Golden City Promotion
×




Credit:Thit Htoo Lwin

#Unicode Version
ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းနဲ့ ကျန်းမာတဲ့ အစားရှောင်မှုတွေကို ပြုလုပ်တာဟာ အသက်ကြီးတဲ့ အဝလွန်သူတွေကို ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေတိုးမြှင့်ပေးပြီး ပိုမိုကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်စေနိုင်တယ်လို့ လေ့လာချက်အသစ်တစ်ရပ်က ဆိုပါတယ်။

ဒါ့သ်မောင့်တက္ကသိုလ်ကသုတေသီတွေဟာ လေ့ကျင့်ခန်းနဲ့ အစားရှောင်မှုပမာဏကို တိုးမြှင့်လိုက်တာတွေအနေနဲ့ အသက်ကြီးတဲ့အဝလွန်သူတွေရဲ့ အခြေအနေတွေကို ပိုမိုကောင်းမွန်စေနိုင်ပြီး ဒီအကျိုးသက်ရောက်မှုဟာ နှစ်ခုစလုံးနဲ့ သက်ဆိုနေတာဖြစ်ကြောင်း ဆိုပါတယ်။

သက်လက်ပိုင်းတွေဆိုရင်လည်း အဆိုပါနှစ်မျိုးကိုလုပ်ဆောင်ပါက အသက်အရွယ်ပမာဏကို မြှင့်တင်နိုင်ပြီး အတွေးအခေါ်နဲ့ ကြွက်သားအားတွေကို ကူညီမြှင့်တင်ပေးနိုင်တာလည်း ဖြစ်ပါတယ်။ သုတေသီတွေဟာ သုတေသနပေါင်း ၅၇၄၁ခုနဲ့ အသက် ၆၆.၇ကနေ ၇၁.၁နှစ်ကြား လူတွေကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top