Kantharyar Centre
×

ေအာ္ဟစ္ေျပာဆိုရင္း ေသနတ္ထုတ္ခ်ိန္ေနသည့္ ရဲအရာရွိကို အုပ္ခ်ဳပ္ေရးမွဴးေရြးခ်ယ္ပြဲသို႔တက္ေရာက္ခဲ့သူတစ္ဦးက မွတ္တမ္းတင္ထားသည့္ဗီဒီယိုမွ ရယူထားေသာပံုတြင္ေတြ႕ရစဥ္ (Thurin Naymin/Facebook)

ဖားကန္႔ ရပ္ကြက္အုပ္ ခ်ဳပ္ေရးမွဴးေရြးခ်ယ္ပြဲတစ္ခုတြင္ေဒသခံမ်ားအား ေသနတ္ထုတ္ ခ်ိန္၍ ၿခိမ္းေျခာက္ခဲ့သည့္ ရဲအရာ ရွိကို စံုခံုဖြဲ႕စစ္ေဆးကာ ထိထိ ေရာက္ေရာက္အေရးယူမည္ျဖစ္ ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ဖားကန္႔ၿမိဳ႕နယ္ စံခါးေက်း ရြာတြင္ စက္တင္ဘာ ၆ ရက္က ျပဳလုပ္ေသာ ရပ္ကြက္အုပ္ခ်ဳပ္ ေရးမွဴးေရြးခ်ယ္ပြဲ၌ ေဒသတြင္း လံုၿခံဳေရးတာဝန္ယူထားေသာ အ မွတ္(၁၆) လံုၿခံဳေရးရဲတပ္ဖြဲ႕ခြဲမွ ဒုရဲအုပ္စိုးေဇာ္ေဇာ္က ေဆြးေႏြး ခ်ိန္အတြင္း ေသနတ္ထုတ္ခ်ိန္၍ ၿခိမ္းေျခာက္ခဲ့ျခင္းျဖစ္သည္။

၁၂ မိနစ္ေက်ာ္ ၾကာသည့္အဆိုပါ ဗီဒီယိုဖိုင္တြင္ ေက်းရြာ လူထုႏွင့္ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ မ်ားၾကား ေက်းရြာအုပ္ခ်ဳပ္ေရး အဖြဲ႕သစ္အတြက္ လူေရြးခ်ယ္ ေရး အျပန္အလွန္ ညႇိႏိႈင္းေနမႈမ်ားပါရွိသည္။ ယင္းျဖစ္စဥ္တြင္ အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္မ်ားႏွင့္ တစ္တန္းတည္းထုိင္ေနသည့္ အဆုိပါ ဒုရဲအုပ္က ေဆြးေႏြးျငင္းခံုမႈမ်ား ျဖစ္ေပၚလာခ်ိန္တြင္ ထိုင္ခံုမွ ႐ုတ္တရက္ထရပ္ကာ ပထမဆုံးခါးၾကားမွ ေသနတ္ကို ဆြဲထုတ္လိုက္သည္။ ထို႔ေနာက္ ေသနတ္ကို ၎ေရွ႕မွ စားေပၚပြဲသို႔ တင္ထားသည္။

ၿပီးေနာက္ ယခုအစည္းအ ေဝးပြဲအား လူထုက အသိေပးထားျခင္းမရွိေၾကာင္း၊ ယင္းသို႔ အသိ မေပးဘဲ လုပ္ကိုင္ခြင့္မရွိေၾကာင္း ေျပာဆိုၿပီးေနာက္ စားပြဲေပၚရွိေသ နတ္ကို ေကာက္ကိုင္ကာ တက္ ေရာက္လာသည့္ လူအုပ္ထဲမွ တစ္ဦးကို ထိုးခ်ိန္ကာ ေျပာဆိုခဲ့သည္။ ယင္းအေျခအေနတြင္ အုပ္ခ်ဳပ္ေရးအဖြဲ႕ထဲမွ အခ်ိဳ႕က ၎အား စိတ္ေလွ်ာ့ရန္ ဝိုင္းဝန္းေဖ်ာင္းဖ်ေနမႈမ်ား ႐ုပ္သံဖိုင္တြင္ ပါရွိသည္။ ထိုအခ်ိန္တြင္ တက္ေရာက္လာသည့္ ေက်းရြာလူထုသည္ ေခတၱၿငိမ္သက္သြားခဲ့သည္။

