Property Expo
×

သင့္ရဲ႕ဆံႏြယ္ေတြကို အေကာင္းဆံုးထိန္းသိမ္းခ်င္တယ္၊ ဆံပင္အဖ်ားႏွစ္ခြျဖစ္ျခင္းကေန ကာကြယ္ခ်င္တယ္ဆုိရင္ေတာ့ သင္ဟာ ေခါင္းေလ်ွာ္တာကေနစျပီး ဆံပင္ကို ဘယ္လုိထိန္းသိမ္းသြားရမယ္ဆိုတာေတြအထိ အတိအက် လုပ္ဖုိ႕ လုိအပ္လာပါျပီ။ ဆံပင္က အဖ်ားတစ္ခါကြဲသြားျပီဆုိ ဆက္ကြဲသြားဖုိ႕သာ ရာခုိင္ႏႈန္းမ်ားေနပါတယ္။  ေနာက္ထပ္အေျခအေနတစ္ခုက ဆံပင္အဖ်ားႏွစ္ခြျဖစ္ျပီဆုိ ဆံပင္ေတြ ရွင္းမရျဖစ္တာမ်ိဳး၊ ျငိတာမ်ိဳးေတြ ပိုျဖစ္တတ္ပါ တယ္။ ဒီေတာ့ ဆံပင္ေတြ ပ်က္စီးျပီဆုိရင္ ညွပ္ပစ္လိုက္တာက အေကာင္းဆံုးလို႕ေတာင္ ေတြးေတာလာၾကတဲ့အထိပါပဲ။ ဒါေပမယ့္ ဆံပင္အဖ်ားႏွစ္ခြမျဖစ္ေအာင္ ကာကြယ္ႏိုင္တဲ့ အပိုင္းေလးေတြေတာ့ ရွိပါတယ္။

၁။ေခါင္းေလ်ွာ္ရည္ကို ေသခ်ာေရြးခ်ယ္ျပီး ေခါင္းေလ်ွာ္တဲ့အပိုင္းကို ပိုဂရုစိုက္ပါ။

ဆံပင္ေျခာက္ေသြ႔တဲ့အခါ ဆံပင္ေတြ က်ိဳးတာ ျပတ္ကုန္တာမ်ိဳးေတြ ျဖစ္တတ္သလို အဖ်ားႏွစ္ခြကြဲျခင္းနဲ႕ အဆံုးသတ္သြားတတ္ပါတယ္။ ဒီေတာ့ ေခါင္းေလ်ွာ္တဲ့အပိုင္းကို သတိထားရပါလိမ့္မယ္။ အထူးသျဖင့္ သင္ဟာ ေကာက္သားရွိတဲ့ ဆံပင္မ်ိဳးဆို ပိုဆုိးပါတယ္။ ေကာက္သားရွိတဲ့ ဆံပင္မ်ိဳးေတြဟာ တစ္ပတ္ကို တစ္ခါ၊ အလြန္ဆံုးႏွစ္ခါေလာက္သာ ေလ်ွာ္ေပးသင့္ပါတယ္။ တကယ္ေတာ့ ေခါင္းကိုအႀကိမ္မ်ားစြာ မေလွ်ာ္တာဟာ သင့္ဆံပင္ကို ဂရုစိုက္ျခင္းရဲ႕ အေျခခံအခ်က္ပဲ ျဖစ္ပါတယ္တဲ့။ ေနာက္တစ္ခ်က္က ေရကူးျပီးလို႕ ေခါင္းေလ်ွာ္ျပီးတဲ့အခါလည္း ဆံပင္ကို ေသခ်ာ treatment ျပန္ေပးသင့္ပါတယ္။ ေခါင္းေလ်ွာ္ရည္ဟာ ဆံပင္သာ ၾကမ္းသြားတာမ်ိဳးထက္ အဆီအႏွစ္ျဖည့္တင္းေပးတဲ့ ေခါင္းေလ်ွာ္ရည္မ်ိဳးေတြသာ ျဖစ္သင့္ပါတယ္။

