Kantharyar Centre
×

 ဦးေခါင္းေသး၊ ဦးေႏွာက္ ေသးၿပီး ဉာဏ္ရည္နိမ့္သည့္ က ေလးေမြးဖြားလာျခင္းသည္ ဇီကာဗုိင္းရပ္စ္ကူးစက္ခံရမႈ  တစ္ခုတည္းေၾကာင့္ မဟုတ္ဘဲ အျခားေသာ အေၾကာင္းမ်ားေၾကာင့္ လည္း ျဖစ္ႏုိင္သျဖင့္ ေလ့လာဆန္းစစ္ရန္လိုအပ္ေၾကာင္း သားဖြားမီးယပ္ အထူးကုဆရာ၀န္ႀကီး ပါေမာကၡေဒါက္တာရင္ရင္စိုးက ေျပာသည္။

ဇီကာဗုိင္းရပ္စ္ကူးစက္ခံရေသာ ကိုယ္၀န္ေဆာင္ မိခင္မွ Microcephaly ဟုေခၚသည့္ ေမြးရာပါ ဦးေခါင္းေသး၊ ဦးေႏွာက္ေသးငယ္သည့္ ကေလးမ်ားေမြးဖြားလာသည္ဟု သုေတသနမ်ားကဆိုေသာ္လည္း အျခားကူးစက္ ေရာဂါမ်ားႏွင့္ ပတ္၀န္းက်င္အ ဆိပ္သင့္မႈမ်ားေၾကာင့္လည္း ျဖစ္တတ္ေၾကာင္း ၎ကဆိုသည္။

‘‘ဇီကာေၾကာင့္လား တျခား ေရာဂါကူးစက္ခံရလုိ႔လားဆိုတာ ေလ့လာဆန္းစစ္ဖုိ႔ လိုပါတယ္။ ေမြးရာပါ ဦးေခါင္းေသးေမြးလာရ တဲ့အေၾကာင္းရင္းေတြက အမ်ား ႀကီးပါ။ မိခင္၀မ္းတြင္းမွာရွိေနစဥ္ ေရာဂါတစ္ခုခုကူးစက္ခံရရင္ ဥပမာ ဂ်ဳိက္သုိးတို႔၊ ေရယုန္တို႔၊ Tox-oplasmosis (ကပ္ပါးပိုး)စသျဖင့္ ဒါေတြေၾကာင့္ပဲ ျဖစ္ႏုိင္တယ္။ ေနာက္မ်ဳိး႐ိုးဗီဇပုံမမွန္တာ၊ အရက္ေၾကာင့္၊ ေဆးတစ္ခုခုေၾကာင့္လည္း ျဖစ္တတ္လို႔ ကြၽန္မတို႔ အဘက္ဘက္က ဆန္းစစ္ဖို႔လိုအပ္တယ္’’ဟု သားဖြား၊မီးယပ္အ ထူးကုဆရာ၀န္ႀကီးေဒါက္တာရင္ရင္စိုးက ေျပာသည္။

ကမၻာေပၚတြင္ ေလ့လာေတြ႕ရွိခ်က္မ်ားအရ ဦးေခါင္းေသးကေလးငယ္ေမြးဖြားႏႈန္းသည္ ပုံမွန္အားျဖင့္ အရွင္ေမြးကေလးတစ္ ေသာင္းလွ်င္ ႏွစ္ဦးအထိပါတတ္ေၾကာင္း ဇီကာဗုိင္းရပ္စ္ကူးစက္ခံ ရသည့္ ဘရာဇီးႏုိင္ငံတြင္ ဦးေခါင္းေသး ကေလးေမြးဖြားႏႈန္းသည္ အဆ ၂၀ ေလာက္အထိ တက္သြားၿပီး ၂၀၁၅ ႏွစ္၀က္အတြင္း ယင္းေရာဂါသံသယရွိ ကေလးငယ္ဦး ေရ ၃,၀၀၀ ေက်ာ္ ေမြးဖြားလာ ေၾကာင္း သိရသည္။

ေမြးဖြားလာမည့္ ကေလး၌ ဦးေခါင္းေသးသည့္ ခ်ဳိ႕ယြင္းခ်က္ရွိ၊မရွိ ကိုယ္၀န္ေဆာင္စဥ္ဒုတိယ သုံးလ၏ေနာက္ဆုံးကာလ (သို႔မဟုတ္)တတိယသုံးလအတြင္း အာထရာေဆာင္းျဖင့္ စမ္းသပ္ေဖာ္ထုတ္ႏိုင္ေၾကာင္း၊ သို႔ေသာ္လည္း အခ်ဳိ႕ေသာသူမ်ားတြင္ ေမြးဖြားသည့္အ ခ်ိန္က်မွ သိရျခင္းလည္းရွိေၾကာင္း WHO Myanmar မွ တာ၀န္ရွိသူ ေဒါက္တာမ်ဳိးလြင္က ဆုိသည္။

