Property Expo
×

 လူကို ေသေစႏုိင္ေလာက္ေအာင္ကိုက္သည့္ သတၱဝါမ်ားထဲတြင္ မည္သည့္အေကာင္သည္ အဆိုးဆံုးျဖစ္သနည္း။ က်န္းမာေရးစစ္တမ္းမ်ားအရမူ အျခားသတၱဝါမ်ားကိုက္ခံရၿပီး ေသဆံုးမႈမ်ားထက္ ‘ျခင္’သတၱဝါေၾကာင့္ လူေသဆံုးမႈသည္ ထိပ္ဆံုး၌ ရွိေနသည္။

အဆိုပါ စစ္တမ္းကို မိုက္က႐ိုေဆာ့ဖ္ (Microsoft) တည္ေထာင္သူ ဘီလ္ဂိတ္က ၎၏ ဘေလာ့ဂ္တြင္ အေျဖရွာေပးထားျခင္းျဖစ္သည္။ ေႁမြကိုက္ခံရျခင္းေၾကာင့္ ႏွစ္စဥ္ လူေပါင္းငါးေသာင္းခန္႔ ေသဆံုးေနခ်ိန္၌  ျခင္ေၾကာင့္ လူေပါင္းခုနစ္သိန္းႏွစ္ေသာင္းငါးေထာင္ခန္႔ ေသဆံုးေနရသည္ဟု စစ္တမ္း၌ အေျဖရွာထားသည္။

ကမၻာေပၚတြင္ ျခင္အမ်ိဳးအစား သံုးေထာင္ခန္႔ရွိသည့္အနက္ လူကို အႏၲရာယ္ေပးႏုိင္ေသာ ျခင္အမ်ိဳးအစားသည္ ခုနစ္ရာေက်ာ္သာရွိၿပီး ျမန္မာႏုိင္ငံတြင္ လူကုိ ဆုိးရြားစြာ အႏၲရာယ္ေပးႏုိင္ေသာ ျခင္အမ်ိဳးအစားမွာ ေသြးလြန္တုပ္ေကြးျဖစ္ေစႏုိင္သည့္ ေအးဒိစ္ျခင္၊ ဂ်ပန္ဦးေႏွာက္ေရာင္ႏွင့္ ဆင္ေျခေထာက္ေရာဂါျဖစ္ေစႏုိင္သည့္ က်ဴးလပ္စ္ျခင္ႏွင့္ ငွက္ဖ်ားေရာဂါ ျဖစ္ေစႏုိင္သည့္ အေနာဖလိျခင္တို႔ျဖစ္သည္။

‘‘အခုေနာက္ပိုင္း ငွက္ဖ်ားက သိပ္မျဖစ္ေတာ့ဘူး။ အျဖစ္မ်ားတာက ေသြးလြန္တုပ္ေကြးပဲ။ ဘာလို႔လဲဆုိ ငွက္ဖ်ားက တစ္ေနရာျဖစ္ရင္ အဲဒီတစ္ေနရာကို ေသခ်ာႏွိမ္နင္းလုိက္ရင္ ထပ္မျဖစ္ေတာ့ဘူး။ ေသြးလြန္တုပ္ေကြးက်ေတာ့ လူနားမွာ အၿမဲေနေနတဲ့ျခင္ဆုိေတာ့ ဒီက ႏွိမ္နင္းရင္ ဟိုဘက္ကို ေျပးတယ္။  အဲဒါေၾကာင့္ ႏွိမ္နင္းရခက္တယ္။ တကယ္အေရးႀကီးတာက ျခင္ႏွိမ္နင္းေရးလုပ္တဲ့အခါမွာ ပိုးေလာက္လမ္းႏွိမ္နင္းေရးကသာ အဓိကအက်ဆံုးပဲ။ ဒါေၾကာင့္ဖံုးသြန္လဲစစ္လို ပိုးေလာက္လမ္း ႏွိမ္နင္းႏုိင္မွသာ ကူးစက္တာကို ကာကြယ္ႏုိင္မွာပါ’’ဟု ရန္ကုန္တုိင္း ျပည္သူ႔က်န္းမာေရးဦးစီးဌာန ဒုတိယတုိင္းေဒသႀကီး က်န္းမာေရးဦးစီးဌာနမွဴး ေဒါက္တာခင္နန္းလံုက ဆုိသည္။

ကမၻာေပၚရွိ လူဦးေရ ႏွစ္သန္းခန္႔သည္ ျခင္မွတစ္ဆင့္ ကူးစက္ေရာဂါမ်ား ခံစားေနရၿပီး တစ္ႏွစ္လွ်င္ လူေပါင္းတစ္သန္းေက်ာ္သည္ ျခင္မွတစ္ဆင့္ ကူးစက္ေရာဂါမ်ားေၾကာင့္ ေသဆံုးေနရသည္ဟု ကမၻာ့က်န္းမာေရးအဖြဲ႕ (WHO)က ထုတ္ျပန္ထားသည္။

ကမၻာ့ႏုိင္ငံမ်ားကဲ့သို႔ ျမန္မာႏုိင္ငံတြင္လည္း ျခင္ကေပးသည့္ က်န္းမာေရးျပႆနာမ်ားႏွင့္ ရင္ဆုိင္ေနရၿပီး ျခင္ကိုက္ခံရမႈမွ ကူးစက္ေရာဂါျဖစ္ပြားကာ ႏွစ္စဥ္လူေပါင္းမ်ားစြာ ေသဆံုးေနရသည့္ သာဓကမ်ားစြာလည္း ရွိေနသည္။

အထူးသျဖင့္ ေသြးလြန္တုပ္ေကြး၊ ဂ်ပန္ဦးေႏွာက္ေရာင္၊ ဆင္တုပ္ေကြးေရာဂါမ်ားအျပင္ လတ္တေလာတြင္ အိမ္နီးခ်င္းႏုိင္ငံမ်ား၌ ျဖစ္ပြားေနသည့္ ဇီကာဗုိင္းရပ္စ္ အႏၲရာယ္သည္လည္း ျမန္မာႏုိင္ငံကို တျဖည္းျဖည္းၿခိမ္းေျခာက္လာေနၿပီျဖစ္သည္။

