Kantharyar Centre
×

တနသၤာရီတိုင္းေဒသႀကီး ၿမိတ္ၿမိဳ႕မွာ စက္တင္ဘာလ ၂၀ ရက္ေန႔ ညသန္းေခါင္ယံ အခ်ိန္မွာ ဖုန္းဆိုင္ေတြ၊ လူေနအိမ္နဲ႔ လက္ဖက္ရည္ဆိုင္ စားပြဲခံုေတြ၊ ေၾကာ္ျငာဆိုင္းဘုတ္ေတြကို ဖ်က္ဆီးခဲ့တဲ့ လူငယ္တစုကို ဖမ္းဆီးရမိၿပီလို႔ ရဲတပ္ဖြဲ႔၀င္တဦးက ေျပာပါတယ္။
တနသၤာရီၿမိဳ႕နယ္ရဲ႕ ႐ုိးရာဓေလ့တခုျဖစ္တဲ့ တေစၦမုန္႔ေကြ်းပြဲ ေဒသအေခၚ (ေခါသရပ္) ေန႔မွာ ၿမိတ္ၿမိဳ႕ေပၚရွိ ဖုန္းဆိုင္ေတြ၊ လက္ဖက္ရည္ဆိုင္ေတြနဲ႔ လူေနအိမ္မ်ားမွ အေရာင္း ေကာင္တာေတြ၊ စားပြဲေတြ၊ ဆိုင္းဘုတ္မ်ား၊ ပန္းအိုး စတဲ့ အရာ၀တၱဳမ်ားကို ခိုးယူဖ်က္ဆီးခဲ့တဲ့ လူငယ္တစုကို စက္တင္ဘာလ ၂၁ ရက္ေန႔က ရွာေဖြဖမ္းဆီး အေရးယူခဲ့ေၾကာင္း ၿမိတ္ၿမိဳ႕နယ္ရဲစခန္း႐ံုးမွ တာ၀န္က် ရဲတပ္ဖြဲ႔၀င္တဦးက ေျပာဆိုပါတယ္။

ၿမိတ္ၿမိဳ႕ ေခါသရပ္ေန႔မွာ ေမာ္ေတာ္ဆိုင္ကယ္နဲ႔ အုပ္စုဖြဲ႔ရမ္းကားခဲ့တဲ့ လူငယ္ေတြအနက္ လက္ရွိ မွာ ၇ ဦးကို ဖမ္းဆီးႏိုင္ခဲ့ၿပီး က်န္ ၄ ဦးက လြတ္ေျမာက္ေနတယ္လို႔ ဆုိပါတယ္။

အုပ္စုဖြဲ႔ရမ္းကားခဲ့တဲ့ လူငယ္ေတြကို လူႀကီးမင္းဖုန္းဆိုင္မွာ CCTV တပ္ဆင္ထားတဲ့ မွတ္တမ္းမွ ဓာတ္ပံုအရ ဖမ္းဆီးအေရးယူႏိုင္ခဲ့တာလုိ႔ ရဲတပ္ဖြဲ႔၀င္က ေျပာပါတယ္။

အုပ္စုဖြဲ႔ ရမ္းကားတဲ့ လူငယ္ေတြက ဆိုင္ကယ္ထဲမွ အသင့္ယူေဆာင္လာတဲ့ တုတ္နဲ႔ လူႀကီးမင္း ဖုန္းဆိုင္ရဲ အေရာင္းေကာင္တာ မွန္ပံုးေတြ ႐ိုက္ဖ်က္ခဲ့ေၾကာင္း ထြက္ဆိုခဲ့တဲ့အတြက္ ဥပေဒအရ အေရးယူႏိုင္ေရး ေဆာင္ရြက္ေနတယ္လို႔ ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ စက်တင်ဘာလ ၂၀ ရက်နေ့ ညသန်းခေါင်ယံ အချိန်မှာ ဖုန်းဆိုင်တွေ၊ လူနေအိမ်နဲ့ လက်ဖက်ရည်ဆိုင် စားပွဲခုံတွေ၊ ကြော်ငြာဆိုင်းဘုတ်တွေကို ဖျက်ဆီးခဲ့တဲ့ လူငယ်တစုကို ဖမ်းဆီးရမိပြီလို့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
တနင်္သာရီမြို့နယ်ရဲ့ ရိုးရာဓလေ့တခုဖြစ်တဲ့ တစ္ဆေမုန့်ကျွေးပွဲ ဒေသအခေါ် (ခေါသရပ်) နေ့မှာ မြိတ်မြို့ပေါ်ရှိ ဖုန်းဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေနဲ့ လူနေအိမ်များမှ အရောင်း ကောင်တာတွေ၊ စားပွဲတွေ၊ ဆိုင်းဘုတ်များ၊ ပန်းအိုး စတဲ့ အရာဝတ္တုများကို ခိုးယူဖျက်ဆီးခဲ့တဲ့ လူငယ်တစုကို စက်တင်ဘာလ ၂၁ ရက်နေ့က ရှာဖွေဖမ်းဆီး အရေးယူခဲ့ကြောင်း မြိတ်မြို့နယ်ရဲစခန်းရုံးမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တဦးက ပြောဆိုပါတယ်။

မြိတ်မြို့ ခေါသရပ်နေ့မှာ မော်တော်ဆိုင်ကယ်နဲ့ အုပ်စုဖွဲ့ရမ်းကားခဲ့တဲ့ လူငယ်တွေအနက် လက်ရှိ မှာ ၇ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ကျန် ၄ ဦးက လွတ်မြောက်နေတယ်လို့ ဆိုပါတယ်။

အုပ်စုဖွဲ့ရမ်းကားခဲ့တဲ့ လူငယ်တွေကို လူကြီးမင်းဖုန်းဆိုင်မှာ CCTV တပ်ဆင်ထားတဲ့ မှတ်တမ်းမှ ဓာတ်ပုံအရ ဖမ်းဆီးအရေးယူနိုင်ခဲ့တာလို့ ရဲတပ်ဖွဲ့ဝင်က ပြောပါတယ်။

အုပ်စုဖွဲ့ ရမ်းကားတဲ့ လူငယ်တွေက ဆိုင်ကယ်ထဲမှ အသင့်ယူဆောင်လာတဲ့ တုတ်နဲ့ လူကြီးမင်း ဖုန်းဆိုင်ရဲ အရောင်းကောင်တာ မှန်ပုံးတွေ ရိုက်ဖျက်ခဲ့ကြောင်း ထွက်ဆိုခဲ့တဲ့အတွက် ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top