Kantharyar Centre
×




Credit : Duwun


#Unicode Version

အရေးပေါ်လူနာယာဉ်ပေါက်ကွဲတာကြောင့် သယ်လာတဲ့ အရေးပေါ်လူနာ သေဆုံးတဲ့ ဖြစ်ရပ်တစ်ခု အိုင်ယာလန်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။

Naas မြို့မှာတည်ရှိတဲ့ Naas အထွေထွေဆေးရုံကြီးရဲ့ အပြင်ဘက်မှာ  မနေ့ကနေ့လယ် ၂ နာရီခန့်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဆိုပါမီးလောင်မှုဟာ လူနာတင်ယာဉ်ရဲ့ အနောက်ဘက်  အောက်ဆီဂျင်သိုလှောင်ထားတဲ့ကန် ပေါက်ကွဲရာကနေ မီးလောင်ပေါက်ကွဲတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် ကားပေါ်လိုက်ပါလာတဲ့ အရေးပေါ်လူနာတစ်ဦး သေဆုံးခဲ့ပြီး ဆေးဘက်ဆိုင်ရာဝန်ထမ်းနှစ်ဦးလည်း မီးလောင်ကျွမ်းခဲ့ပါတယ်။ လူနာတင်ယာဉ်ရဲ့ ရှေ့တံခါးပွင့်သွားပြီး လူနာကို ထုတ်တော့မယ့်အချိန်မှာ အဆိုပါဖြစ်ရပ်ဟာ ဖြစ်ပွားခဲ့တာလို့ မျက်မြင်သက်သေတစ်ဦးက ပြောကြားထားကြောင်းလည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top