‘‘ေသြးလြန္တုပ္ေကြးျဖစ္ပြား မႈကိုေတာင္ ဒီမွာ ထိန္းခ်ဳပ္ဖို႔ခက္ေနတာ။ တကယ္လို႔သာ ဇီကာဝင္လာခဲ့ရင္ ထိန္းခ်ဳပ္ဖို႔ခက္မယ္။ ေအးဒိစ္ျခင္က တကယ့္ျပႆနာပါ။ ဘာလို႔လဲဆုိေတာ့ ဒီျခင္အမ်ိဳးစားကပဲ ေသြးလြန္တုပ္ေကြးေရာ၊ ခ်ီကန္ဂန္ညာ (ဆင္တုပ္ေကြး) ေရာ ဇီကာပါ ျဖစ္ပြားေနတဲ့အတြက္ပါ’’ဟု ကေလးအထူးကုဆရာဝန္ႀကီး ပါေမာကၡေဒါက္တာေစာဝင္းက မွတ္ခ်က္ျပဳသည္။

ျမန္မာႏုိင္ငံသည္ ေသြးလြန္တုပ္ေကြးျဖစ္ပြားမႈျမင့္မားေသာ ႏုိင္ငံတစ္ႏုိင္ငံျဖစ္ၿပီး ယခုႏွစ္စမွ ဇူလုိင္အထိ ျဖစ္ပြားသူဦးေရ ၃,၅၀၀ ခန္႔ရွိကာ ေသဆံုးသူ ၂၀ ဦးခန္႔ရွိေနၿပီျဖစ္သည္။ အလားတူ ဂ်ပန္ဦးေႏွာက္ေရာဂါမွာလည္း ယခုႏွစ္စမွ ဩဂုတ္အထိ ယင္းေရာဂါေၾကာင့္ လူ ၂၀ ဦးခန္႔ ေသဆံုးေနၿပီျဖစ္ေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန စာရင္းမ်ားအရ သိရသည္။

 ျခင္ေၾကာင့္ ကူးစက္ေရာဂါျဖစ္ပြားေသဆံုးႏႈန္းျမင့္မားသည့္ ေသြးလြန္တုပ္ေကြးေရာဂါသည္ ကမၻာေပၚတြင္ ႏုိင္ငံေပါင္း ၁၂၅ ႏုိင္ငံ၌ ျဖစ္ပြားလ်က္ရွိၿပီး ႏွစ္စဥ္ လူေပါင္းသန္းေလးရာခန္႔ ကူးစက္ခံေနရသည္ ျမန္မာႏုိင္ငံတြင္ ၂၀၁၅  ၌ လူေပါင္း တစ္ေသာင္း ေက်ာ္ျဖစ္ပြားၿပီး ကပ္အသြင္ျဖစ္ေပၚခဲ့သည္။

ေသြးလြန္တုပ္ေကြးျဖစ္ပြားေစသည့္ ေအးဒိစ္ျခင္သည္ ေရသန္႔တြင္ေနထုိင္ၿပီး ေန႔အခ်ိန္၌ ကိုက္ေလ့ရွိသည္။ လကၡဏာမ်ားမွာ ျဖစ္စတြင္ ႐ိုး႐ိုးတုပ္ေကြးကဲ့သို႔ ဖ်ားနာျခင္း၊ ေခါင္းကိုက္ျခင္း၊ နာက်င္ျခင္းမ်ား ျဖစ္လာၿပီး ေရာဂါျပင္းထန္ခ်ိန္၌ အ႐ိုးထဲမွ နာက်င္ျခင္း၊ အေရျပားတြင္ အနီျပင္မ်ားထြက္ျခင္း၊ အျပင္းဖ်ားျခင္း၊ ေခါင္းကိုက္ျခင္း၊ အဆစ္အျမစ္မ်ား နာက်င္ျခင္း၊ အစားအေသာက္ပ်က္ျခင္းႏွင့္ ပ်ိဳ႕အန္ျခင္းမ်ား ျဖစ္ေပၚသည္။

ထို႔ထက္ ျပင္းထန္ပါက ဗိုက္နာ၍ ဆက္တုိက္အန္ျခင္း၊ တစ္ကိုယ္လံုးေအးစက္ေပ်ာ့ေခြၿပီး ဂဏာမၿငိမ္ျဖစ္ရာမွ သတိလစ္သြားျခင္း၊ ေရွာ့ခ္ရသြားျခင္းႏွင့္ အသက္႐ွဴျမန္လာကာ ေသြးအန္ျခင္းမ်ား ျဖစ္လာၿပီး ယင္းအေျခအေန၌ ေဆးကုသမႈမခံယူပါက အသက္ဆံုးပါးႏုိင္သည္။ ယင္းေရာဂါအတြက္ လက္ရွိအထိ ကာကြယ္ေဆးမရွိေသးဘဲ စမ္းသပ္ဆဲ အဆင့္၌သာ ရွိေသးသည္။

အလားတူ ေအးဒိစ္ျခင္ကိုက္ခံရၿပီး ေနာက္ထပ္ျဖစ္ပြားႏုိင္သည့္ ကူးစက္ေရာဂါမွာ ခ်ီကန္ဂန္ညာ (ေခၚ) ဆင္တုပ္ေကြးျဖစ္သည္။ ယင္းပုိးရွိသည့္ ျခင္အကိုက္ခံရၿပီး ေနာက္ႏွစ္ရက္မွ ငါးရက္အတြင္း ဖ်ားျခင္း၊ အဖ်ားတက္ၿပီး ကိုယ္လက္ကိုက္ခဲျခင္း၊ အဆစ္နာျခင္းမ်ား ျဖစ္တတ္သည္။ ေသြးလြန္တုပ္ေကြးႏွင့္ဆင္သည့္ လကၡဏာမွာ ေသြးျခည္ဥႏွင့္ အနီျပင္မ်ား ထြက္တတ္ျခင္းျဖစ္သည္။ အခ်ိဳ႕တြင္ ေခါင္းကိုက္ျခင္း၊ မ်က္စိနာျခင္း၊ ပ်ိဳ႕အန္ျခင္းမ်ား ျဖစ္တတ္သည္။ ေရာဂါကူးစက္ခံရၿပီး တစ္ပတ္အတြင္း ေပ်ာက္ႏုိင္ေသာ္လည္း အဆစ္အျမစ္မ်ား ဆက္လက္နာက်င္ႏုိင္သည္။ ေသြးလြန္တုပ္ေကြးကဲ့သို႔ပင္ ကာကြယ္ေဆး မရွိေသးေပ။

