Property Expo
×

ခႏၶာကိုယ္မွာ ဇြန္းေတြ၊ ခရင္းေတြအျပင္ မီးပူပါ ကပ္လို႔ရတဲ့ အိႏိၵယက သံလိုက္လူသားအေၾကာင္းကို  ေဖာ္ျပလာပါတယ္။ အရမ္ရိုင္းကာလို႔ေခၚတဲ့ အဆုိပါလူဟာ မာဒရာပရာေဒ့ရွ္ျပည္နယ္ကျဖစ္ျပီး သံ ၁၀ ကီလိုထိ သူ႔ခႏၶာကိုယ္မွာ ကပ္ထားႏိုင္တာျဖစ္ပါတယ္။

သူ႔ခႏၶာကိုယ္မွာ ဒီလိုကပ္ႏုိင္တာဟာ ထူးျခားတဲ့လိႈင္းေတြေၾကာင့္လို႔ သူက ယံုၾကည္ေနပါတယ္။ ေနာက္ဆံုးျပထားတဲ့ သူ႔ရဲ႕ျပကြက္က မီးပူႏွစ္လံုးကို ရင္ဘတ္မွာကပ္ကာ လမ္းေလွ်ာက္တာျဖစ္ျပီး အဆုိပါမီးပူႏွစ္လံုးဟာ ငါးကီလိုေက်ာ္ေလးတယ္လို႔ သိရပါတယ္။ ကမာၻ႕ဂင္းနစ္မွတ္တမ္းစာအုပ္လိုမ်ိဳးျဖစ္တဲ့ အိႏိၵယႏိုင္ငံ လင္မ္ကာမွတ္တမ္းစာအုပ္အဖြဲ႕က သူ႔ကို မွတ္တမ္းတင္ဖို႔ ေလ့လာေနပါတယ္။

ကေလးဘဝကတည္းက သူ႔ရဲ႕သံလိုက္စြမ္းအင္ကို ေတြ႕ရွိခဲ့တာျဖစ္ျပီး ဇြန္းတစ္ေခ်ာင္းကို စကပ္မိခဲ့တုန္းက ေခၽြးေတြေၾကာင့္ ကပ္ေနတာလို႔ သူကထင္ခဲ့ဖူးတယ္လို႔ ဆုိပါတယ္။ ေနာက္ပိုင္း မိသားစုကပါ စိတ္ဝင္စားလာရာက သူ႔မွာ ဒီလိုအစြမ္းရွိတာကို သိရွိခဲ့တာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

 ခန္ဓာကိုယ်မှာ ဇွန်းတွေ၊ ခရင်းတွေအပြင် မီးပူပါ ကပ်လို့ရတဲ့ အိန္ဒိယက သံလိုက်လူသားအကြောင်းကို  ဖော်ပြလာပါတယ်။ အရမ်ရိုင်းကာလို့ခေါ်တဲ့ အဆိုပါလူဟာ မာဒရာပရာဒေ့ရှ်ပြည်နယ်ကဖြစ်ပြီး သံ ၁၀ ကီလိုထိ သူ့ခန္ဓာကိုယ်မှာ ကပ်ထားနိုင်တာဖြစ်ပါတယ်။

သူ့ခန္ဓာကိုယ်မှာ ဒီလိုကပ်နိုင်တာဟာ ထူးခြားတဲ့လှိုင်းတွေကြောင့်လို့ သူက ယုံကြည်နေပါတယ်။ နောက်ဆုံးပြထားတဲ့ သူ့ရဲ့ပြကွက်က မီးပူနှစ်လုံးကို ရင်ဘတ်မှာကပ်ကာ လမ်းလျှောက်တာဖြစ်ပြီး အဆိုပါမီးပူနှစ်လုံးဟာ ငါးကီလိုကျော်လေးတယ်လို့ သိရပါတယ်။ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းစာအုပ်လိုမျိုးဖြစ်တဲ့ အိန္ဒိယနိုင်ငံ လင်မ်ကာမှတ်တမ်းစာအုပ်အဖွဲ့က သူ့ကို မှတ်တမ်းတင်ဖို့ လေ့လာနေပါတယ်။

ကလေးဘဝကတည်းက သူ့ရဲ့သံလိုက်စွမ်းအင်ကို တွေ့ရှိခဲ့တာဖြစ်ပြီး ဇွန်းတစ်ချောင်းကို စကပ်မိခဲ့တုန်းက ချွေးတွေကြောင့် ကပ်နေတာလို့ သူကထင်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း မိသားစုကပါ စိတ်ဝင်စားလာရာက သူ့မှာ ဒီလိုအစွမ်းရှိတာကို သိရှိခဲ့တာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top