုိင္ရာ အခြန္ဌာနတြင္ တန္ဖိုးျဖတ္ျခင္း မရွိဘဲ အရပ္စာခ်ဳပ္မ်ားျဖင့္ အ ေရာင္းအ၀ယ္ျပဳလုပ္ျခင္းမ်ားရွိ ေနေၾကာင္း ျပည္တြင္းအခြန္မ်ား ဦးစီးဌာနမွ သိရသည္။

၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္ တြင္ ျမန္မာတစ္ႏုိင္ငံလံုးရွိ လုပ္ ငန္းအားလံုးမွအခြန္ က်ပ္ဘီလီယံ ၆,၀၀၀ ေက်ာ္ ေကာက္ခံရန္ လ်ာထားၿပီး ရန္ကုန္တုိုင္းရွိ လုပ္ငန္းအားလံုးမွ အခြန္ က်ပ္ဘီလီယံ ၅၅၀ ေကာက္ခံရန္ လ်ာထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ရန်ကုန်တိုင်းအတွင်း အိမ်ခြံမြေ အရောင်းအဝယ် ပြု လုပ်သည့်အခါ အခွန်ကောက်ခံ သည့် တစ်ပေပတ်လည် အိမ်ခြံ မြေစံနှုန်းများကို ယခင်နှုန်းထားအတိုင်းသာ ကောက်ခံမည်ဟုပြည်တွင်းအခွန်များ ဦးစီးဌာနမှ သတင်းရရှိသည်။

‘‘အိမ်ခြံမြေ အခွန်နှုန်းထား က အရင်နှုန်းထား အတိုင်းပဲ ကောက်ပါမယ်။ ဒီနှစ်မှာ ပြောင်း လဲဖို့မရှိပါဘူး’’ဟု ပြည်တွင်းအ ခွန်များဦးစီးဌာန၏ လက်ထောက် ညွှန်ကြားရေးမှူးတစ်ဦးက ပြော သည်။အိမ်ခြံမြေ အခွန်နှုန်းထား သတ်မှတ်ချက်များကို တစ်နှစ် တစ်ကြိမ် ပြင်ဆင်ပြောင်းလဲရေး ဆွဲလေ့ရှိပြီး ၂၀၁၆ တွင် ကောက် ခံမည့် အခွန်နှုန်းထားများကို မြေ ပြင်တွင် အမှန်တကယ် အရောင်း အဝယ်ဖြစ်နေသည့် နှုန်းထားများ အတိုင်း ရေးဆွဲသတ်မှတ်ထား ကြောင်း ပြည်တွင်းအခွန်များဦးစီး ဌာနမှ သိရသည်။

ထိုသို့ ပြည်တွင်းအခွန်များ ဦးစီးဌာနက ရေးဆွဲထားသည့် အ ခွန်နှုန်းထားများကို ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အိမ်ခြံမြေဝန် ဆောင်မှုအဖွဲ့နှင့် ပြန်လည်ညှိနှိုင်း ပြီးမှ ပြီးခဲ့သည့်သုံးလက ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားခဲ့သည်။

လက်ရှိတွင် ယခင်နှုန်းထား အတိုင်းသာ ကောက်ခံမည်ဖြစ်ပြီး ထိုသို့ အခွန်နှုန်းထားများ သတ် မှတ်ထားသော်လည်း အခွန်ရှောင် တိမ်းလိုသူများသည် သက်ဆိုင်ရာ အခွန်ဌာနတွင် တန်ဖိုးဖြတ်ခြင်း မရှိဘဲ အရပ်စာချုပ်များဖြင့် အ ရောင်းအဝယ်ပြုလုပ်ခြင်းများရှိ နေကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် မြန်မာတစ်နိုင်ငံလုံးရှိ လုပ် ငန်းအားလုံးမှအခွန် ကျပ်ဘီလီယံ ၆,၀၀၀ ကျော် ကောက်ခံရန် လျာထားပြီး ရန်ကုန်တိုင်းရှိ လုပ်ငန်းအားလုံးမှ အခွန် ကျပ်ဘီလီယံ ၅၅၀ ကောက်ခံရန် လျာထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top