Property Expo
×

အရြယ္ ရလာတာနဲ႔ အမွ် အေတြးအေခၚ ေကာင္းေတြ၊ မွတ္ဉာဏ္ ေတြဟာ က်ဆင္း သြားတယ္ ဆိုတာ မဟုတ္ပါဘူး။

ဦးေႏွာက္အတြက္ အာဟာရ ျပည့္ဝေနရင္ အသက္ႀကီး လာေပမယ့္ ဦးေႏွာက္တြင္းမွ Gray Matter ေတြဟာ အဆက္မျပတ္ ျပန္လည္ တည္ေဆာက္ေနတတ္ၿပီး Neurones ေတြ တစ္ခုနဲ႔တစ္ခု ဆက္သြယ္မႈအားေတြလည္း ေကာင္းေနတယ္လို႔ ဆိုပါတယ္။ ေအာက္ပါ ဦးေႏွာက္စြမ္းအားေကာင္းတဲ့ အာဟာရေတြနဲ႔ ဉာဏ္ထက္ျမက္ ေနေအာင္ ျပဳလုပ္ပါ။

မွတ္ဉာဏ္ေကာင္းေအာင္ ငါးစားပါ

ပင္လယ္စာကို တစ္ပတ္ႏွစ္ႀကိမ္ စားေပးတာဟာ ဦးေႏွာက္အတြက္ အက်ဳိး ရွိပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ သူ႔မွာ ပါဝင္တဲ့ Omega-3 အဆီေတြဟာ မွတ္ဉာဏ္ ဆုတ္ယုတ္ ေစတတ္တဲ့ ဦးေႏွာက္အတြင္း ေရာင္ရမ္းမႈေတြကို ေလွ်ာ့ခ်ႏိုင္လို႔ပါ။ ငါးစားလို႔ရတဲ့ အက်ဳိးေက်းဇူးဟာ ဘယ္ေတာ့မွ ေနာက္က်တယ္ဆိုတာ မရွိပါဘူး။ အပတ္စဥ္ ငါးဟင္း မ်ားမ်ား စားတာေၾကာင့္ မွတ္ဉာဏ္ျပႆနာ ၆၀ ရာခုိင္ႏႈန္း ေလွ်ာ့ခ် ႏိုင္တယ္လို႔ ေလ့လာမႈအရ သိရပါတယ္။

အာ႐ံုစူးစိုက္မႈ ပိုေကာင္းေအာင္ အသားစားပါ

ပစ္မွတ္အေပၚ အာ႐ံုစိုက္မႈ ေကာင္းေအာင္ ကူညီႏိုင္တဲ့ dopamine ေခၚတဲ့ Neurotransmitter ဦးေႏွာက္မွ တိုင္႐ိုစင္းနဲ႔ ဖီႏိုင္လမင္းေခၚတဲ့ အမိုင္ႏို အက္စစ္ေတြ ရရွိေနဖို႔ လိုအပ္ပါတယ္။ တိုင္႐ိုဆင္းနဲ႔ ဖီႏိုင္လမင္းေခၚတဲ့ Amino Acid ရရွိဖို႔ ေန႔စဥ္ အမဲသား၊ ဝက္သား၊ ၾကက္သား ဒါမွမဟုတ္ ႏို႔ထြက္ပစၥည္း သံုးေအာင္စ စားဖို႔ လိုအပ္ပါတယ္။ အကယ္၍ သင္ဟာ သက္သတ္လြတ္စားသူ ျဖစ္ေနရင္ ဥအမ်ဳိးမ်ဳိးနဲ႔ ႏြားႏို႔မွာ တိုင္႐ိုစင္းနဲ႔ ဖီႏိုင္လမင္း အမ်ားအျပား ပါဝင္ပါတယ္။

