Kantharyar Centre
×

 ေမွာ္ဘီၿမိဳ႕နယ္ ကိုးလံုးကြင္းေက်းရြာရွိ အထည္ခ်ဳပ္စက္႐ံုတစ္႐ံုတြင္ အထည္ပိတ္ျဖတ္သည့္သံခံုကို သယ္လာေသာ အမ်ိဳးသား ခုနစ္ဦး ဓာတ္လိုက္ခံရၿပီး အသက္(၂၅)ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦး ေသဆံုးခဲ့ေၾကာင္း သတင္းရရွိသည္။


ေမွာ္ဘီၿမိဳ႕နယ္ ကိုးလံုးကြင္း ေက်းရြာရွိ Great World Wide အထည္ခ်ဳပ္စက္႐ံုတြင္ စက္တင္ဘာ ဒုတိယပတ္အတြင္း အထည္ပိတ္ျဖတ္သည့္ သံခံုကို စက္႐ံုအျပင္ဘက္သို႔ သယ္ထုတ္ရာမွ ေကဘယ္ႀကိဳးျဖင့္ ခ်ိတ္မိကာ ဓာတ္လိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ေမွာ္ဘီၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး႐ံုးမွ ရဲအရာရွိတစ္ဦးက ဆိုသည္။

ေသဆံုးသူမွာ အသက္(၂၅)ႏွစ္အရြယ္ ၿဖိဳးကိုကိုဆိုသူျဖစ္ၿပီး အလ်ား ေပ ၅၀၊ အနံ ေျခာက္ေပခန္႔ရွိ အထည္ပိတ္ျဖတ္သံခံုကို အျခားဝန္ထမ္း ၃၀ ႏွင့္အတူ စက္႐ံုအျပင္သို႔ သယ္ထုတ္စဥ္ သံခံုေျခေထာက္က ေကဘယ္ႀကိဳးႏွင့္ ခ်ိတ္မိရာမွ ဓာတ္လိုက္ခံရျခင္းျဖစ္သည္။ ဓာတ္လိုက္ခံရသူ အမ်ိဳးသားခုနစ္ဦးခန္႔ရွိၿပီး က်န္ေျခာက္ဦးမွာ ပြန္း ပဲ့ဒဏ္ရာမ်ားသာ ရရွိခဲ့သျဖင့္ အင္းစိန္ေဆး႐ံုသို႔ တင္ပို႔ကုသခဲ့ရသည္။  ေသဆံုးမႈႏွင့္ ပတ္သက္၍ ေမွာ္ဘီၿမိဳ႕မရဲစခန္းက အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 မှော်ဘီမြို့နယ် ကိုးလုံးကွင်းကျေးရွာရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် အထည်ပိတ်ဖြတ်သည့်သံခုံကို သယ်လာသော အမျိုးသား ခုနစ်ဦး ဓာတ်လိုက်ခံရပြီး အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။


မှော်ဘီမြို့နယ် ကိုးလုံးကွင်း ကျေးရွာရှိ Great World Wide အထည်ချုပ်စက်ရုံတွင် စက်တင်ဘာ ဒုတိယပတ်အတွင်း အထည်ပိတ်ဖြတ်သည့် သံခုံကို စက်ရုံအပြင်ဘက်သို့ သယ်ထုတ်ရာမှ ကေဘယ်ကြိုးဖြင့် ချိတ်မိကာ ဓာတ်လိုက်ခဲ့ခြင်းဖြစ်ကြောင်း မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

သေဆုံးသူမှာ အသက်(၂၅)နှစ်အရွယ် ဖြိုးကိုကိုဆိုသူဖြစ်ပြီး အလျား ပေ ၅၀၊ အနံ ခြောက်ပေခန့်ရှိ အထည်ပိတ်ဖြတ်သံခုံကို အခြားဝန်ထမ်း ၃၀ နှင့်အတူ စက်ရုံအပြင်သို့ သယ်ထုတ်စဉ် သံခုံခြေထောက်က ကေဘယ်ကြိုးနှင့် ချိတ်မိရာမှ ဓာတ်လိုက်ခံရခြင်းဖြစ်သည်။ ဓာတ်လိုက်ခံရသူ အမျိုးသားခုနစ်ဦးခန့်ရှိပြီး ကျန်ခြောက်ဦးမှာ ပွန်း ပဲ့ဒဏ်ရာများသာ ရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံသို့ တင်ပို့ကုသခဲ့ရသည်။  သေဆုံးမှုနှင့် ပတ်သက်၍ မှော်ဘီမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top