၂။ဆံပင္ေပါင္းတာမ်ိဳးဟာ မလုပ္မျဖစ္ပါ။

ဆံပင္ကို ေခါင္းေလ်ွာ္ျပီးတဲ့အခါ ေပ်ာ့ေဆးသံုးတာမ်ိဳးက အျမဲတမ္းလုပ္သင့္တာပါ။ ေနာက္တစ္ခ်က္က ဆံပင္ကိုအားျဖည့္ေပးႏိုင္ဖုိ႕အတြက္ hair mask သံုးေပးပါ။ ဒါက အိမ္မွာပဲ လုပ္လုိ႕ရတာမို႕ ဆုိင္သြားစရာမလုိ၊ အလုပ္မရႈပ္ပါဘူး။

၃။စတုိင္လည္းက်၊ ဆံပင္လည္း မပ်က္စီးေအာင္ ထိန္းသိမ္းပါ။

လႈိင္းတြန္႕ဆံပင္သားေတြအတြက္ ေပါင္းေဆးအျမဲသံုးေပးဖုိ႕ လိုအပ္သလို ေခါင္းျဖီးတဲ့အခါမွာလည္း ေအာက္နားကိုစျဖီးပါ။ ေအာက္အဖ်ားေတြ ရွင္းသြားမွာ အေပၚကို တစ္ျဖည္းျဖည္းတုိးျဖီးသြားပါ။ ေခါင္းေလ်ွာ္ေနတုန္းလည္း ဆံပင္ေတြကို လက္ကေလးနဲ႕ ရွင္းေအာင္လုပ္သြားႏိုင္ပါတယ္။ ဆံပင္က အေျဖာင့္ဆုိရင္ေတာ့ ဆံပင္ကို အားျဖည့္ဆီထည့္ျပီးမွ ျဖီးတာမ်ိဳးေတြလုပ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ ဆံပင္ကို ပံုသြင္းဖုိ႕ အပူေခ်ာင္းေတြ သံုးမယ္၊ blow-dryer ေတြ သံုးမယ္ဆုိရင္ ဒါေတြဟာ ဆံပင္ကို ပိုပ်က္စီးေစျပီး အဖ်ားႏွစ္ခြပိုျဖစ္ေစတယ္ဆုိတာ သိရပါမယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

သင့်ရဲ့ဆံနွယ်တွေကို အကောင်းဆုံးထိန်းသိမ်းချင်တယ်၊ ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းကနေ ကာကွယ်ချင်တယ်ဆိုရင်တော့ သင်ဟာ ခေါင်းလျှော်တာကနေစပြီး ဆံပင်ကို ဘယ်လိုထိန်းသိမ်းသွားရမယ်ဆိုတာတွေအထိ အတိအကျ လုပ်ဖို့ လိုအပ်လာပါပြီ။ ဆံပင်က အဖျားတစ်ခါကွဲသွားပြီဆို ဆက်ကွဲသွားဖို့သာ ရာခိုင်နှုန်းများနေပါတယ်။  နောက်ထပ်အခြေအနေတစ်ခုက ဆံပင်အဖျားနှစ်ခွဖြစ်ပြီဆို ဆံပင်တွေ ရှင်းမရဖြစ်တာမျိုး၊ ငြိတာမျိုးတွေ ပိုဖြစ်တတ်ပါ တယ်။ ဒီတော့ ဆံပင်တွေ ပျက်စီးပြီဆိုရင် ညှပ်ပစ်လိုက်တာက အကောင်းဆုံးလို့တောင် တွေးတောလာကြတဲ့အထိပါပဲ။ ဒါပေမယ့် ဆံပင်အဖျားနှစ်ခွမဖြစ်အောင် ကာကွယ်နိုင်တဲ့ အပိုင်းလေးတွေတော့ ရှိပါတယ်။

