Property Expo
×

လူတစ္ေယာက္မွာ အဟာရဓါတ္ခ်ိဳ႕တဲ့ျခင္းေၾကာင့္ေသာ္လည္းေကာင္း၊ အေနအထိုင္မွားယြင္းမႈမ်ားေၾကာင့္ေသာ္လည္း ပင္ပန္းႏြမ္းနယ္မႈကိုမၾကာခဏ ခံစားရေလ့ရွိပါတယ္။ ပင္ပန္းႏြမ္းနယ္မႈအမ်ားစုဟာ အဟာရဓါတ္ခ်ိဳ႕တဲ့ျခင္းေၾကာင့္အမ်ားစုက ယူဆထားတတ္ၾကၿပီး မိမိတို႔ႏွင့္ကိုက္ညီမယ္လို႔ထင္တဲ့အားေဆးႏွင့္ ျဖည့္စြက္စာမ်ားကို စားေသာက္ျခင္းက သက္သာေစတယ္လို႔ လက္ခံထားၾကပါတယ္။

ကိုယ့္ရဲ႕ ေနပံုထိုင္ပံု Lifestyle ေၾကာင့္လည္း ဒီလုိျပႆနာေတြျဖစ္ႏုိင္ၿပီး ကိုယ္ခံအားက်ဆင္းၿပီး အျမဲေမာပန္းေနေစတဲ့ အက်င့္ဆိုးေတြကို ကိုယ္တိုင္သိရွိႏုိင္ဖို႔အတြက္ ေဖာ္ျပေပးလုိက္ရပါတယ္။

ပင္ပန္းႏြမ္းနယ္မႈကို မၾကာခဏခံစားရျခင္းဟာဆိုရင္ လူတစ္ေယာက္အတြက္ ရုပ္ပိုင္းဆိုင္ရာ ခြန္အားမ်ားက်ဆံုးေစ ရံုသာမက၊ စိတ္ဓါတ္ပိုင္းဆိုင္ရာ ခြန္အားမ်ားကိုလည္း က်ဆင္းေစၿပီး စိတ္ဖိအားမ်ားကိုပါျဖစ္ေပၚလာႏိုင္တာေၾကာင့္ အေသးမႊားက်န္းမာေရးျပသနာအျဖစ္ မွတ္ယူထားလို႔မျဖစ္ပါဘူး။

အိပ္ေရးပ်က္ျခင္း

ယေန႔ေခတ္မွာ အသက္ရြယ္၊ က်ား မ မေရြး အိပ္ေရးပ်က္ျခင္းဆိုသည့္ အေလ့က်င့္ဆိုးကို အမွတ္မထင္ခံစားေနၾကရပါတယ္။
ေသခ်ာသည့္အခ်က္တစ္ခုကေတာ့ အိပ္ေရးပ်က္ျခင္းေရာဂါကိုခံစားေနရသူအမ်ားစုဟာ ၎တို႔အေနျဖင့္ သတိျပဳမိျခင္း မရွိပါဘူး။

ဘာေၾကာင့္လဲဆုိရင္ ယေန႔ေခတ္ ေရစီးေၾကာင္းအရ လူအမ်ားစုဟာ အင္တာနက္၊ တီဗီ တို႔ရဲ႕ေက်းကြ်န္ျဖစ္ေနၾကပါတယ္။ အိပ္ေရးပ်က္တာဟာ လူတစ္ေယာက္ကို ရုပ္ပိုင္းဆိုင္ရာသာမက စိတ္ပိုင္းဆိုင္ရာပါ ပင္ပန္းႏြမ္းနယ္မႈျဖစ္ေပၚေစႏိုင္တာေၾကာင့္ အိပ္ေရးပ်က္တယ္ဆိုတဲ့ အေလ့က်င့္ဆိုးကိုေရွာင္ရွားသင့္ပါတယ္။ သက္ဆိုင္ရာအဖြဲ႕စည္းမ်ားရဲ႕ စာတမ္းျပဳစုထုတ္ျပန္ခ်က္မ်ားအရ အရြယ္ေရာက္ၿပီးလူတစ္ေယာက္ဟာ တစ္ရက္မွာ အနည္းဆံုး ၇ နာရီခန္႔ အိပ္စက္ သင့္တယ္လို႔ထုတ္ျပန္ထားၾကပါတယ္။

