Property Expo
×







Credit:7Day Daily


#Unicode Version
ကမ္ဘာ့ရွှေဈေးနှင့်  အမေ ရိကန်ဒေါ်လာဈေးနှုန်းအတက်အ ကျများခြင်းကြောင့် ရက်ပိုင်းအ တွင်း ပြည်တွင်းရွှေဈေးမှာလည်း အတက်အကျ များလာပြီး အ ရောင်းအဝယ် အေးနေကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ သတင်းရရှိသည်။

ပြည်တွင်းရွှေဈေးနှုန်းသည် ယခုတစ်ပတ်ဈေးကွက်စတင်ဖွင့် လှစ်သည့် စက်တင်ဘာ ၅ရက်က တစ်ကျပ်သားလျှင် ကျပ် ၈၅၄,၀၀၀မှ စက်တင်ဘာ ၈ရက် တွင် ၈၆၇,၀၀၀ အထိဈေးမြင့်တက်လာသည်။

စက်တင်ဘာ ၅ ရက်တွင် ကမ္ဘာ့ ရွှေဈေးနှုန်းသည် တစ် အောင်စလျှင် အမေရိကန်ဒေါ် လာ ၁,၃၂၄မှ စက်တင်ဘာ ၈ရက် တွင် တစ်အောင်စလျှင် ၁,၃၄၆ ဒေါ်လာသို့ မြင့်တက်ခဲ့သည်။

ပြည်တွင်း  ရွှေဈေးသည်စက်တင်ဘာ ၇ရက်တွင် ကျပ် ၈၇၁,၀၀၀အထိ မြင့်တက်၍ ကမ္ဘာ့ ရွှေဈေးမှာလည်း တစ်အောင်စ လျှင် ၁,၃၅၂ဒေါ်လာသို့ ဈေးမြင့် တက်ခဲ့သည်။

ပြည်တွင်းရွှေဈေး အတက် အကျဖြစ်သကဲ့သို့ ပြင်ပဈေးကွက် တွင် အမေရိကန်ဒေါ်လာတန်ဖိုး မှာလည်း စက်တင်ဘာ ၅ရက်၌ တစ်ဒေါ်လာလျှင် ၁,၂၁၅ ကျပ်မှ စက်တင်ဘာ ၈ရက်တွင် ၁,၂၂၃ကျပ်သို့ မြင့်တက်လာသည်။ ဗဟိုဘဏ်မှ သတ်မှတ်သည့် တရားဝင်ရည်ညွှန်းငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၁,၂၁၅ ကျပ်ဖြစ်သည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top