၁။ခေါင်းလျှော်ရည်ကို သေချာရွေးချယ်ပြီး ခေါင်းလျှော်တဲ့အပိုင်းကို ပိုဂရုစိုက်ပါ။

ဆံပင်ခြောက်သွေ့တဲ့အခါ ဆံပင်တွေ ကျိုးတာ ပြတ်ကုန်တာမျိုးတွေ ဖြစ်တတ်သလို အဖျားနှစ်ခွကွဲခြင်းနဲ့ အဆုံးသတ်သွားတတ်ပါတယ်။ ဒီတော့ ခေါင်းလျှော်တဲ့အပိုင်းကို သတိထားရပါလိမ့်မယ်။ အထူးသဖြင့် သင်ဟာ ကောက်သားရှိတဲ့ ဆံပင်မျိုးဆို ပိုဆိုးပါတယ်။ ကောက်သားရှိတဲ့ ဆံပင်မျိုးတွေဟာ တစ်ပတ်ကို တစ်ခါ၊ အလွန်ဆုံးနှစ်ခါလောက်သာ လျှော်ပေးသင့်ပါတယ်။ တကယ်တော့ ခေါင်းကိုအကြိမ်များစွာ မလျှော်တာဟာ သင့်ဆံပင်ကို ဂရုစိုက်ခြင်းရဲ့ အခြေခံအချက်ပဲ ဖြစ်ပါတယ်တဲ့။ နောက်တစ်ချက်က ရေကူးပြီးလို့ ခေါင်းလျှော်ပြီးတဲ့အခါလည်း ဆံပင်ကို သေချာ treatment ပြန်ပေးသင့်ပါတယ်။ ခေါင်းလျှော်ရည်ဟာ ဆံပင်သာ ကြမ်းသွားတာမျိုးထက် အဆီအနှစ်ဖြည့်တင်းပေးတဲ့ ခေါင်းလျှော်ရည်မျိုးတွေသာ ဖြစ်သင့်ပါတယ်။

၂။ဆံပင်ပေါင်းတာမျိုးဟာ မလုပ်မဖြစ်ပါ။

ဆံပင်ကို ခေါင်းလျှော်ပြီးတဲ့အခါ ပျော့ဆေးသုံးတာမျိုးက အမြဲတမ်းလုပ်သင့်တာပါ။ နောက်တစ်ချက်က ဆံပင်ကိုအားဖြည့်ပေးနိုင်ဖို့အတွက် hair mask သုံးပေးပါ။ ဒါက အိမ်မှာပဲ လုပ်လို့ရတာမို့ ဆိုင်သွားစရာမလို၊ အလုပ်မရှုပ်ပါဘူး။

၃။စတိုင်လည်းကျ၊ ဆံပင်လည်း မပျက်စီးအောင် ထိန်းသိမ်းပါ။

လှိုင်းတွန့်ဆံပင်သားတွေအတွက် ပေါင်းဆေးအမြဲသုံးပေးဖို့ လိုအပ်သလို ခေါင်းဖြီးတဲ့အခါမှာလည်း အောက်နားကိုစဖြီးပါ။ အောက်အဖျားတွေ ရှင်းသွားမှာ အပေါ်ကို တစ်ဖြည်းဖြည်းတိုးဖြီးသွားပါ။ ခေါင်းလျှော်နေတုန်းလည်း ဆံပင်တွေကို လက်ကလေးနဲ့ ရှင်းအောင်လုပ်သွားနိုင်ပါတယ်။ ဆံပင်က အဖြောင့်ဆိုရင်တော့ ဆံပင်ကို အားဖြည့်ဆီထည့်ပြီးမှ ဖြီးတာမျိုးတွေလုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဆံပင်ကို ပုံသွင်းဖို့ အပူချောင်းတွေ သုံးမယ်၊ blow-dryer တွေ သုံးမယ်ဆိုရင် ဒါတွေဟာ ဆံပင်ကို ပိုပျက်စီးစေပြီး အဖျားနှစ်ခွပိုဖြစ်စေတယ်ဆိုတာ သိရပါမယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top