ယင္းဗီဒီယိုဖိုင္မွာ လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ခဲ့ၿပီး ႐ုပ္သံ၌ ဒုရဲအုပ္စိုးေဇာ္ေဇာ္က ၎ေရွ႕ရွိ လူ အခ်ိဳ႕ကို ေသနတ္ျဖင့္ ႏွစ္ႀကိမ္ခ်ိန္ခဲ့သည္မွာ ထင္ရွားသည္။ ၎၏ေရွ႕တြင္ အသက္(၅၀) ခန္႔ လူႀကီးမ်ားပါသကဲ့သို႔ ေသနတ္ခ်ိန္သည့္ဘက္၌ အသက္(၃)ႏွစ္အရြယ္ခန္႔ ကေလးတစ္ဦးလည္း ရွိေနသည္။

‘‘အစည္းအေဝးမွာ လက္ရွိ ရာအိမ္မွဴးကို မႀကိဳက္လို႔ အသစ္ တင္မယ့္သူကို ေျပာတယ္။ ဒါကို သူက ေဘာင္မဝင္ဘူးဆိုၿပီး ေသ နတ္ထုတ္ဆဲဆိုၿခိမ္းေျခာက္တယ္။ လက္ရွိ အုပ္ခ်ဳပ္ေရးမွဴးကလည္း သူတို႔နဲ႔ ပတ္သက္မႈရွိေနလို႔ ရြာသားေတြက မေက်နပ္တာပါ’’ ဟု ေမွာ္ပံုေက်းရြာေန အမ်ိဳးသား တစ္ဦးက ေျပာသည္။

ဒုရဲအုပ္စုိးေဇာ္ေဇာ္က ၎ သည္ ေဒသတြင္ တာဝန္ရွိသူတစ္ ဦးျဖစ္ၿပီး ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေရြးခ်ယ္ပြဲလုပ္သည္ကို အသိမ ေပးေသာေၾကာင့္ဟုဆိုကာ ေဒါသတႀကီး ေျပာဆိုေနသည္မ်ား ပါဝင္သည္။

အဆုိပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ကခ်င္ျပည္နယ္ ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီးထြန္းဦးက ‘‘အခု စံုစမ္းစစ္ေဆးေရးခံု႐ံုးဖြဲ႕စစ္ေနတယ္။ ၿပီးရင္ သက္ေသခံ အက်ဥ္းခ်ဳပ္၊ ၿပီးရင္ေတာ့ ရဲတရား႐ံုးေပါ့။ စံုခံုစစ္ေဆးၿပီး ျဖစ္စဥ္အမွန္အတုိင္း ထိထိေရာက္ေရာက္ အေရးယူၾကမွာပါ’’ဟု ဆိုသည္။

လက္ရွိတြင္ ဒုရဲအုပ္စိုးေဇာ္ ေဇာ္ကို ရာထူးမွ အနားေပးထား ၿပီး အျခားအရာရွိတစ္ဦးျဖင့္ အစားထိုးထားေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ဒုရဲအုပ္ စိုးေဇာ္ေဇာ္သည္ ဖားကန္႔ရဲစခန္းတြင္ တာဝန္က် ျခင္းမဟုတ္ဘဲ အမွတ္(၁၆)လံုၿခံဳ ေရးရဲတပ္ဖြဲ႕ခြဲမွ ျဖစ္သည္။ ဖား ကန္႔ေဒသတြင္ လံုၿခံဳေရးရဲတပ္ဖြဲ႕ ခြဲအမွတ္ (၁၆)ႏွင့္ (၃၀) က ၾသ ဂုတ္မွ စတင္ကာ လံုၿခံဳေရးတာဝန္ယူခဲ့ျခင္းျဖစ္သည္။

