Kantharyar Centre
×

႐ုပ္ရွင္ၾကည့္ၿပီဆိုရင္ေတာ့ ဘယ္သူမဆို ျပင္ပဘဝကေန ခဏတျဖဳတ္ အနားယူၿပီး ႐ုပ္ရွင္ကားက ေပးတဲ့ ရသကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ခံစားခ်င္ၾကတာခ်ည္းပါပဲ။ တစ္ခါတစ္ေလမွာေတာ့ အတူ ႐ုပ္ရွင္ၾကည့္ေနသူေတြရဲ့ အမွတ္တမဲ့ အျပဳအမူေတြက ကိုယ့္ရဲ့ ႐ုပ္ရွင္ၾကည့္ရတဲ့ ေပ်ာ္ရႊင္မွုကို အႀကီးအက်ယ္ ထိခိုက္ေစတာအထိ ျဖစ္ေနနိုင္ပါတယ္။ ႐ုပ္ရွင္႐ုံထဲမွာ ၾကဳံရတတ္တဲ့ စိတ္အေႏွာင့္အယွက္ ျဖစ္စရာေတြ အေၾကာင္း ေဆြးေႏြးၾကည့္ရေအာင္။
စကား တတြတ္တြတ္ေျပာေနတာ
ဇာတ္လမ္းအေပၚ အျမင္ေတြ၊ ဘာသာျပန္ျပေနတာေတြ ျဖစ္ေနနိုင္ေပမယ့္ တျခားၾကည့္ရွုသူေတြအတြက္ အေႏွာင့္အယွက္ ျဖစ္ေနနိုင္ပါတယ္။ ဇာတ္လမ္းအျပင္ ႐ုပ္ရွင္႐ုံကေပးတဲ့ အျမင္ပိုင္း၊ အသံပိုင္း ရသေတြကို ခံစားဖို႔ ေရာက္လာၾကသူေတြ ျဖစ္တာေၾကာင့္ တတြတ္တြတ္ စကားေျပာသံကို ၾကားေနရရင္ ဘယ္လိုမွ အဆင္မေျပပါဘူး။

ဖုန္း အသုံးျပဳမွု

လူေတာ္ေတာ္မ်ားမ်ားက ဖုန္းေတြ silent လုပ္ထားၾကေပမယ့္ တခ်ိဳ႕ေတြက မလုပ္ၾကတာေတြ ေတြ႕ရပါေသးတယ္။ ဇာတ္လမ္း အရွိန္ေကာင္းေနခ်ိန္ေတြ၊ အေရးတႀကီး စကားေတြ ေျပာေနခ်ိန္ေတြမွာ ဖုန္း ringtone ထျမည္တာ ဘယ္ေလာက္ စိတ္အေႏွာင့္အယွက္ျဖစ္ရသလဲ ၾကဳံဖူးရင္ သိၾကမွာပါ။ အေရးႀကီးတဲ့ ဖုန္းေတြ ဝင္လာတဲ့ အခ်ိန္ ကိုယ့္ထိုင္ခုံက အတြင္းထဲ ေရာက္ေနလို႔ အျပင္ထြက္ရခက္မယ္ဆိုရင္ တိုးတိုးေျပာၿပီး အျမန္စကားစ ျဖတ္တာေတြ လုပ္နိုင္ပါတယ္။ ဖုန္းကို အၾကာႀကီး သုံးေနတဲ့ လူေတြရဲ့ ဖုန္း screen အလင္းေရာင္ေၾကာင့္ က်န္တဲ့ လူေတြအတြက္ ႐ုပ္ရွင္ၾကည့္ရ အဆင္မေျပတာေတြ ျဖစ္ေနနိုင္ပါတယ္။

