Property Expo
×

အျပင္ထြက္ လမ္းေလွ်ာက္လႈပ္ရွား ေျပးလႊားျခင္း၊ ဥယ်ာဥ္ၿခံ၀င္းထဲ ဆင္းကာ စိုက္ဟယ္ပ်ဳိးဟယ္ လုပ္ျခင္းသည္ သက္ရွည္က်န္းမာဖို႔ အေကာင္းဆံုးေဆး၀ါး ျဖစ္သည္ဟု ၿဗိတိန္ က်န္းမာေရးေကာင္စီက ထုတ္ျပန္ေျပာၾကားလိုက္သည္။

          အခ်ဳိ႕ေသာလူနာမ်ားသည္ တကယ့္ေဆးေသာက္ရန္ မလိုဘဲ၊ “သဘာ၀ ေဆးေသာက္ရန္”သာ လိုအပ္သူမ်ား ျဖစ္ေၾကာင္းလည္း ေကာင္စီက ေျပာသည္။ ဥပမာ အ၀လြန္ေနသူမ်ားအား ဆရာ၀န္မ်ား အေနျဖင့္ မည္သည့္ေဆး၀ါးမွ် ညႊန္းေနရန္ မလိုဘဲ အျပင္ထြက္လမ္းေလွ်ာက္၊ ဥယ်ာဥ္ ၿခံ၀င္းထဲ ဆင္းစိုက္ဟယ္ ပ်ဳိးဟယ္ လုပ္ဖို႔ ညႊန္ၾကား႐ံုႏွင့္ လံုေလာက္ေၾကာင္း ေကာင္စီက ဆိုသည္။

          အလားတူ အစီအစဥ္မ်ဳိးကို နယူးဇီလန္ႏုိင္ငံတြင္ ၁၉၉၈ ခုႏွစ္ ကတည္းက စတင္က်င့္သံုးခဲ့ၿပီး ဆရာ၀န္ (၈၀) ရာခိုင္ႏႈန္းသည္လည္း လူနာအမ်ားစုကို သဘာ၀ ေဆးေသာက္ခိုင္းသည့္ ကုထံုးကို အဓိက အားျပဳၾကေၾကာင္း သိရသည္။

          ၿဗိတိန္တြင္ မၾကာေသးခင္က ေကာက္ထားေသာ စစ္တမ္းအရလည္း သဘာ၀ ေဆးေသာက္သူမ်ား၏ (၇၂) ရာခိုင္ႏႈန္းထိသည္ ယခင္ထက္ ပိုက်န္းမာလာၾကသလို၊ (၆၇) ရာခိုင္ႏႈန္းသည္လည္း စားလို႔ေသာက္လို႔ေကာင္းကာ က်န္းမာေရးနဲ႔ ပိုညီလာၿပီး၊ (၅၀) ရာခိုင္ႏႈန္းေက်ာ္သည္လည္း ယခင္ထက္ ပိုက်န္းမာသန္စြမ္းလာသည္ဟု ခံစားလာရေၾကာင္း သိရသည္။

          ၿခံ၀င္းဥယ်ာဥ္ မပိုင္ဆိုင္ေသာ ျပည္သူမ်ားပါ ပါ၀င္ႏုိင္မည့္ ဥယ်ာဥ္ စိုက္ပ်ဳိး အစီအစဥ္မ်ား ေဆာင္ရြက္ရန္၊ ရပ္ကြက္ လမ္းေလွ်ာက္ အစီအစဥ္မ်ားက်င့္သံုးရန္လည္း ေကာင္စီက တိုက္တြန္းသည္။ သဘာ၀၀န္းက်င္ထဲတြင္ လႈပ္လႈပ္ရွားရွားေနထိုင္ျခင္းကို ေဆး၀ါးတစ္ခုအျဖစ္ ယခုထက္ ပိုက်ယ္က်ယ္ျပန္႔ျပန္႔ အသံုးခ် ျဖစ္လာေအာင္ပါ ပညာေပးလုပ္ငန္းမ်ား ေဆာင္ရြက္သြားရန္လည္း စီစဥ္ေနသည္။

