Property Expo
×

 ဆီးရီးယားတြင္ ေထာက္ပံ့ေရး ယာဉ္တန္းတစ္ခု တိုက္ခုိက္ခံရမႈႏွင့္ ပတ္သက္ၿပီး အေမရိကန္က ျပင္းထန္စြာ ႐ႈတ္ခ်လုိက္သည္။


လူ႔အခြင့္အေရး အဖြဲ႕အစည္းမ်ား၏ အဆုိအရ ေအလက္ပို ၿမိဳ႕အနီးတြင္ စက္တင္ဘာ ၁၉ ရက္က လူသားခ်င္း စာနာမႈ ေထာက္ပံ့ေရး ယာဉ္တန္းတစ္ခု တိုက္ခုိက္ခံရၿပီး ၁၂ ဦး ေသဆံုးခဲ့ေၾကာင္း သိရသည္။ ကုလသမဂၢကလည္း ေအလက္ပိုအနီး အမ္းအယ္လ္ကူဘရာတြင္ ယာဉ္တန္း တိုက္ခိုက္ခံရေၾကာင္း အတည္ျပဳခဲ့ေသာ္လည္း အေသးစိတ္ အခ်က္အလက္မ်ားကို မေၾကညာခဲ့ေခ်။

ဆီးရီးယားအေရး ေစာင့္ၾကည့္သူမ်ားက အဆိုပါ ယာဉ္တန္းသည္ ေလေၾကာင္းမွ တိုက္ခိုက္ခံခဲ့ရျခင္းဟု ေျပာၾကားခဲ့သည္။ အေမရိကန္ႏွင့္ ႐ုရွားတို႔ ဦးေဆာင္ေဆြးေႏြးထားသည့္ အပစ္အခတ္ ရပ္စဲေရး သေဘာတူညီမႈ သက္တမ္းကုန္ၿပီးေနာက္ ယခုတိုက္ခုိက္မႈ ေပၚေပါက္လာျခင္း ျဖစ္သည္။

အေမရိကန္က ယခုယာဉ္တန္း တိုက္ခုိက္ခံရမႈအတြက္ ႐ုရွားႏွင့္ ပူးေပါင္းေျဖရွင္းႏုိင္ရန္ ေမွ်ာ္လင့္ေၾကာင္း ဆိုသည္။ အေမရိကန္ ႏုိင္ငံျခားေရး ဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရ အရာရွိ ဂၽြန္ကာဘီက “သတင္းရထားသေလာက္ေတာ့ ယာဉ္တန္းဟာ ဆီးရီးယား အစိုးရနဲ႔ ႐ုရွားတပ္ေတြ ထိန္းခ်ဳပ္ထားတဲ့ ဧရိယာဘက္ကို ဦးတည္ေနခဲ့တာ ျဖစ္ပါတယ္”ဟု ေျပာၾကားခဲ့သည္။

၎က “ဒီလူသားခ်င္း စာနာမႈ ေထာက္ပံ့ေရး လုပ္သားေတြဟာ ကယ္ဆယ္ေရး ပစၥည္းေတြကို ဆီးရီးယား ျပည္သူေတြဆီ ေဝငွေပးႏုိင္ဖုိ႔ ရည္ရြယ္လုပ္ေဆာင္ရင္း သတ္ျဖတ္ခံလုိက္ရတာပါ”ဟုလည္း ဆိုသည္။ ဆီးရီးယား လူ႔အခြင့္အေရး ေစာင့္ၾကည့္အဖြဲ႕က အဆိုပါ တိုက္ခုိက္မႈကို ႐ုရွား၊ သို႔မဟုတ္ ဆီးရီးယား အစိုးရ၏ တိုက္ေလယာဉ္မ်ားက ျပဳလုပ္ခဲ့ျခင္းဟု ဆိုသည္။ ဆီးရီးယားဘက္က ယင္းကို မည္သည့္မွတ္ခ်က္မွ် မေပးခဲ့ေခ်။

ယာဉ္တန္းတြင္ ေလာ္ရီကား ၃၁ စီး ပါဝင္ခဲ့ၿပီး အနည္းဆံုး ၁၈ စီးကို ထိမွန္ ပ်က္စီးေစခဲ့ေၾကာင္း ကုလသမဂၢ ေျပာေရးဆိုခြင့္ရ အရာရွိ တစ္ဦးက ဆိုသည္။ အဆိုပါ ယာဉ္တန္းသည္ စစ္ေဘးသင့္ျပည္သူ ၇၈၀၀၀ မွ်ကို ေထာက္ပံ့ေရး ပစၥည္းမ်ား ေပးပို႔ရန္ ရည္ရြယ္သြားေရာက္ျခင္း ျဖစ္သည္။