အမွိုက္သရိုက္

အမွိုက္သိမ္းရမွာ သန႔္ရွင္းေရး အလုပ္ပဲလို႔ ထင္ေနၾကသူေတြ ရွိပါတယ္။ ဘယ္လိုပဲ ျဖစ္ျဖစ္ အမွိုက္ေတြကို ၾကမ္းျပင္ေပၚ ၾကဳံသလို ပစ္ခ်ေနတာကေတာ့ စည္းကမ္းမဲ့ရာက်သလို ေဘးလူေတြလည္း အဆင္ေျပခ်င္မွ ေျပမွာပါ။ ျပန႔္က်ဲေနတဲ့ စားၿပီးသား ေနၾကာေစ့ခြံေတြကို ျဖတ္နင္းရတာေတြ၊ ပုလင္းခြံေတြ၊ အေအးဘူးခြံေတြကို မနင္းမိေအာင္ ေက်ာ္လႊားသြားေနရတာဟာ ႐ုပ္ရွင္႐ုံရဲ့ လူသြားလမ္းက်ဥ္းေတြထဲမွာဆို အေတာ္ ကရိကထ မ်ားလွပါတယ္။ အမွိုက္သြားပစ္ေနဖို႔ မလြယ္ကူရင္ေတာင္မွ စာနာစိတ္ကေလးထားၿပီး ကိုယ့္အမွိုက္ေတြကို ႂကြတ္ႂကြတ္အိတ္ တစ္အိတ္ထဲ ေပါင္းထုပ္ထားတာမ်ိဳး၊ လူသြားလမ္းကို မထိခိုက္ဘဲ အမွိုက္သိမ္းသမားလည္း အဆင္ေျပမယ့္ ေနရာမွာ ထားခဲ့ေပးတာမ်ိဳးနဲ႔ ကိုယ့္ရဲ့ စိတ္ဓာတ္ အဆင့္အတန္း ျမင့္မားမွုကို ျပသနိုင္ပါတယ္။
READ  မသန္စြမ္းတဲ့ သူငယ္ခ်င္းကို ၃ ႏွစ္တုိင္တုိင္ အတန္းသုိ႔ ေက်ာပုိး လုိက္ပုိ႔ေပးတဲ့ ႏွလုံးလွေက်ာင္းသား

အခု ေဆြးေႏြးခဲ့တာေတြဟာ အဆန္းမဟုတ္ေပမယ့္ ၾကဳံေတြ႕ေနရဆဲ ျပႆနာေတြ ျဖစ္ေနပါတယ္။ တစ္ခါတစ္ေလ ကိုယ္ကိုယ္တိုင္ေတာင္ သတိမထားဘဲ ျပဳလုပ္ေနမိတာမ်ိဳး ရွိတတ္တဲ့အတြက္ ကိုယ္ခ်င္းစာစိတ္ကေလးနဲ႔ အျမဲ သတိျပဳမိေစဖို႔ အႀကံျပဳတင္ျပလိုက္ရျခင္း ျဖစ္ပါတယ္။ စာဖတ္သူေတြလည္း ႐ုပ္ရွင္ၾကည့္ရင္းက အတူထိုင္ၾကည့္ေနသူေတြေၾကာင့္ အဆင္မေျပတာမ်ိဳးျဖစ္ဖူးခဲ့ရင္ အေတြ႕အၾကဳံေလးေတြကို comment မွာ ေဆြးေႏြးေျပာျပေပးသြားဖို႔ ဖိတ္ေခၚလိုက္ရပါတယ္။

( Facebook အသုံးျပဳသူ မစႏၵီေအာင္ ေရးသားေပးပို႔ထားတဲ့ အခ်က္အလက္ေတြကို ကိုးကားၿပီး ရိုးရာေလးမွ ျပန္လည္တင္ျပေပးတာ ျဖစ္ပါတယ္ )

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yoyarlay

#Unicode Version
ရုပ်ရှင်ကြည့်ပြီဆိုရင်တော့ ဘယ်သူမဆို ပြင်ပဘဝကနေ ခဏတဖြုတ် အနားယူပြီး ရုပ်ရှင်ကားက ပေးတဲ့ ရသကို နှစ်နှစ်ခြိုက်ခြိုက် ခံစားချင်ကြတာချည်းပါပဲ။ တစ်ခါတစ်လေမှာတော့ အတူ ရုပ်ရှင်ကြည့်နေသူတွေရဲ့ အမှတ်တမဲ့ အပြုအမူတွေက ကိုယ့်ရဲ့ ရုပ်ရှင်ကြည့်ရတဲ့ ပျော်ရွှင်မှုကို အကြီးအကျယ် ထိခိုက်စေတာအထိ ဖြစ်နေနိုင်ပါတယ်။ ရုပ်ရှင်ရုံထဲမှာ ကြုံရတတ်တဲ့ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ အကြောင်း ဆွေးနွေးကြည့်ရအောင်။
စကား တတွတ်တွတ်ပြောနေတာ
ဇာတ်လမ်းအပေါ် အမြင်တွေ၊ ဘာသာပြန်ပြနေတာတွေ ဖြစ်နေနိုင်ပေမယ့် တခြားကြည့်ရှုသူတွေအတွက် အနှောင့်အယှက် ဖြစ်နေနိုင်ပါတယ်။ ဇာတ်လမ်းအပြင် ရုပ်ရှင်ရုံကပေးတဲ့ အမြင်ပိုင်း၊ အသံပိုင်း ရသတွေကို ခံစားဖို့ ရောက်လာကြသူတွေ ဖြစ်တာကြောင့် တတွတ်တွတ် စကားပြောသံကို ကြားနေရရင် ဘယ်လိုမှ အဆင်မပြေပါဘူး။