အစိုးရသစ္ လက္ထက္တြင္ ရဲတပ္ဖြဲ႕၏ ပံုရိပ္ေကာင္း တည္ ေဆာက္ကာ ျပည္သူလူထု အ ၾကား နာမည္ေကာင္းရရန္ စီမံ ခ်က္ခ်လုပ္ေဆာင္ေနစဥ္ ဒုရဲအုပ္ စိုးေဇာ္ေဇာ္၏ လုပ္ရပ္ေၾကာင့္ စိတ္ပ်က္ရေၾကာင္း ရဲတပ္ဖြဲ႕ဝင္ မ်ားက ေျပာၾကားသည္။

ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ဌာနခ်ဳပ္ ေျပာေရးဆိုခြင့္ရွိသူ ရဲမွဴးႀကီး  ေဇာ္ဝင္းေအာင္က ‘‘ဥပေဒမဲ့ လုပ္ရပ္ေတြ၊ လက္နက္ကိုင္ၿပီး ျပည္သူေရွ႕မွာ ဒီလိုျဖစ္တာကို အေရးယူ ရမွာပါ’’ ဟု ဆိုသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
အော်ဟစ်ပြောဆိုရင်း သေနတ်ထုတ်ချိန်နေသည့် ရဲအရာရှိကို အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲသို့တက်ရောက်ခဲ့သူတစ်ဦးက မှတ်တမ်းတင်ထားသည့်ဗီဒီယိုမှ ရယူထားသောပုံတွင်တွေ့ရစဉ် (Thurin Naymin/Facebook)

ဖားကန့် ရပ်ကွက်အုပ် ချုပ်ရေးမှူးရွေးချယ်ပွဲတစ်ခုတွင်ဒေသခံများအား သေနတ်ထုတ် ချိန်၍ ခြိမ်းခြောက်ခဲ့သည့် ရဲအရာ ရှိကို စုံခုံဖွဲ့စစ်ဆေးကာ ထိထိ ရောက်ရောက်အရေးယူမည်ဖြစ် ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖားကန့်မြို့နယ် စံခါးကျေး ရွာတွင် စက်တင်ဘာ ၆ ရက်က ပြုလုပ်သော ရပ်ကွက်အုပ်ချုပ် ရေးမှူးရွေးချယ်ပွဲ၌ ဒေသတွင်း လုံခြုံရေးတာဝန်ယူထားသော အ မှတ်(၁၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုရဲအုပ်စိုးဇော်ဇော်က ဆွေးနွေး ချိန်အတွင်း သေနတ်ထုတ်ချိန်၍ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

၁၂ မိနစ်ကျော် ကြာသည့်အဆိုပါ ဗီဒီယိုဖိုင်တွင် ကျေးရွာ လူထုနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင် များကြား ကျေးရွာအုပ်ချုပ်ရေး အဖွဲ့သစ်အတွက် လူရွေးချယ် ရေး အပြန်အလှန် ညှိနှိုင်းနေမှုများပါရှိသည်။ ယင်းဖြစ်စဉ်တွင် အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် တစ်တန်းတည်းထိုင်နေသည့် အဆိုပါ ဒုရဲအုပ်က ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပေါ်လာချိန်တွင် ထိုင်ခုံမှ ရုတ်တရက်ထရပ်ကာ ပထမဆုံးခါးကြားမှ သေနတ်ကို ဆွဲထုတ်လိုက်သည်။ ထို့နောက် သေနတ်ကို ၎င်းရှေ့မှ စားပေါ်ပွဲသို့ တင်ထားသည်။

ပြီးနောက် ယခုအစည်းအ ဝေးပွဲအား လူထုက အသိပေးထားခြင်းမရှိကြောင်း၊ ယင်းသို့ အသိ မပေးဘဲ လုပ်ကိုင်ခွင့်မရှိကြောင်း ပြောဆိုပြီးနောက် စားပွဲပေါ်ရှိသေ နတ်ကို ကောက်ကိုင်ကာ တက် ရောက်လာသည့် လူအုပ်ထဲမှ တစ်ဦးကို ထိုးချိန်ကာ ပြောဆိုခဲ့သည်။ ယင်းအခြေအနေတွင် အုပ်ချုပ်ရေးအဖွဲ့ထဲမှ အချို့က ၎င်းအား စိတ်လျှော့ရန် ဝိုင်းဝန်းဖျောင်းဖျနေမှုများ ရုပ်သံဖိုင်တွင် ပါရှိသည်။ ထိုအချိန်တွင် တက်ရောက်လာသည့် ကျေးရွာလူထုသည် ခေတ္တငြိမ်သက်သွားခဲ့သည်။