‘‘ခ်ီကန္ဂန္ညာပိုးက ေသြးလြန္တုပ္ေကြးလို သိပ္မျပင္းထန္ဘူး။ အသက္အႏၲရာယ္မစိုးရိမ္ရဘူး’’ဟု အလံုၿမိဳ႕နယ္ ဝင္းေဆးခန္းမွ ေဒါက္တာျမင့္ဦးက ရွင္းျပသည္။

ျမန္မာႏုိင္ငံသို႔ ကူးစက္ဝင္ေရာက္မႈမရွိေသးေသာ္လည္း ကမၻာ့ႏုိင္ငံေပါင္း ၇၂ ႏုိင္ငံတြင္ ကူးစက္ခံထားရေသာ ဇီကာဗိုင္းရပ္စ္မွာလည္း ေအးဒိစ္ျခင္ကိုက္ခံရမႈေၾကာင့္ျဖစ္သည္။ ယင္းေရာဂါသည္ အသက္အရြယ္မေရြး ျဖစ္ပြားႏိုင္ေသာ္လည္း ကူးစက္ခံရသူ ငါးဦးတြင္ တစ္ဦးသာ လကၡဏာျပတတ္သည္။ ယင္းဗိုင္းရပ္စ္သည္ ေသြးထဲတြင္ ငါးရက္မွ ခုနစ္ရက္အထိသာရွိေနသျဖင့္ ေရာဂါအမွန္ သိရွိႏုိင္ရန္ ခက္ခဲသည္။

 လကၡဏာမ်ားမွာ ႐ုတ္တရက္ ဖ်ားနာျခင္း၊ အေရျပားတြင္ အနီစက္ထြက္ေပၚျခင္း၊ မ်က္သားနီၿပီး ေရာင္ရမ္းျခင္း၊ ႂကြက္သားႏွင့္ အဆစ္အျမစ္မ်ား နာက်င္ကိုက္ခဲျခင္း၊ ကိုယ္လက္မအီမသာ ျဖစ္ျခင္းႏွင့္ ေခါင္းကိုက္ျခင္း စသည့္လကၡဏာမ်ားကို ႏွစ္ရက္မွ ခုနစ္ရက္အထိ ခံစားရႏုိင္သည္။ ေနာက္ဆက္တြဲဆုိးက်ိဳးအျဖစ္ ကိုယ္ဝန္ေဆာင္ မိခင္မွတစ္ဆင့္ ကေလးသို႔ ကူးစက္ကာ ေမြးရာပါ ဦးေခါင္းေသးေရာဂါႏွင့္ အျခားအာ႐ံုေၾကာဆုိင္ရာ ေရာဂါမ်ားျဖစ္ေစႏုိင္သည္ဟု ေဆးပညာရွင္သုေတသီမ်ားက သံုးသပ္ထားသည္။ ယင္းေရာဂါမွာ ကာကြယ္ကုသေဆးမရွိေသးေပ။

‘‘ဇီကာျဖစ္ရင္ ကိုယ္ဝန္ေဆာင္ေတြမွာ ဉာဏ္မမီတဲ့ကေလးေတြ၊ ေခါင္းေသးတဲ့ကေလးေတြ ေမြးလာႏုိင္တယ္။ ျမန္မာႏုိင္ငံက ျခင္ေပါတယ္။ စင္ကာပူလို ျခင္တစ္ေကာင္မွမရွိတဲ့ ႏုိင္ငံမွာ ေတာင္ဇီကာကူးစက္ခံရတယ္။ ဒီမွာ ျဖစ္ရင္ ပိုဆုိးတယ္။ အဓိကလုပ္ရမွာက ျခင္ႏွိမ္နင္းေရးပဲ။ လူထုကလည္း ျခင္မကိုက္ေအာင္ေနရမယ္’’ဟု အၿငိမ္းစားေဆး႐ံုအုပ္ႀကီး ေဒါက္တာဘေရႊက ဆုိသည္။

က်ဴးလပ္စ္္ျခင္ကိုက္ခံရျခင္းေၾကာင့္ ျဖစ္ပြားေသာ ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါသည္ အသက္အရြယ္မေရြး ျဖစ္ပြားၿပီး တစ္ႏွစ္ပတ္လံုး ကူးစက္ျဖစ္ပြားႏုိင္သည္။ ယင္းေရာဂါဗုိင္းရပ္စ္ပိုးသည္ ဝက္၊ငွက္၊ ဘဲ၊ ခို၊ လင္းႏို႔ စသည္တုိ႔၏ ခႏၶာကိုယ္ထဲတြင္ ပြားမ်ားတတ္သည္။ ယင္းက်ဴးလပ္စ္ျခင္သည္ လယ္ကြင္းမ်ားထဲတြင္ အဓိက ေပါက္ဖြားေလ့ရွိသည္။ တိရစၧာန္ေသြးကို ပိုႀကိဳက္၍ ျမင္း၊ ကြၽဲ၊ ႏြားတို႔ႏွင့္ နီးကပ္စြာ ေနထိုင္သူမ်ား တစ္ခါတစ္ရံ ကူးစက္ခံရေလ့ရွိသည္။

