Property Expo
×

ဆယ္ေက်ာ္သက္ လူငယ္ကို တိုက္ခုိက္ခဲ့သည္ဟု ယံုၾကည္ရေသာ ငါးမန္းကို ေဝဟင္မွ ေတြ႕ျမင္ရစဉ္။

ဩစေၾတးလ် အေ႐ွ႕ဘက္ကမ္းေျခတြင္ ေရလိႈင္းစီးသူ တစ္ဦးကို ငါးမန္းတိုက္ခုိက္မႈေၾကာင့္ ဒဏ္ရာျပင္းထန္စြာ ရရွိသြားေၾကာင္း သိရသည္။
အသက္ ၁၇ ႏွစ္အရြယ္ ဆယ္ေက်ာ္သက္ လူငယ္တစ္ဦးသည္ စက္တင္ဘာ ၂၆ ရက္ နံနက္ပိုင္းက ငါးမန္းကိုက္ခံရၿပီး တင္ပါးဒဏ္ရာျဖင့္ ေဆး႐ံုေရာက္ရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က အတည္ျပဳခဲ့သည္။ ဘာလီနာရွိ ထင္ရွားသည့္ မီးျပတိုက္ ကမ္းေျခတြင္ လူငယ္တစ္ဦး ငါးမန္းကိုက္ခံရေၾကာင္း သတင္းေၾကာင့္ အေရးေပၚ ကယ္ဆယ္ေရး ယူနစ္မ်ားက အခင္းျဖစ္ရာသို႔ ခ်က္ခ်င္း သြားေရာက္ခဲ့ၾကသည္။ အဆုိပါ ကမ္းေျခအနီးတြင္ ၿပီးခဲ့သည့္ ႏွစ္ပိုင္းမ်ားအတြင္း ငါးမန္းတိုက္ခုိက္မႈအခ်ိဳ႕ ျဖစ္ပြားခဲ့ဖူးသည္။

“ငါးမန္းကိုက္ခံရေပမယ့္ လူငယ္ဟာ ကမ္းေျခေရာက္ေအာင္ ေရကူးလာႏုိင္ခဲ့တယ္။ ကမ္းေျခမွာ ရွိေနတဲ့ သူနာျပဳ တစ္ေယာက္က သူ႔ကိုေတြ႕ၿပီး ေ႐ွးဦးသူနာျပဳနည္းေတြနဲ႔ ကူညီ ကုသေပးခဲ့ပါတယ္”ဟု နယူးေဆာက္သ္ေဝးလ္စ္ ရဲတပ္ဖဲြ႕ ေျပာေရးဆိုခြင့္ရ အရာရွိ တစ္ဦးက ဆိုသည္။ ၎က “ငါးမန္းကိုက္တာေၾကာင့္ သူ႔တင္ပါးမွာ ဒဏ္ရာ ေတာ္ေတာ္ႀကီး နက္နက္႐ိႈင္း႐ိႈင္း ရလာခဲ့တယ္။ ဒါေပမဲ့ အခုေတာ့ လစၥေမာေဘ့စ္ ေဆး႐ံုကို တင္ပို႔ထားၿပီး အေျခအေန တည္ၿငိမ္ပါတယ္”ဟုလည္း အတည္ျပဳခဲ့သည္။

ငါးမန္းတိုက္ခုိက္မႈ ျဖစ္ပြားၿပီးေနာက္ အာဏာပိုင္ အဖြဲ႕အစည္းမ်ားက အဆိုပါ ငါးမန္းကို ေျခရာခံ ရွာေဖြေနသလို ရဲတပ္ဖြဲ႕ကလည္း ဘာလီနာ တဝိုက္ရွိ ကမ္းေျခအားလံုးကို ၂၄ နာရီ ပိတ္ထားရန္ အမိန္႔ထုတ္ခဲ့သည္။ ယခုကာလသည္ ေက်ာင္းပိတ္ရက္ ျဖစ္ေနၿပီး ေရကူး အပန္းေျဖသူမ်ားျဖင့္ စည္ကားလ်က္ ရွိသည္။

နယူးေဆာက္သ္ေဝးလ္စ္တြင္ ၿပီးခဲ့သည့္ တစ္ႏွစ္လံုး ငါးမန္းတုိက္ခုိက္မႈ ၁၅ ခုထိ ေပၚေပါက္ခဲ့သည္။ ယင္းသည္ ၂၀၁၄ ခုႏွစ္က ငါးမန္းတိုက္ခုိက္မႈ ၃ ႀကိမ္သာ ရွိခဲ့ရာမွ ၅ ဆထိ ျမင့္တက္လာျခင္းဟုလည္း သိရွိရသည္။