ပင္ပန္းႏြမ္းနယ္မွာေၾကာက္ၿပီး  ေလ့က်င့္ခန္းမလုပ္ျခင္း

လူအမ်ားစုကေတာ့ "ေလ့က်င့္ခန္းလုပ္ရင္ ပင္ပန္းမွာေပါ"့ဆိုၿပီး ေလ့က်င့္ခန္းျပဳလုပ္ျခင္းကိုေရွာင္ရွားတတ္ၾကပါတယ္။

 အမွန္တကယ္ေတာ့ ေလ့က်င့္ခန္းျပဳလုပ္တာဟာ ခႏၵာကိုယ္တြင္းမွာ အင္အားသစ္ေတြ ျပန္ျဖစ္ေစႏိုင္တဲ့ အေလ့အက်င့္ေကာင္းတစ္ခုပါ။

ေဂ်ာ္ဂ်ီယာ တကၠသိုလ္ကျပဳလုပ္ခဲ့တဲ့ေလ့လာမႈမွာေတာ့ တစ္ပတ္ကို ၃ ရက္၊ တစ္ရက္မွာ မိနစ္ ၂၀ ေလာက္ပဲ ေလ့က်င့္ခန္းျပဳလုပ္တဲ့ အရြယ္ေရာက္ၿပီးသူတစ္ဦးဟာ ရက္သတၱပတ္ ၆ ပတ္ခန္႔အၾကာတြင္ အျခားေသာ ေလ့က်င့္ခန္းျပဳလုပ္ျခင္းမရွိသည့္ အရြယ္ေရာက္ၿပီးသူတစ္ဦးႏွင့္ႏိႈင္းယွဥ္ပါက က်န္းမာသန္စြမ္းၿပီး ပင္ပန္းမႈဒဏ္ကို ပိုၿပီးခံႏုိင္ရည္ရွိေနတယ္လို႔ ေဖာ္ျပထားပါတယ္။

ေလ့က်င့္ခန္းပံုမွန္ျပဳလုပ္ေပးျခင္းဟာ လူတစ္ေယာက္၏ ႏွလံုးၾကြက္သားမ်ားကို ေကာင္းမြန္စြာဖြံ႕ၿဖိဳးတိုးတက္ေစၿပီး ေအာက္ဆီဂ်င္ႏွင့္ အာဟာရဓါတ္ေတြကို ခႏၶာကိုယ္ရဲ႕ တစ္သွ်ဴးေတြဆီကုိ ပိုမိုထိေရာက္စြာ ပို႔ေဆာင္ႏိုင္တာေၾကာင့္ ေလ့က်င့္ခန္းေတြကို အခါအားေလ်ာ္စြာျပဳလုပ္ေပးသင့္ပါတယ္။

ေရလံုေလာက္စြာ မေသာက္ျခင္း

ျမန္မာႏုိင္ငံမွာေတာ့ ေရေသာက္ဖုိ႔ကို ပ်င္းတဲ့သူေတာ္ေတာ္မ်ားပါတယ္။ ေရဘူးကိုင္ထားရမွာကို တစ္ခ်ိဳ႕က ရွက္ရြံ႕ေနတတ္ၾကပါတယ္။