ျမန္မာႏုိင္ငံအပါအဝင္ စင္ကာပူ၊ ထုိင္း၊ မေလးရွား၊ အင္ဒိုနီးရွား၊ တ႐ုတ္၊ အိႏၵိယႏွင့္ ဘဂၤလားေဒ့ရွ္ႏုိင္ငံမ်ားႏွင့္ ကမၻာ့ႏုိင္ငံေပါင္း ၂၄ ႏုိင္ငံတြင္ ယင္းေရာဂါ ျဖစ္ပြားလ်က္ရွိၿပီး ၂၀၁၃ က လူေပါင္း ခုနစ္ေသာင္းခန္႔ျဖစ္ပြားကာ ၃၀ ရာခုိင္ႏႈန္းခန္႔ ေသဆံုးခဲ့သည္။ ကူးစက္ခံရသူ ၂၅၀ ဦးလွ်င္ တစ္ဦးသာ ဦးေႏွာက္ေရာင္လကၡဏာျပၿပီး က်န္လူနာမ်ားသည္ သာမန္တုပ္ေကြးကဲ့သို႔ပင္ လကၡဏာျပသည္။

ဦးေႏွာက္ေရာင္လကၡဏာရွိသူ သံုးဦးအနက္ တစ္ဦးခန္႔ေသဆံုးႏုိင္ၿပီး အသက္မေသဘဲ ျပန္လည္ေကာင္းမြန္လာသည့္ လူနာ ၃၀ ရာခုိင္ႏႈန္းခန္႔မွာ ကိုယ္အဂၤါခ်ိဳ႕ယြင္းမႈႏွင့္ စိတ္ပိုင္းဆုိင္ရာ ခ်ိဳ႕ယြင္းမႈျဖစ္ေပၚႏုိင္သည္။ ထို႔ေၾကာင့္ အသက္ ကိုးလမွစ၍ ကေလးလူႀကီးမ်ားပါ ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါ ကာကြယ္ေဆးထိုးႏွံရန္ လိုအပ္ေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက အသိေပးႏိႈးေဆာ္ထားသည္။

‘‘ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါနဲ႔ ေသဆံုးမႈမ်ားေလ့ရွိတဲ့ ရခုိင္နဲ႔ရွမ္းျပည္နယ္ေျမာက္ပိုင္းေတြမွာ အသက္ (၁၅)ႏွစ္ေအာက္ ကေလးငယ္ တစ္သိန္းသံုးေသာင္းကို ကာကြယ္ေဆးထိုးေပးဖို႔ စီစဥ္ေနတယ္။ ဒီေရာဂါေၾကာင့္ ျဖစ္ပြားေသဆံုးမႈ ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ၂၀၁၇ ေနာက္ပိုင္းက်ရင္ အမ်ိဳးသားကာကြယ္ေဆးထိုးစီမံခ်က္မွာ ထည့္သြင္းဖို႔အစီအစဥ္ရွိတယ္’’ဟု ျပည္သူ႔က်န္းမာေရးဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာ သန္းထြန္းေအာင္က ဆုိသည္။

ျခင္ေၾကာင့္ျဖစ္ပြားေနသည့္ ကူးစက္ေရာဂါမ်ားအတြက္ ထိေရာက္သည့္ ကာကြယ္ေဆးမေပၚေသးသျဖင့္ ယခုကဲ့သို႔ အေျခအေနဆိုးႏွင့္ ရင္ဆုိင္ေနရျခင္းျဖစ္သည္။

‘‘ျခင္၊ ပိုးေလာက္လမ္းႏွိမ္နင္းေရးလုပ္ငန္းေတြကို အိမ္တုိင္း၊ ေက်ာင္းတိုင္း၊ ဌာနတုိင္းက လုပ္ေဆာင္ဖို႔ လုိအပ္တယ္။ အစိုးရပိုင္းက လုပ္ေဆာင္ေပးေနတာေတြရွိေပမယ့္ ျပည္သူေတြအေနနဲ႔လည္း အိမ္တုိင္း အိမ္တုိင္းမွာ ျခင္၊ ေလာက္လမ္းမရွိေအာင္ တာဝန္ ယူဖို႔လိုတယ္’’ဟု ရန္ကုန္တုိင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးဦးစီးဌာန ဒုတိယတုိင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွဴး ေဒါက္တာခင္နန္းလံုက တုိက္တြန္းသည္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ျခင္ႏွိမ္နင္းေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေပးေနသကဲ့သို႔ တစ္ဖက္က ျပည္သူလူထုကလည္း ယင္းလုပ္ငန္းမ်ား၌ ပူးေပါင္းပါဝင္ေဆာင္ရြက္ရန္ လိုအပ္သည္။ သို႔မွသာ ျခင္ေၾကာင့္ ျဖစ္ပြားေသာ ေသြးလြန္တုပ္ေကြးအပါအဝင္ ဇီကာ၊ ခ်ီကန္ဂန္ညာ၊ ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါမ်ားကို ကူးစက္ျဖစ္ပြားမႈမရွိေအာင္ ကာကြယ္ႏွိမ္နင္းႏုိင္မည္ျဖစ္သည္။

ႏုိင္ငံေတာ္အစုိးရက လက္ရွိတြင္ ျခင္၊ ပိုးေလာက္လမ္းႏိွမ္နင္းေရးလုပ္ငန္းမ်ားကို သက္ဆုိင္ရာဌာနမ်ားႏွင့္ ပူးေပါင္းလုပ္ေဆာင္ျခင္း၊ အျခားႏုိင္ငံမ်ားမွ ေရာဂါပိုးမကူးစက္ေစရန္ ေလဆိပ္ႏွင့္ ပင္လယ္ကူးသေဘၤာဆိပ္၊ နယ္စပ္ဂိတ္ေပါက္မ်ားတြင္ ဖ်ားနာတုိင္း တာသည့္စက္မ်ား ထားရွိေဆာင္ရြက္ျခင္း၊ ေရာဂါရွာေဖြေထာက္လွမ္းျခင္းႏွင့္ ျခင္ဥေထာင္ေခ်ာက္မ်ားျဖင့္ ျခင္ ရွိ၊ မရွိ စစ္ေဆးျခင္းမ်ား ျပဳလုပ္လ်က္ရွိသည္။