ဖုန်း အသုံးပြုမှု

လူတော်တော်များများက ဖုန်းတွေ silent လုပ်ထားကြပေမယ့် တချို့တွေက မလုပ်ကြတာတွေ တွေ့ရပါသေးတယ်။ ဇာတ်လမ်း အရှိန်ကောင်းနေချိန်တွေ၊ အရေးတကြီး စကားတွေ ပြောနေချိန်တွေမှာ ဖုန်း ringtone ထမြည်တာ ဘယ်လောက် စိတ်အနှောင့်အယှက်ဖြစ်ရသလဲ ကြုံဖူးရင် သိကြမှာပါ။ အရေးကြီးတဲ့ ဖုန်းတွေ ဝင်လာတဲ့ အချိန် ကိုယ့်ထိုင်ခုံက အတွင်းထဲ ရောက်နေလို့ အပြင်ထွက်ရခက်မယ်ဆိုရင် တိုးတိုးပြောပြီး အမြန်စကားစ ဖြတ်တာတွေ လုပ်နိုင်ပါတယ်။ ဖုန်းကို အကြာကြီး သုံးနေတဲ့ လူတွေရဲ့ ဖုန်း screen အလင်းရောင်ကြောင့် ကျန်တဲ့ လူတွေအတွက် ရုပ်ရှင်ကြည့်ရ အဆင်မပြေတာတွေ ဖြစ်နေနိုင်ပါတယ်။

အမှိုက်သရိုက်

အမှိုက်သိမ်းရမှာ သန့်ရှင်းရေး အလုပ်ပဲလို့ ထင်နေကြသူတွေ ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အမှိုက်တွေကို ကြမ်းပြင်ပေါ် ကြုံသလို ပစ်ချနေတာကတော့ စည်းကမ်းမဲ့ရာကျသလို ဘေးလူတွေလည်း အဆင်ပြေချင်မှ ပြေမှာပါ။ ပြန့်ကျဲနေတဲ့ စားပြီးသား နေကြာစေ့ခွံတွေကို ဖြတ်နင်းရတာတွေ၊ ပုလင်းခွံတွေ၊ အအေးဘူးခွံတွေကို မနင်းမိအောင် ကျော်လွှားသွားနေရတာဟာ ရုပ်ရှင်ရုံရဲ့ လူသွားလမ်းကျဉ်းတွေထဲမှာဆို အတော် ကရိကထ များလှပါတယ်။ အမှိုက်သွားပစ်နေဖို့ မလွယ်ကူရင်တောင်မှ စာနာစိတ်ကလေးထားပြီး ကိုယ့်အမှိုက်တွေကို ကြွတ်ကြွတ်အိတ် တစ်အိတ်ထဲ ပေါင်းထုပ်ထားတာမျိုး၊ လူသွားလမ်းကို မထိခိုက်ဘဲ အမှိုက်သိမ်းသမားလည်း အဆင်ပြေမယ့် နေရာမှာ ထားခဲ့ပေးတာမျိုးနဲ့ ကိုယ့်ရဲ့ စိတ်ဓာတ် အဆင့်အတန်း မြင့်မားမှုကို ပြသနိုင်ပါတယ်။
READ  မသန်စွမ်းတဲ့ သူငယ်ချင်းကို ၃ နှစ်တိုင်တိုင် အတန်းသို့ ကျောပိုး လိုက်ပို့ပေးတဲ့ နှလုံးလှကျောင်းသား

အခု ဆွေးနွေးခဲ့တာတွေဟာ အဆန်းမဟုတ်ပေမယ့် ကြုံတွေ့နေရဆဲ ပြဿနာတွေ ဖြစ်နေပါတယ်။ တစ်ခါတစ်လေ ကိုယ်ကိုယ်တိုင်တောင် သတိမထားဘဲ ပြုလုပ်နေမိတာမျိုး ရှိတတ်တဲ့အတွက် ကိုယ်ချင်းစာစိတ်ကလေးနဲ့ အမြဲ သတိပြုမိစေဖို့ အကြံပြုတင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ စာဖတ်သူတွေလည်း ရုပ်ရှင်ကြည့်ရင်းက အတူထိုင်ကြည့်နေသူတွေကြောင့် အဆင်မပြေတာမျိုးဖြစ်ဖူးခဲ့ရင် အတွေ့အကြုံလေးတွေကို comment မှာ ဆွေးနွေးပြောပြပေးသွားဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

( Facebook အသုံးပြုသူ မစန္ဒီအောင် ရေးသားပေးပို့ထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး ရိုးရာလေးမှ ပြန်လည်တင်ပြပေးတာ ဖြစ်ပါတယ် )


ဖိုးသူတော် (www.phothutaw.com)
Credit:Yoyarlay
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top