Property Expo
×











Credit:7Day Daily

#Unicode Version
အောင်လအန်ဆန်နှင့် ပိုလန်နိုင်ငံသား မိုက်ကယ်ပက်စတာနာ့ခ်တို့ ဟန်ရေးပြနေစဉ် (ဓာတ်ပုံ - ဘိုဘိုမင်း)

 အောင်လအန်ဆန်ကို အနိုင်ရရှိရန် နှစ်ဆကြိုးစားသွား မည်ဖြစ်ကြောင်း ပိုလန်နိုင်ငံသား မိုက်ကယ်ပက်စတာနာ့ခ်ကပြော ကြားသည်။


ကချင်တိုင်းရင်းသားအောင် လအန်ဆန်နှင့် ပိုလန်နိုင်ငံသား မိုက်ကယ်ပက်စတာနာ့ခ်တို့ယှဉ် ပြိုင်မည့် One Championship (MMA) ပြိုင်ပွဲကို လာမည့် အောက်တိုဘာ ၇ ရက်တွင် ရန် ကုန်မြို့ အမျိုးသားအားကစားရုံ ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပမည် ဖြစ်သည်။

‘‘အောင်လက ကစားသမား ကောင်းတစ်ဦးပါ။ ဒါပေမဲ့ ဒီပွဲမှာ ကျွန်တော်အနိုင်ရရှိဖို့အတွက် ၁၀၀ ရာခိုင်နှုန်းမဟုတ်ဘူး။ ၂၀၀ ရာခိုင်နှုန်း ကြိုးစားသွားမှာပါ။ ပြိုင်ပွဲနေ့ကျရင် မြန်မာနိုင်ငံမှာရှိ တဲ့ MMA ပရိသတ်တွေအနေနဲ့ MMA သင်တန်းတွေတက်ချင်တဲ့ စိတ်ဖြစ်ပေါ်လာတဲ့အထိ ပွဲကို အ ကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ’’ ဟု စက်တင်ဘာ ၆ ရက်က ရန် ကုန်မြို့ ကန်တော်ကြီးပဲလေ့စ်ဟို တယ်တွင် ကျင်းပခဲ့သည့် ပွဲကြို သတင်းစာရှင်းလင်းပွဲ၌ မိုက် ကယ်ပက်စတာနာ့ခ်ကပြောကြား သည်။

မိုက်ကယ်ပက်စတာနာ့ခ် သည် အသက် (၃၂) နှစ်အရွယ်ရှိ ပြီး မစ်ဒယ်ဝိတ်တန်းတွင် ထိုး သတ်နေသူဖြစ်ကာ MMA သက် တမ်းတစ်လျှောက် ၁၂ ပွဲ ယှဉ် ပြိုင်ရာ၌ တစ်ပွဲသာရှုံးနိမ့်ထားပြီး ၁၀ ပွဲ အနိုင်ရရှိထားသူဖြစ်သည်။

မိုက်ကယ်ပက်စတာနာ့ခ် သည် ၂၀၁၄ က ယှဉ်ပြိုင်ခဲ့သည့် MMA ပွဲစဉ်တွင် ဒူးဒဏ်ရာပြင်း ထန်စွာ ရရှိခဲ့ပြီး MMA ယှဉ်ပြိုင် ခြင်းကို ၂ နှစ်ခန့် ရပ်နားခဲ့သော် လည်း လက်ရှိတွင် အကောင်းဆုံး ပုံစံတစ်ခု ရရှိနေပြီဖြစ်ကြောင်း ဆိုသည်။

‘‘ပြိုင်ပွဲအတွက် တော်တော် လေး စိတ်လှုပ်ရှားနေပါတယ်။ မြန်မာနိုင်ငံကို နောက်တစ်ကြိမ် ပြန်ရောက်လာတဲ့အတွက် အ တိုင်းမသိဝမ်းသာပါတယ်။ ကျွန် တော်မြန်မာတွေအတွက် ဂုဏ်ယူ နိုင်အောင် အကောင်းဆုံးကြိုးစား မယ်။ နိုင်ရမယ်လို့ ကတိပေးပါ တယ်’’ဟု ကချင်တိုင်းရင်းသား အောင်လအန်ဆန်က ပြောသည်။

အသက် (၃၁) နှစ်အရွယ် အောင်လအန်ဆန်သည် MMA  ပြိုင်ပွဲတစ်လျှောက် မစ်ဒယ်ဝိတ် တန်းတွင် ၂၇ ပွဲယှဉ်ပြိုင်ထားပြီး ၁၈ ပွဲနိုင်၊ ကိုးပွဲရှုံးရလဒ် ရရှိထား သည်။ အဆိုပါ MMA ပြိုင်ပွဲကို တွဲဆိုင်း ၁၁ ဆိုင်းဖြင့် ကျင်းပမည် ဖြစ်ပြီး မစ်ဒယ်ဝိတ်တန်းတွင် အောင်လအန်ဆန်နှင့် မိုက်ကယ် ပက်စတာနာ့ခ်၊ စထရောဝိတ်တန်း တွင် ကမ္ဘာ့ချန်ပီယံဂျပန်နိုင်ငံသား ယိုရှီတာကာနှင့် စိန်ခေါ်သူ ဖိလစ် ပိုင်နိုင်ငံသားပါစီယိုတို့ ယှဉ်ပြိုင် မည်ဖြစ်သည်။

ထို့အပြင် ယင်းပြိုင်ပွဲတွင် ပြည်တွင်းလက်ဝှေ့သမားများ လည်း ယှဉ်ပြိုင်မည်ဖြစ်ပြီး စော ရန်ပိုင်နှင့် ရဲရင့်အောင်၊ ဖိုးသော် နှင့် ကပ္ပလီ၊ စောဘဦးနှင့် ကြယ်စင်ဖြိုးတို့ ယှဉ်ပြိုင်မည့်တွဲဆိုင်းများ ပါဝင်မည်ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top