ျပည္သူလူထုကလည္း အိမ္ႏွင့္ပတ္ဝန္းက်င္တြင္ ပန္းအိုး၊ တာယာေဟာင္း၊ အိုးခြက္၊ ေရတုိင္ကီ၊ အလွပန္းအိုး စသည့္ျခင္ခိုေအာင္းႏိုင္ေသာ၊ ေရက်န္ရစ္ႏုိင္ေသာေနရာမ်ားကို သန္႔ရွင္းေရးျပဳလုပ္ျခင္းႏွင့္ မလိုအပ္သည္မ်ား စြန္႔ပစ္ျခင္း၊ ခ်ံဳပုတ္၊ ျမက္ပင္၊ ေပါင္းပင္မ်ား ရွင္းလင္းျခင္း၊ ျခင္ကိုက္မခံရေစရန္ ေဆးစိမ္ျခင္ေထာင္ အသံုးျပဳျခင္း၊ ျခင္ေဆးလိမ္းျခင္း၊ အက်ႌရွည္၊ ေဘာင္းဘီရွည္ဝတ္ဆင္ျခင္း၊ ေနအိမ္၌ ျခင္လံုဆန္ခါတပ္ျခင္းႏွင့္ ေသြးလြန္တုပ္ေကြး၊ ခ်ီကန္ဂန္ညာႏွင့္ ဇီကာေရာဂါ သံသယလူနာဟု ယူဆပါက နီးစပ္ရာက်န္းမာေရးဌာနမ်ားသို႔ အေၾကာင္းၾကားျခင္းမ်ား လုပ္ေဆာင္ရန္ လိုအပ္ေပသည္။

အထက္ပါ အေၾကာင္းအရာမ်ားကို ၾကည့္မည္ဆုိပါက လူကိုအႏၲရာယ္ေပးေနသည့္ သတၱဝါမွာ ျခင္ျဖစ္သည္ကို ေတြ႕ရွိရမည္ျဖစ္ ၿပီး အခ်ိဳ႕ေရာဂါမ်ားသည္ ကာကြယ္ကုသေဆးမရွိေသးသျဖင့္ ျခင္ႏွိမ္နင္းေရးလုပ္ငန္းကသာ အမွန္တကယ္ေရာဂါကို တိုက္ဖ်က္ေျဖရွင္းႏုိင္မည့္ နည္းလမ္းတစ္ခုပင္။ လတ္တေလာ အေျခအေနအထိ ျခင္ႏွင့္ လူသားတုိ႔၏ စစ္ပြဲတြင္ လူသားတုိ႔မွာ အ႐ႈံးႏွင့္ ရင္ဆုိင္ေနရဆဲျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 လူကို သေစေနိုင်လောက်အောင်ကိုက်သည့် သတ္တဝါများထဲတွင် မည်သည့်အကောင်သည် အဆိုးဆုံးဖြစ်သနည်း။ ကျန်းမာရေးစစ်တမ်းများအရမူ အခြားသတ္တဝါများကိုက်ခံရပြီး သေဆုံးမှုများထက် ‘ခြင်’သတ္တဝါကြောင့် လူသေဆုံးမှုသည် ထိပ်ဆုံး၌ ရှိနေသည်။

အဆိုပါ စစ်တမ်းကို မိုက်ကရိုဆော့ဖ် (Microsoft) တည်ထောင်သူ ဘီလ်ဂိတ်က ၎င်း၏ ဘလော့ဂ်တွင် အဖြေရှာပေးထားခြင်းဖြစ်သည်။ မြွေကိုက်ခံရခြင်းကြောင့် နှစ်စဉ် လူပေါင်းငါးသောင်းခန့် သေဆုံးနေချိန်၌  ခြင်ကြောင့် လူပေါင်းခုနစ်သိန်းနှစ်သောင်းငါးထောင်ခန့် သေဆုံးနေရသည်ဟု စစ်တမ်း၌ အဖြေရှာထားသည်။

ကမ္ဘာပေါ်တွင် ခြင်အမျိုးအစား သုံးထောင်ခန့်ရှိသည့်အနက် လူကို အန္တရာယ်ပေးနိုင်သော ခြင်အမျိုးအစားသည် ခုနစ်ရာကျော်သာရှိပြီး မြန်မာနိုင်ငံတွင် လူကို ဆိုးရွားစွာ အန္တရာယ်ပေးနိုင်သော ခြင်အမျိုးအစားမှာ သွေးလွန်တုပ်ကွေးဖြစ်စေနိုင်သည့် အေးဒိစ်ခြင်၊ ဂျပန်ဦးနှောက်ရောင်နှင့် ဆင်ခြေထောက်ရောဂါဖြစ်စေနိုင်သည့် ကျူးလပ်စ်ခြင်နှင့် ငှက်ဖျားရောဂါ ဖြစ်စေနိုင်သည့် အနောဖလိခြင်တို့ဖြစ်သည်။

‘‘အခုနောက်ပိုင်း ငှက်ဖျားက သိပ်မဖြစ်တော့ဘူး။ အဖြစ်များတာက သွေးလွန်တုပ်ကွေးပဲ။ ဘာလို့လဲဆို ငှက်ဖျားက တစ်နေရာဖြစ်ရင် အဲဒီတစ်နေရာကို သေချာနှိမ်နင်းလိုက်ရင် ထပ်မဖြစ်တော့ဘူး။ သွေးလွန်တုပ်ကွေးကျတော့ လူနားမှာ အမြဲနေနေတဲ့ခြင်ဆိုတော့ ဒီက နှိမ်နင်းရင် ဟိုဘက်ကို ပြေးတယ်။  အဲဒါကြောင့် နှိမ်နင်းရခက်တယ်။ တကယ်အရေးကြီးတာက ခြင်နှိမ်နင်းရေးလုပ်တဲ့အခါမှာ ပိုးလောက်လမ်းနှိမ်နင်းရေးကသာ အဓိကအကျဆုံးပဲ။ ဒါကြောင့်ဖုံးသွန်လဲစစ်လို ပိုးလောက်လမ်း နှိမ်နင်းနိုင်မှသာ ကူးစက်တာကို ကာကွယ်နိုင်မှာပါ’’ဟု ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်နန်းလုံက ဆိုသည်။