သင္ယူမႈ ပိုေကာင္းေအာင္ သစ္သီးစားပါ

သၾကား ပါဝင္မႈမ်ားတဲ့ ကိတ္မုန္႔၊ ကြတ္ကီးနဲ႔ သၾကားလံုးေတြ စားတာေၾကာင့္ ဦးေႏွာက္တြင္းမွ မွတ္ဉာဏ္နဲ႔ သင္ယူမႈဌာန ျဖစ္တဲ့ Hippocampus ေနရာ က်ဳံ႕သြားတတ္တယ္လို႔ ေလ့လာမႈအရ သိရပါတယ္။ ဓာတ္တိုးဆန္႔က်င္ ပစၥည္းမ်ားစြာ ပါဝင္တဲ့ ဘယ္ရီသီး၊ ဖရဲသီးနဲ႔ မက္မြန္သီးလိုမ်ဳိး သစ္သီးေတြ စားတာေၾကာင့္ ဦးေႏွာက္ cell ေတြ ျပန္လည္ တည္ေဆာက္ႏိုင္ကာ ျပန္လည္ ႀကီးထြားလာႏိုင္တယ္လို႔ သိရပါတယ္။

ဦးေႏွာက္ cells ေတြ ပ်က္စီးမႈမွ ကာကြယ္ႏိုင္ေအာင္ အရက္အနည္းငယ္ ေသာက္ပါ

ဝိုင္ ဒါမွမဟုတ္ ဘီယာကို အသင့္အတင့္ ေသာက္သူေတြဟာ အသက္ႀကီး လာရင္ မွတ္ဉာဏ္ျပႆနာ ျဖစ္ႏိုင္ေျခ ၄၂ ရာခုိင္ႏႈန္း ေလ်ာ့နည္းသြားတယ္ လို႔ ဆိုပါတယ္။ ဝိုင္အရက္မွာ ပါဝင္တဲ့ ဓာတ္တိုး ဆန္႔က်င္ပစၥည္းေၾကာင့္လို႔ ဆိုပါတယ္။ အရက္ကို ခႏၶာကိုယ္မွ စုပ္ယူတာ ျမန္ဆန္မႈမရွိေအာင္ အရက္နဲ႔ အတူတူ အစာပါ တြဲစားေပးပါ။ အရက္ စုပ္ယူမႈျမန္ရင္ ဦးေႏွာက္ cell ေတြ ထာဝရ ပ်က္စီးသြားႏိုင္ပါတယ္။ အမ်ဳိးသမီးေတြအတြက္ ဘီယာတစ္ဘူး ဒါမွမဟုတ္ ဝိုင္ ၅ ေအာင္စသာ ေသာက္ေပးပါ။ အမ်ဳိးသားေတြမွာမူ အမ်ဳိးသမီး ေတြထက္ ႏွစ္ဆ ပိုေသာက္လို႔ ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : ေဒါက္တာခင္မိုးမိုး

#Unicode Version

အရွယ် ရလာတာနဲ့ အမျှ အတွေးအခေါ် ကောင်းတွေ၊ မှတ်ဉာဏ် တွေဟာ ကျဆင်း သွားတယ် ဆိုတာ မဟုတ်ပါဘူး။

ဦးနှောက်အတွက် အာဟာရ ပြည့်ဝနေရင် အသက်ကြီး လာပေမယ့် ဦးနှောက်တွင်းမှ Gray Matter တွေဟာ အဆက်မပြတ် ပြန်လည် တည်ဆောက်နေတတ်ပြီး Neurones တွေ တစ်ခုနဲ့တစ်ခု ဆက်သွယ်မှုအားတွေလည်း ကောင်းနေတယ်လို့ ဆိုပါတယ်။ အောက်ပါ ဦးနှောက်စွမ်းအားကောင်းတဲ့ အာဟာရတွေနဲ့ ဉာဏ်ထက်မြက် နေအောင် ပြုလုပ်ပါ။

မှတ်ဉာဏ်ကောင်းအောင် ငါးစားပါ

ပင်လယ်စာကို တစ်ပတ်နှစ်ကြိမ် စားပေးတာဟာ ဦးနှောက်အတွက် အကျိုး ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့မှာ ပါဝင်တဲ့ Omega-3 အဆီတွေဟာ မှတ်ဉာဏ် ဆုတ်ယုတ် စေတတ်တဲ့ ဦးနှောက်အတွင်း ရောင်ရမ်းမှုတွေကို လျှော့ချနိုင်လို့ပါ။ ငါးစားလို့ရတဲ့ အကျိုးကျေးဇူးဟာ ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ အပတ်စဉ် ငါးဟင်း များများ စားတာကြောင့် မှတ်ဉာဏ်ပြဿနာ ၆၀ ရာခိုင်နှုန်း လျှော့ချ နိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။