မ်က္ျမင္တစ္ဦးကမူ ေလယာဉ္မ်ားမွ ပစ္လႊတ္လုိက္သည့္ ဒံုးက်ည္ ငါးစင္းထိ ယာဉ္တန္းကို ထိမွန္ခဲ့ေၾကာင္း Reutersသို႔ ေျပာၾကားခဲ့သည္။ အဆုိပါ ယာဉ္တန္းသည္ ဆီးရီးယား လျခမ္းနီအသင္း၏ စင္တာတစ္ခုတြင္ ရပ္နားထားစဉ္ တိုက္ခုိက္ခံရျခင္းဟုလည္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ဆီးရီးယားတွင် ထောက်ပံ့ရေး ယာဉ်တန်းတစ်ခု တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး အမေရိကန်က ပြင်းထန်စွာ ရှုတ်ချလိုက်သည်။


လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ အဆိုအရ အေလက်ပို မြို့အနီးတွင် စက်တင်ဘာ ၁၉ ရက်က လူသားချင်း စာနာမှု ထောက်ပံ့ရေး ယာဉ်တန်းတစ်ခု တိုက်ခိုက်ခံရပြီး ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂကလည်း အေလက်ပိုအနီး အမ်းအယ်လ်ကူဘရာတွင် ယာဉ်တန်း တိုက်ခိုက်ခံရကြောင်း အတည်ပြုခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို မကြေညာခဲ့ချေ။

ဆီးရီးယားအရေး စောင့်ကြည့်သူများက အဆိုပါ ယာဉ်တန်းသည် လေကြောင်းမှ တိုက်ခိုက်ခံခဲ့ရခြင်းဟု ပြောကြားခဲ့သည်။ အမေရိကန်နှင့် ရုရှားတို့ ဦးဆောင်ဆွေးနွေးထားသည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု သက်တမ်းကုန်ပြီးနောက် ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အမေရိကန်က ယခုယာဉ်တန်း တိုက်ခိုက်ခံရမှုအတွက် ရုရှားနှင့် ပူးပေါင်းဖြေရှင်းနိုင်ရန် မျှော်လင့်ကြောင်း ဆိုသည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီက “သတင်းရထားသလောက်တော့ ယာဉ်တန်းဟာ ဆီးရီးယား အစိုးရနဲ့ ရုရှားတပ်တွေ ထိန်းချုပ်ထားတဲ့ ဧရိယာဘက်ကို ဦးတည်နေခဲ့တာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

၎င်းက “ဒီလူသားချင်း စာနာမှု ထောက်ပံ့ရေး လုပ်သားတွေဟာ ကယ်ဆယ်ရေး ပစ္စည်းတွေကို ဆီးရီးယား ပြည်သူတွေဆီ ဝေငှပေးနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်ရင်း သတ်ဖြတ်ခံလိုက်ရတာပါ”ဟုလည်း ဆိုသည်။ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က အဆိုပါ တိုက်ခိုက်မှုကို ရုရှား၊ သို့မဟုတ် ဆီးရီးယား အစိုးရ၏ တိုက်လေယာဉ်များက ပြုလုပ်ခဲ့ခြင်းဟု ဆိုသည်။ ဆီးရီးယားဘက်က ယင်းကို မည်သည့်မှတ်ချက်မျှ မပေးခဲ့ချေ။

ယာဉ်တန်းတွင် လော်ရီကား ၃၁ စီး ပါဝင်ခဲ့ပြီး အနည်းဆုံး ၁၈ စီးကို ထိမှန် ပျက်စီးစေခဲ့ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဆိုသည်။ အဆိုပါ ယာဉ်တန်းသည် စစ်ဘေးသင့်ပြည်သူ ၇၈၀၀၀ မျှကို ထောက်ပံ့ရေး ပစ္စည်းများ ပေးပို့ရန် ရည်ရွယ်သွားရောက်ခြင်း ဖြစ်သည်။

မျက်မြင်တစ်ဦးကမူ လေယာဉ်များမှ ပစ်လွှတ်လိုက်သည့် ဒုံးကျည် ငါးစင်းထိ ယာဉ်တန်းကို ထိမှန်ခဲ့ကြောင်း Reutersသို့ ပြောကြားခဲ့သည်။ အဆိုပါ ယာဉ်တန်းသည် ဆီးရီးယား လခြမ်းနီအသင်း၏ စင်တာတစ်ခုတွင် ရပ်နားထားစဉ် တိုက်ခိုက်ခံရခြင်းဟုလည်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top