‘‘ဇီကာဗုိင္းရပ္စ္ေၾကာင့္ ဦး ေခါင္းေသးငယ္တဲ့ ကေလးေမြး ဖြားမႈက သုေတသနျပဳခ်က္ေတြအ ရ ၁ ရာခုိင္ႏႈန္းကေန ၁၃ ရာခိုင္ႏႈန္းအထိ ျဖစ္ႏုိင္ေျခရွိတယ္။ တခ်ဳိ႕ႏုိင္ငံေတြမွာ ဇီကာဗိုင္းရပ္စ္ ပိုး၀င္တယ္။ ေခါင္းေသးတာမျဖစ္ ဘူး။ တခ်ဳိ႕ႏုိင္ငံက်ေတာ့လည္း ျဖစ္တဲ့သူရဲ႕ ၁၃ ရာခိုင္ႏႈန္းဆုိတာ လည္း မနည္းလွဘူး။ ပုံမွန္ကေလး ရဲ႕ ဦးေခါင္းလုံးပတ္က ၃၃ စင္တီ မီတာေလာက္ရွိတယ္။ ၃၂ စင္တီ မီတာထက္ငယ္ေနရင္ ဦးေခါင္း ေသးတယ္ေပါ့။ ဆရာတို႔ႏုိင္ငံအ ေနနဲ႔ ဦးေခါင္းေသးတဲ့ ကေလးေတြ ေမြးဖြားလာရင္ မွတ္ပုံတင္ၿပီး သု ေတသနျပဳလုပ္ဖို႔ လိုပါတယ္။ ဘာေၾကာင့္ ျဖစ္တာလဲဆိုတာကို ဇီကာက တျခားအာ႐ုံေၾကာခ်ဳိ႕ ယြင္းတဲ့ေရာဂါေတြ၊ ပိုလီယိုေရာဂါေတြနဲ႔လည္း  ဆက္ႏႊယ္မႈရွိတယ္ဆို ေတာ့ ျမန္မာႏုိင္ငံမွာလည္း ေသ ခ်ာ Record လုပ္ၿပီး သုေတသန လုပ္ဖို႔ လိုပါတယ္’’ဟု ကေလးအ ထူးကုဆရာ၀န္ႀကီး ပါေမာကၡ ေဒါက္တာေစာ၀င္းက ေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily


#Unicode Version

 ဦးခေါင်းသေး၊ ဦးနှောက် သေးပြီး ဉာဏ်ရည်နိမ့်သည့် က လေးမွေးဖွားလာခြင်းသည် ဇီကာဗိုင်းရပ်စ်ကူးစက်ခံရမှု  တစ်ခုတည်းကြောင့် မဟုတ်ဘဲ အခြားသော အကြောင်းများကြောင့် လည်း ဖြစ်နိုင်သဖြင့် လေ့လာဆန်းစစ်ရန်လိုအပ်ကြောင်း သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာရင်ရင်စိုးက ပြောသည်။

ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသော ကိုယ်ဝန်ဆောင် မိခင်မှ Microcephaly ဟုခေါ်သည့် မွေးရာပါ ဦးခေါင်းသေး၊ ဦးနှောက်သေးငယ်သည့် ကလေးများမွေးဖွားလာသည်ဟု သုတေသနများကဆိုသော်လည်း အခြားကူးစက် ရောဂါများနှင့် ပတ်ဝန်းကျင်အ ဆိပ်သင့်မှုများကြောင့်လည်း ဖြစ်တတ်ကြောင်း ၎င်းကဆိုသည်။

