Kantharyar Centre
×

ယမန္ေန႔က ကစားခဲ့ေသာ ကမၻာ့ဖလားေျခစစ္ပြဲတြင္ ဆလိုဗက္ကီးယားကုိ ၁-၀ ဂုိးျဖင့္အႏုိင္ရရိွၿပီးေနာက္ အဂၤလန္အ သင္းတြင္ ကြင္းလယ္သုိ႔ မိမိဆင္း ကစားျခင္းႏွင့္ ပတ္သက္၍ အေခ်

အတင္ေဆြးေႏြးမႈမ်ားသည္ အလြန္အကြၽံတုုံ႔ျပန္ေနျခင္းသာျဖစ္သည္ဟု အဂၤလန္အသင္းေခါင္း ေဆာင္ ရြန္းေနက ေျပာၾကားလုိက္သည္။

ႏုိင္ငံတကာပြဲ ၁၁၆ ပြဲကစား ၿပီး ေဒးဗစ္ဘက္ဟမ္းကုိ ေက်ာ္၍ ႏုိင္ငံအတြက္ ပြဲအမ်ားဆံုးကစား သူအျဖစ္ မွတ္တမ္း၀င္လာ ေသာ ရြန္းေနသည္ ယခင္မန္ေန ဂ်ာေဟာင္း ႐ြိဳင္းေဟာ့ဆန္တာ၀န္ ေပးခဲ့သည့္ ကြင္းလယ္၌ အဓိက လႈပ္ရွားခဲ့သည္။

နည္းျပ ဆမ္အလာဒိုက္စ္ ကလည္း ‘‘ရြန္းေနဘယ္ေနရာမွာ ကစားမယ္ဆိုတာ ကြၽန္ေတာ္ေျပာ ရမွာ မဟုတ္ပါဘူး။ သူကစားခ်င္ တဲ့ေနရာကစားခဲ့ပါတယ္’’ဟု ပြဲ အၿပီး သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားသည္။

‘‘ကြၽန္ေတာ္ အဲဒီေနရာမွာ ကစားၿပီး အသင္းႏုိင္ပဲြရေအာင္ ကူညီခဲ့တယ္။ ဒါကိုပဲ အလြန္ အကြၽံေျပာဆုိေနၾကတယ္’’ဟု ရြန္း ေနက ေျပာသည္။ မိိမိ၏ ကစားသမားဘ၀တစ္ေလွ်ာက္ ကြင္းလယ္ေနရာ၌လည္း ကစားခဲ့ၿပီးယခု အခ်ိန္က်မွသာ ေခါင္းႀကီး သတင္းျဖစ္ေနသည္ဟု ရြန္းေနက ေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC

#Unicode Version
ယမန်နေ့က ကစားခဲ့သော ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဆလိုဗက်ကီးယားကို ၁-၀ ဂိုးဖြင့်အနိုင်ရရှိပြီးနောက် အင်္ဂလန်အ သင်းတွင် ကွင်းလယ်သို့ မိမိဆင်း ကစားခြင်းနှင့် ပတ်သက်၍ အချေ

အတင်ဆွေးနွေးမှုများသည် အလွန်အကျွံတုုံ့ပြန်နေခြင်းသာဖြစ်သည်ဟု အင်္ဂလန်အသင်းခေါင်း ဆောင် ရွန်းနေက ပြောကြားလိုက်သည်။

နိုင်ငံတကာပွဲ ၁၁၆ ပွဲကစား ပြီး ဒေးဗစ်ဘက်ဟမ်းကို ကျော်၍ နိုင်ငံအတွက် ပွဲအများဆုံးကစား သူအဖြစ် မှတ်တမ်းဝင်လာ သော ရွန်းနေသည် ယခင်မန်နေ ဂျာဟောင်း ရွိုင်းဟော့ဆန်တာဝန် ပေးခဲ့သည့် ကွင်းလယ်၌ အဓိက လှုပ်ရှားခဲ့သည်။

နည်းပြ ဆမ်အလာဒိုက်စ် ကလည်း ‘‘ရွန်းနေဘယ်နေရာမှာ ကစားမယ်ဆိုတာ ကျွန်တော်ပြော ရမှာ မဟုတ်ပါဘူး။ သူကစားချင် တဲ့နေရာကစားခဲ့ပါတယ်’’ဟု ပွဲ အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

‘‘ကျွန်တော် အဲဒီနေရာမှာ ကစားပြီး အသင်းနိုင်ပွဲရအောင် ကူညီခဲ့တယ်။ ဒါကိုပဲ အလွန် အကျွံပြောဆိုနေကြတယ်’’ဟု ရွန်း နေက ပြောသည်။ မိမိ၏ ကစားသမားဘဝတစ်လျှောက် ကွင်းလယ်နေရာ၌လည်း ကစားခဲ့ပြီးယခု အချိန်ကျမှသာ ခေါင်းကြီး သတင်းဖြစ်နေသည်ဟု ရွန်းနေက ပြောသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:BBC
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top