ကမ္ဘာပေါ်ရှိ လူဦးရေ နှစ်သန်းခန့်သည် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ ခံစားနေရပြီး တစ်နှစ်လျှင် လူပေါင်းတစ်သန်းကျော်သည် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများကြောင့် သေဆုံးနေရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ထုတ်ပြန်ထားသည်။

ကမ္ဘာ့နိုင်ငံများကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ခြင်ကပေးသည့် ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်နေရပြီး ခြင်ကိုက်ခံရမှုမှ ကူးစက်ရောဂါဖြစ်ပွားကာ နှစ်စဉ်လူပေါင်းများစွာ သေဆုံးနေရသည့် သာဓကများစွာလည်း ရှိနေသည်။

အထူးသဖြင့် သွေးလွန်တုပ်ကွေး၊ ဂျပန်ဦးနှောက်ရောင်၊ ဆင်တုပ်ကွေးရောဂါများအပြင် လတ်တလောတွင် အိမ်နီးချင်းနိုင်ငံများ၌ ဖြစ်ပွားနေသည့် ဇီကာဗိုင်းရပ်စ် အန္တရာယ်သည်လည်း မြန်မာနိုင်ငံကို တဖြည်းဖြည်းခြိမ်းခြောက်လာနေပြီဖြစ်သည်။

‘‘သွေးလွန်တုပ်ကွေးဖြစ်ပွား မှုကိုတောင် ဒီမှာ ထိန်းချုပ်ဖို့ခက်နေတာ။ တကယ်လို့သာ ဇီကာဝင်လာခဲ့ရင် ထိန်းချုပ်ဖို့ခက်မယ်။ အေးဒိစ်ခြင်က တကယ့်ပြဿနာပါ။ ဘာလို့လဲဆိုတော့ ဒီခြင်အမျိုးစားကပဲ သွေးလွန်တုပ်ကွေးရော၊ ချီကန်ဂန်ညာ (ဆင်တုပ်ကွေး) ရော ဇီကာပါ ဖြစ်ပွားနေတဲ့အတွက်ပါ’’ဟု ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာစောဝင်းက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံသည် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမြင့်မားသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယခုနှစ်စမှ ဇူလိုင်အထိ ဖြစ်ပွားသူဦးရေ ၃,၅၀၀ ခန့်ရှိကာ သေဆုံးသူ ၂၀ ဦးခန့်ရှိနေပြီဖြစ်သည်။ အလားတူ ဂျပန်ဦးနှောက်ရောဂါမှာလည်း ယခုနှစ်စမှ ဩဂုတ်အထိ ယင်းရောဂါကြောင့် လူ ၂၀ ဦးခန့် သေဆုံးနေပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန စာရင်းများအရ သိရသည်။

 ခြင်ကြောင့် ကူးစက်ရောဂါဖြစ်ပွားသေဆုံးနှုန်းမြင့်မားသည့် သွေးလွန်တုပ်ကွေးရောဂါသည် ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၂၅ နိုင်ငံ၌ ဖြစ်ပွားလျက်ရှိပြီး နှစ်စဉ် လူပေါင်းသန်းလေးရာခန့် ကူးစက်ခံနေရသည် မြန်မာနိုင်ငံတွင် ၂၀၁၅  ၌ လူပေါင်း တစ်သောင်း ကျော်ဖြစ်ပွားပြီး ကပ်အသွင်ဖြစ်ပေါ်ခဲ့သည်။

သွေးလွန်တုပ်ကွေးဖြစ်ပွားစေသည့် အေးဒိစ်ခြင်သည် ရေသန့်တွင်နေထိုင်ပြီး နေ့အချိန်၌ ကိုက်လေ့ရှိသည်။ လက္ခဏာများမှာ ဖြစ်စတွင် ရိုးရိုးတုပ်ကွေးကဲ့သို့ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ နာကျင်ခြင်းများ ဖြစ်လာပြီး ရောဂါပြင်းထန်ချိန်၌ အရိုးထဲမှ နာကျင်ခြင်း၊ အရေပြားတွင် အနီပြင်များထွက်ခြင်း၊ အပြင်းဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်များ နာကျင်ခြင်း၊ အစားအသောက်ပျက်ခြင်းနှင့် ပျို့အန်ခြင်းများ ဖြစ်ပေါ်သည်။

ထို့ထက် ပြင်းထန်ပါက ဗိုက်နာ၍ ဆက်တိုက်အန်ခြင်း၊ တစ်ကိုယ်လုံးအေးစက်ပျော့ခွေပြီး ဂဏာမငြိမ်ဖြစ်ရာမှ သတိလစ်သွားခြင်း၊ ရှော့ခ်ရသွားခြင်းနှင့် အသက်ရှူမြန်လာကာ သွေးအန်ခြင်းများ ဖြစ်လာပြီး ယင်းအခြေအနေ၌ ဆေးကုသမှုမခံယူပါက အသက်ဆုံးပါးနိုင်သည်။ ယင်းရောဂါအတွက် လက်ရှိအထိ ကာကွယ်ဆေးမရှိသေးဘဲ စမ်းသပ်ဆဲ အဆင့်၌သာ ရှိသေးသည်။