          ““ေဆးခန္းသြားတိုင္း ေဆးေသာက္ရမယ္ရယ္ မဟုတ္ပါဘူး။ ဆရာ၀န္ေတြ အေနနဲ႔လည္း ေဆးမေသာက္ဘဲ လႈပ္လႈပ္ရွားရွားေန႐ံုနဲ႔ ေပ်ာက္ႏုိင္တဲ့ ေရာဂါေတြ အတြက္ ေဆးညႊန္းေရးေပးရာမွာ ““သဘာ၀ ၀န္းက်င္ထဲ လႈပ္ရွားတက္ႂကြစြာေနပါ””လို႔ ေရးေပး႐ံုနဲ႔တင္ လံုေလာက္တဲ့ျဖစ္စဥ္ အမ်ားအျပား ရွိပါတယ္”” ဟု ေကာင္စီမွ တာ၀န္ရွိသူ အီဇီဆက္ကြမ္ဘီက ေျပာသည္။

          အခ်ဳိ႕ေသာ လူနာမ်ားအဖို႔လည္း ေဆးထက္၊ ကိုယ္လက္လႈပ္ရွား တက္ႂကြမႈက က်န္းမာေရး အတြက္ ပိုထိေရာက္ေၾကာင္း ဆက္ကြမ္ဘီက ဆက္ေျပာသည္။

          သဘာ၀ေဆးတိုက္ေကၽြးျခင္းသည္ အ၀လြန္ျခင္း၊ ဆီးခ်ဳိစေသာ အဓိက ေရာဂါႀကီးမ်ားကိုတိုက္ဖ်က္ရန္ အေကာင္းဆံုးနည္းလမ္း ျဖစ္ေၾကာင္းလည္း ၎ကဆက္လက္ေျပာၾကားသည္။ ၿဗိတိန္တြင္လည္း ကနဦး စမ္းသပ္ အစီအစဥ္မ်ား ရွိေနၿပီျဖစ္ၿပီး တစ္ႏုိင္ငံလံုး အတိုင္းအတာျဖင့္ က်ယ္ျပန္႔ထိေရာက္စြာ ေဆာင္ရြက္ဖို႔ အလြန္အေရးႀကီးေနၿပီ ျဖစ္ေၾကာင္းလည္း ေကာင္စီက တိုက္တြန္းေျပာၾကားသည္။

          ပံုမွန္လူတစ္ေယာက္ အေနျဖင့္ တစ္ပတ္လွ်င္ အသင့္အတင့္ ကိုယ္လက္လႈပ္ရွားမႈ မိနစ္ (၁၅၀) စာ သို႔မဟုတ္ အျပင္းအထန္ ကိုယ္လက္လႈပ္ရွားမႈ (၇၅) မိနစ္စာ လုပ္သင့္ေၾကာင္း ေကာင္စီက ဆိုသည္။ သို႔ေသာ္ ၿဗိတိန္ႏုိင္ငံသား (၄၄) ရာခိုင္ႏႈန္းထိသည္ မည္သည့္ က်န္းမာေရး ေလ့က်င့္ခန္းကိုမွ မလိုက္စားဘဲ ျဖစ္ေနၾကေၾကာင္း စစ္တမ္းတစ္ရပ္က ဆိုသည္။

           သို႔ျဖစ္ရာ ၿဗိတိန္ က်န္းမာေရးေကာင္စီ အေနျဖင့္ ျပည္သူအမ်ား က်န္းမာေရး အတြက္ လမ္းေလွ်ာက္ျခင္း၊ ဥယ်ာဥ္ၿခံစိုက္ပ်ဳိးျခင္း ကိစၥမ်ား ပိုလုပ္လာၾကေအာင္ ပညာေပး လံႈ႔ေဆာ္မႈမ်ား တိုးျမႇင့္ျပဳလုပ္သင့္ေၾကာင္းလည္း King’s Fund သုေတသနအဖြဲ႕က အႀကံျပဳ တိုက္တြန္းထားသည္။