ေရဓါတ္ခန္းေျခာက္တာနဲ႔  (Dehydrated)  ပင္ပန္းႏြမ္းနယ္ျခင္းတို႔ဟာ တိုက္ရိုက္နီးပါးဆက္သြယ္မႈရွိတာေၾကာင့္ ေရကိုလံုေလာက္စြာ မေသာက္တဲ့ အက်င့္ဆိုးကိုဖယ္ေဖ်ာက္ရမွာျဖစ္ပါတယ္။ ေရဓါတ္ခမ္းေျခာက္တာဟာ လူတစ္ေယာက္ရဲ႕ ေသြးထုတည္ကို ေလ်ာ့က်ေစတာေၾကာင့္ ႏွလံုးရဲ႕ ေသြးလွည့္ပတ္မႈစြမ္းေဆာင္ရည္ကို ေလ်ာ့က်ေစၿပီး ပင္ပန္းႏြမ္းနယ္မႈကိုျဖစ္ေပၚေစပါတယ္။

ဒါ့အျပင္ ေရေသာက္တာဟာဆိုရင္ေတာ့ အခုလိုေႏြရာသီမွာ ရုတ္တရက္ အပူရွပ္တာမ်ိဳးေတြကိုလည္း အတန္အသင့္ ကာကြယ္ေပးႏုိင္ပါတယ္။

သံဓါတ္လံုေလာက္စြာ မစားျခင္း

လူတစ္ေယာက္မွာ သံဓါတ္ေလ်ာ့က်လာၿပီဆိုုရင္ ေလးလံထိုင္းမိႈင္းျခင္း၊ ကသိကေအာက္ျဖစ္ျခင္း၊ အားနည္းျခင္းႏွင့္ အာရံုစူးစိုက္မႈမျပဳလုပ္ႏိုင္ျခင္း မ်ားျဖစ္ေစႏိုင္တာေၾကာင့္ မိမိတို႔စားေသာက္ေနတဲ့ အစားေသာက္ေတြထဲမွာ သံဓါတ္ပါဝင္မႈနည္းပါးျခင္းကို ဂရုမစိုက္တဲ့ အေလ့က်င့္ဆိုးကို ေရွာင္ရွားရမွာျဖစ္ပါတယ္။

တကၠဆက္ က်န္းမာေရး ဌာနမွ ဒါရိုက္တာျဖစ္သူ ေဂ့ါဆန္ ၏ေျပာၾကားခ်က္အရ သံဓါတ္နည္းပါးမႈဟာ ခႏၶာကိုယ္ရဲ႕ တစ္သွ်ဴးေတြဆီသို႔ ေအာက္ဆီဂ်င္ေရာက္ရွိမႈနည္းပါးျခင္းကို ျဖစ္ေပၚေစႏိုင္ၿပီး လူကို ပင္ပန္းေစပါတယ္ ဟုသိရသည္။ သံဓါတ္ၾကြယ္၀ဖုိ႔အတြက္ေတာ့ အဆီနည္းတဲ့ အမဲသား၊ ေျမပဲ၊ တို႔ဟူး၊ ဥမ်ားႏွင့္ အစိမ္းရင့္ေရာင္ရွိ အရြက္မ်ားကို ဗိုက္တာမင္စီဓါတ္ ႀကြယ္ဝေသာအစားစာမ်ားႏွင့္ တြဲဖက္စားေသာက္ဖုိ႔ အႀကံျပဳလုိက္ပါတယ္။

မနက္စာ မစားျခင္း

မနက္စာ မစားျခင္းဆိုသည့္ အက်င့္ဆိုးဟာလည္း ယေန႔ေခတ္ လူအမ်ားစုမွာျဖစ္ေပၚလ်က္ရွိတဲ့ လူကိုပင္ပန္းႏြမ္းနယ္မႈကို ျဖစ္ေစတဲ့ အက်င့္ဆိုးတစ္ခုျဖစ္ပါတယ္။

ညဘက္မွာစားေသာက္ခဲ့တဲ့အစားေသာက္မ်ားဟာ လူတစ္ေယာက္အိပ္စက္ေနခ်ိန္ ခႏၶာကိုယ္အတြင္းေသြားသားလွည့္ပတ္ဖုိ႔နဲ႔  ေအာက္ဆီေတြျဖန္႔ေဝဖို႔အတြက္ အသံုးျပဳပါတယ္။ ဒါေၾကာင့္ မနက္ဘက္အိပ္ယာမွ ႏိုးထခ်ိန္မွာ ခႏၶာကုိယ္အတြက္လိုအပ္သည့္ အဟာရဓါတ္မ်ားကိုေပးအပ္ႏိုင္ဖုုိ႔ရန္အတြက္ မနက္စာႏွင့္ျဖည့္တင္းေပးရပါတယ္။