အလားတူ အေးဒိစ်ခြင်ကိုက်ခံရပြီး နောက်ထပ်ဖြစ်ပွားနိုင်သည့် ကူးစက်ရောဂါမှာ ချီကန်ဂန်ညာ (ခေါ်) ဆင်တုပ်ကွေးဖြစ်သည်။ ယင်းပိုးရှိသည့် ခြင်အကိုက်ခံရပြီး နောက်နှစ်ရက်မှ ငါးရက်အတွင်း ဖျားခြင်း၊ အဖျားတက်ပြီး ကိုယ်လက်ကိုက်ခဲခြင်း၊ အဆစ်နာခြင်းများ ဖြစ်တတ်သည်။ သွေးလွန်တုပ်ကွေးနှင့်ဆင်သည့် လက္ခဏာမှာ သွေးခြည်ဥနှင့် အနီပြင်များ ထွက်တတ်ခြင်းဖြစ်သည်။ အချို့တွင် ခေါင်းကိုက်ခြင်း၊ မျက်စိနာခြင်း၊ ပျို့အန်ခြင်းများ ဖြစ်တတ်သည်။ ရောဂါကူးစက်ခံရပြီး တစ်ပတ်အတွင်း ပျောက်နိုင်သော်လည်း အဆစ်အမြစ်များ ဆက်လက်နာကျင်နိုင်သည်။ သွေးလွန်တုပ်ကွေးကဲ့သို့ပင် ကာကွယ်ဆေး မရှိသေးပေ။

‘‘ချီကန်ဂန်ညာပိုးက သွေးလွန်တုပ်ကွေးလို သိပ်မပြင်းထန်ဘူး။ အသက်အန္တရာယ်မစိုးရိမ်ရဘူး’’ဟု အလုံမြို့နယ် ဝင်းဆေးခန်းမှ ဒေါက်တာမြင့်ဦးက ရှင်းပြသည်။

မြန်မာနိုင်ငံသို့ ကူးစက်ဝင်ရောက်မှုမရှိသေးသော်လည်း ကမ္ဘာ့နိုင်ငံပေါင်း ၇၂ နိုင်ငံတွင် ကူးစက်ခံထားရသော ဇီကာဗိုင်းရပ်စ်မှာလည်း အေးဒိစ်ခြင်ကိုက်ခံရမှုကြောင့်ဖြစ်သည်။ ယင်းရောဂါသည် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော်လည်း ကူးစက်ခံရသူ ငါးဦးတွင် တစ်ဦးသာ လက္ခဏာပြတတ်သည်။ ယင်းဗိုင်းရပ်စ်သည် သွေးထဲတွင် ငါးရက်မှ ခုနစ်ရက်အထိသာရှိနေသဖြင့် ရောဂါအမှန် သိရှိနိုင်ရန် ခက်ခဲသည်။

 လက္ခဏာများမှာ ရုတ်တရက် ဖျားနာခြင်း၊ အရေပြားတွင် အနီစက်ထွက်ပေါ်ခြင်း၊ မျက်သားနီပြီး ရောင်ရမ်းခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း၊ ကိုယ်လက်မအီမသာ ဖြစ်ခြင်းနှင့် ခေါင်းကိုက်ခြင်း စသည့်လက္ခဏာများကို နှစ်ရက်မှ ခုနစ်ရက်အထိ ခံစားရနိုင်သည်။ နောက်ဆက်တွဲဆိုးကျိုးအဖြစ် ကိုယ်ဝန်ဆောင် မိခင်မှတစ်ဆင့် ကလေးသို့ ကူးစက်ကာ မွေးရာပါ ဦးခေါင်းသေးရောဂါနှင့် အခြားအာရုံကြောဆိုင်ရာ ရောဂါများဖြစ်စေနိုင်သည်ဟု ဆေးပညာရှင်သုတေသီများက သုံးသပ်ထားသည်။ ယင်းရောဂါမှာ ကာကွယ်ကုသဆေးမရှိသေးပေ။

‘‘ဇီကာဖြစ်ရင် ကိုယ်ဝန်ဆောင်တွေမှာ ဉာဏ်မမီတဲ့ကလေးတွေ၊ ခေါင်းသေးတဲ့ကလေးတွေ မွေးလာနိုင်တယ်။ မြန်မာနိုင်ငံက ခြင်ပေါတယ်။ စင်ကာပူလို ခြင်တစ်ကောင်မှမရှိတဲ့ နိုင်ငံမှာ တောင်ဇီကာကူးစက်ခံရတယ်။ ဒီမှာ ဖြစ်ရင် ပိုဆိုးတယ်။ အဓိကလုပ်ရမှာက ခြင်နှိမ်နင်းရေးပဲ။ လူထုကလည်း ခြင်မကိုက်အောင်နေရမယ်’’ဟု အငြိမ်းစားဆေးရုံအုပ်ကြီး ဒေါက်တာဘရွှေက ဆိုသည်။

ကျူးလပ်စ်ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားသော ဂျပန်ဦးနှောက်ရောင်ရောဂါသည် အသက်အရွယ်မရွေး ဖြစ်ပွားပြီး တစ်နှစ်ပတ်လုံး ကူးစက်ဖြစ်ပွားနိုင်သည်။ ယင်းရောဂါဗိုင်းရပ်စ်ပိုးသည် ဝက်၊ငှက်၊ ဘဲ၊ ခို၊ လင်းနို့ စသည်တို့၏ ခန္ဓာကိုယ်ထဲတွင် ပွားများတတ်သည်။ ယင်းကျူးလပ်စ်ခြင်သည် လယ်ကွင်းများထဲတွင် အဓိက ပေါက်ဖွားလေ့ရှိသည်။ တိရစ္ဆာန်သွေးကို ပိုကြိုက်၍ မြင်း၊ ကျွဲ၊ နွားတို့နှင့် နီးကပ်စွာ နေထိုင်သူများ တစ်ခါတစ်ရံ ကူးစက်ခံရလေ့ရှိသည်။

