iGREEN Promotion Singapore
×

အင်ဒိုနီးရှားနှင့် ပွဲစဉ်မတိုင်မီ လေကျင့်မှုပြုလုပ်နေသည့် မြန်မာယူ-၁၉ ဘောလုံးအသင်း(ဓါတ်ပုံ-MFF)

၂၀၁၆ အာဆီယံယူ- ၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ၏ အုပ်စု(ခ) ပွဲဦးထွက် ပွဲစဉ်အဖြစ်ရင်ဆိုင်ရမည့် အင်ဒိုနီးရှားအသင်း နှင့်ပွဲစဉ်၌ နိုင်ပွဲရယူနိုင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း မြန်မာလက်ရွေးစင်ယူ-၁၉အသင်းနည်းပြချုပ်ဦးမျိုးလှိုင်ဝင်းကပြောသည်။

စက်တင်ဘာ ၁၁ ရက်မှ ၂၄ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပနေသည့် ၂၀၁၆ အာဆီယံယူ-၁၉ ချန်ပီယံရှစ်တွင် မြန်မာအသင်းသည် အုပ်စု(ခ)၌ ထိုင်း၊ လာအို၊ သြစတြေးလျ၊အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား အသင်းများနှင့် ကျရောက်နေသည်။
မြန်မာအသင်းနှင့် အင်ဒိုနီး ရှားအသင်းတို့၏ ပွဲစဉ်ကို စက် တင်ဘာ ၁၂ ရက်(ယနေ့)မြန်မာ စံတော်ချိန် ညနေ ၃ နာရီခွဲတွင် ဗီယက်နမ်လူငယ် အားစားလေ့ ကျင့်ရေးကွင်း၌ ကျင်းပမည်ဖြစ် ပြီး ထိုပွဲစဉ်ကို မြဝတီရုပ်မြင်သံ ကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသ မည်ဖြစ်သည်။

‘‘အဖွင့်ပွဲစဉ်လည်းဖြစ်တာ ကြောင့် ပိုမိုအာရုံစိုက်ထားပါ တယ်။ အနိုင်သုံးမှတ်ရရှိဖို့ အတွက် အသင့်အနေအထားလည်းဖြစ်နေပါပြီ’’ဟု ဦးမျိုးလှိုင်ဝင်းက ပြောသည်။ အာဆီယံယူ -၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ၏ အခြားအုပ်စု(က)တွင် အိမ်ရှင်ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် တီမောအသင်းတို့ ပါဝင်နေသည်။အုပ်စု(က)ပွဲစဉ်များကို စက်တင်ဘာ ၁၁ ရက်က စတင်ကျင်းပလျက်ရှိပြီး အုပ်စု(ခ)ပွဲစဉ်များကို ယနေ့ စတင်ကျင်းပခြင်းဖြစ်သည်။

မြန်မာအသင်းသည် အင်ဒို နီးရှားနှင့် ပွဲစဉ်အပြီး စက်တင်ဘာ ၁၄ ရက်တွင် သြစတြေးလျ၊ စက် တင်ဘာ ၁၆ ရက်တွင် လာအို၊ စက်တင်ဘာ ၁၈ ရက်တွင် ကမ္ဘောဒီးယားနှင့် စက်တင်ဘာ ၂၀ ရက်တွင် အုပ်စုနောက်ဆုံးပွဲ စဉ်အဖြစ် ထိုင်းအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top