ၿပီးခဲ့သည့္ႏွစ္က တစ္ကမာၻလံုး အတုိင္းအတာျဖင့္ ငါးမန္းတိုက္ခုိက္မႈ ၉၈ ႀကိမ္ထိ ျဖစ္ပြားခဲ့ရာ သမိုင္းတြင္ အေရအတြက္အမ်ားဆံုးႏွစ္ ျဖစ္လာသည္။ ယင္းတို႔အနက္ ၆ ႀကိမ္တြင္ လူေသဆံုးခဲ့သည္။ ပညာရွင္မ်ားက ကမာၻႀကီး ပူေႏြးလာမႈႏွင့္အတူ ပင္လယ္ေရျပင္ အပူခ်ိန္ ျမင့္တက္လာျခင္းေၾကာင့္ ငါးမန္းမ်ား၏ သဘာဝ စားက်က္ေျမမ်ားအေပၚ သက္ေရာက္မႈ ျဖစ္လာၿပီး ကမ္းေျခေဒသမ်ားသို႔ ပိုမိုခ်ဉ္းကပ္လာျခင္း ျဖစ္ႏုိင္ေၾကာင္း ခန္႔မွန္းထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဆယ်ကျော်သက် လူငယ်ကို တိုက်ခိုက်ခဲ့သည်ဟု ယုံကြည်ရသော ငါးမန်းကို ဝေဟင်မှ တွေ့မြင်ရစဉ်။


ဩစတြေးလျ အရှေ့ဘက်ကမ်းခြေတွင် ရေလှိုင်းစီးသူ တစ်ဦးကို ငါးမန်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။


အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက် လူငယ်တစ်ဦးသည် စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက ငါးမန်းကိုက်ခံရပြီး တင်ပါးဒဏ်ရာဖြင့် ဆေးရုံရောက်ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ ဘာလီနာရှိ ထင်ရှားသည့် မီးပြတိုက် ကမ်းခြေတွင် လူငယ်တစ်ဦး ငါးမန်းကိုက်ခံရကြောင်း သတင်းကြောင့် အရေးပေါ် ကယ်ဆယ်ရေး ယူနစ်များက အခင်းဖြစ်ရာသို့ ချက်ချင်း သွားရောက်ခဲ့ကြသည်။ အဆိုပါ ကမ်းခြေအနီးတွင် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ငါးမန်းတိုက်ခိုက်မှုအချို့ ဖြစ်ပွားခဲ့ဖူးသည်။

“ငါးမန်းကိုက်ခံရပေမယ့် လူငယ်ဟာ ကမ်းခြေရောက်အောင် ရေကူးလာနိုင်ခဲ့တယ်။ ကမ်းခြေမှာ ရှိနေတဲ့ သူနာပြု တစ်ယောက်က သူ့ကိုတွေ့ပြီး ရှေးဦးသူနာပြုနည်းတွေနဲ့ ကူညီ ကုသပေးခဲ့ပါတယ်”ဟု နယူးဆောက်သ်ဝေးလ်စ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဆိုသည်။ ၎င်းက “ငါးမန်းကိုက်တာကြောင့် သူ့တင်ပါးမှာ ဒဏ်ရာ တော်တော်ကြီး နက်နက်ရှိုင်းရှိုင်း ရလာခဲ့တယ်။ ဒါပေမဲ့ အခုတော့ လစ္စမောဘေ့စ် ဆေးရုံကို တင်ပို့ထားပြီး အခြေအနေ တည်ငြိမ်ပါတယ်”ဟုလည်း အတည်ပြုခဲ့သည်။

ငါးမန်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အာဏာပိုင် အဖွဲ့အစည်းများက အဆိုပါ ငါးမန်းကို ခြေရာခံ ရှာဖွေနေသလို ရဲတပ်ဖွဲ့ကလည်း ဘာလီနာ တဝိုက်ရှိ ကမ်းခြေအားလုံးကို ၂၄ နာရီ ပိတ်ထားရန် အမိန့်ထုတ်ခဲ့သည်။ ယခုကာလသည် ကျောင်းပိတ်ရက် ဖြစ်နေပြီး ရေကူး အပန်းဖြေသူများဖြင့် စည်ကားလျက် ရှိသည်။

နယူးဆောက်သ်ဝေးလ်စ်တွင် ပြီးခဲ့သည့် တစ်နှစ်လုံး ငါးမန်းတိုက်ခိုက်မှု ၁၅ ခုထိ ပေါ်ပေါက်ခဲ့သည်။ ယင်းသည် ၂၀၁၄ ခုနှစ်က ငါးမန်းတိုက်ခိုက်မှု ၃ ကြိမ်သာ ရှိခဲ့ရာမှ ၅ ဆထိ မြင့်တက်လာခြင်းဟုလည်း သိရှိရသည်။

ပြီးခဲ့သည့်နှစ်က တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ငါးမန်းတိုက်ခိုက်မှု ၉၈ ကြိမ်ထိ ဖြစ်ပွားခဲ့ရာ သမိုင်းတွင် အရေအတွက်အများဆုံးနှစ် ဖြစ်လာသည်။ ယင်းတို့အနက် ၆ ကြိမ်တွင် လူသေဆုံးခဲ့သည်။ ပညာရှင်များက ကမ္ဘာကြီး ပူနွေးလာမှုနှင့်အတူ ပင်လယ်ရေပြင် အပူချိန် မြင့်တက်လာခြင်းကြောင့် ငါးမန်းများ၏ သဘာဝ စားကျက်မြေများအပေါ် သက်ရောက်မှု ဖြစ်လာပြီး ကမ်းခြေဒေသများသို့ ပိုမိုချဉ်းကပ်လာခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top