Kantharyar Centre
×







Credit:Thit Htoo Lwin

#Unicode Version
ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး မှုနဲ့ အလိုရှိနေသူ တရားခံပြေး စူတိဖုန်း Suttiporn (၂၆ )နှစ်ကို စက်တင်ဘာလ (၆)ရက်နေ့နေ့လည်ပိုင်းမှာ ကန်ချန ဘူရီပြည် နယ်က သူပုန်းအောင်းနေတဲ့ နေရာကို ရဲနဲ့ စစ်တပ် အင်အား (၁၀၀)ပူးပေါင်းပြီး ပိတ်ဆို့ဖမ်းဆီးခဲ့ပါတယ်။

စူတိဖုန်းဟာ ပြီးခဲ့တဲ့ လက ရာဘ စိတ်ကြွဆေးပြား ( ၂၅၀၀၀ )နဲ့ အတူ ဖမ်းမိခဲ့တာကို အဖမ်းမခံဘဲ ရဲတွေကို သေနတ်နဲ့ ပစ်ခတ်ထွက်ပြေး လွတ်မြောက်သွားခဲ့သူ ဖြစ်ပါတယ်။


ယခုတကြိမ်မှာ တော့ သူပြေးမလွတ်တော့မှန်းသိသွားပြီး ဇနီးဖြစ်သူ ဦးခေါင်းကို သေနတ်နဲ့ ထောက်ထားပြီး ဓါးစားခံလုပ်ထားရင်း ထွက်ပြေးဘို့ ကြိုးစားခဲ့ပါတယ်။

ရဲနဲ့ စစ်တပ် ဝိုင်းပစ် လို့စူတိဖုန်းဟာ ကျည်ဆံအချက်ပေါင်းများစွာမှန်ပြီး သေဆုံးသွားခဲ့ပါပြီ ၊ သူဓါးစာခံလုပ်ထားတဲ့ သူ့ဇနီးကတော့ ကျည်ဆံ နှစ်ချက်ထိသွားပြီး အရေးပေါ် ဆေးရုံတင် ခဲ့ရပါတယ်။



 ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top