သင့္အေနျဖင့္ မနက္စာကို စားေသာက္ရန္အတြက္ပ်က္ကြက္ခဲ့မယ္ဆိုရင္ေတာ့ တစ္ေန႔လံုး ေလးလံထံုထိုင္းျခင္း ကိုခံစားရေစႏိုင္ပါတယ္။ မနက္စာအျဖစ္ စားေသာက္ေသာအစားစာမ်ားတြင္လည္း အမွ်င္ဓါတ္၊ အသားဓါတ္ႏွင့္ က်န္းမာေရးအတြက္ေကာင္းမြန္ေသာ အဆီမ်ားကို စားေသာက္သင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin

#Unicode Version

လူတစ်ယောက်မှာ အဟာရဓါတ်ချို့တဲ့ခြင်းကြောင့်သော်လည်းကောင်း၊ အနေအထိုင်မှားယွင်းမှုများကြောင့်သော်လည်း ပင်ပန်းနွမ်းနယ်မှုကိုမကြာခဏ ခံစားရလေ့ရှိပါတယ်။ ပင်ပန်းနွမ်းနယ်မှုအများစုဟာ အဟာရဓါတ်ချို့တဲ့ခြင်းကြောင့်အများစုက ယူဆထားတတ်ကြပြီး မိမိတို့နှင့်ကိုက်ညီမယ်လို့ထင်တဲ့အားဆေးနှင့် ဖြည့်စွက်စာများကို စားသောက်ခြင်းက သက်သာစေတယ်လို့ လက်ခံထားကြပါတယ်။

ကိုယ့်ရဲ့ နေပုံထိုင်ပုံ Lifestyle ကြောင့်လည်း ဒီလိုပြဿနာတွေဖြစ်နိုင်ပြီး ကိုယ်ခံအားကျဆင်းပြီး အမြဲမောပန်းနေစေတဲ့ အကျင့်ဆိုးတွေကို ကိုယ်တိုင်သိရှိနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

ပင်ပန်းနွမ်းနယ်မှုကို မကြာခဏခံစားရခြင်းဟာဆိုရင် လူတစ်ယောက်အတွက် ရုပ်ပိုင်းဆိုင်ရာ ခွန်အားများကျဆုံးစေ ရုံသာမက၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ ခွန်အားများကိုလည်း ကျဆင်းစေပြီး စိတ်ဖိအားများကိုပါဖြစ်ပေါ်လာနိုင်တာကြောင့် အသေးမွှားကျန်းမာရေးပြသနာအဖြစ် မှတ်ယူထားလို့မဖြစ်ပါဘူး။

အိပ်ရေးပျက်ခြင်း

ယနေ့ခေတ်မှာ အသက်ရွယ်၊ ကျား မ မရွေး အိပ်ရေးပျက်ခြင်းဆိုသည့် အလေ့ကျင့်ဆိုးကို အမှတ်မထင်ခံစားနေကြရပါတယ်။
သေချာသည့်အချက်တစ်ခုကတော့ အိပ်ရေးပျက်ခြင်းရောဂါကိုခံစားနေရသူအများစုဟာ ၎င်းတို့အနေဖြင့် သတိပြုမိခြင်း မရှိပါဘူး။