အာရုံစူးစိုက်မှု ပိုကောင်းအောင် အသားစားပါ

ပစ်မှတ်အပေါ် အာရုံစိုက်မှု ကောင်းအောင် ကူညီနိုင်တဲ့ dopamine ခေါ်တဲ့ Neurotransmitter ဦးနှောက်မှ တိုင်ရိုစင်းနဲ့ ဖီနိုင်လမင်းခေါ်တဲ့ အမိုင်နို အက်စစ်တွေ ရရှိနေဖို့ လိုအပ်ပါတယ်။ တိုင်ရိုဆင်းနဲ့ ဖီနိုင်လမင်းခေါ်တဲ့ Amino Acid ရရှိဖို့ နေ့စဉ် အမဲသား၊ ဝက်သား၊ ကြက်သား ဒါမှမဟုတ် နို့ထွက်ပစ္စည်း သုံးအောင်စ စားဖို့ လိုအပ်ပါတယ်။ အကယ်၍ သင်ဟာ သက်သတ်လွတ်စားသူ ဖြစ်နေရင် ဥအမျိုးမျိုးနဲ့ နွားနို့မှာ တိုင်ရိုစင်းနဲ့ ဖီနိုင်လမင်း အများအပြား ပါဝင်ပါတယ်။

သင်ယူမှု ပိုကောင်းအောင် သစ်သီးစားပါ

သကြား ပါဝင်မှုများတဲ့ ကိတ်မုန့်၊ ကွတ်ကီးနဲ့ သကြားလုံးတွေ စားတာကြောင့် ဦးနှောက်တွင်းမှ မှတ်ဉာဏ်နဲ့ သင်ယူမှုဌာန ဖြစ်တဲ့ Hippocampus နေရာ ကျုံ့သွားတတ်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများစွာ ပါဝင်တဲ့ ဘယ်ရီသီး၊ ဖရဲသီးနဲ့ မက်မွန်သီးလိုမျိုး သစ်သီးတွေ စားတာကြောင့် ဦးနှောက် cell တွေ ပြန်လည် တည်ဆောက်နိုင်ကာ ပြန်လည် ကြီးထွားလာနိုင်တယ်လို့ သိရပါတယ်။

ဦးနှောက် cells တွေ ပျက်စီးမှုမှ ကာကွယ်နိုင်အောင် အရက်အနည်းငယ် သောက်ပါ

ဝိုင် ဒါမှမဟုတ် ဘီယာကို အသင့်အတင့် သောက်သူတွေဟာ အသက်ကြီး လာရင် မှတ်ဉာဏ်ပြဿနာ ဖြစ်နိုင်ခြေ ၄၂ ရာခိုင်နှုန်း လျော့နည်းသွားတယ် လို့ ဆိုပါတယ်။ ဝိုင်အရက်မှာ ပါဝင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းကြောင့်လို့ ဆိုပါတယ်။ အရက်ကို ခန္ဓာကိုယ်မှ စုပ်ယူတာ မြန်ဆန်မှုမရှိအောင် အရက်နဲ့ အတူတူ အစာပါ တွဲစားပေးပါ။ အရက် စုပ်ယူမှုမြန်ရင် ဦးနှောက် cell တွေ ထာဝရ ပျက်စီးသွားနိုင်ပါတယ်။ အမျိုးသမီးတွေအတွက် ဘီယာတစ်ဘူး ဒါမှမဟုတ် ဝိုင် ၅ အောင်စသာ သောက်ပေးပါ။ အမျိုးသားတွေမှာမူ အမျိုးသမီး တွေထက် နှစ်ဆ ပိုသောက်လို့ ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : ဒေါက်တာခင်မိုးမိုး
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top