Property Expo
×

  ျပည္တြင္းကားေစ်း ကြက္တြင္ ကားေဟာင္း (အပ္ကား)ရွားပါးလာၿပီး စလစ္ေစ်းႏႈန္းမ်ား က်ပ္ ၁၀ သိန္းခန္႔ ျမင့္တက္လာေၾကာင္း ေမာ္ေတာ္ယာဥ္ တင္သြင္းေရာင္း၀ယ္ေရး လုပ္ကိုင္ေန သူမ်ားကေျပာသည္။

ကားေစ်းကြက္အတြင္း ကား ေဟာင္း ရွားပါးလာျခင္းႏွင့္အတူ စလစ္ေစ်းႏႈန္းမ်ားမွာလည္း ၿပီးခဲ့သည့္ ၾသဂုတ္လတြင္ က်ပ္ ၉၅ သိန္းခန္႔ ေစ်းေပါက္ခဲ့ရာမွ ယခုအခါ က်ပ္ ၁၀၅ သိန္းခန္႔ ေစ်းေပါက္ေနေၾကာင္း ေမာ္ေတာ္ယာဥ္ ေရာင္း၀ယ္ေနသူမ်ားက ေျပာသည္။


‘‘စလစ္ေတြကရွားၿပီး ေစ်း တက္လာေတာ့ ကားအေရာင္းအ ၀ယ္ေတြလည္း တန္႔သြားတယ္။ ဒါေၾကာင့္ အစိုးရအေနနဲ႔လည္း မူ၀ါဒေတြကို တိတိက်က်သတ္ မွတ္ေပးဖို႔ လိုတယ္’’ဟု ေမာ္ေတာ္ ယာဥ္ေရာင္း၀ယ္ေရး လုပ္ငန္း လုပ္ကိုင္သူ ဦးေအာင္သန္း၀င္း က ေျပာသည္။

လက္ရွိတြင္ ႏွစ္ ၂၀ သက္တမ္း ယာဥ္အိုယာဥ္ေဟာင္းမ်ားေစ်းကြက္အတြင္း ရွားပါးလာျခင္းေၾကာင့္ ကားေဟာင္းစလစ္ေစ်းႏႈန္းမ်ား ျမင့္တက္လာၿပီး အေရာင္းအ၀ယ္မ်ားလည္း ေအးေနသည္ဟုဆိုသည္။

ကားေဟာင္းစလစ္ေစ်းႏႈန္း မ်ားမွာ ၀ယ္ယူသူအမည္ေပါက္ ျဖစ္ပါက က်ပ္ ၁၀၅ သိန္းေက်ာ္ႏွင့္ အမည္ေပါက္မဟုတ္ပါက က်ပ္သိန္း ၁၀၀ ခန္႔ ေစ်းေပါက္ေန ေၾကာင္း သတင္းရရွိသည္။

စလစ္ကပ္ ကားမ်ားသည္ ရန္ကုန္လိပ္စာ အမည္ေပါက္ရျခင္း၊ ပါကင္ေထာက္ခံခ်က္ႏွင့္ ႀကိဳတင္၀င္ေငြခြန္ေဆာင္ရန္ မလိုအပ္ျခင္း၊ ၀ယ္ယူမည့္သူမ်ားအေနျဖင့္ အဆင္ေျပေသာေၾကာင့္ စလစ္ေစ်းႏႈန္းမ်ား ျမင့္တက္လာသည္ဟု ယာဥ္ေရာင္း၀ယ္ေနသူမ်ားထံမွ သတင္းရရွိသည္။

၂၀၁၇ အတြက္ ျပည္ပမွ  တင္သြင္းလာေသာ ေမာ္ေတာ္ယာဥ္မ်ား၏ ထုတ္လုပ္သည့္ခုႏွစ္ (ေမာ္ဒယ္) အေျပာင္းအလဲကိုလည္း ယခုလအတြင္း တရား၀င္ထုတ္ျပန္ရန္ စီစဥ္ေနေၾကာင္း စီးပြားကူးသန္း၀န္ႀကီးဌာနမွ သတင္းရရွိ သည္။ ျပည္တြင္းကားေစ်းကြက္ တြင္ ရန္ကုန္လိုင္စင္ေလွ်ာက္ထား မႈ ယာယီပိတ္ထားျခင္း၊ ဂ်ပန္ (ယန္း) ေငြေစ်းႏႈန္းတက္ၿပီး ေလ လံေစ်း တက္ျခင္းမ်ားေၾကာင့္ ကားေစ်းႏႈန္းမ်ား ျမင့္တက္ေနၿပီး အေရာင္းအ၀ယ္ေအးေနေၾကာင္း ေမာ္ေတာ္ယာဥ္ တင္သြင္းေရာင္း၀ယ္သူမ်ားကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