          ေလ့လာမႈ စစ္တမ္းမ်ားအရလည္း ပံုမွန္ဥယ်ာဥ္ၿခံ စိုက္ပ်ဳိးသည့္ အလုပ္သည္ ႏွလံုး၊ ကင္ဆာ၊ အ၀လြန္ေရာဂါမ်ားကို အေကာင္းဆံုး ႀကိဳတင္တားဆီးႏိုင္သည့္ သဘာ၀ေဆး၀ါး ျဖစ္သည္ဟု သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Messenger

Unicode Version

အပြင်ထွက် လမ်းလျှောက်လှုပ်ရှား ပြေးလွှားခြင်း၊ ဥယျာဉ်ခြံဝင်းထဲ ဆင်းကာ စိုက်ဟယ်ပျိုးဟယ် လုပ်ခြင်းသည် သက်ရှည်ကျန်းမာဖို့ အကောင်းဆုံးဆေးဝါး ဖြစ်သည်ဟု ဗြိတိန် ကျန်းမာရေးကောင်စီက ထုတ်ပြန်ပြောကြားလိုက်သည်။

          အချို့သောလူနာများသည် တကယ့်ဆေးသောက်ရန် မလိုဘဲ၊ “သဘာ၀ ဆေးသောက်ရန်”သာ လိုအပ်သူများ ဖြစ်ကြောင်းလည်း ကောင်စီက ပြောသည်။ ဥပမာ အဝလွန်နေသူများအား ဆရာဝန်များ အနေဖြင့် မည်သည့်ဆေးဝါးမျှ ညွှန်းနေရန် မလိုဘဲ အပြင်ထွက်လမ်းလျှောက်၊ ဥယျာဉ် ခြံဝင်းထဲ ဆင်းစိုက်ဟယ် ပျိုးဟယ် လုပ်ဖို့ ညွှန်ကြားရုံနှင့် လုံလောက်ကြောင်း ကောင်စီက ဆိုသည်။

          အလားတူ အစီအစဉ်မျိုးကို နယူးဇီလန်နိုင်ငံတွင် ၁၉၉၈ ခုနှစ် ကတည်းက စတင်ကျင့်သုံးခဲ့ပြီး ဆရာဝန် (၈၀) ရာခိုင်နှုန်းသည်လည်း လူနာအများစုကို သဘာ၀ ဆေးသောက်ခိုင်းသည့် ကုထုံးကို အဓိက အားပြုကြကြောင်း သိရသည်။

          ဗြိတိန်တွင် မကြာသေးခင်က ကောက်ထားသော စစ်တမ်းအရလည်း သဘာ၀ ဆေးသောက်သူများ၏ (၇၂) ရာခိုင်နှုန်းထိသည် ယခင်ထက် ပိုကျန်းမာလာကြသလို၊ (၆၇) ရာခိုင်နှုန်းသည်လည်း စားလို့သောက်လို့ကောင်းကာ ကျန်းမာရေးနဲ့ ပိုညီလာပြီး၊ (၅၀) ရာခိုင်နှုန်းကျော်သည်လည်း ယခင်ထက် ပိုကျန်းမာသန်စွမ်းလာသည်ဟု ခံစားလာရကြောင်း သိရသည်။

          ခြံဝင်းဥယျာဉ် မပိုင်ဆိုင်သော ပြည်သူများပါ ပါဝင်နိုင်မည့် ဥယျာဉ် စိုက်ပျိုး အစီအစဉ်များ ဆောင်ရွက်ရန်၊ ရပ်ကွက် လမ်းလျှောက် အစီအစဉ်များကျင့်သုံးရန်လည်း ကောင်စီက တိုက်တွန်းသည်။ သဘာ၀၀န်းကျင်ထဲတွင် လှုပ်လှုပ်ရှားရှားနေထိုင်ခြင်းကို ဆေးဝါးတစ်ခုအဖြစ် ယခုထက် ပိုကျယ်ကျယ်ပြန့်ပြန့် အသုံးချ ဖြစ်လာအောင်ပါ ပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန်လည်း စီစဉ်နေသည်။