ဘာကြောင့်လဲဆိုရင် ယနေ့ခေတ် ရေစီးကြောင်းအရ လူအများစုဟာ အင်တာနက်၊ တီဗီ တို့ရဲ့ကျေးကျွန်ဖြစ်နေကြပါတယ်။ အိပ်ရေးပျက်တာဟာ လူတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်မှုဖြစ်ပေါ်စေနိုင်တာကြောင့် အိပ်ရေးပျက်တယ်ဆိုတဲ့ အလေ့ကျင့်ဆိုးကိုရှောင်ရှားသင့်ပါတယ်။ သက်ဆိုင်ရာအဖွဲ့စည်းများရဲ့ စာတမ်းပြုစုထုတ်ပြန်ချက်များအရ အရွယ်ရောက်ပြီးလူတစ်ယောက်ဟာ တစ်ရက်မှာ အနည်းဆုံး ၇ နာရီခန့် အိပ်စက် သင့်တယ်လို့ထုတ်ပြန်ထားကြပါတယ်။

ပင်ပန်းနွမ်းနယ်မှာကြောက်ပြီး  လေ့ကျင့်ခန်းမလုပ်ခြင်း

လူအများစုကတော့ "လေ့ကျင့်ခန်းလုပ်ရင် ပင်ပန်းမှာပေါ"့ဆိုပြီး လေ့ကျင့်ခန်းပြုလုပ်ခြင်းကိုရှောင်ရှားတတ်ကြပါတယ်။

 အမှန်တကယ်တော့ လေ့ကျင့်ခန်းပြုလုပ်တာဟာ ခန္ဒာကိုယ်တွင်းမှာ အင်အားသစ်တွေ ပြန်ဖြစ်စေနိုင်တဲ့ အလေ့အကျင့်ကောင်းတစ်ခုပါ။

ဂျော်ဂျီယာ တက္ကသိုလ်ကပြုလုပ်ခဲ့တဲ့လေ့လာမှုမှာတော့ တစ်ပတ်ကို ၃ ရက်၊ တစ်ရက်မှာ မိနစ် ၂၀ လောက်ပဲ လေ့ကျင့်ခန်းပြုလုပ်တဲ့ အရွယ်ရောက်ပြီးသူတစ်ဦးဟာ ရက်သတ္တပတ် ၆ ပတ်ခန့်အကြာတွင် အခြားသော လေ့ကျင့်ခန်းပြုလုပ်ခြင်းမရှိသည့် အရွယ်ရောက်ပြီးသူတစ်ဦးနှင့်နှိုင်းယှဉ်ပါက ကျန်းမာသန်စွမ်းပြီး ပင်ပန်းမှုဒဏ်ကို ပိုပြီးခံနိုင်ရည်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်းဟာ လူတစ်ယောက်၏ နှလုံးကြွက်သားများကို ကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်စေပြီး အောက်ဆီဂျင်နှင့် အာဟာရဓါတ်တွေကို ခန္ဓာကိုယ်ရဲ့ တစ်သျှူးတွေဆီကို ပိုမိုထိရောက်စွာ ပို့ဆောင်နိုင်တာကြောင့် လေ့ကျင့်ခန်းတွေကို အခါအားလျော်စွာပြုလုပ်ပေးသင့်ပါတယ်။

ရေလုံလောက်စွာ မသောက်ခြင်း

မြန်မာနိုင်ငံမှာတော့ ရေသောက်ဖို့ကို ပျင်းတဲ့သူတော်တော်များပါတယ်။ ရေဘူးကိုင်ထားရမှာကို တစ်ချို့က ရှက်ရွံ့နေတတ်ကြပါတယ်။

ရေဓါတ်ခန်းခြောက်တာနဲ့  (Dehydrated)  ပင်ပန်းနွမ်းနယ်ခြင်းတို့ဟာ တိုက်ရိုက်နီးပါးဆက်သွယ်မှုရှိတာကြောင့် ရေကိုလုံလောက်စွာ မသောက်တဲ့ အကျင့်ဆိုးကိုဖယ်ဖျောက်ရမှာဖြစ်ပါတယ်။ ရေဓါတ်ခမ်းခြောက်တာဟာ လူတစ်ယောက်ရဲ့ သွေးထုတည်ကို လျော့ကျစေတာကြောင့် နှလုံးရဲ့ သွေးလှည့်ပတ်မှုစွမ်းဆောင်ရည်ကို လျော့ကျစေပြီး ပင်ပန်းနွမ်းနယ်မှုကိုဖြစ်ပေါ်စေပါတယ်။