  ပြည်တွင်းကားဈေး ကွက်တွင် ကားဟောင်း (အပ်ကား)ရှားပါးလာပြီး စလစ်ဈေးနှုန်းများ ကျပ် ၁၀ သိန်းခန့် မြင့်တက်လာကြောင်း မော်တော်ယာဉ် တင်သွင်းရောင်းဝယ်ရေး လုပ်ကိုင်နေ သူများကပြောသည်။

ကားဈေးကွက်အတွင်း ကား ဟောင်း ရှားပါးလာခြင်းနှင့်အတူ စလစ်ဈေးနှုန်းများမှာလည်း ပြီးခဲ့သည့် သြဂုတ်လတွင် ကျပ် ၉၅ သိန်းခန့် ဈေးပေါက်ခဲ့ရာမှ ယခုအခါ ကျပ် ၁၀၅ သိန်းခန့် ဈေးပေါက်နေကြောင်း မော်တော်ယာဉ် ရောင်းဝယ်နေသူများက ပြောသည်။


‘‘စလစ်တွေကရှားပြီး ဈေး တက်လာတော့ ကားအရောင်းအ ဝယ်တွေလည်း တန့်သွားတယ်။ ဒါကြောင့် အစိုးရအနေနဲ့လည်း မူဝါဒတွေကို တိတိကျကျသတ် မှတ်ပေးဖို့ လိုတယ်’’ဟု မော်တော် ယာဉ်ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူ ဦးအောင်သန်းဝင်း က ပြောသည်။

လက်ရှိတွင် နှစ် ၂၀ သက်တမ်း ယာဉ်အိုယာဉ်ဟောင်းများဈေးကွက်အတွင်း ရှားပါးလာခြင်းကြောင့် ကားဟောင်းစလစ်ဈေးနှုန်းများ မြင့်တက်လာပြီး အရောင်းအဝယ်များလည်း အေးနေသည်ဟုဆိုသည်။

ကားဟောင်းစလစ်ဈေးနှုန်း များမှာ ဝယ်ယူသူအမည်ပေါက် ဖြစ်ပါက ကျပ် ၁၀၅ သိန်းကျော်နှင့် အမည်ပေါက်မဟုတ်ပါက ကျပ်သိန်း ၁၀၀ ခန့် ဈေးပေါက်နေ ကြောင်း သတင်းရရှိသည်။

စလစ်ကပ် ကားများသည် ရန်ကုန်လိပ်စာ အမည်ပေါက်ရခြင်း၊ ပါကင်ထောက်ခံချက်နှင့် ကြိုတင်ဝင်ငွေခွန်ဆောင်ရန် မလိုအပ်ခြင်း၊ ဝယ်ယူမည့်သူများအနေဖြင့် အဆင်ပြေသောကြောင့် စလစ်ဈေးနှုန်းများ မြင့်တက်လာသည်ဟု ယာဉ်ရောင်းဝယ်နေသူများထံမှ သတင်းရရှိသည်။

၂၀၁၇ အတွက် ပြည်ပမှ  တင်သွင်းလာသော မော်တော်ယာဉ်များ၏ ထုတ်လုပ်သည့်ခုနှစ် (မော်ဒယ်) အပြောင်းအလဲကိုလည်း ယခုလအတွင်း တရားဝင်ထုတ်ပြန်ရန် စီစဉ်နေကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ သတင်းရရှိ သည်။ ပြည်တွင်းကားဈေးကွက် တွင် ရန်ကုန်လိုင်စင်လျှောက်ထား မှု ယာယီပိတ်ထားခြင်း၊ ဂျပန် (ယန်း) ငွေဈေးနှုန်းတက်ပြီး လေ လံဈေး တက်ခြင်းများကြောင့် ကားဈေးနှုန်းများ မြင့်တက်နေပြီး အရောင်းအဝယ်အေးနေကြောင်း မော်တော်ယာဉ် တင်သွင်းရောင်းဝယ်သူများကပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top