          ““ဆေးခန်းသွားတိုင်း ဆေးသောက်ရမယ်ရယ် မဟုတ်ပါဘူး။ ဆရာဝန်တွေ အနေနဲ့လည်း ဆေးမသောက်ဘဲ လှုပ်လှုပ်ရှားရှားနေရုံနဲ့ ပျောက်နိုင်တဲ့ ရောဂါတွေ အတွက် ဆေးညွှန်းရေးပေးရာမှာ ““သဘာ၀ ဝန်းကျင်ထဲ လှုပ်ရှားတက်ကြွစွာနေပါ””လို့ ရေးပေးရုံနဲ့တင် လုံလောက်တဲ့ဖြစ်စဉ် အများအပြား ရှိပါတယ်”” ဟု ကောင်စီမှ တာဝန်ရှိသူ အီဇီဆက်ကွမ်ဘီက ပြောသည်။

          အချို့သော လူနာများအဖို့လည်း ဆေးထက်၊ ကိုယ်လက်လှုပ်ရှား တက်ကြွမှုက ကျန်းမာရေး အတွက် ပိုထိရောက်ကြောင်း ဆက်ကွမ်ဘီက ဆက်ပြောသည်။

          သဘာဝဆေးတိုက်ကျွေးခြင်းသည် အဝလွန်ခြင်း၊ ဆီးချိုစသော အဓိက ရောဂါကြီးများကိုတိုက်ဖျက်ရန် အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားသည်။ ဗြိတိန်တွင်လည်း ကနဦး စမ်းသပ် အစီအစဉ်များ ရှိနေပြီဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်ဖို့ အလွန်အရေးကြီးနေပြီ ဖြစ်ကြောင်းလည်း ကောင်စီက တိုက်တွန်းပြောကြားသည်။

          ပုံမှန်လူတစ်ယောက် အနေဖြင့် တစ်ပတ်လျှင် အသင့်အတင့် ကိုယ်လက်လှုပ်ရှားမှု မိနစ် (၁၅၀) စာ သို့မဟုတ် အပြင်းအထန် ကိုယ်လက်လှုပ်ရှားမှု (၇၅) မိနစ်စာ လုပ်သင့်ကြောင်း ကောင်စီက ဆိုသည်။ သို့သော် ဗြိတိန်နိုင်ငံသား (၄၄) ရာခိုင်နှုန်းထိသည် မည်သည့် ကျန်းမာရေး လေ့ကျင့်ခန်းကိုမှ မလိုက်စားဘဲ ဖြစ်နေကြကြောင်း စစ်တမ်းတစ်ရပ်က ဆိုသည်။

           သို့ဖြစ်ရာ ဗြိတိန် ကျန်းမာရေးကောင်စီ အနေဖြင့် ပြည်သူအများ ကျန်းမာရေး အတွက် လမ်းလျှောက်ခြင်း၊ ဥယျာဉ်ခြံစိုက်ပျိုးခြင်း ကိစ္စများ ပိုလုပ်လာကြအောင် ပညာပေး လှုံ့ဆော်မှုများ တိုးမြှင့်ပြုလုပ်သင့်ကြောင်းလည်း King’s Fund သုတေသနအဖွဲ့က အကြံပြု တိုက်တွန်းထားသည်။

          လေ့လာမှု စစ်တမ်းများအရလည်း ပုံမှန်ဥယျာဉ်ခြံ စိုက်ပျိုးသည့် အလုပ်သည် နှလုံး၊ ကင်ဆာ၊ အဝလွန်ရောဂါများကို အကောင်းဆုံး ကြိုတင်တားဆီးနိုင်သည့် သဘာဝဆေးဝါး ဖြစ်သည်ဟု သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Messenger
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top