‘‘ဇီကာကြောင့်လား တခြား ရောဂါကူးစက်ခံရလို့လားဆိုတာ လေ့လာဆန်းစစ်ဖို့ လိုပါတယ်။ မွေးရာပါ ဦးခေါင်းသေးမွေးလာရ တဲ့အကြောင်းရင်းတွေက အများ ကြီးပါ။ မိခင်ဝမ်းတွင်းမှာရှိနေစဉ် ရောဂါတစ်ခုခုကူးစက်ခံရရင် ဥပမာ ဂျိုက်သိုးတို့၊ ရေယုန်တို့၊ Tox-oplasmosis (ကပ်ပါးပိုး)စသဖြင့် ဒါတွေကြောင့်ပဲ ဖြစ်နိုင်တယ်။ နောက်မျိုးရိုးဗီဇပုံမမှန်တာ၊ အရက်ကြောင့်၊ ဆေးတစ်ခုခုကြောင့်လည်း ဖြစ်တတ်လို့ ကျွန်မတို့ အဘက်ဘက်က ဆန်းစစ်ဖို့လိုအပ်တယ်’’ဟု သားဖွား၊မီးယပ်အ ထူးကုဆရာဝန်ကြီးဒေါက်တာရင်ရင်စိုးက ပြောသည်။

ကမ္ဘာပေါ်တွင် လေ့လာတွေ့ရှိချက်များအရ ဦးခေါင်းသေးကလေးငယ်မွေးဖွားနှုန်းသည် ပုံမှန်အားဖြင့် အရှင်မွေးကလေးတစ် သောင်းလျှင် နှစ်ဦးအထိပါတတ်ကြောင်း ဇီကာဗိုင်းရပ်စ်ကူးစက်ခံ ရသည့် ဘရာဇီးနိုင်ငံတွင် ဦးခေါင်းသေး ကလေးမွေးဖွားနှုန်းသည် အဆ ၂၀ လောက်အထိ တက်သွားပြီး ၂၀၁၅ နှစ်ဝက်အတွင်း ယင်းရောဂါသံသယရှိ ကလေးငယ်ဦး ရေ ၃,၀၀၀ ကျော် မွေးဖွားလာ ကြောင်း သိရသည်။

မွေးဖွားလာမည့် ကလေး၌ ဦးခေါင်းသေးသည့် ချို့ယွင်းချက်ရှိ၊မရှိ ကိုယ်ဝန်ဆောင်စဉ်ဒုတိယ သုံးလ၏နောက်ဆုံးကာလ (သို့မဟုတ်)တတိယသုံးလအတွင်း အာထရာဆောင်းဖြင့် စမ်းသပ်ဖော်ထုတ်နိုင်ကြောင်း၊ သို့သော်လည်း အချို့သောသူများတွင် မွေးဖွားသည့်အ ချိန်ကျမှ သိရခြင်းလည်းရှိကြောင်း WHO Myanmar မှ တာဝန်ရှိသူ ဒေါက်တာမျိုးလွင်က ဆိုသည်။

‘‘ဇီကာဗိုင်းရပ်စ်ကြောင့် ဦး ခေါင်းသေးငယ်တဲ့ ကလေးမွေး ဖွားမှုက သုတေသနပြုချက်တွေအ ရ ၁ ရာခိုင်နှုန်းကနေ ၁၃ ရာခိုင်နှုန်းအထိ ဖြစ်နိုင်ခြေရှိတယ်။ တချို့နိုင်ငံတွေမှာ ဇီကာဗိုင်းရပ်စ် ပိုးဝင်တယ်။ ခေါင်းသေးတာမဖြစ် ဘူး။ တချို့နိုင်ငံကျတော့လည်း ဖြစ်တဲ့သူရဲ့ ၁၃ ရာခိုင်နှုန်းဆိုတာ လည်း မနည်းလှဘူး။ ပုံမှန်ကလေး ရဲ့ ဦးခေါင်းလုံးပတ်က ၃၃ စင်တီ မီတာလောက်ရှိတယ်။ ၃၂ စင်တီ မီတာထက်ငယ်နေရင် ဦးခေါင်း သေးတယ်ပေါ့။ ဆရာတို့နိုင်ငံအ နေနဲ့ ဦးခေါင်းသေးတဲ့ ကလေးတွေ မွေးဖွားလာရင် မှတ်ပုံတင်ပြီး သု တေသနပြုလုပ်ဖို့ လိုပါတယ်။ ဘာကြောင့် ဖြစ်တာလဲဆိုတာကို ဇီကာက တခြားအာရုံကြောချို့ ယွင်းတဲ့ရောဂါတွေ၊ ပိုလီယိုရောဂါတွေနဲ့လည်း  ဆက်နွှယ်မှုရှိတယ်ဆို တော့ မြန်မာနိုင်ငံမှာလည်း သေ ချာ Record လုပ်ပြီး သုတေသန လုပ်ဖို့ လိုပါတယ်’’ဟု ကလေးအ ထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာစောဝင်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top