Property Expo
×

 ပုန္းကြယ္ေခ်ာင္းေျမာင္းေနတတ္သည့္ လူရႊင္ေတာ္ဟု လူသိမ်ားၿပီး ေၾကာက္စရာ လူရႊင္ေတာ္ဝတ္စံုျဖင့္ လူအမ်ားကို အထိတ္တလန္႔ ျဖစ္ေစခဲ့သူ တစ္ဦးကို အေမရိကန္ႏုိင္ငံ၊ ကင္တက္ကီ ရဲတပ္ဖြဲ႕က ဖမ္းဆီးလုိက္သည္။

အသက္ ၂၀ အရြယ္ရွိ ဂ်ိဳနသန္ မာတင္သည္ ကင္တက္ကီရွိ မစ္ဒယ္လ္ဘ႐ို အရပ္တြင္ လူရႊင္ေတာ္ပံု ဝတ္စံုႏွင့္ မ်က္ႏွာဖံုးတို႔ကို ဝတ္ဆင္ကာ ညဘက္ လွည့္လည္ သြားလာေနေလ့ရွိသည္။ ၎၏ အသြင္အျပင္ေၾကာင့္ လူအမ်ား စိတ္ေခ်ာက္ခ်ားၿပီး ရဲတပ္ဖြဲ႕ထံ ဆက္သြယ္တုိင္ၾကားမႈ တစ္ဒါဇင္ထက္မနည္း ျပဳလုပ္ခဲ့ၾကသည္။

မာတင္သည္ လက္ေတြ႕အားျဖင့္ မည္သူ႔ကိုမွ် ရန္ျပဳတိုက္ခိုက္မႈ မရွိခဲ့ေသးေခ်။ ရဲမ်ားက ၎၏ လူရႊင္ေတာ္ဝတ္စံုႏွင့္ ပံုရိပ္ကို လံုၿခံဳေရး ကင္မရာ မွတ္တမ္းမ်ားျဖင့္ စုေဆာင္းၿပီး မာတင္ အဓိက သြားလာတတ္သည့္ ေနရာမ်ားကို ကင္းပုန္းခ် ေစာင့္ဖမ္းခဲ့ျခင္း ျဖစ္သည္။ စက္တင္ဘာ ၂၃ ရက္တြင္မူ မာတင္ကို  လူရႊင္ေတာ္ ဝတ္စံုျပည့္ျဖင့္ ဖမ္းမိခဲ့သည္။ ၎သည္ လူေနတိုက္ခန္း တစ္ခုအနီး သစ္ပင္မ်ားၾကား ပုန္းလွ်ိဳးကြယ္လွ်ိဳး ဝပ္ေနခဲ့စဉ္ အဖမ္းခံရျခင္းဟု သိရသည္။

၎သည္ အမ်ားပိုင္ ဧရိယာတြင္ မ်က္ႏွာဖံုး ဝတ္ဆင္မႈ၊ အမ်ားျပည္သူကို အထိတ္တလန္႔ ျဖစ္ေစမႈမ်ားျဖင့္ စြဲခ်က္တင္ခံရမည္ ျဖစ္သည္။ ကင္တက္ကီ ရဲတပ္ဖြဲ႕က အျခားသူမ်ား အေနျဖင့္လည္း လူျမင္ကြင္းတြင္ လူရႊင္ေတာ္အဝတ္အစားျဖင့္ သြားလာမႈမ်ိဳး ျပဳလုပ္ပါက ရာဇဝတ္ေၾကာင္း ပုဒ္မျဖင့္ တရားစြဲဆို ခံရမည္ဟု သတိေပးထားသည္။

“လူျမင္ကြင္းမွာ လူရႊင္ေတာ္လုိ ဝတ္စားၿပီး သြားလာေနတာ၊ ကားေမာင္းတာေတြဟာ တျခားသူေတြအတြက္ သက္ေရာက္မႈေတြ ရွိႏုိင္ၿပီး ကိုယ့္အတြက္ေရာ၊ သူတစ္ပါးအတြက္ပါ အႏၱရာယ္ရွိတဲ့ အေျခအေနေတြ ေပၚေပါက္လာေစႏုိင္ပါတယ္”ဟု ကန္တက္ကီ ရဲတပ္ဖြဲ႕မွ ေျပာေရးဆိုခြင့္ရ အရာရွိ တစ္ဦးက ေျပာၾကားခဲ့သည္။

အေမရိကန္တြင္ ေၾကာက္စရာ လူရႊင္ေတာ္ ဝတ္စံုျဖင့္ ညဘက္ ေလွ်ာက္သြားေနေၾကာင္း တိုင္ၾကားမႈမ်ားသည္ ကန္တက္ကီတြင္သာ မကဘဲ ေျမာက္ကာ႐ိုလိုင္းနား၊ ေတာင္ကာ႐ိုလိုင္းနား၊ အလာဘားမားႏွင့္ ေဂ်ာ္ဂ်ီယာတို႔တြင္လည္း ရွိခဲ့သည္။ သို႔ေသာ္ ယင္းတို႔အနက္ အမ်ားစုသည္ ျဖစ္ရပ္မွန္ မဟုတ္ခဲ့ေၾကာင္း ရဲမ်ားက စစ္ေဆးေတြ႕ရွိခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC

#Unicode Version
 ပုန်းကွယ်ချောင်းမြောင်းနေတတ်သည့် လူရွှင်တော်ဟု လူသိများပြီး ကြောက်စရာ လူရွှင်တော်ဝတ်စုံဖြင့် လူအများကို အထိတ်တလန့် ဖြစ်စေခဲ့သူ တစ်ဦးကို အမေရိကန်နိုင်ငံ၊ ကင်တက်ကီ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

အသက် ၂၀ အရွယ်ရှိ ဂျိုနသန် မာတင်သည် ကင်တက်ကီရှိ မစ်ဒယ်လ်ဘရို အရပ်တွင် လူရွှင်တော်ပုံ ဝတ်စုံနှင့် မျက်နှာဖုံးတို့ကို ဝတ်ဆင်ကာ ညဘက် လှည့်လည် သွားလာနေလေ့ရှိသည်။ ၎င်း၏ အသွင်အပြင်ကြောင့် လူအများ စိတ်ချောက်ချားပြီး ရဲတပ်ဖွဲ့ထံ ဆက်သွယ်တိုင်ကြားမှု တစ်ဒါဇင်ထက်မနည်း ပြုလုပ်ခဲ့ကြသည်။

မာတင်သည် လက်တွေ့အားဖြင့် မည်သူ့ကိုမျှ ရန်ပြုတိုက်ခိုက်မှု မရှိခဲ့သေးချေ။ ရဲများက ၎င်း၏ လူရွှင်တော်ဝတ်စုံနှင့် ပုံရိပ်ကို လုံခြုံရေး ကင်မရာ မှတ်တမ်းများဖြင့် စုဆောင်းပြီး မာတင် အဓိက သွားလာတတ်သည့် နေရာများကို ကင်းပုန်းချ စောင့်ဖမ်းခဲ့ခြင်း ဖြစ်သည်။ စက်တင်ဘာ ၂၃ ရက်တွင်မူ မာတင်ကို  လူရွှင်တော် ဝတ်စုံပြည့်ဖြင့် ဖမ်းမိခဲ့သည်။ ၎င်းသည် လူနေတိုက်ခန်း တစ်ခုအနီး သစ်ပင်များကြား ပုန်းလျှိုးကွယ်လျှိုး ဝပ်နေခဲ့စဉ် အဖမ်းခံရခြင်းဟု သိရသည်။

၎င်းသည် အများပိုင် ဧရိယာတွင် မျက်နှာဖုံး ဝတ်ဆင်မှု၊ အများပြည်သူကို အထိတ်တလန့် ဖြစ်စေမှုများဖြင့် စွဲချက်တင်ခံရမည် ဖြစ်သည်။ ကင်တက်ကီ ရဲတပ်ဖွဲ့က အခြားသူများ အနေဖြင့်လည်း လူမြင်ကွင်းတွင် လူရွှင်တော်အဝတ်အစားဖြင့် သွားလာမှုမျိုး ပြုလုပ်ပါက ရာဇဝတ်ကြောင်း ပုဒ်မဖြင့် တရားစွဲဆို ခံရမည်ဟု သတိပေးထားသည်။

“လူမြင်ကွင်းမှာ လူရွှင်တော်လို ဝတ်စားပြီး သွားလာနေတာ၊ ကားမောင်းတာတွေဟာ တခြားသူတွေအတွက် သက်ရောက်မှုတွေ ရှိနိုင်ပြီး ကိုယ့်အတွက်ရော၊ သူတစ်ပါးအတွက်ပါ အန္တရာယ်ရှိတဲ့ အခြေအနေတွေ ပေါ်ပေါက်လာစေနိုင်ပါတယ်”ဟု ကန်တက်ကီ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

အမေရိကန်တွင် ကြောက်စရာ လူရွှင်တော် ဝတ်စုံဖြင့် ညဘက် လျှောက်သွားနေကြောင်း တိုင်ကြားမှုများသည် ကန်တက်ကီတွင်သာ မကဘဲ မြောက်ကာရိုလိုင်းနား၊ တောင်ကာရိုလိုင်းနား၊ အလာဘားမားနှင့် ဂျော်ဂျီယာတို့တွင်လည်း ရှိခဲ့သည်။ သို့သော် ယင်းတို့အနက် အများစုသည် ဖြစ်ရပ်မှန် မဟုတ်ခဲ့ကြောင်း ရဲများက စစ်ဆေးတွေ့ရှိခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:BBC
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top