ဒါ့အပြင် ရေသောက်တာဟာဆိုရင်တော့ အခုလိုနွေရာသီမှာ ရုတ်တရက် အပူရှပ်တာမျိုးတွေကိုလည်း အတန်အသင့် ကာကွယ်ပေးနိုင်ပါတယ်။

သံဓါတ်လုံလောက်စွာ မစားခြင်း

လူတစ်ယောက်မှာ သံဓါတ်လျော့ကျလာပြီဆိုုရင် လေးလံထိုင်းမှိုင်းခြင်း၊ ကသိကအောက်ဖြစ်ခြင်း၊ အားနည်းခြင်းနှင့် အာရုံစူးစိုက်မှုမပြုလုပ်နိုင်ခြင်း များဖြစ်စေနိုင်တာကြောင့် မိမိတို့စားသောက်နေတဲ့ အစားသောက်တွေထဲမှာ သံဓါတ်ပါဝင်မှုနည်းပါးခြင်းကို ဂရုမစိုက်တဲ့ အလေ့ကျင့်ဆိုးကို ရှောင်ရှားရမှာဖြစ်ပါတယ်။

တက္ကဆက် ကျန်းမာရေး ဌာနမှ ဒါရိုက်တာဖြစ်သူ ဂေ့ါဆန် ၏ပြောကြားချက်အရ သံဓါတ်နည်းပါးမှုဟာ ခန္ဓာကိုယ်ရဲ့ တစ်သျှူးတွေဆီသို့ အောက်ဆီဂျင်ရောက်ရှိမှုနည်းပါးခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး လူကို ပင်ပန်းစေပါတယ် ဟုသိရသည်။ သံဓါတ်ကြွယ်ဝဖို့အတွက်တော့ အဆီနည်းတဲ့ အမဲသား၊ မြေပဲ၊ တို့ဟူး၊ ဥများနှင့် အစိမ်းရင့်ရောင်ရှိ အရွက်များကို ဗိုက်တာမင်စီဓါတ် ကြွယ်ဝသောအစားစာများနှင့် တွဲဖက်စားသောက်ဖို့ အကြံပြုလိုက်ပါတယ်။

မနက်စာ မစားခြင်း

မနက်စာ မစားခြင်းဆိုသည့် အကျင့်ဆိုးဟာလည်း ယနေ့ခေတ် လူအများစုမှာဖြစ်ပေါ်လျက်ရှိတဲ့ လူကိုပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေတဲ့ အကျင့်ဆိုးတစ်ခုဖြစ်ပါတယ်။

ညဘက်မှာစားသောက်ခဲ့တဲ့အစားသောက်များဟာ လူတစ်ယောက်အိပ်စက်နေချိန် ခန္ဓာကိုယ်အတွင်းသွေားသားလှည့်ပတ်ဖို့နဲ့  အောက်ဆီတွေဖြန့်ဝေဖို့အတွက် အသုံးပြုပါတယ်။ ဒါကြောင့် မနက်ဘက်အိပ်ယာမှ နိုးထချိန်မှာ ခန္ဓာကိုယ်အတွက်လိုအပ်သည့် အဟာရဓါတ်များကိုပေးအပ်နိုင်ဖိုု့ရန်အတွက် မနက်စာနှင့်ဖြည့်တင်းပေးရပါတယ်။

သင့်အနေဖြင့် မနက်စာကို စားသောက်ရန်အတွက်ပျက်ကွက်ခဲ့မယ်ဆိုရင်တော့ တစ်နေ့လုံး လေးလံထုံထိုင်းခြင်း ကိုခံစားရစေနိုင်ပါတယ်။ မနက်စာအဖြစ် စားသောက်သောအစားစာများတွင်လည်း အမျှင်ဓါတ်၊ အသားဓါတ်နှင့် ကျန်းမာရေးအတွက်ကောင်းမွန်သော အဆီများကို စားသောက်သင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top