Property Expo
×







Credit:7Day Daily

Unicode Version

 အာလူးဖျော်ရည်နဲ့   ပတ်သက်လို့ သုတေသီအချို့က အစာအိမ်ရောင်ရမ်းနာအတွက် သဘာဝဆေးဝါးတစ်ခုလို့ ဆိုထားကြပါတယ်။ အစာအိမ်နဲ့အူလမ်း ကြောင်းထဲ အနာရောဂါမဖြစ်ပွားဖို့အတွက် အာလူးဖျော်ရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ရေ အနည်းငယ်နဲ့ရောစပ်ပြီး  မနက်စာ၊ နေ့လယ်စာနဲ့ ညစာမစားခင် နာရီဝက်လောက် အလိုမှာ သောက်ပေးသင့်တယ်လို့သိရပါတယ်။

အာလူးဖျော်ရည်ဟာ ကင်ဆာဆဲလ်တွေကို ဖြည်းဖြည်းချင်း တိုက်ထုတ်နိုင်တဲ့စွမ်းအင်ရှိပြီး အဆုတ်ရောဂါတွေနဲ့အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါတွေ မဖြစ်ပွားအောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။ ဒါ့အပြင်အသည်း၊ကျောက်ကပ်နဲ့နှလုံးရောဂါတွေ၊ သွေးတိုး၊ ဆီးချို၊ ခါးကိုက်၊ ခါး အောင့်၊ ဒူလာစတဲ့ရောဂါတွေကို လည်း သက်သာပျောက်ကင်းစေ နိုင်ပါတယ်။

အာလူးဖျော်ရည်ဟာ ကိုယ်ခံစွမ်းအားကောင်းဖို့အတွက် လည်း အကောင်းဆုံးထောက်ကူ ပေးနိုင်ပြီး ခေါင်းကိုက်တာတွေနဲ့ အမျိုးသမီးတွေဓမ္မတာလာစဉ်ခံ စားရတဲ့နာကျင်ကိုက်ခဲမှုတွေကိုပါ သက်သာစေနိုင်ပါတယ်။ နောက်ပြီး အားအင်ချည့်နဲ့ပြီး မောပန်းတယ်ဆိုရင်လည်း အာလူး အရွယ်တော်တစ်လုံး၊ မုန်လာဥနီ နဲ့ ပန်းသီးတစ်လုံးတို့ကို ကြိတ်ခြေ ထားတဲ့ဖျော်ရည်ကို မနက်တစ် ကြိမ်၊ ညတစ်ကြိမ်  သီတင်းနှစ်ပတ်လောက်သောက်ပေးရင် လန်းဆန်းကျန်းမာစေတယ်လို့ သိရပါတယ်။

အာလူးဖျော်ရည်ရဲ့ကောင်းကျိုးတွေကို ထပ်ဖြည့်ရရင်တော့ ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို အရေပြားဆိုင်ရာရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် သွေးတွင်းသကြားဓာတ်ကိုလည်း လျော့ကျစေနိုင်ပါတယ်။

တစ်ခုသိထားရမှာကတော့ အာလူးကိုချက်ပြုတ်လိုက်ရင် ဗီတာမင်စီဆုံးရှုံးသွားလို့ အစိမ်းလိုက်ဖျော်ဖို့တော့ မမေ့သင့်ပါဘူး။ အရွယ်တော် အာလူးစိမ်းတစ်လုံးမှာ ဗီတာမင်စီ ၂၇ မီလီဂရမ်လောက် ပါတာကြောင့် နေ့စဉ် စားပေးဖို့အတွက် လုံလောက်တဲ့ ပမာဏပဲဖြစ်ပါတယ်။

ဒါတင်မက အာလူးဖျော်ရည်နဲ့ အရေပြားကိုသန့်စင်ပေးမယ်ဆိုရင်တော့ အသားအရေ ကြည်လင်စေပြီး ဝက်ခြံနဲ့ ဆားဝက်ခြံတွေလည်း ကင်းစင်စေပါ တယ်။ အာလူးဖျော်ရည်မဟုတ်လည်း အကွင်းလိုက်ခပ်ပါးပါလှီးထားတဲ့အာလူးနဲ့ အရေပြားပေါ် မှာ ညင်သာစွာပွတ်ပြီးတော့ သန့် စင်အောင်လုပ်နိုင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top