မြန်မာနိုင်ငံအပါအဝင် စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံပေါင်း ၂၄ နိုင်ငံတွင် ယင်းရောဂါ ဖြစ်ပွားလျက်ရှိပြီး ၂၀၁၃ က လူပေါင်း ခုနစ်သောင်းခန့်ဖြစ်ပွားကာ ၃၀ ရာခိုင်နှုန်းခန့် သေဆုံးခဲ့သည်။ ကူးစက်ခံရသူ ၂၅၀ ဦးလျှင် တစ်ဦးသာ ဦးနှောက်ရောင်လက္ခဏာပြပြီး ကျန်လူနာများသည် သာမန်တုပ်ကွေးကဲ့သို့ပင် လက္ခဏာပြသည်။

ဦးနှောက်ရောင်လက္ခဏာရှိသူ သုံးဦးအနက် တစ်ဦးခန့်သေဆုံးနိုင်ပြီး အသက်မသေဘဲ ပြန်လည်ကောင်းမွန်လာသည့် လူနာ ၃၀ ရာခိုင်နှုန်းခန့်မှာ ကိုယ်အင်္ဂါချို့ယွင်းမှုနှင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် အသက် ကိုးလမှစ၍ ကလေးလူကြီးများပါ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသည်။

‘‘ဂျပန်ဦးနှောက်ရောင်ရောဂါနဲ့ သေဆုံးမှုများလေ့ရှိတဲ့ ရခိုင်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ အသက် (၁၅)နှစ်အောက် ကလေးငယ် တစ်သိန်းသုံးသောင်းကို ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်နေတယ်။ ဒီရောဂါကြောင့် ဖြစ်ပွားသေဆုံးမှု လျှော့ချနိုင်ဖို့အတွက် ၂၀၁၇ နောက်ပိုင်းကျရင် အမျိုးသားကာကွယ်ဆေးထိုးစီမံချက်မှာ ထည့်သွင်းဖို့အစီအစဉ်ရှိတယ်’’ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ဆိုသည်။

ခြင်ကြောင့်ဖြစ်ပွားနေသည့် ကူးစက်ရောဂါများအတွက် ထိရောက်သည့် ကာကွယ်ဆေးမပေါ်သေးသဖြင့် ယခုကဲ့သို့ အခြေအနေဆိုးနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

‘‘ခြင်၊ ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်ငန်းတွေကို အိမ်တိုင်း၊ ကျောင်းတိုင်း၊ ဌာနတိုင်းက လုပ်ဆောင်ဖို့ လိုအပ်တယ်။ အစိုးရပိုင်းက လုပ်ဆောင်ပေးနေတာတွေရှိပေမယ့် ပြည်သူတွေအနေနဲ့လည်း အိမ်တိုင်း အိမ်တိုင်းမှာ ခြင်၊ လောက်လမ်းမရှိအောင် တာဝန် ယူဖို့လိုတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်နန်းလုံက တိုက်တွန်းသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ခြင်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသကဲ့သို့ တစ်ဖက်က ပြည်သူလူထုကလည်း ယင်းလုပ်ငန်းများ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်သည်။ သို့မှသာ ခြင်ကြောင့် ဖြစ်ပွားသော သွေးလွန်တုပ်ကွေးအပါအဝင် ဇီကာ၊ ချီကန်ဂန်ညာ၊ ဂျပန်ဦးနှောက်ရောင်ရောဂါများကို ကူးစက်ဖြစ်ပွားမှုမရှိအောင် ကာကွယ်နှိမ်နင်းနိုင်မည်ဖြစ်သည်။

နိုင်ငံတော်အစိုးရက လက်ရှိတွင် ခြင်၊ ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း၊ အခြားနိုင်ငံများမှ ရောဂါပိုးမကူးစက်စေရန် လေဆိပ်နှင့် ပင်လယ်ကူးသငေ်္ဘာဆိပ်၊ နယ်စပ်ဂိတ်ပေါက်များတွင် ဖျားနာတိုင်း တာသည့်စက်များ ထားရှိဆောင်ရွက်ခြင်း၊ ရောဂါရှာဖွေထောက်လှမ်းခြင်းနှင့် ခြင်ဥထောင်ချောက်များဖြင့် ခြင် ရှိ၊ မရှိ စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိသည်။

ပြည်သူလူထုကလည်း အိမ်နှင့်ပတ်ဝန်းကျင်တွင် ပန်းအိုး၊ တာယာဟောင်း၊ အိုးခွက်၊ ရေတိုင်ကီ၊ အလှပန်းအိုး စသည့်ခြင်ခိုအောင်းနိုင်သော၊ ရေကျန်ရစ်နိုင်သောနေရာများကို သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် မလိုအပ်သည်များ စွန့်ပစ်ခြင်း၊ ချုံပုတ်၊ မြက်ပင်၊ ပေါင်းပင်များ ရှင်းလင်းခြင်း၊ ခြင်ကိုက်မခံရစေရန် ဆေးစိမ်ခြင်ထောင် အသုံးပြုခြင်း၊ ခြင်ဆေးလိမ်းခြင်း၊ အကျႌရှည်၊ ဘောင်းဘီရှည်ဝတ်ဆင်ခြင်း၊ နေအိမ်၌ ခြင်လုံဆန်ခါတပ်ခြင်းနှင့် သွေးလွန်တုပ်ကွေး၊ ချီကန်ဂန်ညာနှင့် ဇီကာရောဂါ သံသယလူနာဟု ယူဆပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အကြောင်းကြားခြင်းများ လုပ်ဆောင်ရန် လိုအပ်ပေသည်။

အထက်ပါ အကြောင်းအရာများကို ကြည့်မည်ဆိုပါက လူကိုအန္တရာယ်ပေးနေသည့် သတ္တဝါမှာ ခြင်ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ် ပြီး အချို့ရောဂါများသည် ကာကွယ်ကုသဆေးမရှိသေးသဖြင့် ခြင်နှိမ်နင်းရေးလုပ်ငန်းကသာ အမှန်တကယ်ရောဂါကို တိုက်ဖျက်ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုပင်။ လတ်တလော အခြေအနေအထိ ခြင်နှင့် လူသားတို့၏ စစ်ပွဲတွင် လူသားတို့မှာ အရှုံးနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top