ယင်းဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီး ရုပ်သံ၌ ဒုရဲအုပ်စိုးဇော်ဇော်က ၎င်းရှေ့ရှိ လူ အချို့ကို သေနတ်ဖြင့် နှစ်ကြိမ်ချိန်ခဲ့သည်မှာ ထင်ရှားသည်။ ၎င်း၏ရှေ့တွင် အသက်(၅၀) ခန့် လူကြီးများပါသကဲ့သို့ သေနတ်ချိန်သည့်ဘက်၌ အသက်(၃)နှစ်အရွယ်ခန့် ကလေးတစ်ဦးလည်း ရှိနေသည်။

‘‘အစည်းအဝေးမှာ လက်ရှိ ရာအိမ်မှူးကို မကြိုက်လို့ အသစ် တင်မယ့်သူကို ပြောတယ်။ ဒါကို သူက ဘောင်မဝင်ဘူးဆိုပြီး သေ နတ်ထုတ်ဆဲဆိုခြိမ်းခြောက်တယ်။ လက်ရှိ အုပ်ချုပ်ရေးမှူးကလည်း သူတို့နဲ့ ပတ်သက်မှုရှိနေလို့ ရွာသားတွေက မကျေနပ်တာပါ’’ ဟု မှော်ပုံကျေးရွာနေ အမျိုးသား တစ်ဦးက ပြောသည်။

ဒုရဲအုပ်စိုးဇော်ဇော်က ၎င်း သည် ဒေသတွင် တာဝန်ရှိသူတစ် ဦးဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲလုပ်သည်ကို အသိမ ပေးသောကြောင့်ဟုဆိုကာ ဒေါသတကြီး ပြောဆိုနေသည်များ ပါဝင်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက ‘‘အခု စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စစ်နေတယ်။ ပြီးရင် သက်သေခံ အကျဉ်းချုပ်၊ ပြီးရင်တော့ ရဲတရားရုံးပေါ့။ စုံခုံစစ်ဆေးပြီး ဖြစ်စဉ်အမှန်အတိုင်း ထိထိရောက်ရောက် အရေးယူကြမှာပါ’’ဟု ဆိုသည်။

လက်ရှိတွင် ဒုရဲအုပ်စိုးဇော် ဇော်ကို ရာထူးမှ အနားပေးထား ပြီး အခြားအရာရှိတစ်ဦးဖြင့် အစားထိုးထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဒုရဲအုပ် စိုးဇော်ဇော်သည် ဖားကန့်ရဲစခန်းတွင် တာဝန်ကျ ခြင်းမဟုတ်ဘဲ အမှတ်(၁၆)လုံခြုံ ရေးရဲတပ်ဖွဲ့ခွဲမှ ဖြစ်သည်။ ဖား ကန့်ဒေသတွင် လုံခြုံရေးရဲတပ်ဖွဲ့ ခွဲအမှတ် (၁၆)နှင့် (၃၀) က သြ ဂုတ်မှ စတင်ကာ လုံခြုံရေးတာဝန်ယူခဲ့ခြင်းဖြစ်သည်။

အစိုးရသစ် လက်ထက်တွင် ရဲတပ်ဖွဲ့၏ ပုံရိပ်ကောင်း တည် ဆောက်ကာ ပြည်သူလူထု အ ကြား နာမည်ကောင်းရရန် စီမံ ချက်ချလုပ်ဆောင်နေစဉ် ဒုရဲအုပ် စိုးဇော်ဇော်၏ လုပ်ရပ်ကြောင့် စိတ်ပျက်ရကြောင်း ရဲတပ်ဖွဲ့ဝင် များက ပြောကြားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး  ဇော်ဝင်းအောင်က ‘‘ဥပဒေမဲ့ လုပ်ရပ်တွေ၊ လက်နက်ကိုင်ပြီး ပြည်သူရှေ့မှာ ဒီလိုဖြစ်တာကို အရေးယူ ရမှာပါ’’ ဟု ဆိုသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top